ပိုကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်
Vol. 4 Ch. 46
ဗီဒီယိုထဲက ရှောင်ရွှယ်က သူမရဲ့ ပိန်ပါးနေတဲ့ မျက်နှာကို ဖယ်ထုတ်လိုက်ရင် သူမရဲ့ မျက်နှာပေါ်က မိတ်ကပ်လိမ်းခြယ်မှုဟာ အခုအချိန်မှာ ရေပန်းအစားဆုံးပုံစံ ဖြစ်နေပါတယ်။
အထူးသဖြင့် သူမလိမ်းထားတဲ့ eye shadow ပဲ အရောင်က အနီရောင်မှိန်မှိန်လေးနဲ့ သူမရဲ့ နှုတ်ခမ်းနီ အနီရောင်တောက်တောက်နဲ့ ပေါင်းစပ်လိုက်ရင် သူမကို ပိုလို့တောင် လှပစေခဲ့တယ်။
ဒါပေမယ့် အချိန်က ည ဆယ်နာရီထိုးခါနီးနေပြီလေ ပြီးတော့ သူမက လူနာဖြစ်ပြီး အပြင်လည်းမထွက်နိုင်ဘူး။
သူမအဲ့လို ဝတ်စားဆင်ယင်ထားတာက ဘာအတွက်လဲ။
အထူးသဖြင့် သူမအဲ့စကားကိုပြောပြီးနောက် သူမ ရယ်မောလိုက်သောအခါမှာ၊ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှ လူများစွာသည် ကြက်သီးမွေးညှင်းများပင် ထသွားခဲ့သည်။
ကြည့်ရှု့သူ A-"ရှောင်ရွှယ်က ဘာဖြစ်နေတာလဲ၊ သူ့ရယ်သံက အရမ်းကြောက်စရာကောင်းနေတယ်!"
ကြည့်ရှု့သူ B-"ဟုတ်တယ်၊ မှန်ထဲမှာ လက်ရှိတယ်လို့ပြောတယ်၊ ဒါပေမယ့် ငါတို့တစ်ယောက်ချင်းစီက မှန်ကိုမြင်နေရတယ်။ ဒါပေမယ့် လက်က ဘယ်မှာလဲ?။"
ကြည့်ရှု့သူ C-"အဲဒီလက်ရဲ့အရိပ်က သူ့စိတ်ထဲမှာ များ ရှိနေမလား၊ ဒါကြောင့် မှန်ကိုမြင်နေသရွေ့ လက်ကိုမြင်နေရတယ်လို့ တွေးတတ်တဲ့ အကျင့်တစ်ခုရှိနေတာများလား။ အဲ့လိုမှမဟုတ်ရင် အခုစတွင်မာရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ အဲ့သရဲတစ္ဆေကရှိနေတယ်ဆိုရင် သူမ ချက်ချင်းမြင်နိုင်လိမ့်မယ်"
ပရိသတ်ပြောနေတာက တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှာ ထုတ်ဖော်မပြထားတဲ့ လျှို့ဝှက်ချက်တစ်ခုပါ။ တကယ်တော့၊ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းရဲ့ နယ်ပယ်အတွင်းမှာ နတ်ဆိုးဝိညာဥ်တစ်ခုခု ပေါ်လာခဲ့ရင်၊ သူ့ရဲ့ပုံစံအမှန်ကို ထုတ်ဖော်ပြသရပါလိမ့်မယ်။
ဒါပေမယ့် ယခုအချိန်မှာ မှန်ထဲမှာ ဘာတစ်ခုမှ ရှိမနေဘဲ ရှောင်ရွှယ်ရဲ့ နောက်ကျောကိုပဲ မြင်နေရတယ်။
သူမ၏မျက်လုံးများသည် နူးညံ့မှုများအပြည့်ရှိနေပြီး တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ ကျိုးခိုင် ကိုထိရန် လက်လှမ်းလိုက်သည်။
