အသက်ရှင်ချင်ရုံံပါ
Vol. 4 Ch. 47
ရှောင်ရွှယ်၏ တွေ့ကြုံခဲ့ရသမျှသည် ကြည့်ရှု့သူများကို တုန်လှုပ်စေခဲ့သည်။
သူမသည် တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူသာမဟုတ်ပဲ မီးလောင်ကျွမ်းနေသောရုပ်အလောင်းကို မြင်လိုက်ရသူ တစ်ဦးလည်းဖြစ်သည်။
"အဲ့ဒီညက မင်းမြင်လိုက်ရကတည်းက မင်းဒီအကြောင်းတွေကို မင်းဘယ်သူ့ကိုမှ မပြောခဲ့တာလဲ"
ထိုအချိန်တွင် ရှောင်ရွှယ်သည် သူမ၏မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်၍ ပြုံးကာ ပြောလိုက်သည် "အဲဒါ ငါမပြောချင်လို့ မဟုတ်ဘူး ပြောလို့မရခဲ့တာ၊ ဒီကိစ္စကို ပြောဖို့လုပ်တဲ့အခါတိုင်း၊ တစ်စုံတစ်ယောက် က ငါ့လည်ပင်းကို ညစ်နေသလို ခံစားလိုက်ရတယ် ၊ အဲ့အချိန် ငါ သေမလို ခံစားလိုက်ရတယ် !”
“အကြောက်ဆုံးကတော့ အဲဒီအချိန်က စိတ်ရောဂါကု ဆရာဝန်နဲ့ သွားတွေ့တဲ့အချိန်ပဲ။
နေ့ခင်းကြောင်တောင်ဆိုတော့ ဘာမှဖြစ်လာမယ်လို့မထင်ထားခဲ့ဘူး။
ဒါ့အပြင်ကို သူမက စိတ်ရောဂါကု ဆရာဝန်တစ်ဦးလည်းဖြစ်နေတယ်။
အဲဒီအချိန်မှာ ကျွန်မ တကယ်ကို ရူးချင်သလိုဖြစ်နေတော့ သူ့ကို အကူအညီ တောင်းချင်ခဲ့တယ်။
ဒါပေမယ့် သူ့ကို အဲ့အကြောင်းတွေပြောခါနီးမှာ လည်ပင်းကို ညှစ်ထားသလို ခံစားလိုက်ရပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းမနိုင်သိမ်းမရနဲ့ ဆရာဝန်ကို တိုက်ခိုက်ခဲ့ပါတယ်။"
“အဲဒီအချိန်ကစပြီး ကျွန်မရဲ့ ဆွေမျိုးတွေနဲ့ ကိုခိုင် ရဲ့ မိဘနှစ်ပါးစလုံးက ကျွန်မကို ရူးသွပ်နေတဲ့သူလို့ မှတ်ယူလိုက်ကြပါတယ်။
ဒါပေမယ့် ကျွန်မ ရူးသွပ်သွားပြီးတဲ့နောက်မှာတော့ သူက အဲဒီ့အချိန်အတောအတွင်းမှာ သိပ်ပြီးတော့ မပေါ်လာခဲ့ဘူး။ အဲ့ဒီတော့ ကျွန်မ တွေးလိုက်မိတာက..။
သူ့ရည်ရွယ်ချက်က ကျွန်မကို ရူးသွပ်စေချင်တာလား?။ ကျွန်မ နားလည်သွားတယ်၊ ဒါကြောင့် ကျွန်မ အရူးတစ်ယောက်ဖြစ်အောင် ကြိုးစားပြီး ကိုခိုင်ကို ကျွန်မရဲ့ အဲ့ဒီကိစ္စတွေကို ပြောဖို့ မကြိုးစားတော့ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်မအဲ့အကြောင်းတွေပြောတာကို သူကြားတိုင်း သူက ကျွန်မထက် ပိုကြောက်နေတာကို ကျွန်မသိလို့ပဲ"
