သူလာနေပြီ
Vol. 4 Ch. 44
“အဲဒီတုန်းက ဘယ်ကရလာမှန်းမသိတဲ့ သတ္တိတွေနဲ့ ကြောင်မျက်လုံးကို ကြည့်ချင်စိတ်ကို မထိန်းနိုင်ခဲ့ဘူး။ ပြီးတော့ အဲ့ဒီအခန်းထဲက တစ်ယောက်ယောက်က ကျွန်တော့်ကို တစ်ချိန်လုံး စောင့်ကြည့်နေတယ်လို့ ခံစားနေရတယ်။"
"ဒါပေမယ့် ကျွန်တော် အဲ့ဒီအခန်းတံခါးပေါက်ဝကိုရောက်တော့ ရှိုလန်က ကျွန်တော့်ကို ဆွဲထုတ်လာခဲ့တယ်။ နောက်ဆုံးတော့ ဘာမှမမြင်လိုက်ရဘဲ အခန်းထဲ ပြန်သွားခဲ့တယ်။ နောက်နေ့မနက် အဲ့ဟိုတယ်က ပြန်လာခဲ့တယ်။
"သိပ်မကြာလိုက်ပါဘူး ရှိုလန်မှာ ပုံမှန်မဟုတ်တာတွေစဖြစ်လာခဲ့တယ်
သူမဗိုက်က အမြဲနာနေတယ် ပြီးတော့ ဗိုက်ထဲမှာ လှုပ်နေတဲ့ လက်တစ်ချောင်းရှိနေတယ်လို့ ပြောခဲ့တယ်။
ကျွန်တော် သူမကို ဆေးရုံခေါ်သွားတော့ ဆရာဝန်က ရှိုလန်မှာ ကိုယ်ဝန်ရှိနေကြောင်း ပြောပြခဲ့တယ်။
အဲဒီတုန်းက ကျွန်တော် အရမ်းပျော်သွားခဲ့တယ် ဒါပေမယ့် ရှိုလန်က အခုမှစသန္ဓေတည်တဲ့ကလေးက ဘယ်လိုလုပ် လှုပ်နိုင်မှာလဲလို့ ပြောခဲ့တယ်။ “ကျွန်တော်လည်း အခြေအနေမမှန်ဘူးထင်လို့
ဆေးရုံတော်တော်များများကို သွားခဲ့ပေမယ့် ဘာကမှားနေမှန်း မသိခဲ့ပါဘူး။
နောက်ဆုံးတော့ ကျွန်တော်လည်း အဖြေတွေ့လိုတွေ့ငြား တောင်ပေါ်က ဘုရားကျောင်းတစ်ခုကို ခေါ်သွားခဲ့တယ်။
ဒါပေမယ့်လည်း သူမ မသက်သာလာပါဘူး။
ဗိုက်ထဲက ကလေးက သုံးလလောက်လည်းရှိရော သူမ အဆောက်အဦးပေါ်ကနေ ခုန်ချသွားတယ်။
သူမရော ကလေးရော သေဆုံးခဲ့တယ်။
သူတို့နှစ်ယောက်လုံးကို မကယ်တင်နိုင်ခဲ့ဘူး။
ရှိုလန်က ပိုဆိုးတယ်။
ခုန်ချလိုက်တဲ့နေရာမှာ သူ့ခေါင်းက ပန်းအိုးကို ထိသွားတယ်။
ဦးခေါင်းကကြိုးကြေသွားပြီး ဦးနှောက်တွေတောင် ထွက်လာခဲ့တယ်" ဗီဒီယိုထဲက ချင်ရန်ဂေါင် ဆိုသူက သူ့မျက်နှာကို ဖုံးပြီး ငိုနေတယ်။
ရဲအရာရှိက သူ့အား တစ်ရှူး ပေးလိုက်ကာ "နောက်မှာ မူမမှန်တာများ တစ်ခုခု ဖြစ်သေးလား" ဟု မေးလိုက်သည်။
ဤသို့မေးလိုက်တော့ ချင်ရန်ဂေါင်က အရာအားလုံးပုံမှန်ပြန်ဖြစ်ခဲ့ပြီး ထူးထူးခြားခြား ဘာမှဖြစ်မလာတော့ကြောင်း ပြောပြခဲ့သည်။