ကျိုးခိုင်အနေနဲ့ကတော့ မျက်ရည်တွေကျလာပြီး လက်သီးတွေကို တင်းတင်းဆုပ်ပြီး "ရှောင်ရွှယ် ငါ့ကိုစောင့်ပါ၊ ငါလက်မှတ်ဝယ်ပြီး မင်းအိမ်ကိုလာခဲ့မယ်။ မင်းငါ့နောက်သာလိုက်ခဲ့၊ ဒီဘဝမှာ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ မင်းကိုငါနဲ့အတူခေါ်သွားမယ်။"
ရှောင်ရွှယ်က မကြားတဲ့အတိုင်းပဲ သူမမျက်လုံးတွေက ကျိုးခိုင် ကို စိုက်ကြည့်နေတယ်။
ရှောင်ရွှယ် ရဲ့တုံ့ပြန်မှုကိုမြင်တော့ ကျိုးခိုင် က စိုးရိမ်တကြီးနဲ့ "စတွင်မာ ရှောင်ရွှယ်ကဘနေမကောင်းထပ်ဖြစ်ပြန်ပြီလား"
"သူမ နေမကောင်းဘူးလို့ ဘယ်သူပြောလဲ မင်းတို့ထဲက တစ်ယောက်မှ သူ့ကို မယုံသေးဘူးလား? အဲဒီလူက မီးလောင်ထားတဲ့ မျက်နှာ မည်းနက်နေတဲ့ လက်တစ်စုံနဲ့ နေရာတိုင်းမှာ ရှိနေတယ်။ သူက မင်းကို ပစ်မှတ်လိုသဘောထားပြီး နောက်ကို အမြဲလိုက်နေလိမ့်မယ်။ တကယ်လို့ ပစ်မှတ်အသစ် ပေါ်တာမျိုး ဒါမှမဟုတ် သူလိုက်နေတဲ့ ပစ်မှတ်က သေသွားမှ ရပ်တန့်မှာ။
"ရှောင်ရွှယ်, မင်း သူ့ကို ဘယ်မှာတွေ့ခဲ့တာလဲ"
ကျန်းရီ၏ လေသံသည် အလွန်ပြတ်သားပုံရနေသည်။ ကျိုးခိုင် ကို စိုက်ကြည့်နေသော ရှောင်ရွှယ်က ကျန်းရီကို ဖြည်းဖြည်းချင်းကြည့်ကာ သူမ၏မျက်လုံးများတွင် အနီရောင်အရိပ်အမြွက်များထလာပြီး "မင်း ငါ့ကိုယုံတယ်လား?"
"ဟုတ်တယ်၊ ငါမင်းကိုယုံတယ်၊ ကျိုးခိုင်လည်း မင်းကိုယုံတယ်။ ငါ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ အခုဆို လူပေါင်း ၄၀,၀၀၀ ရှိတယ်၊ သူတို့အားလုံးကလည်း မင်းကိုယုံတယ်။"
"အိုး... ကြည့်လိုက်၊ အဲဒီလက်က ပြတင်းပေါက်နားမှာ ရှိနေတယ်... ကြည့်စမ်း၊ မဲမဲကြီးနဲ့ မှန်ပေါ်မှာ ရှိနေတာ"
အနည်းငယ်ပြန်လည်ကောင်းမွန်လာသော ရှောင်ရွှယ်သည် ရုတ်တရက် သူမ၏အမူအရာပြောင်းသွားပြီး အခန်းအတွင်းရှိပြတင်းပေါက်ကို ညွှန်ပြပြီးနောက် ကန့်လန့်ကာများကို အရူးကဲ့သို့ အမြန်ဆွဲဖြန့်လိုက်သည်။
ကျိုးခိုင်က စိုးရိမ်နေပုံရပြီး အခန်းတွင်းရှိ သူမ၏မိသားစုဝင်များကလည်း စိုးရိမ်နေခဲ့သည်။
ဒါပေမယ့် ကျန်းရီကတော့ အမြဲတမ်း ငြိမ်သက်နေပြီး တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အခန်းကို "ရှောင်ရွှယ်တစ်ယောက်တည်း အခန်းထဲမှာ နေပါစေ။ ကျိုးခိုင် ကျေးဇူးပြုပြီး ဗီဒီယိုကနေ ထွက်သွားပေးပါ။"
ရှောင်ရွှယ်၏မိဘများနှင့် ကျိုးခိုင် တို့သည် ချီတုံချတုံဖြစ်နေသော်လည်း ကျန်းရီက "ငါ့စကားကို နားထောင်ပါ" လို့ပြောလိုက်သည်။