"ဟားဟားဟား၊ သူက ကျွန်မအပေါ် တကယ်ကို ကောင်းပါတယ်၊ ဒါပေမယ့် တကယ်က သူက ကလေးပဲရှိသေးတာကို ကျွန်မကောင်းကောင်းနားလည်ပါတယ်။
သူကျွန်မကို အမြဲကာကွယ်ပေးနေပေမယ့် ဘာလို့ ကျွန်မကလည်း သူ့ကိုမကာကွယ်ချင်ရမှာလဲ။ တခါတရံမှာ ကျွန်မက ဒီမှာ ရှိနေဆဲဆိုတာကို ပြသဖို့အပြင် အရမ်းထိတ်လန့်ပြနေတာကလွဲပြီး အဲဒီအကြောင်းတွေကို ကျွန်မ သူ့ကို ဘာမှ မပြောတော့ဘူး။
ကျွန်မ ညဘက်တွေ ရူးသယောင်ယောင် ဟန်ဆောင်ပြီး လက်က ပေါ်မလာပေမယ့် လက်က ပေါ်လာတယ်လို့ အကြိမ်ကြိမ် ပြောနေတုန်းပဲ။”
“ဒီလိုနည်းနဲ့ လုံလုံခြုံခြုံ နေရမယ်လို့ပဲ ထင်ခဲ့တာ၊ ဒါပေမယ့် သူက ငါ့ဝမ်းထဲက ကလေးကို သေအောင် တွန်းအားပေးချင်ခဲ့တာလို့ ငါ မမျှော်လင့်ထားခဲ့ဘူး။
တူတူသုံးပြီး ကလေးကို ဖျက်ချခဲ့တာ ကျွန်မမဟုတ်ပါဘူး။
တကယ်ကို ကျွန်မ မဟုတ်ခဲ့ပါဘူး...
အဲဒါ သူပဲ။
သူကျွန်မဘေးမှာ ရပ်နေခဲ့တာ။
နောက်ကနေ ကျွန်မလက်နဲ့ တုတ်ကို ကိုင်ပြီး ဗိုက်ကို ထပ်ခါထပ်ခါ ရိုက်နေခဲ့တာ။"
“အဲဒီအချိန်မှာ ကျွန်မ တကယ့်ကို နာကျင်နေခဲ့တယ်။
ငါ့ခန္ဓာကိုယ်ထဲက သွေးတွေ အများကြီးထွက်နေတာကို ငါတွေ့လိုက်ရတယ် ပြီးတော့ အဲ့အချိန် ကိုခိုင်ကလည်း ပြန်ရောက်လာခဲ့တယ်။
ပြင်းပြင်းထန်ထန် နာကျင်မှုကို အံကြိတ်ခံပြီးတော့ သူ့ကို ပြုံးပြပြီးတော့ ရူးချင်ယောင်ဆောင်ခဲ့တယ်။
တစ်ခါတလေ နေရောင်အောက်မှာ ရပ်နေရင်း အဲဒီညက အဖြစ်အပျက်ကို တွေးရင်း ကိုယ့်ကိုယ်ကို ချီးကြူးမိတယ်။
မိဘတွေက ကလေးဘဝကတည်းက ငါ့ကို သိပ်ဂရုမစိုက်ခဲ့ဖူးဘူး၊ အထူးသဖြင့် ငါ့မောင်လေးမွေးလာတော့ ပိုဆိုးပေါ့။
အိမ်မှာ အကုန်လုပ်ရတယ်။"
“တစ်ခါတလေ ဒဏ်ရာရလိုက်တာတွေ ဒါမှမဟုတ် လက်က သွေးထွက်လာတဲ့အခါတွေမှာ မိဘတွေက ကျွန်မကို သာမာန်အပေါ်ယံလောက် ကြည့်ပြီး ဆေးထည့်ဖို့ ကိုယ့်ဘာသာ ဆေးရှာခိုင်းတယ်။
နောက်ပိုင်းမှာ ကျွန်မ အလုပ်လုပ်ဖို့ အိမ်ကထွက်ခဲ့တယ် လူ့ပတ်ဝန်ကျင်အသိုင်းအဝိုင်း အလုပ်ပတ်ဝန်ကျင်အသိုင်းအဝိုင်းက ဆက်ဆံရေး အမျိုးမျိုးရဲ့ နာကျင်မှုတွေကို ရင်ဖွင့်ဖို့ နေရာမရှိခဲ့ဘူး တစ်ယောက်တည်း ကြိတ်မှိတ်ခံခဲ့တယ်။
အဲဒါတွေကြောင့်မို့လို့ပဲ အခုအချိန် ဒီလိုကိစ္စတွေဖြစ်လာတဲ့အခါ ခံနိုင်ရည်ရှိနေခဲ့တာပဲ။
ဒီလို ရူးသွပ်နေမှသာလျှင် ကျွန်မအသက်ရှင်နိုင်မှာ...
