← Chapters

#အေးခဲည၏စွမ်းအား#

Vol. 30 Ch. 432

#အေးခဲည၏စွမ်းအား#

Vol. 30 Ch. 432

ဟန်ယဲ့နယ်မြေတွင် တခုခုဖြစ်ပျက်သွားခဲ့သည်။

နယ်မြေပြင်ပကမိစ္ဆာများက နောက်ဆုတ်သွားကြပြီး အကျပ်အတည်းကို ဖြေရှင်း၍ပြီးသွားခဲ့သည်။

ထို့ကြောင့် ယဲ့ချိုးပိုင်နှင့်တခြားသူများ၏ တာ၀န်ကလည်းပြီးစီးသွားပြီဖြစ်သည်။

ဟန်ချန်းယဲ့ပြုံးလိုက်သည်။

"ထောက်ပံ့ပေးမှုအတွက်ကျေးဇူးပါ၊ အားလုံးရဲ့အကူအညီသာမပါဘူးဆိုရင် ဒီတကြိမ်ဟန်ယဲ့နယ်မြေကို နယ်မြေပြင်ပက မိစ္ဆာတွေရဲ့ သိမ်းပိုက်တာကို ခံရလိမ့်မယ်"

မုဖူရှန်းလက်ဝှေ့ယမ်းဟည်။

"နယ်မြေပြင်ပကမိစ္ဆာတွေကျူးကျော်မှုအတွက် ကျုပ်တို့က သူတို့ရန်ကနေ ကာကွယ်ဖို့ တခုတစည်းအဖြစ် စုစည်းဖို့လိုတာပါ"

"ဒီကအဓိကအကြောင်းရင်းပါပဲ"

ဟန်ချန်းယဲ့ခေါင်းညိတ်သည်။

"ကျွန်တော်တို့က နယ်နိမိတ်မဲ့နယ်မြေလောက် အားမကောင်းဘူးဆိုပေမယ့် အနာဂတ်မှာ ကူညီထောက်ပံ့ပေးဖို့အတွက် နယ်နိမိတ်မဲ့နယ်မြေမှာ လက်ရွေးစင်တွေကို စေလွှတ်ပေးပါမယ်"

လူတိုင်းခေါင်းညိတ်သည်။

ချက်ချင်းဆိုသလို ဟန်ချန်းယဲ့တခုခုကို တွေးမိသွားပုံရသည်။

"တကယ်လို့ အလျင်မလိုသေးဘူးဆိုရင်တော့ ဟန်ယဲ့လျှို့ဝှက်နယ်မြေထဲကို ၀င်ရောက်နိုင်ပါတယ်"

အေးခဲညလျှို့ဝှက်နယ်မြေ!

လူတိုင်းက ဟန်ချန်းယဲ့ကို သံသယဖြင့် ကြည့်လိုက်ကြသည်။

"အေးခဲညလျှို့ဝှက်နယ်မြေက ကျွန်တော်တို့နယ်မြေရဲ့ ရှေးဟောင်းနယ်မြေတွေထဲကတခုဖြစ်ပြီး ဧကရာဇ်မိသားစုအတွက်သာ ဖွင့်လှစ်ပါတယ်"

"အဲထဲမှာ ဟန်ယဲ့နတ်စမ်းအိုင်လည်းရှိပါတယ်"

ဟန်ချန်းယဲ့ထိုသို့ပြောလာသောအခါ ဟဲကျိတုံအနည်းငယ်တုံ့ဆိုင်းကာပြောသည်။

"ငါအရင်က ဟန်ယဲ့နတ်စမ်း‌အိုင်အကြောင်းကြားဖူးတယ်"

"လူတယောက်ရဲ့ရုပ်ပိုင်းဆိုင်ပါရမီက ပိုအားကောင်းလေလေ၊ ဝိဉာဉ်စမ်းအိုင်ကနေ စွမ်းအားတွေကို ပိုပြီးစုပ်ယူနိုင်လေလေပဲ"

"ဒီအေးခဲညဝိဉာဉ်စမ်းအိုင်က နယ်ပယ်ကို အလျင်အမြန်တိုးတက်စေရုံတင်မက ဝိဉာဉ်စွမ်းအားကို အေးခဲညစွမ်းအားနဲ့အတူ ဖြည့်စွက်လို့လည်းရတယ်"