စိတ်ပျက်အားငယ်စွာဖြင့် ရှောင်ရွှယ် ၏မိဘများသည် အခန်းတွင်းမှ ထွက်လာခဲ့ပြီး ကျိုးခိုင်ကလည်း ဗီဒီယိုမှထွက်ခဲ့သည်။
ရှောင်ရွှယ်ရဲ့ တုံ့ပြန်မှုကို မြင်တဲ့အခါ ကျန်းရီက "ကျိုးခိုင် ငါ မင်းကို အခု ဘလော့ခ် ထားမယ်။ ပြီးမှ မင်းကို အွန်လိုင်းကနေ ပြန်ဖိတ်ခေါ်လိုက်မယ်။"
ကျန်းရီ၏ ရည်ရွယ်ချက်ကို သူနားမလည်သော်လည်း ကျိုးခိုင်က ကောင်းမွန်စွာပဲ နားဖောင်ခဲ့သည်။
ကျိုးခိုင်ကို ဘလော့ခ်ပြီးနောက် ကျန်းရီက ကြည့်ရှု့သူတိုင်းကို ထိတ်လန့်စေသော အရာတစ်ခုကို ပြောခဲ့လိုက်သည်။
"ရှောင်ရွှယ်, မင်းရဲ့ ကြိုးစားမှု အတွက် ကျေးဇူးတင်ပါတယ်၊ မင်း အရူးတစ်ယောက်လို ဟန်ဆောင်နေရတာ တစ်နှစ်ခွဲကျော်တောင်ဆိုတော့ ပင်ပန်းနေရောပေါ့။"
ကျန်းရီက အဲ့ဒီလိုပြောပြီးတဲ့ နောက်မှာတော့ သူက ပရိတ်သတ်များကို အလွန်လေးနက်တဲ့ အကြည့်နဲ့ပြောလိုက်တယ် "အားလုံးပဲ ကျေးဇူးပြုပြီး လောလောဆယ် မက်ဆေ့ချ်တွေ မပို့ပါနဲ့၊ ဒါကို ရှောင်ရွှယ် နဲ့ ငါ့ကြားက သီးသန့်စကားပြောခန်းတစ်ခုအနေနဲ့ သဘောထားပေးပါ။"
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသည် အလွန်တိတ်ဆိတ်သွားပြီး အားလုံးက ကျန်းရီ ၏စကားကို နားထောင်ကြသည်။
ဒါပေမယ့် သူတို့ရဲ့စိတ်ထဲမှာတော့ ခုနက ကျန်းရီရဲ့ စကားသည် မမျှော်လင့်ပဲ ပဲ့တင်ထပ်နေသည်။
ရှောင်ရွှယ်က ဟန်ဆောင်နေတာလား။
သူမက မရူးဘူးပဲ!
သူမက စိတ်ရောဂါသည်လို ဟန်ဆောင်နေခဲ့တာပဲ။
ထိုအချိန်တွင် ရှောင်ရွှယ် ၏ ခန္ဓာကိုယ်သည် တုန်ယင်နေသည်။ သူမက ခေါင်းကို ငုံ့ထားလိုက်သည်။ မျက်နှာမှာလည်း မျက်ရည်များဖြင့် ပြည့်နှက်နေသည်။
"မင်းနဲ့ငါ……။"
"မင်း သူ့ကို လိမ်နေခဲ့တာမလား။ သူရဲကောင်းဟိုတယ်အကြောင်း ကြားဖူးတယ်မလား။ မင်းသာမန်ပြန်ဖြစ်သွားပြီဆိုတာနဲ့ သူမင်းကိုသတ်မှာကို ကြောက်နေတာမလား။"
ရှောင်ရွှယ်က ခေါင်းဆက်တိုက်ညိတ်လိုက်ပြီး နောက်ဆုံးမှာတော့ ကျန်းရီရဲ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာခဲ့တယ်။
"မကြောက်နဲ့။ မင်းဖြစ်ခဲ့သမျှကို ပြောပြပါ။"
"သူပေါ်လာလိမ့်မယ်။ သူသိရင် ငါအသေဆိုးနဲ့ သေရလိမ့်မယ်။ ငါမသေချင်ဘူး၊ ငါမသေချင်သေးဘူး"
"ဒါဆို မင်းကို အခုပြောပြမယ်၊ သူ အခု ပေါ်လာရဲရင် ငါ သူ့ကို ချက်ခြင်း ရှင်းပစ်နိုင်တယ်, မင်းယုံလား?"
