← Chapters

#စည်းတံဆိပ်ပြေလျော့လာခြင်း#

Vol. 30 Ch. 434

#စည်းတံဆိပ်ပြေလျော့လာခြင်း#

Vol. 30 Ch. 434

သတင်းအချက်အလက်များအရ လုချန်ရှန်းကဲ့သို့လူတစ်ယောက်က ယခုလိုမီးစပျိုးပေးနေတာ အဖိုးကြီးမုကျမ်းထင်ဆိုတာ ဘယ်လိုလုပ်မသိဘဲနေမည်နည်း။

ငါလှုပ်ရှားမယ်လို့လောင်းကြေးထပ်တာလား!

ဒါကငါ့ကိုဒုက္ခပေးနေတာနဲ့မတူဘူးလား!

သို့သော် ဒါကသူများက သူ့ကိုတွက်ချက်တာ ပထမဆုံးအကြိမ်ပင်။

ကြည့်ရသည်မှာ သူကြယ်ကြွေဓားဂိုဏ်းကို သွားစဉ်က တခြားသူများ၏သတိထားခြင်းကို ခံခဲ့ရပုံရသည်။

အနာဂတ်မှာ ငါသတိထားနေနေရမယ်!

အရမ်းအထင်ကြီးအောင်လုပ်လို့မရတော့ဘူး!

လူများကို တွက်ချက်ခိုင်းရခြင်းက လုချန်ရှန်းကို အတော်လေးမသက်မသာဖြစ်စေသည်။

အနည်းဆုံးတော့ဒါကသူ့ကိုစိတ်တိုစေသည်။

ထို့ကြောင့်လည်း လုချန်ရှန်း ထိုအဖိုးအိုကို သင်ခန်းစာတခုပေးရန်ဆုံးဖြတ်လိုက်ခြင်းပင်။

ဤနည်းလမ်းဖြင့်သာ သူ့စိတ်က ကြည်လင်နိုင်တော့မည်ဖြစ်သည်။

စိတ်ကြည်လင်သွားမှသာ ပို၍မြန်မြန်ဆန်ဆန်ကျင့်ကြံနိုင်ပေမည်။

လုချန်ရှန်းအတွက်မူ သူကပို၍အေးချမ်းစွု အိပ်နိုင်ပေလိမ့်မည်။

လျိုကျိယုက လုချန်ရှန်း၏တောင်းဆိုချက်ကိုမငြင်းဆန်ပေ။

သူ့တွင် အနည်းဆုံးဤအဆင့်နိမ့်ကြယ်နယ်မြေအတွင်း ပြိုင်ဘက်ကင်းစွမ်းအားရှိသည်။ လုချန်ရှန်းကို ထည့်မတွက်ထားပါ။

....

ယခုယဲ့ချိုးပိုင်နှင့်သူ့အဖွဲ့က တာ၀န်ကို လက်ခံရရှိပြီးနောက် သွေးကြောတောင်သို့ အမြန်ထွက်ခွာလာကြသည်။

တခြားတဘက်တွင် ဒါက မင်းသားလင်းလုံကိုထွက်ပြေးရာကနေ တားဆီးရန်ဖြစ်သလို သွေးကြောတောင်က စည်းတံဆိပ်ပြေလျော့နေသည့် အခြေအနေရပ်ကိုလည်း စုံစမ်းစစ်ဆေးရန်ဖြစ်သည်။

လေပြင်းများတိုက်ခတ်လာသည်နှင့်အမျှ လူတိုင်း၏အာရုံကြောများက ကြိုးတချောင်းပမာ ဆန့်ထွက်သွားသည်။

ထိုအချိန်တွင် ရန်သူကလှည့်ကွက်တခုကို လုပ်မည်ဆိုပါက တိုက်ခိုက်သည့်အချိန်ကို ဖုံးကွယ်ထားရန် သူတို့သွေးကြောတောင်သို့ တိတ်တဆိတ်၀င်သွားရပေမည်။