ဒီလို အသက်ရှင်နေမှသာ ကမ္ဘာပေါ်မှာ ငါ့အပေါ်ကောင်းပေးတဲ့ ကိုခိုင့်အပေါ်ကို ပြန်ဆပ်ဖို့ အခွင့်အရေးရနိုင်မှာ။ တကယ်လို့ သူငါ့ကို မလိုချင်တော့ဘူးဆိုရင်တောင်မှ ငါ သူ့အတွက် နွားလို မြင်းတစ်ကောင်လို ဖြစ်ပေးအုံးမှာ။"
ရှောင်ရွှယ်စကားပြောနေစဉ် သူမ၏မျက်ရည်များသည် မသိမသာ စီးကျလာသည်။ သူမက သူတို့ကို သတိထားမိပြီး ပေါ့ပေါ့ပါးပါး သုတ်ပစ်လိုက်သည်။
သူမက အလွန်ကို သန်မာတဲ့မိန်းကလေးတစ်ယောက်ပါ။ အဲ့လိုသန်မာလွန်းတာကြောင့်ပဲ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းက ကြည့်ရှုသူတော်တော်များများက သူမအတွက် စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။
ဒါပေမယ့် အခုလို သူမ၏ နှလုံးသားထဲတွင် ဝှက်ထားသော လျှို့ဝှက်ချက်သည် သဘာဝအတိုင်း လုံခြုံစွာပဲ ထုတ်ဖော်လိုက်ပြီး လူတိုင်းက သိလိုက်ကြရသည်၊ ဒါပေမယ့်လည်း သူမ လည်ပင်းကို တစ်ယောက်ယောက်ကညှစ်၍ သေဆုံးလုနီးပါး ဖြစ်သည့် ခံစားချက်ကို မရလိုက်ပါ။
ရှောင်ရွှယ်က ဒါကို သတိပြုမိလိုက်တာကြောင့် ကျန်းရီကို မျှော်လင့်ချက်အပြည့် မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး "မင်းက ဘဘာဝလွန်ဖြစ်ရပ်တွေကို ဖြေရှင်းပေးနေတဲ့ စတွင်မာတစ်ယောက်ပဲ။ ဒါပေမယ့် မင်းငါ့ကို တကယ်ကူညီနိုင်မလားဆိုတာ ငါသိချင်တယ်။"
"ငါက သဘာဝလွန်ဖြစ်ရပ်တွေကို ဖြေရှင်းပေးတဲ့ စတွင်မာဖြစ်လာတာ မကြာသေးပေမယ့် အခုအချိန်အထိ ငါဘယ်တော့မှ မကျရှုံးခဲ့ဖူးဘူး၊ အနာဂတ်မှာလည်း ဘယ်တော့မှ ကျရှုံးမှာမဟုတ်ဘူးလို့ ငါထင်တယ် ရှောင်ရွှယ်ရေ အခု Tianning မြို့ ဟွာလန်လမ်းမှာရှိတဲ့ သူရဲကောင်းဟိုတယ်ကို သွားရဲလား?"
ရှောင်ရွှယ်၏ မျက်လုံးများသည် တဖြည်းဖြည်း ပြူးကျယ်လာပြီး သူမက "ဒါ..ဒါ..."