ဟန်ချန်းယဲ့ခေါင်းညိတ်သည်။

"မှန်ပါတယ်၊ ဝိဉာဉ်စမ်းအိုင်ကနေ စွမ်းအားပိုပြီးစုပ်ယူနိုင်လေလေ၊ အေးခဲညစွမ်းအားက ပိုပြီးအားကောင်းလာလေလေပါပဲ"

"ရှေးဟောင်းမှတ်တမ်းတွေအရ အေးခဲညစွမ်းအားက သတ်မှတ်အဆင့်တခုကို ရောက်လာတဲ့အခါ အရည်အသွေးဆိုင်ရာ ပြောင်းလဲမှုတခုကိုကြုံတွေ့ရပြီး ဒါက သွေးကိုတိုးတက်စေတယ်တဲ့"

သွေးကြောတွေကိုတိုးတက်စေတာလား!

နယ်နိမိတ်မဲ့နယ်မြေတွင် မည်သည့်အတွက်ကြောင့် မည်သူကမှ သွေးပြောင်းလဲခြင်းနယ်ပယ်သို့ မချိုးဖျက်နိုင်ကြလေသနည်း။

အကြောင်းရင်းက သွေးစွမ်းအားမရှိဘဲ သေမျိုးသွေးများသာရှိသောကြောင့်ပင်။

အေးခဲညစွမ်းအားက သွေးကိုသာတိုးတက်စေနိုင်သော်လည်း ရှားပါးသည့်အခွင့်အရေးတခုဖြစ်နေဆဲပါ။

"ဒါပေမယ့် ဒီအဆင့်ကိုရောက်ဖို့ လူတယောက်ရဲ့ သဘာခန္ဓာလိုအပ်ချက်တွေက အတော်လေးမြင့်မားတယ်"

ဟန်ချန်းယဲ့ ခါးသီးစွာ‌ပြုံးသည်။

"ကျွန်တော်တို့ ဟန်ယဲ့နယ်မြေနဲ့ပတ်သက်ပြီး ပြောရရင်တော့ ဘယ်သူမှဒီအဆင့်ကို မရောက်သေးပါဘူး"

မှန်ပေသည်။

အခွင့်အရေးက ကောင်းကင်ကိုဆန့်ကျင်နေသော်လည်း ဒီအခွင့်အရေးကို ခါးစီးသည်းခံနိုင်သည့် စွမ်းရည်လည်းရှိရပေမည်။

ဟဲကျိတုံပြောသည်။

"ဒီလိုဆိုမှတော့ အားလုံးလက်ခံသင့်တယ်၊ ဒါကရှားပါးတဲ့အခွင့်အရေးတခုပဲ"

"တချိန်တည်းမှာပဲ လက်ရှိအခြေအနေရပ်မှာ မင်းတို့အားလုံးက ခွန်အားကို တတ်နိုင်သမျှ အမြန်ဆုံးတိုးတက်စေဖို့အတွက် အခွင့်အရေးကို ဖမ်းဆုပ်ထားသင့်တယ်"

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက မငြင်းကြပါ။

ဒုတိယနေ့!

အေးခဲညလျှို့ဝှက်နယ်မြေက အေးခဲညအင်ပါယာ၏ နောက်ဘက်တောင်ပေါ်တွင် တည်ရှိသည်။

ထိုနေရာ၌ အင်ပါယာမှ အစောင့်အများအပြားရှိသည်။

ရည်ရွယ်ချက်က တစ်ယောက်ယောက် ချိုးဖျက်၀င်လာခြင်းကနေ တားဆီးရန်ဖြစ်သည်။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက ဤနေရာသို့ရောက်လာကြသည်။

ဟန်ယဲ့မင်းဆက်၏ မင်းသားများနှင့် မင်းသမီးများက စံအိမ်တော်ကလူများကိုကြည့်ရင်း သူတို့၏မျက်လုံးများတွင် ရှင်းပြ၍မရနိုင်သည့်အလင်းတခုရှိနေသည်။

ဂျီဂျီကအနားတိုးလိုက်သည်။

"အစ်ကိုယဲ့၊ ဒီမင်းသားနဲ့မင်းသမီးတွေက နည်းနည်းမယုံကြည်ပုံပဲ"