အခြေအနေရပ်က စိတ်ကူးယဉ်၍မရနိုင်လောက်အောင်ပင်။

သွေးကြောတောင်သို့၀င်လာစဉ် မြူခိုးနက်များက ပို၍ပို၍ပင်ထူထဲလာသည်။

လူတိုင်းလက်ချောင်းများကိုပင်မမြင်ရဘဲ လူတိုင်း၏ အသိအာရုံပင်လျှင် သက်ရောက်ခံနေရသည်။

တာအိုတ၀က်နယ်ပယ်စွမ်းအားရှင်ဖြစိသညိ့ ဟဲကျိတုံက သူဖတ်ကြည့်မိသည်နှင့် သွေးကြောတောင်၏တ၀က်ခန့်က သူ့အမြင်ထဲ၀င်ရောက်လာသည်။

သို့စေကာမူ မြူခိုးနက်များ၏လွှမ်းမိုးမှုအောက်တွင် သူကမိုင်တစ်ရာအတွင်းတွင်သာ စူးစမ်းနိုင်ခဲ့သည်။

မြူခိုးနက်များက မည်မျှထိပင် ထူထဲနေသလဲဆိုတာကို တွေ့နေရသည်။

သူတို့အုပ်စုက ဂရုစိုက်နေကြရသည်။

ရက်တ၀က်ခန့်ကြာပြီးနောက် သူတို့က သွေးကြောတောင်၏ တခြားတဘက်သို့ ရောက်လာကြသည်။

တောင်နံရံကို ကြယ်ကြွေဓားဧကရာဇ်က ၎င်း၏ရုပ်ပိုင်းခန္ဓာဖြင့် တည်ဆောက်ခဲ့သည်။

ဟဲကျိတုံ၊ ဂျီဂျီနှင့်ကျန်သောသူများ ဤနေရာသို့ရောက်လာသောအခါ သူတို့လေးစားမှုကို ပြသရန်အတွက် တောင်နံရံကို ဦးညွတ်လိုက်ကြသည်။

တောင်နံရံနှစ်ခုကြားကွက်လပ်၌ သက်လန်ပိုင်းအရွယ်လူတစ်ယောက်က အလယ်တွင် ရပ်နေပြီး ယဲ့ချိုးပိုင်နှင့်ကျန်သောသူများအား ထူးမခြားနားစွာကြည့်နေသည်။

ဟဲကျိတုံကလည်းဒါကိုတွေ့သဖြင့် ပတ်၀န်းကျင်ကို စူးစမ်းကြည့်စဉ် မည်သည့်ပုံရိပ်၊ အော်ရာကိုမှ မတွေ့ခဲ့ရပါ။

သို့သော် ဤ၀န်းကျင်ကို ထိုးဖောက်ထားသည့် အားကောင်းသည့်ရန်သူများ သေချာပေါက်ရှိတယ်ဆိုတာ သူသိသည်။

မည်သို့ပင်ဆိုစေကာမူ ဒါကထောင်ချောက်တခုပင်။

မဟုတ်ပါက မင်းသားလင်းလုံက ဘာကြောင့်ဒီနေရာ၌ အရူးတယောက်ပမာရပ်ကာ အဖမ်းခံရမည်ကို စောင့်ဆိုင်းနေရမည်နည်း။

ဒါကဉာဏ်လွှာထားခြင်းဆိုတာ သိသာထင်ရှားနေသည်။

သို့သော်ဟဲကျိတုံ၏အမူအရာကလည်း လေးနက်သွားရသည်။

သူပင်လျှင်မရှာတွေ့နိုင်သည့်တည်ရှိမှုမျိုးက မိစ္ဆာဘုရင်များကြားက အလယ်အဆင့်၊ အထက်အဆင့်များသာဖြစ်သည်။

ဟဲကျိတုံအနည်းငယ်မျှပင် အနားမယူရဲဘဲ ရန်သူရုတ်တရက်တိုက်ခိုက်လာခြင်းကနေ ကာကွယ်တားဆီးရန် သူ့အော်ရာကို ဆက်လက်ဖွင့်လှစ်ထားသည်။။

