တစ်ခုခုတော့ မှားနေပြီ
Vol. 22 Ch. 306
ဝှစ် ...
ဇူယွမ်၏ ပုံရိပ်မှာ မူလရေကန်၏ မြူထုထဲသို့ ရောက်ရှိသွားသောအခါ သူလက်ထဲရှိ တံဆိပ်ပြားမှာ ရုတ်တရက် တုန်ခါလာခဲ့ကာ လောင်ကျွမ်းသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲ သွားတော့သည်။
ထိုဖြစ်စဉ်ကြောင့် ဇူယွမ်က ခဏမျှ စဉ်းစားနေခဲ့သည်။ တံဆိပ်ပြား မလောင်ကျွမ်းခင် အစောပိုင်းက သူ့ထံသို့ တစ်စုံတစ်ခု ရိုက်ခတ်သွားသည့် ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
သူ၏ ထင်မြင်ချက် မမှားပါက ထိုအရာက မူလရေကန်ကို လွှမ်းခြုံထားသော မူလမှော်စာလုံး အစီအရင်ကြောင့် ဖြစ်ပေမည်။ သူ့လက်ထဲတွင် တံဆိပ်ပြား မပါပါက အဝေးတို့ တွန်းထုတ်ခံရမှာ အသေအချာပင် ဖြစ်သည်။
သည်အချိန်တွင် ဇူယွမ်နှင့် ယောင်ယောင်မှာ ရေကန်၏ အထက်ရှိ လေပေါ်တွင် ရပ်လျက် ရှိနေခဲ့သည်။ များစွာသော ပုံရိပ်များကလည်း သူတို့နှင့် အတူရှိနေခဲ့ပြီး အဆုံးမဲ့သော စီးကြောင်းများ အဖြစ် သူတို့အား ဖြတ်သန်းသွားကာ ဖြစ်နိုင်ချေရှိသော အရပ်များနှာများသို့ ဦးတည် သွားကြသည်။
ဇူထိုက်နှင့် ကျန့်ယန် တို့နှင့်အတူ သူတို့၏ အုပ်စုရှိလူများမှာလဲ အထဲသို့ ဝင်ရောက် ပြီးသည်နှင့် သူတို့၏ ကိုယ်ပိုင် မူလနဂါး အဆီအနှစ်များကို ရှာဖွေရန် ခွဲခွာသွားကြပြီ ဖြစ်သည်။
မူလနဂါးအဆီအနှစ် ရှာဖွေခြင်းသည် မိမိကိုယ်တိုင် လုပ်ဆောင်ရမည့် အချက်ဖြစ်သည့် အတွက် အဓိကအားဖြင့် တစ်ယောက်တည်း လှုပ်ရှားသည်မှာ အကောင်းဆုံး ဖြစ်သည်။ ထိုမှသာ ခွဲဝေးရေး ပြဿနာနှင့် အခြားသော အငြင်းပွားမှုများမှ ကာကွယ်နိုင်မည်သာ ဖြစ်သည်။
သို့သော်လည်း ဇူယွမ်နှင့် ယောင်ယောင်တို့ကတော့ ထိုသို့ လုပ်ဆောင်စရာ မလိုအပ်ပေ။ သူတို့နှစ်ယောက်၏ ဆက်နွယ်မှုက မူလနဂါး အဆီအနှစ်လောက်နှင့် သူတို့အကြားတွင် အငြင်းပွားစရာ မရှိပေ။ ထို့အပြင် ယောင်ယောင်မှာ ထိုအရာများကို လိုပင် မလိုအပ်ချေ။
မူလရေကန်သို့ သူမလာခဲ့သည်မှာ မူလကောင်းချီး ခြင်ဆီကြောင့် မဟုတ်ပဲ သူမအနေဖြင့် ပျင်းနေသောကြောင့်သာ ဖြစ်သည်။
“ငါတို့လဲ မူလနဂါး ကောင်းချီး အဆီအနှစ်ကို ရှာတွေနိုင်မယ့် နေရာကို လိုက်ရှာသင့်တယ်” ဇူယွမ်က ယောင်ယောင်ကို ပြုံးပြီး ကြည့်လိုက်သည်။
