← Chapters

တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ

Vol. 4 Ch. 45

တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ

Vol. 4 Ch. 45

ဖန်းယု၏ အော်သံများသည် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲတွင် ပဲ့တင်ထပ်နေသည်။ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသော အသံသည် တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းရှိ ပရိသတ်များအတွက် ရင်းနှီးမှုမရှိတော့ အသံမဟုတ်ခဲ့ပေ။

ဒါပေမယ့် ကြားလိုက်တိုင်းမှာ အသည်းထဲထိကို အေးစိမ့်သွားစေခဲ့သည်။

အကြောက်တရားသည် ရယ်မောခြင်းကဲ့သို့ပင် ကူးစက်တက်သည်။ လုံးဝကွဲပြားသော စိတ်ခံစားမှုနှစ်ခုစလုံးသည် တူညီသောနှုန်းဖြင့် ကူးစက်တတ်သည်။

ဖန်းယု၏ဗီဒီယိုကို ဖွင့်ပြီးသောအခါ ကျန်းရီသည် နောက်ဗီဒီယိုကိုဖွင့်ရန်ပြင်နေသောကို အရာရှိစွန်းကို တားလိုက်သည်။

"အရာရှိ စွန်း၊ ခဏနေပါဦး။ အဲ့ဒီမစ္စတာဖန်းက အသက်ရှင်နေသေးလား"

ကျန်းရီ၏မေးခွန်းက လောင်စွန်း၏မျက်လုံးများကို အေးခဲသွားစေပြီး “စတွင်မာမှာ ထူးခြားဆန်းကြယ်တဲ့ အစွမ်းအစတွေ ရှိပုံရတယ်။

ဟုတ်ပါတယ် ဖန်းယုကွယ်လွန်သွားပါတယ်။

စက်တင်ဘာလ ၁၂ ရက် ၂၀၁၁ မှာ ဖန်းယုက ပိုးသတ်ဆေးသောက်ပြီး သူ့ဘဝကို အဆုံးသတ်ခဲ့တယ်။"

သူ မသေခင် သေတမ်းစာမှတ်တမ်းကို ရေးထားခဲ့ပြီးတော့ အများစုကတော့ ဗီဒီယိုထဲမှာ ပြောခဲ့တဲ့ အတိုင်းပါပဲ၊

“အဲဒီတုန်းက သေခြင်းတရားက သူ့အတွက် သက်သာရာရစေခဲ့တယ်နဲ့ တူတယ်”

"ဒါဆို တခြားသူတွေရဲ့ ဗီဒီယိုတွေမှာရော ကွဲပြားမှုတွေ ရှိလား"

ကျန်းရီက ထပ်မေးလိုက်တော့ လောင်စွန်းက ခေါင်းခါလိုက်ပြီး "အသေးစိတ်ဆုံးတစ်ခုက ဖန်းယုရဲ့ မှတ်တမ်းနဲ့ ဗီဒီယိုပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ သူက သူရဲကောင်းဟိုတယ်မှာ တည်းဖူးတဲ့သူတွေထဲမှာ တစ်ယောက်တည်းပဲ နောက်ထက် ထပ်သွားခဲ့တာ"

"သူရဲကောင်းဟိုတယ်က လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက မရှိခဲ့တော့တာဆိုတော့ အဲဒီဟိုတယ်က မီးလောင်ကျွမ်းသွားခဲ့တာမလား။"

ကျနရီက မေးလိုက်တဲ့အခါ လောင်စွန်း ရဲ့ မျက်နှာက အံ့သြစွာ ပြောင်းလဲသွားပြီး "ဒါကို မင်းဘယ်လိုသိလိုက်တာလဲ" လို့ အော်လိုက်ပါတယ်။

“မခက်ပါဘူး။

သူရဲကောင်းဟိုတယ်ရဲ့ ရှစ်ထပ်အပြင်၊ ကျိုးခိုင်၊ ဖန်းယု နဲ့ ချင်ရန်ဂေါင် တို့ရဲ့ ပြောပြချက်တွေအားလုံးထဲမှာ တူညီသောအရာတစ်ခု ရှိတယ်၊ အဲတာက မီးသွေးကဲ့သို့ မဲနက်နေတဲ့ လက်ပဲ။