မင်းသားလင်းလုံကပြုံးကာ လက်အစုံကို ဖြန့်လိုက်သည်။

"ဟဲကျိတုံ၊ မင်းကဘာလို့အရမ်းပူပန်နေရတာတုန်း"

"ငါအခုဒီမှာရှိတယ်၊ ငါ့ကိုလာဖမ်းလိုက်၊ စီးပွားရေးလုပ်ကြရအောင်လေ"

ဟဲကျိတုံကထူးမခြားနားစွာပြောသည်။

"ငါသေချာပေါက်လုပ်မှာပါ၊ ဒါပေမယ့် လူတယောက်ထက်သာနိမ့်ကျပြီး လူတသောင်းအပေါ်မှာရှိခဲ့တဲ့ ပုံရိပ်ရှိတဲ့မင်းမှာ အစိုးရနဲ့ပြည်သူလူထုအပေါ် ဩဇာအာဏာရှိတယ်လို့ပြောလို့ရတယ်၊ မင်းဘာလို့ ပုန်ကန်ရတာလဲ"

"ပြီးတော့ နယ်မြေပြင်ပကမိစ္ဆာလူမျိုးထဲ ၀င်လိုက်တာလား၊ မင်းဒီလိုလုပ်တာက လူသားမျိုးနွယ်အတွက် အရှက်ရစရာတခုလို့တောင် တကယ်မခံစားရဘူးလား"

မင်းသားလင်းလုံပြုံးကာပြန်ဖြေသည်။

"နန်းတော်ရဲ့အာဏာလား၊ ဒီလိုဆိုရင် ငါမင်းကိုမေးပါရစေ၊ တော်၀င်မိသားစုထဲမှာ နန်းတော်ရဲ့အာဏာကို ပိုင်ဆိုင်ထားတဲ့ ၀န်ကြီးတစ်ယောက်ကို ဘယ်ဧကရာဇ်ကများ အလိုရှိကြလဲ"

ဟဲကျိတုံတိတ်ဆိတ်နေသည်။

မှန်ပေသည်။

ယခုလိုအစွမ်းထက်စွမ်းအားကပိုင်ဆိုင်ထားသည့်၀န်ကြီး၊ အစိုးရအောက်က နန်းတွင်းနှင့်ပြည်သူများအကြား လွှမ်းမိုးထားသည့် ၀န်ကြီးကို ဧကရာဇ်က ဘယ်လိုလုပ် မကြောက်ဘဲနေမည်နည်း။

ထို့ကြောင့်ပုံမှန်အားဖြင့် ထိုကဲ့သို့လူများက စိတ်မချမ်းမြေ့ဖွယ်ရာအဆုံးသတ်သွားရတတ်သည်။

မင်းသားလင်းလုံဆက်ပြောသည်။

"ဒီတော့ ငါမပုန်ကန်ဘူးဆိုရင် မုကျန်းထင် ငါ့စွမ်းအားတွေကို တလှမ်းပြီးတလှမ်း အားနည်းအောင်လုပ်တာ ကြည့်နေရမလား"

"ငါကဘာလို့အရင်မလုပ်နိုင်မှာလဲ"

"ဒီစကားလုံးတွေကပြင်းထန်လွန်းတယ်"

မုဖူရှန်းထရပ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဒီကိစ္စကမှန်လား၊ မှားလားဆိုတာကို မပြောနဲ့ဦး၊ ဒါကအရိပ်မရှိတဲ့ကိစ္စတခုပဲ"

"မင်းက အပြစ်ကိုဖယ်ရှားဖို့အတွက် ဒီပျောက်ကွယ်သွားရခြင်းရဲ့အကြောင်းရင်းကို အသုံးပြုပြီး မင်းပုန်ကန်ရတဲ့အကြောင်းရင်းက ကိုယ့်ကိုကိုယ် ကာကွယ်တာလို့ပြောနေတယ်"