ယောင်ယောင်မှာ ကန့်ကွက်ခြင်းမရှိပဲ ထန်ထန်အား ပွေ့လျက်ပင် ခေါင်းညိတ် လိုက်သည်။ ထန်ထန်က သူ၏ သေးငယ်သော ခေါင်းလေးကို ဆန့်လိုက်ပြီး ရေအောက်မှ တလိပ်လိပ် တက်လာသည့် အဆုံးမဲ့သော မြူခိုးများကို စိုက်ကြည့်နေခဲ့သည်။ ထိုကောင်လေး ဘာစဉ်းစားနေသည်ကို မည်သူမှ မပြောနိုင်ပေ။
ထိုကြောင့် ဇူယွမ်၏ ခြေထောက်အောက်မှ မူလချီများ မြင့်တက် လာခဲ့ပြီး သူတို့ နှစ်ယောက်ကို သယ်ဆောင်ကာ တွေ့ရာ အရပ်သို့ လျှောက်သွားနေခဲ့သည်။
မူလ ရေကန်ကြီးကလည်း အလွန်အမင်း ကျယ်ပြောလှပြီး ထိုအထဲတွင် တောင်မြင့်ကြီး များကလည်း ကောင်းကင် ထောက်တိုင်ကြီးများ အလား ထိုးထွက်နေသည်။ ကြီးမားလှသော တောင်ထွတ်ကြီးများမှာ မြင့်မားလှသော နံရံ အကာအကွယ်များနှင့် တူသဖြင့် လူတိုင်းက ရွေးချယ်စရာ မရှိပဲ ကွေ့ပတ်ကာ သွားနေရသည့် ကြီးမားသော ဝင်္ကပါကြီးအဖြစ် ရေကန်ကြီး ပေါ်တွင် ဖြစ်ပေါ်နေစေပေသည်။
ဇူယွမ်နှင့် ယောင်ယောင်တို့မှာ အမွှေးတိုင် တစ်တိုင်စာမျှ ပျံသန်း နေခဲ့ပြီးနောက် တဖြည်းဖြည်း သူတို့၏ အရှိန်ကို လျော့ချလိုက်သည်။ သူတို့က တောင်ကြားတစ်ခုကို ရှာတွေ့ လိုက်ကြပြီး ရေပြင်ပေါ်ရှိ ထိုနေရာတွင် ဆင်းသက် လိုက်ကြသည်။
ရေပြင်ပေါ်ရှိ ကျောက်တုံး တစ်ခုပေါ်တွင် ထိုင်ရင်း ယောင်ယောင်က သူ၏ လက်များကို ထုတ်ကာ ရေကန်၏ အပှုချိန်ကို တိုင်းတာလိုက်သည်။ ထိုနောက် သူ၏ ခြေအိတ်ကို ချွတ်လိုက်သည်နှင့် လှပပြီးသွယ်လျသော သူမ၏ ခြေချောင်းလေးများ ပေါ်လာခဲ့သည်။
သူမက ခြေချောင်းများကို ရေထံသို့ နှစ်လိုက်သည်နှင့် သူမ၏ လှပသော မျက်နှာလေးတွင် ကျေနပ်နှစ်သိမ့်မှုများ ပေါ်လာခဲ့သည်။ ရေကန်ထဲတွင် ခြေထောက်စိမ်ခြင်းက သူမကို စိတ်လက်ချမ်းသာပြီး သက်သောင့်သက်သာ ရှိစေသည်မှာ သေချာပေသည်။
ဇူယွမ်က ထိုမြင်ကွင်းအား ကူကယ်ရာမဲ့စွာ စိုက်ကြည့်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော ထိုလှပသော ခြေထောက် နှစ်ချောင်း၏ ဆွဲဆောင်မှုကြောင့် ဖြစ်သည်။
ယောင်ယောင်က တောက်ပနေသော မျက်လုံးအစုံဖြင့် ဇူယွမ်ကို စိုက်ကြည့်နေခဲ့ပြီး သူမ၏ သေးငယ်သော အနီရောင် နှုတ်ခမ်းပါးလေးမှာ လှုပ်ရှားသွားပြီး ပြောလိုက်သည် “သည်နေရာက မဆိုးဘူး ဇူယွမ်။ နင်ကြိုးစားပြီး အရွေးချယ်ခံ ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်လာပြီး မူလရေကန်မှာ ကိုယ်ပိုင်နေရာ ရှိအောင် လုပ်သင့်တယ်။ သည်လိုဆိုရင် ငါခြေထောက် စိမ်ချင်တဲ့ အခါတိုင်း သည်ကို လာလို့ရတယ်။”