ဖန်းယုပြောတာက ပိုလို့တောင် တိကျသေးတယ် သူ့အိပ်ယာထဲမှာ ရှိနေတဲ့လူရဲ့ ကိုယ်လုံးကမီးလောင်ထားသလို မည်းနက်နေပြီး သူ့မျက်လုံးတွေကလည်း သွေးတွေလိုနီနေတာကို တွေ့လိုက်ရတယ်။"

“ဟုတ်ပါတယ်၊ သူရဲကောင်းဟိုတယ်က ၂၀၀၉ မှာ မီးလောင်သွားခဲ့တာပါ။

အဲ့အချိန်က လူပေါင်း ၂၀ ကျော် သေခဲ့တဲ့အတွက် Tianning မြို့မှာ ဟိုလေးတကျော်ကျော်တောင် ဖြစ်ခဲ့သေးတယ်။

သူရဲကောင်းဟိုတယ်ရဲ့ ရှစ်ထပ်သည် ဟိုတယ်ရှိ အခန်းများအားလုံးတွင် အကောင်းဆုံးဖြစ်သည်။

အဲ့တစ်ထပ်တွင် အဲဒီညက အခန်းတိုင်း လူဦးရေအပြည့်ရှိနေခဲ့တယ်။

ထိုအချိန်က ၈ ထပ်တွင် လူ ၃၆ ဦး တည်းခိုခဲ့ပြီး သေဆုံးသူ ၂၀ ကျော်၏ ၉၀ ရာခိုင်နှုန်းမှာ ၈ထပ်တွင် နေထိုင်ခဲ့သူများဖြစ်သည်။"

"ဒါဆို မင်း ပထမ အဖြစ်အပျက်ရဲ့ အစီရင်ခံစာကို ရလိုက်တဲ့အချိန် အဲ့ဒါက ချင်ရန်ဂေါင် နဲ့ လျှိုရှိုလန် တို့ရဲ့ အဖြစ်အပျက်ပဲ အဲ့ဒီအချိန်တုန်းက မင်း ဟိုတယ် ပိုင်ရှင်ကို မေးခဲ့သေးလား။"

“မေးခဲ့တယ် အဲ့သူဌေးကိုယ်တိုင်က မယုံခဲ့ဘူး။

ရိုးရိုးသားသားပြောရရင် အဲဒီတုန်းက သူရဲကောင်းဟိုတယ်ကို အဲ့လိုအဖြစ်အပျက်အတွက်နဲ့ ဘယ်သူက ဆက်သွယ်ခဲ့မှာလည်း။ အကယ်၍ လူလေးငါးယောက်လောက်က တူညီတဲ့အမှုအတွက်နဲ့ လာပြီးသတင်းပို့တဲ့အချက်ကြောင့်သာ မဟုတ်ခဲ့ရင် ပြီးတော့ သူတို့အားလုံးကလည်း သူရဲကောင်းဟိုတယ်မှာပဲ ဖြစ်ခဲ့ကြတာ။

အဲ့ဟိုတယ်ကို ရောက်သွားတော့ တစ်ခုခု ထူးခြားနေမှန်း သိလိုက်ရတယ်။

ငါသံသယရှိတာက အတွဲတော်တော်များများဘအဲ့ဒီဟိုတယ်မှာတည်းပြီး အသက်သေဆုံးခဲ့ပေမယ့် ငါတို့ရဲတွေဆီက အကူအညီမတောင်းခဲ့တဲ့ သူတွေရှိလိမ့်မယ်လို့ထင်တယ်!"