"ဟမ့်" မုဖူရှန်းနှာခေါင်းရှုံ့သည်။

"တကယ်လို့မင်းသာ ဧကရာဇ်ရဲ့ရာထူးကို မျက်စိကျမနေဘူးဆိုရင် ဘယ်လိုလုပ် ဒီလိုစိတ်ကူးမျိုးရှိနေရမှာလဲ"

မင်းသားလင်းလုံ၏မျက်နှာက အနည်းငယ်ကြည့်ရဆိုးသွားသော်လည်း အပြုံးဖြင့် လက်ခုပ်တီးလိုက်လေသည်။

"ဧကရာဇ်အမွေခံ‌ဆိုတဲ့အတိုင်းပါပဲ၊ မင်းပြောတာမှန်နေရင်တောင် ဒါကဖြစ်ပြီးသွားပြီလေ"

"ပြန်စရာလမ်းဆိုတာမရှိတော့ဘူး၊ ဒီလိုဆိုမှတော့ အခုမင်းလုပ်ရမှာက ငါ့ကို ပြန်ဖမ်းဖို့ပဲလေ"

"ဘာလို့လဲ၊ ချောင်းမြောင်းကြံစည်မှုတခုခုရှိနေလို့များလား"

လူတိုင်းနားလည်သွားကြ၏။

ဒီနေရာ၌ချောင်းမြောင်းကြံစည်မှုတခုရှိရပေမည်။ အကယ်၍သူတို့သာမလှုပ်ရှားပါက တဖက်လူကလည်း ကိုယ်ထင်ပြမည်မဟုတ်ပေ။

ဒီကိစ္စတွင် မင်းသားလင်းလုံကလည်း ချောင်းမြောင်းကြံစည်မှုထဲတွင် ရှိရ‌မည်။

သူတို့သူ့ကိုအရေးတကြီးသွားစေရသည့်အကြောင်းရင်းက မုဖူရှန်းနှင့်တခြားသူများကို ထိုအစီအရင်ထဲဦးတည်ခေါ်ဆောင်လာရန်ပင်။

သို့သော် မင်းသားလင်းလုံတွင် အချိန်ဆွဲထားရန်အတွက် လုံလောက်သော အချိန်ရှိသည်။

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများတွင် အချိန်မရှိပါ။ မည်သို့ပင်ဆိုစေကာမူ သူတို့ရှိနေသည့်နေရာတိုင်းက အတော်လေးအန္တရာယ်များသလို အချိန်မရွေး၀န်းရံခံရနိုင်သည်။

သူတို့နောက်က သွေးကြောတောင်၏ မြူခိုးနက်များကြားတွင် နယ်မြေပြင်ပက မိစ္ဆာများ ရှိလား၊ မရှိဘူးလားဆိုတာ သူတို့မသိပါ။

ဟဲကျိတုံတခဏမျှစဉ်းစားလိုက်သည်။

"တကယ်ကိုလှုပ်ရှားရတော့မယ်၊ ငါအရင်လှုပ်ရှားမယ်၊ မင်းတို့ကတော့ အခြေအနေအရ လှုပ်ရှားလို့ရတယ်"

မုဖူရှန်း အဆောင်တခုကို ထုတ်ယူကာ ဟဲကျိတုံအားပေးလိုက်သည်။

"စီနီယာ၊ တခုခုမှားနေတာနဲ့ ထွက်ပြေးဖို့ ဓီအဆောင်ကိုအသုံးပြုလိုက်ပါ"

ဟဲကျိတုံယူပြီး ခေါင်းညိတ်လိုက်သည်။

အေးခဲညနယ်မြေတွင် သူကကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်၏ သက်ရောက်မှုကို သူတွေ့ခဲ့ရသည်။