အေးခဲညလျှို့ဝှက်နယ်မြေသို့ အရေအတွက်က တကြိမ်တွင်များလွန်း၍မရပေ။

ထို့ထဲတွင် အေးခဲညဝိဉာဉ်စမ်းအိုင်အတွက် လူအရေအတွက်ကလည်း အကန့်အသတ်နှင့်ဖြစ်သည်။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ ရောက်လာကြခြင်းက သူတို့၏နေရာများကို အစားထိုးသွားသည်။

သို့စေကာမူ ဒါက ဟန်ယဲ့အင်ပါယာ၏ ဘုရင်ဟောင်းတပါးဖြစ်သည့် ဟန်ချန်းယဲ့၏စကားလုံးများဖြစ်သည်။

သူတို့က အကောင်းဘက်ရှိနေရာကနေ အမှားမလုပ်ရဲပါ။

ယဲ့ချိုးပိုင် ခပ်ပေါ့ပေါ့ရယ်လိုက်သည်။

"မကျေနပ်ဘူးဆိုရင် ဖမ်းလိုက်ရုံပဲလေ"

ဂျီဂျီမျက်လုံးလိမ့်လိုက်မိသည်။

"မင်းခွန်အားကိုတွေ့ရပြီးနောက်မှာ ဘယ်သူကများ တိုက်ခိုက်ဖို့ သတ္တိရှိဦးမှာလဲ"

ထိုမင်းသားများနှင့်မင်းသမီးများထဲတွင် အမြင့်ဆုံးကပင် သိုင်းဧကရာဇ်တ၀က်နယ်ပယ်ထက်မပိုပေ။

ဘယ်လိုလုပ် သူတို့လိုမွန်းစတားအုပ်စု၏ ပြိုင်ဘက်ဖြစ်နိုင်မည်နည်း။

ထိုအချိန်တွင် တောင်နောက်ဘက်မှ ဝိဉာဉ်စွမ်းအင်တခုစတင်ထွက်လာသည်။

လူတိုင်းဒါကိုတွေ့သွားကြသည်။

ထို့ထဲကအော်ရာက တစ်နည်းအားဖြင့် ကွဲပြားနေပြီး သန့်စင်ရုံတင်မက အေးစက်မှုလည်းပါရှိသည်။

ဒါက အေးခဲည၏ခွန်အားဟုဆို၍ရသည်။

ဟန်ချန်းယဲ့နှင့် နယ်မြေအရှင်သခင်တိုင်းတွင် ယခုလိုအော်ရာမျိုးရှိကြသည်။

ဟန်ချန်းယဲ့ပြုံးလိုက်သည်။

"မင်းတို့၀င်လို့ရပါပြီ၊ မကြောက်ကြပါနဲ့၊ ဒါပေမယ့် သုံးရက်အကြာမှာ ထွက်လာရမယ်၊ မဟုတ်ဘူးဆိုရင် ဝိဉာဉ်စွမ်းအင်ယိုပေါက်က ဆုံးသွားပြီး အေးခဲညလျှို့ဝှက်နယ်မြေက ပိတ်သွားလိမ့်မယ်"

လူတိုင်းခေါင်းညိတ်လိုက်ကြပြီးနောက် တောင်နောက်သို့စတင်၀င်လိုက်ကြသည်။

လူတိုင်း၏နောက်ကျောကိုကြည့်ရင်း ဟန်ချန်းယဲ့ ဟဲကျိတုံဘေးတွင်ရပ်လိုက်၏။

"သူတို့ဘယ်လောက်ဝေးဝေးသွားနိုင်မလဲဆိုတာ ကျွန်တော်တကယ်မသိဘူး"

ထိုစကားကိုကြားသောအခါ ဟဲကျိတုံရယ်မောလိုက်သည်။

"မင်းမျှော်လင့်ထားတာထက် ပိုဖြစ်နိုင်လောက်တယ်"

မည်သို့ပင်ဆိုစေကာမူ ယဲ့ချိုးပိုင်က ကြယ်ကြွေဓားဧကရာဇ်၏ တစ်ဦးတည်းသော ဆက်ခံသူဖြစ်ပြီး သူ့နောက်က စီနီယာကလည်း နားလည်ရခက်ခဲသည်။

