← Chapters

#လက်ဝှေ့အိတ်ဟောင်း....#

Vol. 30 Ch. 433

#လက်ဝှေ့အိတ်ဟောင်း....#

Vol. 30 Ch. 433

အထဲသို့၀င်သည့်လူတိုင်းတွင် ရှောင်ဟိုင်မှလွဲ၍ အားလုံးက အေးခဲညစွမ်းအားကို ရရှိခဲ့ကြသည်။

ဤသည်အပြင် နယ်ပယ်တွင်လည်း ကြီးမားသည့်တိုးတက်မှုတခုရှိလာခဲ့သည်။

ဒါက မင်းသားမင်းသမီးများအား အနည်းငယ်နီးမြန်းသွားစေသည်။

ယခုလေးတင် သူတို့ဘာမှမရခဲ့ဘူးဟု ပြောခဲ့ကြပေသည်။

ရလဒ်အဖြစ် လူတစ်ယောက်တည်းသာလျှင် အေးခဲညစွမ်းအားကို မရရှိခဲ့ပေ။

အကယ်၍ ရှောင်ဟိုင်ဘာကြောင့် အေးခဲညစွမ်းအားကို မရခဲ့တာလဲဆိုတာ သူတို့ကိုသာ ပြောပြမည်ဆိုပါက ပို၍ပင် ထိတ်လန့်သွားပေလိမ့်မည်။

ဟန်ချန်းယဲ့ခါးသီးစွာပြုံးသည်။

"မင်းတို့က တကယ်ငါ့ကိုအကြီးကြီး အံ့ဩသင့်စေတာပဲ"

"မင်းတို့ထဲကတယောက်ပဲ အေးခဲညစွမ်းအားကို ရလိမ့်မယ်လို့အစက ငါထင်နေခဲ့တာ၊ ဒါပေမယ့် မင်းတို့အားလုံးရသွားခဲ့တယ်"

နယ်မြေအရှင်ကလည်း အလွန်အမင်းတုန်လှုပ်ချောက်ချားနေသည်။

ဒီလူအုပ်စုက သိပ်မဝေးလှသည့်အနာဂတ်တွင် နယ်နိမိတ်မဲ့နယ်မြေ၏ အရေးပါသော အရာတခုခုဖြစ်လာနိုင်သလို အဆင့်နိမ့်ကြယ်နယ်မြေတခုလုံး၏ မဏ္ဍိုင်ပင် ဖြစ်လာနိုင်သည်ဟု သူတွေးနေမိသည်။

ထိုအချိန်တွင် သူတို့က အဆင့်နိမ့်ကြယ်နယ်မြေတခုလုံး၌ နာမည်ကြီးကျော်ကြားလာကြပေလိမ့်မည်။

ဟဲကျိတုံကအံ့ဩသင့်ခြင်းမရှိပါ။ သူက ဤမြင်ကွင်းကို ခန့်မှန်းထားပြီးဖြစ်သည်။

"ကောင်းပြီ၊ မင်းတို့ရပြီးပြီဆိုတော့ တတ်နိုင်သမျှအမြန်ဆုံးပြန်ကြရအောင်"

ယခုတွင် သွေးကြောတောင်ပြင်ပက စည်းတံဆိပ်က ပြေလျော့နေပြီဖြစ်သည်။

နယ်မြေပြင်ပကမိစ္ဆာများက စည်းတံဆိပ်ကို အချိန်မရွေးချိုးဖျက်ကာ အထွေထေံ တိုက်ခိုက်မှုတခုကို စတင်နိုင်သည်။

လူတိုင်းခေါင်းညိတ်ကြသည်။

များမကြာခင်မှာပင် သူတို့က အာကာဿယာဉ်ကိုထုတ်ယူကာ နယ်နိမိတ်မဲ့နယ်မြေသို့ ပြန်သွားလိုက်ကြသည်။

နယ်မြေအရှင်က ထိုမြင်ကွင်းကိုကြည့်ကာ မင်းသားမင်းသမီးများဖက်သို့ လှည့်ပြီးနောက် ထူးမခြားနားစွာပြောသည်။

