အဲ့မှာ သေခဲ့တာ မင်းတို့ပဲ မဟုတ်ဘူး
Vol. 4 Ch. 43
"မစ္စတာကျိုး မင်းရင်ခွဲခန်းထဲ ရောက်သွားတာလား"
ကျိုးခိုင်သည် ရင်ခွဲခန်းအကြောင်းကိုပြောသောအခါ ကျန်းရီက အချိန်မီမေးလိုက်သည်။
လက်မဲတစ်စုံသည် ဤအဖြစ်အပျက်တွင် အထူးဆန်းဆုံးအရာ ဖြစ်လာခဲ့သည်။
ကျိုးခိုင် နဲ့ ရှောင်ရွှယ်တို့ရဲ့ ပထမဆုံးချိန်းတွေ့တုန်းက ကျိုးခိုင်က လက်ကို မြင်လိုက်ရတယ်။
ရှောင်ရွှယ် ကိုယ်ဝန်ရှိလာပြီးနောက် သူမက သူမ၏ဗိုက်ထဲတွင် လက်တစ်ချောင်းရှိနေသည်ဟု ပြောခဲ့သည်။
ဒါပေမယ့် ရှောင်ရွှယ်က ကိုယ့်ကိုယ်ကိုယ်သတ်သေလို့ ဆေးရုံကိုပို့လိုက်တဲ့အခါ ကယ်ဆယ်ရေးခန်းအပြင်ဘက်က ကျိုးခိုင်က ရုတ်တရက် ဘာကြောင့် ရင်ခွဲခန်းအပြင်ဘက်မှာ ထိုင်နေရတာလဲ။ ပြီးတော့ရင်ခွဲခန်းရဲ့တံခါးက ဘာလို့ဟနေရတာလဲ၊ မီးသွေးကဲ့သို့ မဲနေတဲ့ လက်ကိုလည်း တွေ့လိုက်ရသေးတယ်?
"မဟုတ်ပါဘူး၊ ငါဘယ်လိုလုပ် ဝင်ရဲမှာလဲ။ ရင်ခွဲခန်းဆိုတဲ့ စကားလုံးကိုမြင်တော့ ကြောက်လန့်ပြီး ပြန်ပြေးခဲ့တာ။
ရှောင်ရွှယ်ကတော့ အပြင်မထွက်ရသေးဘူး။
ကျွန်တော့်မိဘတွေနဲ့ သူ့မိဘတွေက ကျွန်တော့်ပြန်လာတာကိုတွေ့တော့။
သူတို့က ကျွန်တော့်ကို ဘာလို့ ဟိုပြေးဒီပြေးလုပ်နေတာတာလဲလို့ မေးတယ်။
မူလက သူတို့ကို မေးချင်ပေမယ့် စကားတွေက ပါးစပ်ထဲ ရောက်တဲ့အခါ ရှောင်ရွှယ်ကို အပြင်တွန်းထုတ်လာတာကိုတွေ့လိုက်ရတယ်။"
"ဗိုက်ထဲကကလေးကို ကယ်လို့မရခဲ့ပေမယ့် လူကိုတော့ ကယ်တင်နိုင်ခဲ့ပါတယ်။ ရှောင်ရွှယ်နိုးလာတဲ့အခါမှာတော့ သူမဟာ ထူးဆန်းတဲ့ အနေအထားမှာ ရှိနေခဲ့ပါတယ်။ အချိန်တိုင်းပဲ သူ့မျက်လုံးထဲမှာ ကလေးကို မြင်လိုက်ရကြောင်း ပြောပြတယ်။”
"ကျွန်တော့်ကိုတွေ့တာနဲ့ အဲ့အကြောင်းပဲပြောနေခဲ့တယ်
ကြောက်လည်ကြောက်ပြီး ပင်လည်းပင်ပန်းခဲ့တယ်
တကယ်ပါ... သူမကို နေ့တိုင်း ဒီလိုမျိုး ရင်ဆိုင်နေရတာ ကျွန်တော် တကယ်ကို စိတ်ပင်ပန်းခဲ့ရပါတယ်။
အဲ့ဒါက ဒီနှစ် ဧပြီလအထိ ကြာခဲ့တယ်။
သူ့မိဘတွေက ကျွင်းရန် မှာနေလို့ ဘာမှထူးမလာဘူးလို့ ခံစားမိတာကြောင့် သူမကို ပြန်လည်ကျန်းမာလာဖို့အတွက် မွေးရပ်မြေကို ပြန်ခေါ်သွားဖို့ ကမ်းလှမ်းခဲ့ပြီး ကျွန်တော်လည်းသဘောတူခဲ့တယ်...