ထို့ကြောင့်ထိုစီနီယာ၏တပည့်က မည်သို့မည်ပုံရိုးရှင်းမည်နည်း။

ဟန်ချန်းယဲ့က ဟဲကျိတုံ၏စကားလုံးများကို ငြင်းဆန်ခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ သူကလည်း ဤလူငယ်လေးများ၏ ခွန်အားကိုတွေ့ခဲ့ရသည်။

သိုင်းဧကရာဇ်နယ်ပယ်ခွန်အားဖြင့် သူတို့က အာရုံထွေပြားခြင်းနယ်ပယ်က မိစ္ဆာဗိုလ်ချုပ်များကို သတ်ဖြတ်နိုင်ခဲ့သည်။

ထိုအဆင့်ပါရမီက မည်သို့ရိုးရှင်းနိုင်မည်နည်း။

.....

အေးခဲညလျှို့ဝှက်နယ်မြေက အတော်လေးရိုးရှင်းသည်။ ဒါကိုသဘာအကြမ်းထည်တခုဟုပင် ဆို၍ရသည်။

လျှို့ဝှက်နယ်မြေထဲတွင် နေရာတခုတည်းသာရှိပြီး နက်နက်သွားမည်ဆိုပါက သေးငယ်သောဝိဉာဉ်စမ်းအိုင်လေးကို တွေ့ပေလိမ့်မည်။

ဝိဉာဉ်စွမ်းအင်များကို ထိုဝိဉာဉ်စွမ်းအင်ကလည်း ထုတ်လွှတ်ခြင်းဖြစ်သည်။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက တုံ့ဆိုင်းမနေဘဲ တိုက်ရိုက်အထဲသို့၀င်ကာ အေးခဲညဝိဉာဉ်စမ်းအိုင်၏ ပက်ဖြန်းမှုကို လက်ခံလိုက်ကြသည်။

.....

သုံးရက်ကကုန်ဆုံးသွားပြီး မျက်စိတမှိတ်အတွင်းမှာပင် အော်ရာထုတ်လွှတ်ခြင်းက အဆုံးသတ်တော့မည့်အချိန်ရောက်လာသည်။

အပြင်ပ၌စောင့်ဆိုင်းနေကြသည့် ဟဲကျိတုံ၊ ဟန်ချန်းယဲ့နှင့်ကျန်သောသူများက စံအိမ်တော်ကလူတိုင်းက တောင်‌နောက်ကနေ လျှောက်လာနေတာကို တွေ့လိုက်ကြရသည်။

ဟန်ချန်းယဲ့မေးသည်။

"ဘာဖြစ်ခဲ့သေးလဲ"

ခေါင်းဆောင်ယဲ့ချိုးပိုင်ကပြုံးသည်။

"အဆင်ပြေပါတယ်"

ကောင်းတာလား!

ဒါကတုံ့ပြန်မှုလား!

လူတိုင်းအနည်းငယ်အံ့ဩသင့်သွားကြ၏။

နောက်က မင်းသားနှင့်မင်းသမီးများကလည်း ငေါ့တော့တော့ပြောလိုက်ကြသည်။

"ကြည့်ရတာ ရိတ်သိမ်းမှုက အရမ်းမကောင်းဘူးထင်တယ်"

"ဒါကသဘာ၀ကျပါတယ်၊ ငါတို့ အေးခဲညနယ်မြေရဲ့လေ့ကျင့်ခန်းတွေကို မလေ့ကျင့်ထားဘူးဆိုရင် အေးခဲညစွမ်းအားအတွက် မင်းတို့ရဲ့ဆက်နွှယ်မှုက ငါတို့လောက်တော့ ကောင်းမှာမဟုတ်ဘူးလေ"

"အခြေအနေကမျှော်လင့်ထားတဲ့အတိုင်းပါပဲ"

ဟန်ချန်းယဲ့ကလည်းနှစ်သိမ့်သည်။

"အေးခဲညစွမ်အားကို ရမရဆိုတာက အရေးမကြီးပါဘူး၊ အနည်းဆုံးတော့ မင်းတို့ခွန်အားက တိုးတက်လာတာပဲလေ"

ဟဲကျိတုံမေးသည်။

"ဘယ်လောက်ထိတိုးတက်လာကြသလဲ"

ထိုစကားလုံးများကိုကြားသောအခါ ဂျီဂျီကအရင်ဆုံးသူ့ခွန်အားကိုပြသသည်။

သူ့နယ်ပယ်က သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်ကနေ နောက်ပိုင်းအဆင့်သို့ တိုက်ရိုက်တက်သွားခဲ့သည်။