ဤဗီဒီယိုကို ကြည့်ပြီးနောက်၊ ကျန်းရီက ထိုသူ၏အတွေ့အကြုံသည် ကျိုးခိုင် နှင့် သိပ်မကွာခြားကြောင်း တွေ့လိုက်ရသည်။
သူတို့ရဲ့မိန်းမတွေက အဲဒီညမှာ ကိုယ်ဝန်ရသွားတယ် ကိုယ်ဝန်ရှိသွားတော့ ဗိုက်ထဲမှာ လက်တစ်ချောင်းက အမြဲလှုပ်နေတယ်။
ပြီးတော့ အဲ့အမျိုးသမီးတွေရဲ့ စိတ်က ပုံမှန်မဟုတ်တော့ဘဲ အဆုံးတွင် ကိုယ့်ကိုကိုယ် သတ်သေဖို့ပါ စိတ်ကူးရှိခဲ့တယ်။
ဒါပေမယ့် အဖြစ်အပျက်နှစ်ခုကြားမှာ ကွဲလွဲမှုတွေတော့ နည်းနည်းရှိတယ်။
ရှိုလန်၏ခင်ပွန်း ချင်ရန်ဂေါင်က သူတို့အခန်းရဲ့ ဆန့်ကျင်ဘက်အခန်းအကြောင်းကို ပြောပြခဲ့တယ်။
ကျိုးခိုင်နှင့် ရှောင်ရွှယ်တို့က အခန်း ၈၀၇ မှာတည်းပြီးတော့ ရှိုလန် နှင့် ချင်ရန်ဂေါင်တို့က အခန်း ၈၀၃ မှာ တည်းခဲ့တာ။
သူရဲကောင်းဟိုတယ်က လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်းက မရှိတော့ကြောင်း ရဲအရာရှိလောင်စွန်းက ပြောခဲ့တယ်။
တိုက်ဆိုင်စွာပဲ ရှိုလန်နဲ့ ချင်ရန်ဂေါင် တို့၏ အဖြစ်အပျက်က လွန်ခဲ့သော ဆယ်နှစ်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကျန်းရီသည် ရဲအရာရှိလောင်စွန်းကို ကြည့်လိုက်သည်။ မျက်လုံးချင်းစုံမိသွားသောအခါ သူတို့ပြောချင်သည့် ကိစ္စရဲ့အဓိပ္ပါယ်ကို နားလည်သွားပုံရသွားသော်လည်း လောင်စွန်းက ခေါင်းခါကာ နောက်ဗီဒီယိုကို ဆက်လက်ဖွင့်လိုက်သည်။
အခုဗီဒီယိုထဲက တစ်ယောက်ကတော့ အသက် ၃၀ နှစ်အောက် လူငယ်တစ်ယောက်ပါ။ သူ့အမူအရာက အုံမှိုင်းနေပြီး သူပြောတာကတော့ ချင်ရန်ဂေါင် နဲ့ အနည်းငယ် ကွဲပြားနေပါတယ်။
"သူရဲကောင်းဟိုတယ် ဖြစ်ရပ်- တရုတ် ချစ်သူများနေ့ ၂၀၁၀ "
"ခံရသူများ- ဖန်းယု ၊ ကျန်းလင် "
"သေဆုံးသူ ကျန်းလင် သည် ဒီဇင်ဘာလ ၃ ရက်၊ ၂၀၁၀ ခုနှစ်တွင် သေဆုံးခဲ့သည်။ သေဆုံးရသည့် အကြောင်းအရင်း- မြစ်ထဲသို့ ခုန်ချပြီး အဆုံးစီရင်ခြင်း"
"ကျွန်တော်သူကိုမလွတ်မပေးဘူး...ဒီဘဝမှာမသေမချင်း ကျန်းလင် ကိုသတ်ခဲ့တဲ့လူသတ်သမားကိုတွေ့အောင်ရှာမယ်။ သူက တစ္ဆေလား လူလား ငါဂရုမစိုက်ဘူး၊ သူ့ကိုဘယ်တော့မှအလွတ်မပေးဘူး!"