ငါက တာဝန်မယူချင်တာမဟုတ်ပါဘူး၊ အချိန်ကြာလာတာနဲ့အမျှ မျှော်လင့်ချက်ကမရှိတော့တာ ငါအရမ်းပင်ပန်းနေလို့ပါ။"
ကျိုးခိုင်၏ စကားများတွင် ပင်ပန်းနွမ်းနယ်မှုနဲ့ ခံစားချက်များ ပါရှိနေပြီး တိုက်ရိုက် ထုတ်လွှင့်မှု ခန်းရှိ ပရိသတ်တိုင်းက သူ့အဖြစ်ကို ကောင်းစွာနားလည်ပေးကြသည်။
"မစ္စတာ ကျိုး မင်းရဲ့ရည်းစားအတွက် မင်းအတတ်နိုင်ဆုံးကြိုးစားခဲ့ပြီးပြီ သူမအသိစိတ်ပြန်ရလာခဲ့ရင် သူမ မင်းကို အပြစ်မတင်ဘူးလို့ ငါထင်ပါတယ်။" ကျန်းရီက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။
ကျိုးခိုင်က ပြုံးလိုက်ပြီးတော့ " မဟုတ်ဘူး၊ သေသေချာချာ စဥ်းစားကြည့်လိုက်ရင် ငါရဲ့မိုက်မဲတဲ့ အပြစ်တွေပါ။
တကယ်တော့ ရှောင်ရွှယ်ရဲ့ ပြဿနာတွေစလာတဲ့အခါမှာကတည်းက ဒီကိစ္စကို သာမန်နည်းလမ်းတွေနဲ့ လုံးဝဖြေရှင်းလို့မရနိုင်ဘူးဆိုတာ သိထားသင့်တာ။
ဒီည သဘာဝလွန်ဖြစ်ရပ်ဆန်းတချို့ကို ရှာဖွေကြည့်လိုက်တဲ့အခါ မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ဘာမှန်းတောင်မသိလိုက်ပဲ ဝင်လာခဲ့တာ။
ရိုးရိုးသားသားပြောရရင်၊ ဒီတိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ မင်းကိုယုံကြည်တဲ့လူတွေအများကြီးရှိနေတာကို တွေ့လိုက်ရတဲ့အခါ မင်းဆီမှာ ငါတောင့်တခဲ့ရတဲ့ မျှော်လင့်ချက်ဆိုတဲ့အရာကို တွေ့လိုက်ရတယ့ "
"မင်းအခုချိန်ထိ မင်းပြောခဲ့တဲ့စကားအရ အဲ့ဒီလက်မဲက အဓိကသော့ချက်လို့ ငါပြောနိုင်တယ်။ ဒါပေမယ့် အရေးကြီးတဲ့အချက်တစ်ခုရှိသေးတယ်၊ မင်းတို့ ဟိုတယ်ကိုသွားတိုင်း ရှောင်ရွှယ်က ညသန်းခေါင်ရောက်တိုင်း နှာခေါင်းသွေးထွက်တယ်ဆိုတာ အမှန်ပဲလား။"
ကျန်းရီကမေးတော့ ကျိုးခိုင်က "ဟုတ်ပါတယ်၊ ဒါပေမယ့် လုံးဝမှန်တယ်လို့တော့ ပြောလို့မရဘူး။
အရင်က ဟိုတယ်တွေမှာ ခုနစ်ကြိမ်၊ ရှစ်ကြိမ်လောက် တည်းခိုဖူးပါတယ်။
အဲဒီအထဲမှာ မိသားစုနှစ်စု ဆုံတဲ့အခါ ၊ပြီးတော့ သူမကို ခရီးထွက်ဖို့ ခေါ်သွားတာပါပေါင်းလိုက်ရင်
ရှစ်ကြိမ်ပါ။