ရှောင်ရွှယ်က ဒါကို ရှင်းရှင်းလင်းလင်း မခံစားနိုင်ပေမယ့် တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေကတော့ ဒီအချိန်မှာ ကျန်းရီဟာ အရင် ကျန်းရီနဲ့ လုံးဝမတူဘူးဆိုတာ သိသိသာသာကို ခံစားနေရပါတယ်။
အရင်တုန်းက ကျန်းရီဟာ တည်တည်ငြိမ်ငြိမ်နဲ့ နူးညံ့သိမ်မွေ့ပြီး ဘာကိုမှ ဂရုမစိုက်တဲ့ပုံရတယ်။
ထိုအချိန်တွင်၊ ကျန်းရီသည် သူ၏ အေးဆေးတည်ငြိမ်မှုနှင့် နူးညံ့သိမ်မွေ့မှုအပြင် အခြားသူတို့ကို လွန်ကဲသော လုံခြုံမှုကို ခံစားစေရသည်။
အထူးသဖြင့် တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက အမျိုးသမီးပရိသတ်တွေဟာ အဲဒီအချိန်မှာ သူ့ရဲ့စကားကြောင့် အံ့ဩသွားကြပါတယ်။ ကျန်းရီကို တကယ်ပဲ တစ်ခုခုပြောချင်ပေမယ့် ဒီစိတ်တိုစရာကောင်းတဲ့ စတွင်မာက ဘယ်သူ့ကိုမှ စကားပြောခွင့်မပေးထားဘူး။ အရမ်းမုန်းစရာကောင်းနေတယ်။
ရှောင်ရွှယ်က ကျန်းရီ ကို အချိန်အကြာကြီး ကြည့်ပြီးတော့ မျက်ရည်များ အရူးအမူး ထွက်လာပြန်သည်။
"ငါ့မှာ ဖြစ်ပျက်ခဲ့တာကို ဘယ်သူမှ မသိခဲ့ကြဘူး။ ငါဖြစ်ပျက်ခဲ့တာတွေကို လူတိုင်းကို ပြောပြဖို့ ကြိုးစားတဲ့အခါ ဘယ်သူမှ ငါ့ကို မယုံကြဘူး။ တစ်ကမ္ဘာလုံးက လူတွေက ငါ့ကို သံသယဝင်လာတဲ့အခါ၊ ငါ့ကိုယ်ငါ ကာကွယ်ဖို့ လုပ်မှရတော့မယ်။ ပြီးတော့ အရမ်းကို အရေးကြီးတဲ့ အရာတစ်ခုရှိသေးတယ်။ ငါ အဲ့ဒါကို ဘယ်သူ့ကိုမှ မပြောခဲ့ဖူးဘူး၊ အဲဒီညက ငါ နှာခေါင်းသွေးလျှံလို့ ထခဲ့တာမဟုတ်ဘူး!"
ရှောင်ရွှယ် ၏စကားကြောင့် ကျန်းရီ၏မျက်လုံးများ ချက်ချင်းကျဥ်းမြောင်းသွားပြီး "ဘာကြောင့်လဲ?"
"တံခါးခေါက်သံကြောင့်!"