"လူတွေရဲ့အလွန်မှာ တခြားသူတွေရှိသလို ကောင်းကင်ရဲ့အလွန်မှာ ကောင်းကင်ဆိုတာရှိတယ်၊ ငါမင်းတို့ကို ဒီနေရာမှာ ရှိနေစေရတဲ့အကြောင်းရင်းက ဒီအမှန်တရားကို သိစေချင်လို့ပဲ"

"မင်းတို့တွေအလျင်စလိုမလုပ်ကြဘဲ ကြိုးစားပြီးလေ့ကျင့်ကြမယ်လို့ ငါမျှော်လင့်ပါတယ်၊ နားလည်ကြလား"

ထိုစကားလုံးများကိုကြားသောအခါ မင်းသားမင်းသမီးများက လေးနက်စွာ ခေါင်းညိတ်လိုက်ကြ၏။

....

လူတိုင်း နယ်နိမိတ်မဲ့နယ်မြေသို့ ရောက်လာသောအခါ သွေးကြောတောင်က စည်းတံဆိပ်က ပို၍လျော့လာပြီဖြစ်သည်။

သူတို့နယ်နိမိတ်မဲ့ပိုင်နက်သို့ ၀င်လာစဉ် မုကျန်းထင်၏နန်းတော်သို့ ခေါ်ဆောင်ခြင်းကို ခံရသည်။

မုကျန်းထင်က အေးခဲညနယ်မြေ၏ ရလဒ်ကိုမေးမြန်းခြင်းမရှိပေ။

မည်သို့ပင်ဆိုစေကာမူ ဟဲကျိတုံရောက်ရှိလာခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းလုံး၀မရှိတာက ရလဒ်ကိုကိုယ်စားပြုနေသည်။

"မင်းတို့ နောက်တခုလုပ်ဖို့လိုတယ်"

မုကျန်းထင်၏မျက်နှာက အနည်းငယ်အေးစက်နေသည်။

မုကျန်းထင်၏အမူအရာကိုကြည့်ရင်း လူတိုင်းအနည်းငယ်စိတ်ရှုပ်သွားကြ၏။

ဘယ်လိုအရာက မုကျန်းထင်ကို အရမ်းဒေါသထွက်စေတာလဲ!

"မင်းတို့အားလုံး မင်းသားလင်းလုံအကြောင်း သိကြတယ်မလား"

မုဖူရှန်းနှင့်ကျန်သောသူများက ခေါင်းညိတ်ကြသည်။

မည်သူကများ မင်းသားလင်းလုံထွက်ပြေးသွားတာကို မသိဘဲနေမည်နည်း။

"အ‌ဖေ၊ မင်းသားလင်းလုံပေါ်လာတာလား"

မုကျန်းထင်ခေါင်းညိတ်သည်။

"သတင်းအချက်အလက်တွေအရ မင်းသားလင်းလုံက သွေးကြောတောင်ပြင်ပက ချောက်ကမ်းပါးမှာ ပေါ်လာခဲ့တယ်"

"မင်းတို့သွားပြီး ဖမ်းဆီးကြပါ"

မုဖူရှန်းအနည်းငယ်ဝေခွဲမရဖြစ်နေသည်။

ဒီကိစ္စကအရမ်းအရေးကြီးတာလေ၊ ငါတို့ဘာလို့သူ့ကိုသွားဖမ်းရမှာလဲ!

သို့စေကာမူ မုဖူရှန်းတခုခုခံစားချက်မကောင်းသော်လည်း သူကမမေးမြန်းပါ။

မုကျန်းထင်သူတို့ကိုပို့လွှတ်ကတည်းက သူ့တွင်လည်း ရည်ရွယ်ချက်များရှိရပေမည်။

"ဘယ်အချိန်သွားရမလဲ အရှင်မင်းကြီး"

ဟဲကျိတုံမေးလိုက်သည်။

မုကျန်းထင်ထရပ်လိုက်သည်။

"အခုအရမ်းမနောက်ကျသေးဘူးဆိုတော့ အခုပဲတိုက်ရိုက်သွားကြတော့"