"မင်းဘာလို့မသွားရဲရမှာလဲ။ မင်းရဲ့စိတ်ဟာ ဒီလိုကြမ်းတမ်းတဲ့ကလေးဘဝကို ဖြတ်ကျော်ခဲ့ကတည်းက မင်းရဲ့စိတ်က အရမ်းကိုသန်မာနေပြီလို့ ငါထင်တယ်။
ဒီလို သန်မာနေလို့ပဲ ရှင်သန်ဖို့အတွက် မိုက်မိုက်မဲမဲ နဲ့ အရူးလို ဟန်ဆောင်နေခဲ့တာပဲလေ။
တခြားသူတွေက သရဲတစ္ဆေတွေက လူတွေကို ကြောက်အောင် ခြောက်နိုင်တယ်လို့ ပြောကြပေမယ့် မင်းဟာ အဲ့သရဲတစ္ဆေကို ပြန်လိမ်ညာခဲ့တဲ့သူပဲ။
အဲ့တာအမှန်ပဲ၊ ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ သဘာဝလွန်ဖြစ်ရပ်တွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ကြည့်ရှုသူတွေ ထောင်ပေါင်း၊ သောင်းပေါင်းများစွာရှိတယ်။
အခုအချ်ိန်မှာ သူတို့က မင်းကို အလွန်ကို ချီးမွမ်းဂုတ်ယူနေကြမယ်လို့ ငါထင်တယ်။ ဘာလို့လဲဆိုတော့ မင်းက သရဲတစ္ဆေတွေကို လိမ်ညာနိုင်ခဲ့တဲ့ ပထမဆုံးသော လူတစ်ယောက်ဖြစ်နေလို့ပဲ"
"မမရှောင်ရွှယ် မင်းက တကယ်ကို သန်မာပါတယ်။ ငါ့နာမည်က ရှောင်ယွီ ပါ၊ ငါက စတွင်မာအစ်ကိုကြီး ကယ်တင်ခဲ့တဲ့ ကျောင်းသူတစ်ယောက်ပါ။ သူ့ကို ငါယုံတယ်... သူက မင်းရဲ့ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်တယ်!"
"ဟုတ်တယ် ညီမလေးရှောင်ရွှယ်ရေ စတွင်မာကို နားထောင်ပြီး အခု Tianning မြို့ကို သွားလိုက်ပါ။ ကြိုးထုံးကို ဖြေတဲ့သူကပဲ အဲ့ကြိုးကို ပြန်ချည်ရမယ်။ ဒီကိစ္စကို မင်းသွားပြီး ဖြေရှင်းသင့်တယ်!"
မစ္စတာဝူရဲ့ စကားပြီးသောအခါ မစ္စတာဟွမ် က "ညီမလေးရှောင်ရွှယ်ရေ စတွင်မာက အရမ်းငယ်သေးပေမယ့် သူက တကယ့်ကို နတ်ဘုရားတစ်ပါးပဲ"
လူအများအပြားက ပြောပေးနေတာကိုမြင်တော့ ရှောင်ရွှယ်က ခေါင်းညိတ်ပြီး "ကောင်းပြီ၊ ငါအခုပဲချက်ချင်းသွားလိုက်မယ် တစ်စုံတစ်ယောက်ကို လိုက်ပို့ ခိုင်းလိုက်မယ်။"
"မင်းအဖေမှာ ကားရှိတယ် မဟုတ်လား။ သူက မောင်းလို့ရတယ်လေ မင်းမိဘတွေကို ဖုန်းဆက်ပြီး မင်းကို ခေါ်သွားခိုင်းလို့ရတယ်။"
ကျန်းရီကပြောလိုက်ပြီး ရှောင်ရွှယ်ကလည်း ခေါင်းညိတ်လိုက်ပြီး "ကိုခိုင်ရဲ့ အဖေက ငါတို့စေ့စပ်ပြီးတော့ ငါ့အဖေကို ကားတစ်စီးဝယ်ပေးခဲ့တယ်"