"ဒီလိုထူးဆန်းတဲ့ အဖြစ်အပျက်ကို ပြောရရင် ငါ့လို ရဲတစ်ယောက်လို့ မပြောနဲ့ ငါ့အထက်ကလူတွေ ဒါမှမဟုတ် ဌာနဆိုင်ရာတွေတောင် မတွေ့ဖူးဘူးထင်တယ်"

ကျန်းရီက ခေါင်းညိတ်လိုက်ပြီး - "အချိန်ကို တွက်ချက်ကြည့ရင် ဒါဟာ နှစ်တိုင်း ဖြစ်ပုံရပြီးတော့ အခုအချိန်အထိ မရပ်သေးဘူးထင်တယ်။

သူရဲကောင်းဟိုတယ်မှာ တည်းခိုဖူးသူတိုင်းနီးပါးဟာ ကျိန်းသေကို အခြောက်ခံရလိမ့်မယ်။

ဖန်းယုကပြောခဲ့တဲ့ အချက်အလက်တွေအရ သရဲက ယောက်ျားဖြစ်ပြီး သူ့ပစ်မှတ်က အဲ့အချိန်က ဟိုတယ်မှာ လာတည်းခိုနေသည့် အမျိုးသမီးတွေဖြစ်မယ်။

သိပ်မကြာလိုက်ပါဘူး အဲ့အမျိုးသမီးတွေဟာ ကိုယ်ဝန်ရှိလာပြီး စိတ်ကျရောဂါ ဖြစ်လာလိမ့်မယ်"

"အိုး... ဒါနဲ့ အဲ့ဒီအဖြစ်အပျက်ကို ကြုံဖူးသူတိုင်းက က Tianningမြို့က မဟုတ်ဘူးမလား?"

"ဟုတ်ပါတယ်၊ သူတို့အားလုံးက တခြားနေရာကနေ အလုပ်လုပ်ဖို့ Tianning ကို လာခဲ့တဲ့သူတွေပါ။ မင်းဟာ Tianning က ဒေသခံတစ်ယောက်ဆိုရင် သူရဲကောင်းဟိုတယ် ရဲ့ ဆိုင်းဘုတ်ကို မြင်လိုက်တာနဲ့ မင်း ဘယ်တော့မှ ဝင်ရဲမှာမဟုတ်ဘူး။"

ဒီအချိန်မှာ ကျန်းရီက ဖုန်းထဲကိုလှမ်းပြောလိုက်တယ် "မစ္စကျိုး၊ မင်းရှိသေးရဲ့လား"

"ငါဒီမှာ ရှိပါတယ်။"

ကျိုးခိုင် ခဏတာ ထိပ်လန့်သွားပုံရသော်လည်း သိပ်တော့ မအံ့သြခဲ့ပေ။

သူနှင့် ရှောင်ရွှယ်က ထိုသို့သော အဖြစ်မျိုးကို ကြုံဖူးတဲ့ တစ်ဦးတည်းသာ ဖြစ်သည်ဟု အမြဲတွေးနေခဲ့သည် ။ အခု သူတို့နဲ့တူတဲ့ အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ သူကြားလိုက်ရတော့ သူ့ရင်ထဲမှာ ဘယ်လိုတည်ငြိမ်နေနိုင်မလဲ။

"ကျွင်းရန် ကနေ ရှောင်ရွှယ်ရဲ့ အိမ်သို့ရောက်ရန် အချိန်ဘယ်လောက်ကြာမလဲ။"

"အခု လေယာဉ်စီးရင် သူ့အိမ်ရှိတဲ့မြို့ကို တစ်နာရီခွဲလောက်ကြာရင် ရောက်နိုင်တယ်၊ ပြီးတော့ ကားနဲ့ မိနစ် ၂၀ လောက်တော့ကြာမယ်" ကျိုးခိုင် က ပြောလိုက်သည်။

ကျန်းရီက သူ့ခေါင်းကို ခါလိုက်ပြီး "အရမ်းကြာတယ်။ ရှောင်ရွှယ် ရဲ့ မိဘတွေကို ဆက်သွယ်ပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းကို ဝင်ခိုင်းလိုက်ပါ။"

"စတွင်မာ မင်း.. ရှောင်ရွှယ် နဲ့ စကားပြောချင်တာလား"

"ဟုတ်တယ်၊ သူမက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ဖြစ်ခဲ့တဲ့ သူရဲကောင်းဟိုတယ်ဖြစ်ရပ်တစ်ခုလုံးမှာ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူပဲ!"