လူတိုင်းခေါင်းညိတ်သည်။

ထို့နောက် အနားယူခြင်းမရှိဘဲ သူတို့ သွေးကြောတောင်ရှိရာသို့ ဦးတည်လိုက်ကြသည်။

မုဖူရှန်းနှင့်ကျန်သောသူများ၏ နောက်ကျောကိုကြည့်နေစဉ် မုကျန်းထင်နောက်တွင် အနက်၀တ်ပုံရိပ်တခု ရုတ်တရက်ပေါ်ပေါက်လာသည်။

"ဘာလို့သူတို့ကိုစွန့်စားရစေတာလဲ၊ ဒီကလေးအုပ်စုက နယ်နိမိတ်မဲ့နယ်မြေရဲ့ အနာဂတ်မျှော်လင့်ချက်ဆိုတာ အရှင်မင်းကြီးသိတယ်မလား"

"တစ်ယောက်ဆုံးရှုံးတာကတောင် အဆင့်နိမ့်ကြယ်နယ်မြေအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုတခုဖြစ်လာလိမ့်မယ်"

မုကျန်းထင်ခေါင်းညိတ်သည်။

"မင်းပြောတာကို ငါဘယ်လိုလုပ်မသိဘဲနေမလဲ"

"ဒါဆိုအရှင်မင်းကြီး ဘာလို့......"

မုကျန်းထင် အနက်၀တ်လူအား ဖြတ်ပြောသည်။

"ဒီလိုစဉ်းစားကြည့်၊ ဘာလို့မင်းသားလင်းလုံက ဒီတကြိမ်ပေါ်လာရတာလဲ"

"မုဖူရှန်းကိုဖမ်းဖို့ကျရှုံးသွားရပြီးနောက် သူတို့နယ်နိမိတ်မဲ့နယ်မြေကို ပြန်လာတဲ့နေ့မှာပဲ သူဘယ်မှာလဲဆိုတာ ငါတို့သိရတယ်"

"ဒါကအရမ်းတိုက်ဆိုင်လွန်းတယ်လို့ မထင်ဘူးလား"

အနက်၀တ်လူ၏အမူအရာက လေးနက်သွားသည်။

"အရှင်မင်းကြီးဆိုလိုချင်တာက မင်းသားလင်းလုံက ငါးစာလား"

မုကျန်းထင်ခေါင်းညိတ်ပြီးနောက် ထပ်မံခေါင်းခါယမ်းသည်။

"ဟုတ်လည်းဟုတ်တယ်၊ မဟုတ်လည်းမဟုတ်ဘူး၊ မင်းသားလင်းလုံပေါ်လာရခြင်းက မုဖူရှန်းအတွက် ဖြစ်ရမယ်"

"ဒါပေမယ့် သူကကိုယ်ထင်ပြရဲမှတော့ မင်းသားလင်းလုံက သေချာပေါက်ထပ်ပြီး ပျောက်ကွယ်သွားလိမ့်မယ်"

အနက်၀တ်လူကပြောသည်။

"ဒါကလျှို့ဝှက်ကြံစည်မှုတခုလား"

မုကျန်းထင်ခေါင်းညိတ်သည်။

"အင်း၊ ငါသူ့ကိုဖမ်းဖို့ သေချာပေါက် အကောင်းဆုံးကြိုးစားမယ်ဆိုတာ သူသိတယ်၊ ဒီတော့ ငါသေချာပေါက် မုဖူရှန်းကို လွတ်မယ်ဆိုတာကိုလည်း သူသိတယ်"

"ဒီတော့ ကျေးဇူးပြုပြီး အဲကိုသွားပေးပါ"

အနက်၀တ်လူကခေါင်းညိတ်ပြီးနောက် ထိုနေရာမှာပင် ပျောက်ကွယ်သွား၏။

မုကျန်းထင်ခေါင်းမော့ကာ သွေးကြောတောင်ရှိရာဘက်သို့ ကြည့်လိုက်မိသည်။

ယနေ့သွေးကြောတောင် ကောင်းကင်ထက်တွင် မြူခိုးနက်များက ပို၍ထူသထက်ထူထဲလာသည်။

ဒါက နယ်မြေပြင်ပကမိစ္ဆာများကို ဖိနှိပ်ထားသည့်စည်းတံဆိပ်ကိုကိုယ်စားပြုနေပြီး ထပ်၍ဖိနှိပ်ခံရတော့မည်မဟုတ်တော့။

မင်းသားလင်းလုံကို မင်းတတ်နိုင်သမျှ အမြန်ဆုံးဖမ်းဆီးပြီး သတ်ပစ်ရမယ်!