"ဒါဆို ရှောင်ရွှယ်ရဲ့အဖေ ခိုးနားထောင်နေတာကို ရပ်လိုက်တော့။ သားသမီးတွေက မိဘတို့ရဲ့ နှလုံးသားလို့ ပြောကြတယ်။ မင်းမိဘတွေက တကယ်ကို အရည်အချင်းမပြည့်မီဘူး။ ရှောင်ရွှယ်ရရဲ့ အခြေအနေမှန်ကိုကြားတာတောင် အခုထိ ဘယ်သူမှ မထွက်လာသေးဘူး။ မင်းတို့ ဘာလုပ်နေတာလဲ၊ ငါ့ကို ကြောက်နေတာလား ဒါမှမဟုတ် မင်းရဲ့ငွေသားနွား ကျိုးခိုင် ကို ကြောက်နေတာလား။
ကျန်းရီ၏စကားများသည် လှောင်ပြောင်သရော်မှုများနှင့် ပြည့်နှက်နေခဲ့သည်။ ပြီးနောက် တံခါးဝမှ လူတစ်ဦး ဝင်လာခဲ့သည်။
သူက ဘာမှပြန်မပြောဘဲ ကားသော့ကိုထုတ်လိုက်ပြီး "ရှောင်ရွှယ် အဖေ မင်းကို အဲဒီ့ကို ခေါ်သွားပေးမယ်" လို့ပြောလိုက်တယ်။
ရှောင်ရွှယ်၏မျက်နှာပေါ်တွင် ပျော်ရွှင်မှု ဝမ်းနည်းမှု မရှိခဲ့ဘဲ သူမ တည်ငြိမ်စွာပဲ ခေါင်းညိတ်ပြခဲ့သည်။
ကျန်းရီသည် ကျိုးခိုင်ကို ဘလော့ခ်ထားတာကို ဖြေလိုက်သည်။ ဗီဒီယိုခေါ်ဆိုမှုထဲ ရောက်လာသောအခါ ကြည့်ရှုသူများမှတစ်ဆင့် တစ်စုံတစ်ခုကို သူ ရှင်းရှင်းလင်းလင်း နားလည်ခဲ့လိုက်ရသည်။ အဲ့အချိန် ရှောင်ရွှယ်အား "ရွှယ် အခုဘယ်လိုနေလဲ? ရွှယ် တစ်ချိန်လုံး အကောင်းတိုင်းရှိနေခဲ့တာလား"
ရှောင်ရွှယ်၏ စိတ်သည် ချက်ချင်း ပြိုကျသွားခဲ့သည်။ သူမ တစ်ခုခုပြောချင်သော်လည်း မပြောနိုင်ခဲ့ပေ။
ကျန်းရီက "အခုက ကိုယ်ရေးကိုယ်တာကိစ္စတွေကို ပြောရမယ့်အချိန်မဟုတ်ဘူး။ မစ္စတာကျိုး မင်းလည်း Tianning မြို့ကို အတူသွားသင့်တယ်။ အရာရှိစွန်း၊ မင်းရှိနေသေးလား"
"ငါ အမြဲတမ်း ရှိနေပါတယ်"
“အဲ့ဟိုတယ်က ဖြစ်ရပ်မှာ အသက်ရှင်နေသေးတဲ့လူတွေ ဒါမှမဟုတ် သေဆုံးသူတွေရဲ့ မိသားစုတွေကို ဖုန်းဆက်ပြီး ဟွာလန်းလမ်းကို သွားခိုင်းလိုက်ပါ။ တစ်စုံတစ်ယောက်က သွားဖို့ဆန္ဒမရှိခဲ့ရင် အတင်းအကြပ်လုပ်စရာမလိုဘူး။ သူတို့ဆန္ဒအတိုင်းပါပဲ "
အရာရှိစွန်း က တစ်ခုခုကို စဥ်းစားမိသွားပုံရပြီး "စတွင်မာ မင်းဘာလုပ်မလို့လဲ" လို့မေးလိုက်တယ်။
"မီးလောင်ကျွမ်းထားတဲ့ နတ်ဆိုးတစ္ဆေတစ်ကောင်က ဒီလိုကိစ္စရပ်တွေ ကြူးလွန်နေတာ ဆယ်နှစ်ရှိပြီ။ မင်းတို့မသိချင်ဘူးလား အဲ့ဒီနတ်ဆိုးတစ္ဆေက လူတွေရှေ့မှာ သူ့ရဲ့ကြောက်လန့်နေတဲ့ပုံစံကို "