"မစ္စတာဖန်း ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ၊ မင်း သူရဲကောင်းဟိုတယ်ကို အဆုံးမှာတွေ့ခဲ့တာလား။"
"ဟီးဟီး... လအတော်ကြာ ထိုင်စောင့်နေခဲ့တာ နောက်ဆုံးတော့ တွေ့လိုက်ရတယ်။ နှစ်သစ်ကူးအကြိုညမှာ မိဘတွေနဲ့တောင် နှစ်သစ်ကူးညစာ မစားပဲနဲ့ အဲ့ဒီဟွာလန်လမ်းမှာ စောင့်နေခဲ့တာ။ ည ၁၀ နာရီကနေ ၂ နာရီအထိ၊ နောက်ဆုံးတော့ လမ်းကြားက ဆိုင်းဘုတ်လေးက လင်းလာခဲ့တယ်။”
"ဘာ? မင်းနောက်တစ်ကြိမ် သွားခဲ့တာလား။"
"ဟုတ်တယ် ကျွန်တော်ပြန်သွားခဲ့တယ်။
ဒါပေမယ့် ကျွန်တော်ဝင်သွားပြီး အခန်းလွတ်တွေရှိလားလို့မေးတော့ အဲ့ဒီကလူက သူတို့ဆီမှာမရှိဘူးတော့လို့ပြောတယ်။
ကျွန်တော်ကလည်း နားမထောင်ဘူး၊ အဲ့ဒီမှာ နေမှရမယ်လို့ ပြောခဲ့တယ်၊ ၈ လွှာမှာ နေချင်တယ်ဆိုလို့ စစ်ဆေးကြည့်လိုက်တော့ အခန်းတွေရှိသေးတာကို တွေ့လိုက်ရတယ်၊ တိုက်ဆိုင်စွာပဲ ကျွန်တော်တို့ နေခဲ့တဲ့ အခန်း ၈၁၁ မှာပဲ ရခဲ့တယ်။ .
ဆန့်ကျင်ဘက် အခန်း ၈၁၀ ကိုသွားကြည့်ခဲ့တယ်၊ ချောင်းကြည့်ပေါက်ကနေ အဲ့အခန်းအတွင်းမှာရှိတဲ့ အရာတွေကို ငါ့မျက်စိနဲ့ မြင်လိုက်ရတယ်။"
"မျက်လုံးတွေက သွေးတွေထွက်နေသလို နီရဲနေတယ်။ သူ့ကို စိုက်ကြည့်လိုက်တယ်၊ သူကလည်း ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ အဲဒီအချိန်မှာ ကျွန်တော် အံ့ဩထိတ်လန့်သွားတယ်။ စိတ်ကိုကြိုတင်ပြီးတော့ ပြင်ဆင်ထားပေမယ့် ဒီလောက်ကြောက်စရာမျက်လုံး တစ်စုံတော့ ရှိနေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။"
"ခဏ ၊ မင်းဆိုလိုတာက အခန်း ၈၁၀ ရဲ့ ချောင်းကြည့်ပေါက်ကနေ နီရဲနေတဲ့ မျက်လုံးတစ်စုံကို မင်းမြင်ခဲ့တယ် ဟုတ်တယ်မလား"
“ဟုတ်တယ်၊ အဲဒီမျက်လုံးတွေက မျက်လုံးရောင်နေတဲ့ သူတွေနဲ့တူနေတယ်။
ကျွန်တော်လည်း သတိဝင်လာပြီး အတွင်းကို ကြည့်လိုက်တော့ သူက လှောင်နေခဲ့တယ်။
သူက ကျွန်တော့်ကိုလှောင်ပြီးရယ်မောနေခဲ့တယ်၊ ကျွန်တော်လည်း ခြေဆန့်ပြီး တံခါးကို ပြင်းပြင်းထန်ထန် ကန်ခဲ့ပေမယ့် တံခါးကို မဖွင့်နိုင်ခဲ့ဘူး။
သူကအဲ့အခန်းထဲမှာ အရမ်းရယ်မောနေတယ်...
သူ တကယ်ကို ရယ်မောနေခဲ့တယ်!"
"ငါသာ တံခါးဖွင့်နိုင်ခဲ့ရင် ငါ သူ့ကို လည်ပင်းညှစ်သတ်မယ်... ငါ သူ့ကို လည်ပင်းညှစ်သတ်လိုက်မယ်!"