အဲ့ထဲမှာမှ တစ်ကြိမ်မှာ ရှောင်ရွှယ်က ကောင်းမွန်စွာ အိပ်ပျော်ပြီးတော့ နှာခေါင်းသွေးထွက်ခြင်းမရှိခဲ့ပါဘူး "
"အဲဒီအချိန်က ဘယ်အချိန်လဲ၊ အဲဒီဟိုတယ်က ဘာထူးခြားလဲဆိုတာ မှတ်မိသေးလား"ကျန်းရီက မေးလိုက်တယ်။
“အဲဒီတုန်းက ကျွန်တော်တို့သွားခဲ့တဲ့ ပင်လယ်ကမ်းစပ်မြို့လေးမှာ အထူးကျော်ကြားတဲ့ ကွမ်ရင်မယ်တော်ရုပ်တုရှိတယ်။
ကွမ်ရင်မယ်တော်က ကျွန်ုပ်တို့ အယုံကြည်ရဆုံး နတ်များထဲမှ နတ်တစ်ပါးဖြစ်တဲ့အတွက်ကြောင့် ရှောင်ရွှယ် နဲ့ကျွန်တော်က ထိုနေ့မှာ အရိုအသေ ပြုဖို့ သွားခဲ့တယ်။
သြော်၊ ဒါနဲ့ ငါတို့အဲဒီမှာ နေခဲ့တုန်းက အဲဒီဟိုတယ်မှာ ဘာသာရေး အစည်းအဝေးတွေ ကျင်းပနေပုံရတယ်။”
"ဟုတ်တယ်၊ ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာ နှစ်ခုစလုံးက လူတွေက အဲဒီနေ့မှာ တရာဓမ္မပွဲတွေ ကျင်းပခဲ့တယ်။ အဲဒါက ဘာသာရေး နှီးနှောဖလှယ်ပွဲမှု ဖြစ်မယ်ထင်တယ်။ အဲဒီနေ့မှာတော့ ဘာမှ မဖြစ်ခဲ့ဘူး။ အဲဒါနဲ့ ပတ်သက်နေမလား?။"
ကျိုးခိုင်က ပြောပြလိုက်ပြီး ကျန်းရီက ခဏလောက်စဉ်းစားက " ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် ဒါကမှန်ကန်တဲ့အကြောင်းပြချက်တော့ မဟုတ်ဘူး။ မင်းအရင်စကားအရ သူရဲကောင်းဟိုတယ်က ဘယ်နားမှာလဲ"
"ဟွာလန်လမ်း၊ Tianning မြို့။"
"ခဏနေပါဦး။ အဲ့ဒီဟိုတယ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တွေ့မလားလို့ ရှာကြည့်လိုက်ဦးမယ်။"
ကျန်းရီက စကားပြီးသွားချိန်မှာပဲ တိုက်ရိုက်ထုတ်လွှင့်ခန်းက တစ်စုံတစ်ယောက်က ရုတ်တရက် မက်ဆေ့ချ်ပို့ခဲ့တယ်- "ငါ ဗီဒီယိုနဲ့ပြောလို့ရမလား? ငါ Tianning မြို့မှာရှိတဲ့ ဟွာလန်လမ်းရဲစခန်းက ရဲအရာရှိတစ်ယောက်ပါ။ ငါ့မှာ မင်းတို့သိချင်တဲ့ဘအဲဒီ သူရဲကောင်းဟိုတယ်ဘနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရှိတယ်။"
ဤမက်ဆေ့ချ်ကို မြင်သောအခါ ကျန်းရီကတိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ချက်ချင်းဝင်ခွင့်ပြုခဲ့ပြီး မကြာမီတွင် လူလတ်ပိုင်းတစ်ဦးသည် လူတိုင်းရှေ့တွင် ပေါ်လာခဲ့သည်။