"ဒါကလျှို့ဝှက်ကြံစည်မှုတလုဆိုမှတော့ ငါလည်းဆောင်ရွက်ရမှာပေါ့...."

"အဲမှာသေချာပေါက် ပိုအားကောင်းတဲ့လူတွေစောင့်နေကြလိမ့်မယ်၊ ဒါပေမယ့်...."

မုကျန်းထင် မုဖူရှန်း၏ဆရာကို တွေးမိသွားသည်။

သူလောင်းကြေးထပ်နေမိသည်။

အကယ်၍အနက်၀တ်ပုံရိပ်က မဖမ်းဆီးနိုင်ခဲ့လျှင်ပင် မုဖူရှန်းနှင့် ကျန်သောသူများက ကယ်တင်ခံရမည်လား၊ မုဖူရှန်းတို့နောက်က ဆရာကလှုပ်ရှားမှုတခု လုပ်မည်လား၊ သူလောင်းကြေးထပ်နေသည်။

သူသာပါ၀င်လာသည်နှင့် အရာအားလုံး ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မည်ဟု ယူဆ၍ရသည်။

......

နန်ယုစံအိမ်တော်၌ လုချန်ရှန်း တစ်မှေးအိပ်နေစဉ် အသံလွှင်စက်ကြောင့် သူနိုးလာရသည်။

သူနိုးလာသောအခါ ဒေါသထွက်သွားပြီး သတင်းစကားထဲတွင် ဘာပါသလဲဆိုတာ နားထောင်ကြည့်သည်။

ထို့နောက်တွင်မူ လုချန်ရှန်းတခဏမျှ ဒေါပွသွားသည်။

ဘေးဘီဝဲယာကြည့်လိုက်စဉ် လျိုကျိယု လက်ဖက်ရည်သောက်နေတာကို တွေ့လိုက်ရသဖြင့် ချက်ချင်းအော်ဟစ်သည်။

"ရှောင်လျိုကျိ"

လျိုကျိယု ချက်ချင်းဆိုသလို ပါးစပ်အပြည့်လက်ဖက်ရည်များကို အန်ထုတ်လိုက်မိပြီး လုချန်ရှန်းအား တွေဝေစွာကြည့်လိုက်မိသည်။

ဘာဖြစ်နေတာလဲ!

ဘာများမှားယွင်းနေလို့လဲ!

တယောက်ယောက်က စီနီယာကို နိုးအောင်လုပ်လိုက်တာလား!

ဘယ်သူကအဲလောက်သတ္တိရှိနေတာလဲ!

ဤနေရာ၌အကြာကြီးရှိနေခဲ့ပြီဖြစ်လေရာ လျိုကျိယုက လုချန်ရှန်း၏အကျင့်များကို သိထားပြီးဖြစ်သည်။

သူကဤရက်များအတွင်း ပြဿာနာဖြစ်ရမည်ကိုကြောက်ပြီး စိတ်အခြေအနေကို အကောင်းမွန်ဆုံးထားကာ တခြားသူများကိုပင် အရမ်းသည်းခံခဲ့သည်။

ဒါပေမယ့် ငါအမှားမလုပ်ခဲ့ဘူးလေ!

ငါတခုခုမှားတာလုပ်မိလို့လားဟ!

ဒီလိုဆိုရင် ဘာကများ လုချန်ရှန်းအိပ်နေတာကို နှောက်ယှက်ရတာတုန်း!