ဇူယွမ် ငိုရမလား ရယ်ရမလားပင် မသိတော့ချေ။ ကြီးမြတ်သော အရွေးချယ်ခံ ဆယ်ယောက် ရရှိသည့် ကြီးမားသော အကျိုးအမြတ်ကြီးအား ခြေထောက်စိမ်ရန် အသုံးပြုမည်သည့်လား…
“မင်းဒီမှာ ခြေထောက်ရေစိမ်နေလိုက်ဦး။ ကျွန်တော်ရေကန်ထဲ သွားကြည့် လိုက်ဦးမယ်” ဇူယွမ်က စိတ်အား ထက်သန်စွာဖြင့် မြူခိုးများနှင့် အတိ ဖုံးလွှမ်းနေသော ရေပြင်အား စိုက်ကြည့် နေခဲ့သည်။
ယောင်ယောင်က အမှုမထားဟန်ဖြင့် ခေါင်းညိတ် လိုက်သည်။
ဇူယွမ်က နှောင့်နှေးနေခြင်း မရှိတော့ပဲ ရေထဲသို့ တိုက်ရိုက်ခုန်ချ သွားတော့သည်။
အထဲသို့ ရောက်သွားသည်နှင့် ရွံ့နွံအိုင်ထဲသို့ ခုန်ချလိုက်သကဲ့သို့ သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာ လေးလံ သွားခဲ့သည်။
“သည်ရေကန်က မူလနဂါး သွေးကြောတွေကနေ ဖြစ်ပေါ်လာတာ ဖြစ်တဲ့အတွက် သည်နေရာမှာ အလွန်အမင်း လေးလံတဲ့ ဖိအားတွေ ပါဝင်နေခဲ့တာပဲ။ သည်ထဲမှာ ရေကူးရတာ ငါ့ရဲ့ မူလချီတွေကို အလွန်ကုန်ခန်းစေမှာပဲ” ဇူယွမ်က အသင့်ပြင်ထားခဲ့ပြီး ဖြစ်သည်။ အတွေး တစ်ချက်နှင့် အတူ သူ၏ ချီသိုလှောင်ခန်းအတွင်းမှ မူလချီအနည်းငယ်မျှ ထွက်ပေါ်လာခဲ့ပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။
“အမ်…”
အလုံးစုံသော စပါးအုံးချီများ ပေါ်လာစဉ်တွင် ဇူယွမ်က ရုတ်တရက် အံ့အားသင့်စွာ အော်လိုက်သည်။ အစောပိုင်းက သူခံစားနေရသော ဖိအားများ သိသိသာသာကို လျော့နည်း သွားခဲ့သည်။
သူ့ခန္ဓာကိုယ် တစ်လုံး လေးလံနေသည့် ခံစားချက်ကြီး ပျောက်ကွယ်သွားပြီး ဇူယွမ်က သူ့ကိုယ်သူ ရေကန်ထဲက ငါးတစ်ကောင်အလား ခံစားလိုက်ရသည်။
“ဘာဖြစ်သွားတာလဲ။” ကြိုတင်ခန့်မှန်း မထားမိသည့် သည်အခြေအနေက ဇူယွမ်ကို အံ့အားသင့် သွားစေပေသည်။ သည်အကြောင်းနှင့် ပတ်သတ်ပြီး အကိုတော် ဇူထိုက်ထံမှ မည်သည့် အကြောင်းမှ မကြားခဲ့ရဖူးပေ။ ကြည့်ရသည်မှာ မူလချီများက မူလနဂါးသွေးကြောမှ ဖိအားများကို ချေဖြတ်နိုင်ပုံ ရသည်။
ဇူယွမ်က မျက်မှောင်ကြုတ်လျက် နက်နက်နဲနဲ တွေးတောနေခဲ့သည်။ အတော်အတန် ကြာပြီးနောက်တွင် သူခန္ဓာကိုယ်တွင် လှိုင်းထနေသော အလုံးစုံသော စပါးအုံးချီများကို ကြည့်လိုက်ပြီး သူ၏ နှလုံးသားမှာ အနည်းငယ် တုန်ခါသွားခဲ့သည်။