"ဟယ်လို စတွင်မာ ငါ့နာမည်က စွန်းဟိုင်ပါ လောင်စွန်းလို့ ခေါ်လို့ရပါတယ်။ သရဲမျက်နှာ အဖြစ်အပျက်တည်းက မင်းရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို ငါ လိုက်ကြည့်နေခဲ့တာ၊ ပြီးတော့ ငါသေသေချာချာပြောနိုင်တာက အဲ့ဒီသူရဲကောင်းဟိုတယ်က လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက မရှိတော့တာ။"
လောင်စန်းရဲ့ စကားကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။ အထူးသဖြင့် ကျိုးခိုင်ပဲ “ဒါမဖြစ်နိုင်ဘူး၊ အဲဒီညက သူရဲကောင်းဟိုတယ်ကို ဝင်ခဲ့တာကို ရှင်းရှင်းလင်းလင်း မှတ်မိပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဟိုတယ်ကို ကျွန်တော် ဝင်ခဲ့တာ ဘယ်လို ဖြစ်နိုင်မှာလဲ "
"ကျွန်တော်က Tianning မှာနေခဲ့တာ ပြီးတော့ ငယ်ငယ်လေးကတည်းက ဒီမြို့မှာနေခဲ့တာပါ။
ဟီးရိုးဟိုတယ် ရှိမရှိဆိုတာ ကျွန်တော် ကောင်းကောင်းသိတယ်။
ပြီးတော့ မင်းကို တစ်ခုခုပြပါရစေ။
အဲ့မှာ ကြုံတွေ့ခဲ့ရတဲ့ သူတွေက မစ္စတာကျိုးနဲ့ သူ့ရည်စားတင်မဟုတ်ဘူး၊ မစ္စတာကျိုးက ဒီညဘစတွင်မာကို ဖုန်းမခေါ်ခဲ့ရင် အဲ့ဟိုတယ်အကြောင်းကို မေ့နေလောက်ပြီ"
လောင်စွန်းက စကားပြောနေစဉ်တွင် သူသည် သူ့ရှေ့ရှိ ကွန်ပြူတာဖွင့်ကာ ဗွီဒီယို အချက်အလက်အချို့ကို ရှာဖွေရန် အချိန်အတော်ကြာအောင် ဖိုင်များစွာကို လိုက်လံရှာဖွေခဲ့သည်။
"ကျွန်တော် မှတ်စုရိုက်တုန်းက ကျန်ခဲ့တဲ့ ဗီဒီယို လေးငါးခု ရှိပါတယ် စတွင်မာ မင်းက ဒီနေရာမှာ ပရော်ဖက်ရှင်နယ် တစ်ယောက်ပါ။ ဒီဗီဒီယိုတွေကို ကြည့်လိုက်တဲ့အခါ ဒါမှမဟုတ် ကျွန်တော်နဲ့ အတူကြည့်တဲ့အခါ မတူညီတဲ့ ခံစားချက်တွေ ဒါမှမဟုတ် ရှာဖွေတွေ့ရှိမှုတွေ ရှိလိမ့်မယ်လို့ ထင်ပါတယ်။"
လောင်စွန်းက ဗီဒီယိုကိုဖွင့်လိုက်သည်။ ကျန်းရီနှင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်များသည် မကြာမီတွင် ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လောင်စွန်း၏ ဗီဒီယိုတွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ဗီဒီယိုမစမီတွင် စာတန်းတချို့ ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။