ဤစည်းတံဆိပ်သာရှိမည်ဆိုပါက ဘာပြဿာနာကြီးမှရှိလာမည်မဟုတ်ပေ။

ဟဲကျိတုံ သုံးပေရှည်ဓားရှည်ကိုမကာ မင်းသားလင်းလုံရှိရာဘက်သို့ ပြေးသွားသည်။

အန္တိနယ်ပယ်တ၀က်အဆင့်ဓားဆန္ဒက ထိုအခိုက်အတန့်၌ ပေါက်ကွဲကာ ထိုနေရာတခုလုံး၌ ကျယ်လောင်စွာမြည်ဟီးနေသည်။

မင်းသားလင်းလုံရှေ့မတိုးလာသလို နောက်လည်းမဆုတ်ဘဲ ရှိနေသည့်နေရာတွင်သာ ရပ်နေပြီး ဓားကိုကိုင်ကာ ပြေး၀င်လာသည့် ဟဲကျိတုံကို ထူးမခြားနားစွာကြည့်နေသည်။

ဟဲကျိတုံ မင်းသားလင်းလုံနှင့် ဆယ်ပေခန့်အကွာသို့ရောက်လာသောအခါ သံကြိုးနက်များက သူ့ထံ၀င်ရောက်လာသည်။

ထိုသံကြိုးနက်များက မိစ္ဆာစွမ်းအားများဖြင့်ပြည့်နှက်နေသည်။

ဟဲကျိတုံ ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို တိုက်ရိုက်မသုံးဘဲ သံကြိုးနက်များကို ခုခံကာ ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ တိုက်ခိုက်ရန်အတွက် အခွင့်အရေးရလာစေရန် တိုက်ခိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့၏အဓိကရည်ရွယ်ချက်က မင်းသားလင်းလုံကို ဖမ်းဆီးရန်ဖြစ်သည်။

သို့စေကာမူ သံကြိုးနက်များက ဟဲကျိတုံထံ၀င်လာစဉ် ယဲ့ချိုးပိုင်ရှိရာဘက်သို့ အနက်ရောင်အော်ရာသုံးခုပြေး၀င်သွား၏။

ဤအရိပ်သုံးခုက ကြောက်ခမန်းလိလိ မိစ္ဆာစွမ်းအားများဖြင့်ပြည့်နှက်နေသည်။

ထိုသုံးယောက်၏အသွင်အပြင်နှင့်အတူ မြူခိုးနက်များကလည်း လိုက်ပါလာပြီး ကောင်းကင်ကိုလွှမ်းမိုးကာ မြေကြီးကို ဖုံးလွှမ်းသွား၏။

ကမ္ဘာကြီး၏အဆုံးသတ်က ကျရောက်လာသည့်အသွင်။

မိစ္ဆာဘုရင်သုံးပါး!

ဒါ့အပြင်ဒီအော်ရာက အေးခဲညနယ်မြေက မိစ္ဆာဘုရင်ထက် အများကြီးပိုအားကောင်းကာ တာအိုနယ်ပယ်အထွပ်အထိပ်အဆင့်ကိုခွန်အားကို သယ်ဆောင်ထားသည်။

ထိုမိစ္ဆာဘုရင်သုံးပါးက တာအိုနယ်ပယ်အထွက်အထိပ်အဆင့်ဖြစ်လေရာ လူတိုင်းကလေးနက်တည်ကြည်သွားရသည်။

ကြည့်ရသည်မှာ သွေးကြောတောင်၏ အစီအရင်စည်းတံဆိပ်က အကန့်အသတ်ကို ရောက်သွားသည့်ပုံပင်။

ထိုစဉ် မုဖူရှန်းအော်ဟစ်လိုက်သည်။

"လွတ်မြောက်အဆောင်ကိုသုံးလိုက်"

ဤမိစ္ဆာဘုရင်သုံးပါး၏တိုက်ခိုက်မှုအောက်တွင် သူတို့၌ ယှဉ်နိုင်ရန်အတွက် အစွမ်းလုံး၀မရှိပါ။

ခွန်းအားအရာ၌ကွာဟချက်က အရမ်းကြီးမားလွန်းသည်။

အပိုင်း(435) coming။

All Chapters