လူတိုင်းကိုတုန်လှုပ်သွားစေတာက ဂျီဂျီ၏ အော်ရာကလည်း အပြောင်းအလဲတချို့ကို ကြုံခဲ့ရပြီး အေးခဲညစွမ်းအားက တည်ရှိနေခြင်းပင်။

ဒီအေးခဲညစွမ်းအားကလည်း ဟန်ချန်းယဲ့နှင့် ဘုရင်များနှင့်မတူဘဲ အော်ရာက ပြောင်းလဲသွားသည်။

ဂျီဂျီ၏အေးခဲညစွမ်းအားက အခြေခံအားဖြင့်ပြောင်းလဲသွားသည်။

ဒါကသွေးထဲတွင် အေးခဲညစွမ်းအားရှိနေခြင်းပင်။

ဟန်ချန်းယဲ့ အထိတ်တလန့်မေးသည်။

"မင်းရဲ့သွေးက အေးခဲညစွမ်းအားကို အမွေရရှိခဲ့တာလား"

ဂျီဂျီခေါင်းညိတ်သည်။

ဟဲကျိတုံကလည်းခပ်ယဲ့ယဲ့ပြုံးရင်း ခေါင်းညိတ်သည်။

ဂျီဂျီ၏ပါရမီက အားမနည်းပေ။

သူက ကြယ်ကြွေဓားဂိုဏ်းရှင်သန်ရေး မျှော်လင့်ချက်အဖြစ် လူသိများသည်။

ဒါကိုယဲ့ချိုးပိုင်နှင့်ကျန်သောသူများပြသခဲ့သည့် ထက်မြက်တောက်ပမှုက ဖုံးထားခြင်းသာ။

မင်းသားမင်းသမီးများကလည်း ကြက်သေသေနေကြသည်။

အဆင်ပြေတယ်လို့ အခုလေးတင်ပြောခဲ့တာမဟုတ်ဘူးလား!

ဒါကမင်းတို့ပြောတဲ့အဆင်ပြေတယ်ဆိုတာလား!

ထို့နောက်ချက်ချင်းဆိုသလို စံအိမ်တော်က လူတိုင်းနှင့် သုံ့ရှောင်ချင်းတို့ကလည်း နယ်ပယ်ကို ပြသလိုက်ကြသည်။

ယဲ့ချိုးပိုင်က သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်သွားခဲ့သည်။ ဒါက သူ့နယ်ပယ်ဖိနှိပ်ထားခြင်း၏ သက်ရောက်မှုကြောင့်လည်းဖြစ်သည်။

ဟုန်ရင်က အာရုံထွေပြားခြင်းတ၀က်နယ်ပယ်သို့ရောက်ရှိသွားသည်။

နင်းချန်ရှင်းကလည်း အများကြီးတိုးတက်ခဲ့သော်ငြား သူ့ကိုယ်ထဲ၌အော်ရာမရှိဘဲ သူ့သွေးက အပြောင်းအလဲတချို့ကို ကြုံတွေ့နေရဆဲပင်။

ရှီရှန်းက သိုင်းဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်ကို ရောက်သွားခဲ့သည်။

မုဖူရှန်းက အာရုံထွေပြားခြင်းနယ်ပယ် အလယ်အလတ်အဆင့်ကိုရောက်သွားပြီး ဒါက သူ့အစစ်အမှန်ခွန်အားလားဆိုတာ မရှင်းလင်းသေးပါ။

မု၀မ်အာ၏တိုးတက်နှုန်းက အကြီးဆုံးဖြစ်ပြီး သူမကတကြိမ်တည်းဖြင့် သိုင်းဧကရာဇ်နယ်ပယ်သို့ ချိုးဖျက်တက်ရောက်သွားခဲ့သည်။

သုံ့ရှောင်ချင်းကလည်း အာရုံထွေပြားခြင်းတ၀က်နယ်ပယ်ထိ အောင်မြင်ခဲ့သည်။

ရှောင်ဟိုင်ကတော့လုံး၀မပြောင်းလဲခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူ့သွေးစွမ်းအားက အဆင့်မြှင့်ပြီးသားဖြစ်နေသောကြောင့်ပေတည်း။

အပိုင်း(433) coming။

All Chapters