"ဇူလိုင် ၁၆၊ ၂၀၀၉၊ သူရဲကောင်းဟိုတယ်ဖြစ်ရပ်"
"ခံရသူများ- ချင်ရန်ဂေါင်၊ လျှိုရှိုလန်"
"လျှိုရှိုလန်ဟာ နိုဝင်ဘာလ ၁၈ ရက် ၂၀၀၉ မှာ ဆုံးပါးသွားခဲ့ပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းက ကိုယ့်ကိုယ်ကို သတ်သေခြင်းပါ"
အဲ့ဒီမိတ်ဆက်စာတန်းပြီးနောက်၊ ချင်ရန်ဂေါင် ဟု အမည်ပေးထားသည့် အမျိုးသား၏အသံက “ရှိုလန် နဲ့ အဲဒီနေ့ညက ဝိုင်နည်းနည်းသောက်ပြီး မိဘတွေကိုဖုန်းဆက်အကြောင်းကြားပြီး တည်းခိုဖို့ လမ်းဘေးဟိုတယ်ကို ရှာခဲ့ကြတယ်။
ဒါပေမယ့် တစ်လမ်းလုံးလိုက်ရှာပြီးနောက် ဟိုတယ်တိုင်းက ပြည့်နေပြီး နောက်ဆုံးမှာတော့ ဟွာလန်လမ်းရဲ့ လမ်းကြားတစ်ခုမှာ သူရဲကောင်းဟိုတယ်ကို တွေ့ခဲ့ပါတယ်။”
"ကျွန်တော် ရှိုလန်ကို အဲ့ဟိုတယ်မှာ နေဖို့ ခေါ်သွားခဲ့တယ်။
ဟိုတယ်က အရမ်းစတိုင်လ်ကျပြီး ဈေးနှုန်းကလည်း သက်သာတယ်။
ကုတင်နှစ်လုံးပါတဲ့ အခန်းကို ရွေးပြီး ၈ လွှာကို ဓာတ်လှေကားနဲ့ တက်သွားလိုက်တယ်။
ရှိုလန်က အခန်းကတ်နဲ့ တံခါးကိုဖွင့်လိုက်တယ်။
ပြီးတော့ ရှိုလန်က အရင်ဝင်သွားလိုက်တယ် ကျွန်တော်လည်း ဝင်မယ်လုပ်တော့ လည်ပင်းနောက်က ကော်လံကို ဆွဲလိုက်သလို ခံစားလိုက်ရတယ်။
ပြန်လှည့်ကြည့်လိုက်တော့ အခန်းနဲ့ ဆန့်ကျင်ဘက် အနီရောင်အခန်းတံခါးကလွဲလို့ တခြားဘာမှ ရှိမနေဘူး။"
“သြော် ဒါနဲ့ အဲ့တံခါးရဲ့အရောင်က အနီရင့်ရင့်ကြီး
အဲ့အရောင်ကိုမြင်တော့ နည်းနည်းတော့ ထိတ်လန့်သွားတယ်။
အဲ့အရောင်က ကျွန်ုပ်တို့ဒေသက ခေါင်းတလားတွေက အရောင်နဲ့ အတူတူပဲ။
အဲဒီတုန်းက အဲ့တံခါးမှာ ကြောင်မျက်လုံးပါနေတာကို ကျွန်တော်တွေ့လိုက်ရတယ်။
ဘာဖြစ်လို့ ဖြစ်သွားမှန်းမသိဘူး အဲ့တံခါးအပေါက်လေးကနေ အထဲကိုကြည့်ချင်စိတ်တွေဖြစ်လာခဲ့တယ် အဲ့တော့ ခြေတစ်လှမ်းလောက် လှမ်းပြီး လျှောက်သွားလိုက်တယ်…”