“မနက် လေးနာရီလောက်မှာ တံခါးခေါက်သံက ထွက်လာခဲ့တယ်။
အဲ့အချိန်က နက်နက်ရှိုင်းရှိုင်းကို အိပ်နေခဲ့တာ။
ဒါပေမယ့် တံခါးခေါက်သံက ကျွန်မကို လန့်နိုးစေခဲ့တယ်။
အသံရဲ့ စည်းချက်ကို အခုထိ မှတ်မိနေသေးတယ်။
ဒေါက်.....ဒေါက်-ဒေါက်၊ အရှည်တစ်ခု၊ အတိုနှစ်ခု၊ ခေါက်သံတစ်ခုကြားတွင် ဆယ်စက္ကန့်ကျော် ကြာပြီးတော့ ခေါက်သံနှစ်ခုက ချက်ချင်းဖြစ်ပြီး ခေါက်သံနှစ်ခုကြား ကြားကာလသည် မိနစ်အနည်းငယ်ကြာသည်။"
“အဲဒီတုန်းက ကျွန်မ ဘယ်လောက်ကြောက်နေခဲ့တယ်ဆိုတာ ဘယ်သူမှ မသိကြသလို တံခါးအပြင်ဘက်မှာ ကျွန်မကို ခေါ်နေတဲ့ အသံက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲ ဘယ်သူမှ မသိပါဘူး။
ဒါပေမယ့် Tianning မှာရှိတဲ့ ဒေသခံဒဏ္ဍာရီကို သိနေတဲ့အတွက်ကြောင့် ကျွန်မ အိပ်ယာကထခဲ့ပါတယ်။
Tianning ကလူ သေဆုံးပြီးနောက်တွင် သူသည် ပထမခုနစ်ညတွင် တံခါးကိုလာခေါက်ပြီး သူထွက်ခွာသွားတော့မည်ဖြစ်ကြောင်း ၎င်း၏ဆွေမျိုးများအား အကြောင်းကြားရန် တစ်ကြိမ်နှစ်ကြိမ် ခေါက်မည်ဖြစ်သည်။"
“ဒါက ဒဏ္ဍာရီတစ်ခုပါပဲ။
တံခါးခေါက်သံကို အမှန်တကယ်ကြားခဲ့ရသူက အလွန်နည်းပါးသော်လည်း ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောတုန်းက သူတို့က အဲ့ဒီအကြောင်းတွေကို ပြောပြခဲ့တယ်။
အဲလိုမျိုးဆိုတာ သိလိုက်ရတော့ ကျွန်မတကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေပေမယ့် လုပ်ဖော်ကိုင်ဖက်တွေက အဲ့အသံကိုကြားရင် ထပြီး တုံ့ပြန်ရမယ်လို့ ပြောခဲ့တယ်။
အထူးသဖြင့် မင်းသူနဲ့ ဘာအမျိုးမှမတော်ခဲ့ရင်၊ မင်းသူ့ရဲ့ ဆွေမျိုးယောင်ဆောင်ပြီး သူ့ကိုပို့ပေးလိုက်ရမယ်၊ မဟုတ်ရင် မင်းတစ်သက်လုံး သူက လိုက်ခြောက်နေလိမ့်မယ်!"
“အဲ့ဒီဒဏ္ဍာရီကြောင့်ပဲ တံခါးကိုဖွင့်ပြီး စင်္ကြံလမ်းကို လျှောက်သွားလိုက်တယ်။
အဲဒီတုန်းက သူ့ကိုမမြင်ရပေမယ့် စင်္ကြံလမ်းက အရမ်းအေးပြီး တူးနံ့တွေထွက်နေတယ်။
တံခါးလာခေါက်တဲ့သူက ဒီမှာရှိနေမှန်းသိလိုက်တယ်၊ ဒါကြောင့် အစတုန်းက လုပ်ဖော်ကိုင်ဖက်တွေပြောခဲ့တဲ့နည်းလမ်းကို လိုက်နာပြီးတော့ လေထဲမှာ တံခါးပုံသဏ္ဍာန်ဆွဲပြီး တံခါးကိုဖွင့်ပြီး သူ့ကို လွှတ်လိုက်တဲ့ပုံမျိုး လုပ်ပြလိုက်တယ်"
"အဲ့ဒီလိုလုပ်တဲ့အချိန်မှာ မျက်လုံးမှိတ်ထားလိုက်တယ်။ အေးစက်မှုက ငါ့ဆီ ရောက်လာတာကို ခံစားလိုက်ရတယ်။ အအေးဓာတ်က ဖြည်းဖြည်းချင်း လျှော့သွားတော့မှ မျက်လုံးကိုပြန်ဖွင့်လိုက်တယ်။ ဒါပေမယ့်... မျက်လုံးဖွင့်ပြီး အခန်းကိုပြန်ရောက်လာတော့ ကိုခိုင်ရဲ့ဘေးမှာ လဲလျောင်းနေတာကို တွေ့လိုက်ရတယ်…”