“ဖြစ်နိုင်တာက… ဘိုးဘေးနဂါး ပုရပိုက်ကြောင့်လား”
သူလေ့ကျင့်ခဲ့သည့် အလုံးစုံသော စပါးအုံးချီမှာ ဘိုးဘေးနဂါးပုရပိုက်မှ ဖြစ်သည်။ မူလ ရေကန်မှာလည်း မူလနဂါးသွေးကြောမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူတို့နှစ်ခုက ဆက်နွှယ်ခြင်း ရှိနေမလား။ တကယ်တော့ နှစ်ခုလုံး၏ နာမည်တွင် “နဂါး” ဆိုတာ ပါဝင်ပေသည်…
ထိုအရာက ဇူယွမ် စဉ်းစားနိုင်သော တစ်ခုတည်းသော ဖြေရှင်းချက် ဖြစ်သည်။ သည်အဖြေမှ မဟုတ်လျှင် မူလရေကန်၏ ဖိအား သူ့အပေါ်သို့ မသက်ရောက်ခြင်း အတွက် သူ့တွင် အဖြေမရှိပေ။
အဆုံးတွင် ဇူယွမ်က ဆက်လက်ပြီး အသေးစိတ် စဉ်းစားနေခြင်း မရှိတော့ပဲ ထိုစဉ်းစားခန်းမှ ရုန်းထွက်လိုက်သည်။ ဖိအားမရှိတော့ပါက မူလရေကန်ကြောင့် သူသုံးစွဲရမည့် မူလချီများ အခြားသူများကြောင့် လျော့နည်းသွားပြီး ကြီးမားသော အားသာချက် ဖြစ်လာပေလိမ့်မည်။
ဇူယွမ်၏ စိတ်ထဲမှ ထိုသို့တွေးလိုက်ပြီး သည်နေရာတွင် ဆက်မနေရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ပုံရိပ်မှာ ရွေ့လျားသွားခဲ့ပြီး ရေကန်၏ နက်ရှိုင်းသော အပိုင်းသို့ ဦးတည် ကူးခတ် သွားခဲ့သည်။
သူကူးခတ် သွားသည်မှာ နက်ရှိုင်းသော နေရာတစ်နေရာသို့ ရောက်ရှိ သွားသည်နှင့် မှေးမှိန်သော မြူထုများကို ရှာတွေ့ခဲ့သည်။ ကံအားလျော်စွာဖြင့် သူ၏ စိတ်ဝိညာဉ် မြင်ကွင်းမှာ ရှင်းလင်းနေဆဲ ဖြစ်သည်။
အချိန်အတော်ကြာသည်အထိ ကူးခတ်ပြီးနောက်တွင် မသဲကွဲသော လှုပ်ခတ်မှုတစ်ခုကို ခံစားမိသောကြောင့် ဇူယွမ်က ရုတ်တရက် ရပ်တန့်လိုက်သည်။
ထိုအရာက သူ့အောက်ရှိ ကျောက်တုံးကြီးများမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
သူက အောက်သို့ တဖြည်းဖြည်း ဆင်းသွား လိုက်ပြီးနောက် ကျောက်တုံးပေါ်သို့ ခြေတစ်ချောင်းတည်းဖြင့် တက်လိုက်ပြီး နောက်တစ်ဖက်ဖြင့် ပြင်းထန်စွာ နင်းချလိုက်သည်။ ကျောက်တုံးကြီးက ချက်ချင်းပင် အက်ကွဲ သွားခဲ့ပြီးနောက် လက်မ အရွယ်အစားရှိ အလင်းလုံးလေးက အပေါ်သို့ မြင့်တက် လာခဲ့သည်။
ဇူယွမ်က ထိုအရာကို ဖမ်းယူလိုပြီး သိချင်စိတ် ပြင်းပြစွာဖြင့် လက်ချောင်းများကို ဖြည်ကြည့် လိုက်သည်။