ဖန်းယုသည် ဗီဒီယိုထဲတွင် အလွန်ရက်စက်ကြမ်းတမ်းပုံရနေပြီး သူ့လက်နှင့်ခြေတို့သည် အထိန်းအကွပ်မရှိ ဝှေ့ယမ်းနေသည်။
ဒါပေမယ့် ကိစ္စက မပြီးသေးဘူး။
ဖုန်းယု၏မျက်နှာက အရောင်ဖျော့လာပြီး ဖြူဖျော့သောမျက်နှာဖြင့် “ သူရဲကောင်းဟိုတယ်ကို ထပ်ပြီးတော့ ရှိသမျှသတ္တိတွေ စုပြီးသွားခဲ့တယ်။
ငါ့ရဲ့ ကျန်းလင်အတွက် လက်စားချေဖို့ ဒေါသတကြီးနဲ့ အဲ့ ၈ ထပ်မှာပဲ ထပ်နေခဲ့တယ်။
ဒါပေမယ့် ငါလက်စားချေလို့ မရခဲ့ဘူး၊ တံခါးကိုတောင် မဖွင့်နိုင်ခဲ့ဘူး" "နောက်တော့ သူက ငါ့ကို နှောင့်ယှက်ခဲ့တယ်...
ကျေးဇူးပြုပြီး ငါ့ကိုယုံပါ၊ ငါ့ဦးနှောက်မှာ ဘာပြဿနာမှ မရှိပါဘူး၊ သူက ငါ့ကို တကယ်နှောင့်ယှက်ခဲ့တယ်။ သူရဲကောင်းဟိုတယ်ကို ထပ်သွားခဲတဲ့ တတိယညမှာ အိပ်ငိုက်နေခဲ့တာကြောင့် အိပ်ယာပေါ်မှာ အစောကြီး အိပ်နေခဲ့တယ်။
ဒါပေမယ့် အိပ်ပျော်ပြီး သိပ်မကြာခင်မှာပဲ ခန္ဓာကိုယ်ကို လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီး ဖိထားသလိုမျိုး အသက်ရှူမဝသလို ခံစားလိုက်ရတယ်။” “ကျွန်တော် အသက်ရှူကျပ်ပြီး နိုးလာပေမယ့် ကျွန်တော့်ခေါင်းက စောင်အပြင်မှာ ရှိနေခဲ့တယ် ပြီးတော့ ကျွန်တော့်ကို ဖိနေတဲ့ အရာကိုလည်း မတွေ့ခဲ့ဘူး။
နောက်တော့ စောင်ကို ဆွဲလှန်လိုက်တော့ စောင်အောက်မှာ အလွန်စက်ဆုပ်ဖွယ်ကောင်းတဲ့ မျက်နှာတစ်ခု ရှိနေတာကို တွေ့လိုက်ရတယ်။
သူပဲ၊ သူ့မျက်နှာတစ်ခုလုံး မီးလောင်ထားပြီး မျက်လုံးတွေက နီရဲနေတယ်၊ သူကငါ့အပေါ်ကို တက်ဖိနေပြီး ငါ့ကို တည့်တည့်စိုက်ကြည့်နေတယ်..."
"ငါအရမ်းကြောက်ခဲ့တယ် ဝူး...ဝူး.....တကယ်ကိုကြောက်နေခဲ့တယ် ငါကငကြောက်တစ်ယောက်ပဲ ငါက တကယ်ကို စောက်ကြောက်တစ်ယောက်ပဲ ၊ ရန်သူတွေ ငါ့ရှေ့မှာ ရှိနေတာတောင် ငါ့မှာ သတ္တိမရှိတော့ဘူး၊ သူ့ကိုထိဖို့တောင် သတ္တိမရှိခဲ့ဘူး"
"အဲ့နောက်မှာတော့ သူကငါ့အနားမှာပဲရှိနေခဲ့တယ် အိပ်တဲ့အခါ၊ အိမ်သာသွားတဲ့အခါ၊ စားတဲ့အခါနဲ့ လမ်းလျှောက်သွားတဲ့အခါမှာတောင် ငါ့နောက်လိုက်နေခဲ့တယ်။ မင်းနောက်မှာ သူရှိနေတယ်၊ သူလာနေတယ်... သူနောက် ထပ်ရောက်လာပီ!!!"