နှောက်ယှက်ခံလိုက်ရသည်နှင့် လုချန်ရှန်းနိုးလာသည့်ဒေါသကို လျိုကျိယုမခံနိုင်ပါ။

"မင်းခွန်အားကိုအားကောင်းစေချင်တာမလား၊ ကောင်းပြီ၊ ငါမင်းကို လက်ဝှေ့ထိုးနည်းစနစ်တခုသင်ပေးပါရစေ"

လျိုကျိယုထိုစကားလုံးများကိုကြားသောအခါ သူ့အမူအရာက ပြောင်းလဲသွားပြီး ပြန်လှည့်မကြည့်တော့ဘဲ အဝေးသို့ အမြန်ထွက်ပြေးလေတော့သည်။

လုချန်ရှန်းနှာခေါင်းရှုံ့လိုက်သည်။

ထွက်ပြေးချင်တာလား!

သူကချက်ချင်းဆိုသလို ညာလက်ကိုဆန့်ကာ ဟင်းလင်းပြင်ကို ဖမ်းကိုင်လိုက်၏။

မိုင်ထောင်ချီအဝေးသို့ထွက်ပြေးနေသည့် လျိုကျိယုမှာ ရုတ်ချည်းမရွေ့လျားနိုင်တော့။

သူ့မျက်နှာက ဖြူဖျော့သွားသည်။

"ပြီးသွားပြီ......"

ချက်ချင်းဆိုသလို သူ့မျက်နှာပေါ်၌ စိတ်ပျက်နေသည့်အမူအရာတခုပေါ်လာပြီး ရုန်းကန်မှုကိုရပ်လိုက်စဉ် လုချန်ရှန်း၏ ခေါ်ဆောင်ခြင်းကို ခံလိုက်ရသည်။

ထို့နောက် စံအိမ်တော်၌ အော်ဟစ်သံများကြားနေရပြီး အော်သံက ၀က်တကောင်ကို သတ်နေသည့်အော်သံမျိုးပင်။

မိုးမခပင်က ငှက်ကလေး၏မျက်လုံးများကို မိုးမခကိုင်းများဖြင့် ဖုံးထားလိုက်သည်။

"မကြည့်နဲ့၊ ဒါကအရမ်းသွေးထွက်သံယိုဖြစ်လွန်းတယ်...."

ငှက်ကလေး "...."

လုချန်ရှန်း လျိုကျိယုကို ဒီနေရာတွင် ထားရသည့်နောက်ထပ်အကြောင်းရင်းတခုက လက်ဝှေ့းထိုးအိတ်ဖြစ်လာရန်အတွက်ပင်။

လျိုကျိယုကို လေ့ကျင့်ပေးပြီးနောက်တွင် လျိုကျိယုခမျာ ကြမ်းပြင်ပေါ်သို့ သေခါနီးပမာ လဲလျောင်းနေရတော့သည်။

လုချန်ရှန်း ဆေးတလုံးကိုပစ်ပေးသည်။

"မင်းငါ့အတွက်တခုခုလုပ်ပေးလို့ရတယ်"

ထိုစကားလုံးကိုကြားသောအခါ လျိုကျိယု၏မျက်လုံးများက တောက်ပလာသည်။

လုချန်ရှန်းသူ့ကို ထိုအရာများ လုပ်ခွင့်ပေးရန် ဆန္ဒရှိတာက လုချန်ရှန်း သူ့ကို တဖြည်းဖြည်းလက်ခံလာပြီဟု ဆိုလိုနေခြင်းပင်။

"ဘာများလဲ"

လျိုကျိယုအသက်ရှူကျပ်နေပြီး အားနည်းသည့်အသံဖြင့်မေးလိုက်သည်။

"နယ်နိမိတ်မဲ့နယ်မြေကိုပြန်သွားပြီး ငါ့တပည့်တွေကို တိတ်တဆိတ်ကာကွယ်ပေးလိုက်"

လျိုကျိယုအံ့ဩသင့်သွားသည်။

"စီနီယာကရော"

လုချန်ရှန်းနှာခေါင်းရှုံ့သည်။

"ငါ့ကိုဆန့်ကျင်ဖို့ကြံစည်နေတဲ့ အဖိုးကြီးတယောက်ရှိတယ်၊ ငါသူ့ကို ယောက်ျားတယောက်ဖြစ်လာဖို့ သင်ပေးရမယ်"

အပိုင်း(434) coming။

All Chapters