လက်မအရွယ် ရွှေရောင် သလင်းလုံးလေးက သူ၏ လက်ဖဝါးပေါ်တွင် လွင့်မျောနေခဲ့ပြီး ထိုထဲတွင် ရွှေရောင် အရည်များ ပါဝင်နေပေသည်။ ထိုအရည်များက အလွန်ကို သိပ်သည်းလှပြီး အသက်ရှိ သကဲ့သို့ လှုပ်ခါနေပြီး တကယ့်ကို ထူးဆန်းလှပေသည်။
“သည်အရာက မူလနဂါးအဆီအနှစ်လား။” ဇူယွမ်က ထိုသိပ်သည်းနေသော အရည်ကို လေ့လာနေခဲ့သည်။ သူမမှားပါက ထိုအရာမှာ မူလခြင်ဆီကောင်းချီးအတွင် အရေးပါဆုံးသော ပစ္စည်းဖြစ်သည့် မူလနဂါး အဆီအနှစ်ပင် ဖြစ်သည်။
“ဒါပေမယ့် သည်အရာက အားပျော့လွန်းတယ်” ဇူယွမ်က ကသိကအောက် ဖြစ်စွာ ခေါင်းကုတ် လိုက်သည်။ ဇူထိုက်၏ ပြောပြချက် အရဆိုလျှင် အနိုမ့်ဆုံးဖြစ်သည့် နဂါးတစ်ကောင်၏ ကောင်းချီးကို ရရန်ပင် မူလနဂါအဆီအနှစ် ဒါဇင်အချို့ လိုအပ်ပေသည်။
ဇူယွမ်က ပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပြီး မူလနဂါးအဆီအနှစ်ကို အထဲသို့ ထည့်လိုက်သည်။
သို့သော်လည်း ဇူယွမ်က ထိုသို့ လုပ်နေစဉ်အတွင်း သူ၏ အနောက်ရေထဲမှ လှုပ်ရှားမှုများ ဖြစ်ပေါ် လာခဲ့သည်။ ကွဲကြေသော ကျောက်တုံးများ၏ နံဘေးတွင် ပုံရိပ်တစ်ခုက တွားသွားသွား၍ လာနေခဲ့ပြီး သူ၏ အနောက်တွင် ပေတစ်ရာခန့်ရှိ ကြည်လင်နေသော သားရဲတစ်ကောင် ပေါ်လာခဲ့သည်။
ထိုသားရဲ၏ မျက်လုံးများက အရသာ ရှိသော စားကောင်း သောက်ဖွယ်ကို တွေ့လိုက်ရသည့် အလား ဇူယွမ်ကို လောဘတကြီး စိုက်ကြည့်နေခဲ့သည်။ ထိုနောက်က သူ၏ ကြီးမားသော ပါးစပ်ကြီးအား ဖွင့်လိုက်ပြီး ဇူယွမ်ဆီသို့ ဦးတည်လိုက်သည်။
ဖန်း…
သတ္တဝါကြီး လှုပ်ရှားသွားသော အခိုက်တွင် ရွှေရောင်မူလချီများ ယှက်သိုင်းနေသည့် စုတ်တံအရိပ်က ထွက်ပေါ်လာခဲ့ပြီး ရေထဲသို့ ဖြတ်သန်း သွားကာ အံ့မခန်း စွမ်းအားများ သယ်ဆောင်လျက် သားရဲ၏ ဦးခေါင်းကို ဖောက်ထွင်း သွားတော့သည်။
ဇူယွမ်က လှည့်လာခဲ့ပြီး ကြည်လင်နေသည့် အသွင်ရှိသည့် သားရဲကြီးကို ကြည့်လိုက်သည်။
“ဒါက နဂါးသွေးကြောရဲ့ နဂါးချီကနေ မွေးဖွားလာတဲ့ ရေနေသားရဲတွေလား” ဇူယွမ်က ပြင်းထန်သော ဒဏ်ရာဖြင့် ရုန်းကန်နေသည့် သားရဲကို ကြည့်လိုက်သည်။
ထိုအကောင်ကြီးက ပေတစ်ရာခန့် ရှည်လျားပြီး ထိုအကောင်၏ သန်မာမှုမှာ မူလစဦး ပထမအဆင့်တွင် ရှိနိုင်မည်ဟု ဇူယွမ်က ခန့်မှန်း ခဲ့ပေသည်။