ကျန်းရီကပြောပြီးတော့ လောင်စွန်းက "ဟုတ်တယ်၊ခံခဲ့ရသူအားလုံးက အမျိုးသမီးတွေဖြစ်ပြီးတော့ ရှောင်ရွှယ်က သူတို့အားလုံးထဲမှာ သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်နိုင်ဖွယ်ရှိတယ်။"(ပြောချင်တာက ရှောင်ရွှယ်က ကျန်းရီနဲ့တွေ့မှာမို့လို့ မဟုတ်ရင်သူမလည်းသေမှာ)

ကျိုးခိုင်သည် မနှောင့်နှေးဝံ့ပေ။ သူသည် သူ့လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်ပြီး ရှောင်ရွှယ် ၏ဖခင်ကို တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းသို့ ဝင်ရန် တောင်းဆိုခဲ့သည်။

"ဦးလေး၊ ဒါက မစ္စတာကျန်းပါ။ သူက ရှောင်ရွှယ်ရဲ့ လက်ရှိပြဿနာကို ဖြေရှင်းပေးနိုင်ဖို့ အလားအလာ အရမ်းရှိတယ်။ ကျေးဇူးပြုပြီးတော့ အခု ဆေးရုံကို သွားပေးပါ။ မစ္စတာကျန်းက ရှောင်ရွှယ်ကို တွေ့ချင်နေတယ်"

ဗီဒီယိုထဲက လူလတ်ပိုင်းအမျိုးသားဟာ ရုတ်တရက် ရှက်ရွံ့သွားသလို ခံစားလိုက်ရတယ်။ ကျိုးခိုငိက ဒါကိုမြင်ပြီး "အန်ကယ် ရှောင်ရွှယ် မှာ တစ်ခုခုမှားနေပြီလား။"

"မဟုတ်ပါဘူး၊ ရှောင်ရွှယ်က သူ့ရဲ့စိတ်အခြေအနေကလွဲလို့ သူ့မှာ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် သူမက အခု အိမ်မှာ ရှိနေတယ်။"

"အိမ်မှာလား ၊ ဆေးရုံမှာပဲ ဆေးကုနေဖို့ ပြောခဲ့တာမဟုတ်ဘူးလား။"

"ဒါက... ထားလိုက်တော့ အမှန်အတိုင်းပဲ ပြောပြမယ်။

ကျိုးခိုင်၊ ငါတို့မိသားစုက မင်းနဲ့ မင်းမိဘတွေကို အမှန်တကယ်ကိုပဲ ကျေးဇူးတင်ပါတယ်။

ဒါပေမယ့် အခု ရှောင်ရွှယ်ကို ဆေးကုသတာက တကယ်ကို ထိရောက်မှုမရှိတော့ဘူး။

သူမရဲ့မောင်လေးက ကျောင်းတက်နေဆဲဖြစ်ပြီး သူ့အတွက်က ပိုက်ဆံအများကြီးသုံးရလိမ့်မယ်။

ပိုက်ဆံကိုမှ အများကြီးသုံးရမှာ ငါတို့လည်း သူမရဲ့မောင်လေးအတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်လေ။"

ကျိုးခိုင်သည် ဤစကားများကိုကြားသောအခါ လေးလေးနက်နက်ကို မျက်မှောင်ကြုတ်ကာ "ဦးလေး အရင်က ရှောင်ရွှယ်ကို ဦးလေးတို့နဲ့အတူ ခေါ်သွားချင်တယ်လို့ ပြောတုန်းက ငါ ယွမ် တစ်သန်းပေးခဲ့တယ် မဟုတ်လား? အဲ့ဒီငွေက ရှောင်ရွှယ်ရဲ့ ဆေးကုသမှုအတွက်လို့ ငါပြောခဲ့ပြီးသား"