သို့သော်လည်း ဇူယွမ်၏ မျက်လုံးတွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ဇူယွမ်မှာ အံ့အားသင့် သွားခဲ့သည်။ ထိုသားရဲမှာ သူ့အား အလိုဆန္ဒများ တောက်လောင်လျက် စိုက်ကြည့်နေဆဲ ဖြစ်ပြီး သူ့အား ကိုက်ရန်ကြိုးပမ်းနေခဲ့ကာ သူ့အား ဝါးမြိုရန် ဆန္ဒရှိနေသေးသည်ကို သိသွား ခဲ့သောကြောင့် ဖြစ်သည်။
“သည်ရေသားရဲတွေက ဘာအသိဉာဏ်မှ မရှိကြပဲနဲ့ သူတို့ရဲ့ ဗီဇအတိုင်းပဲ လှုပ်ရှား နေခဲ့တာလား” ဇူယွမ်မှာ တော်တော်လေး ပဟေဋိ ဖြစ်နေခဲ့သည်။ ရေသားရဲ၏ မျက်လုံးထဲတွင် လိုအင်ဆန္ဒနှင့် ဆာလောင်စိတ်များကို ရှင်းလင်းစွာ တွေ့နိုင်ပေသည်။
ထိုအကောင်က တကယ်ပင် သူ့အား စားချင်နေခဲ့ပေသည်။ ထိုအကြောင်းနှင့် ပတ်သက်ပြီး အစ်ကိုတော် ဇူထိုက်ဆီမှာ မည်သည့်မှ မကြားခဲ့ဘူးပေ။
ဇူယွမ်က မျက်မှောင်ကြုတ် လိုက်သော်လည်း ထိုအကြောင်းနှင့် ပတ်သက်ပြီး အများကြီး တွေးမနေတော့ပေ။ သူက ကောင်းကင်ဘုံ ယွမ်စုတ်တံကို ဆုပ်ကိုင်လိုက်ပြီးနောက် မူလချီများက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာတော့သည်။
ဘုန်း…
ပေတစ်ရာရှည်သည့် သားရဲကြီးမှာ ချက်ချင်း ပေါက်ကွဲသွားခဲ့ပြီး လှိုင်းလုံးများ ထွက်ပေါ်လာကာ ရွှေရောင် အလင်းတန်းကလည်း မြင့်တက်လာခဲ့သည်။
ဇူယွမ်က ရွှေရောင်အလင်းကို ဖမ်းလိုက်လျှင် သူလက်ထဲ၌ ရွှေရောင်သလင်းကျောက် အဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။ ထိုအရာက အစောပိုင်းက မူလနဂါး အဆီအနှစ်နှင့် တူသော်လည်းပဲ အစောပိုင်းက အရာထက် ပိုမိုထူပြီး ထိုအရာတွင် ပါဝင်သော မူလနဂါး အဆီအနှစ်မှာလည်း ပိုမိုသိပ်သည်းပုံ ရပေသည်။
ထိုအရာကို သိမ်းဆည်း ပြီးနောက်တွင် ဇူယွမ်မှာ တစ်ဖက်သို့ လှည့်လိုက်ပြီးနောက် ဆက်လက် ရှာဖွေလိုက်သည်။
မကြာခင်မှာပဲ သူ၏ရှေ့ ရေထဲတွင် သားရဲများ တစ်ကောင်ပြီး တစ်ကောင် ပေါ်လာခဲ့သောကြောင့် နောက်တစ်ကြိမ် ရပ်တန့် လိုက်ပြန်သည်။
ဇူယွမ်က နက်ရှိုင်းစွာ မျက်မှောင်ကြုတ် လိုက်သည်။
ထိုအရာမှာ ရေနေသားရဲ တစ်ကောင်တည်း မဟုတ်ပဲ သားရဲအားလုံး၏ မျက်လုံးများတွင် လိုအင်ဆန္ဒများ ဆာလောင်မှုများဖြင့် သူ့အားစိုက် ကြည့်နေခဲ့ကြသည်ကို တွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။
အားလုံးက အစောပိုင်းတွေ့ခဲ့သော တစ်ကောင်နှင့် အတူတူပင် ဖြစ်သည်။
“တစ်ခုခုတော့ မှားနေပြီ…”
ဇူယွမ်က ရေရွတ်လိုက်သည်။