"ငါတို့..." ရှောင်ရွှယ်၏ဖခင်က အလွန်ရှက်နေကာ တုံ့ဆိုင်းသွားသည် ။

ကျိုးခိုင်၏အမူအရာမှာလည်း တဖြည်းဖြည်းဆိုးလာခဲ့သည်။ ကျန်းရီကလည်း ဒီအခြေအနေကို နားလည်ပြီးသားပါ။

ရှောင်ရွှယ်၏ဖခင်က သူ့သမီးက မျှော်လင့်ချက်မရှိတော့ဘူးလို့ ခံစားလိုက်ရသည်၊ ပြီးတော့ သူ့တွင် သားတစ်ယောက်ရှိနေသေးသည်၊ ထို့ကြောင့် တတ်နိုင်လျှင် သူ့အတွက် ပိုက်ဆံအနည်းငယ်စုထားမည်ဖြစ်သည်။ ဤသည်မှာ သာမန်မိသားစုအတွက် မသက်သာတဲ့အဆုံးမှာ လှုပ်ရှားမှုတစ်ခုဖြစ်သော်လည်း ပိုက်ဆံကတော့ ကျိုးခိုင်၏ ပိုက်ဆံဖြစ်သည်။

ဒါ့ကြောင့်၊ ကျန်းရီသည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ မျက်နှာကိုကြည့်ရန် တွန့်ဆုတ်နေပြီး "ဒါကို နောက်မှပဲပြောရအောင်။ ရှောင်ရွှယ်ကို အရင်တွေ့ရအောင်" လို့ပြောလိုက်တယ်။

ကျိုးခိုင်က အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး "ဦးလေး၊ ရှောင်ရွှယ်ကို အရင်သွားကြည့်ရအောင်" လို့ပြောလိုက်သည်။

ရှောင်ရွှယ်ရဲ့အဖေက သူ့အတွက် လွတ်မြောက်သွားသလိုမျိုး တံခါးကိုဖွင့်လိုက်တယ်။ တံခါးပွင့်သွားတော့ အထဲမှာ မိန်းကလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်ရတယ်။

သူမသည် ကျုပ်တို့ မျှော်လင့်ထားသလိုမျိုး ဖရိုဖရဲ ဖြစ်မနေပေ။ ဆန့်ကျင်ဘက်အနေနဲ့ သူမ အဝတ်အစားတွေက အရမ်းသပ်ရပ်နေခဲ့တယ်။

ဆံပင်ကိုတောင် မကြာသေးမီကပင် လျှော်ထားပြီး ကျောနောက်တွင် နူးညံ့စွာ ချထားသည်။ သူမသည် မှန်ရှေ့တွင်ထိုင်ကာ တိုက်ရိုက်ထုတ်လွှင့်နေသော အခန်းဆီသို့ ကျောပေးပြီး တစ်ခုခုလုပ်နေပုံရသည်။

ထိုပုံရိပ်ကို အနောက်ကနေ မြင်လိုက်ရတဲ့အခါ ကျိုးခိုင်က မထိန်းနိုင်ဘဲ "ရွှယ်ရေ" ဟု အော်လိုက်သည်။

အသံကိုကြားတော့ အမျိုးသမီးက ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။ ဖခင်ဖြစ်သူ၏ လက်ကိုင်ဖုန်းတွင် သူ့ချစ်သူကို တွေ့လိုက်ရသည်။

သူမသည် ပိန်ပါးသော မျက်နှာနှင့် နှုတ်ခမ်းပေါ်တွင် တောက်ပသော နှုတ်ခမ်းနီရှိနေသည်။

သူမသည် သူ့အဖေ၏လက်ကိုင်ဖုန်းကို ညင်သာစွာကိုင်ကာ “ကို...၊ မင်းငါ့ကိုတွေ့ဖို့လာတာလား၊ အဲ့ဒီလက်ကို ကိုမြင်လား… မှန်ထဲမှာရှိနေတယ်လေ.!”

All Chapters