← Chapters

မီးလောင်းထားတဲ့ ပုံရိပ်

Vol. 4 Ch. 48

မီးလောင်းထားတဲ့ ပုံရိပ်

Vol. 4 Ch. 48

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များသည် ယခုအချိန်တွင် ရှောင်ရွှယ်နဲ့အတူ Tianning မြို့သို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ကြသည်။

ညသန်းခေါင် တစ်နာရီခန့်တွင် ရှောင်ရွှယ် သည် Tianning မြို့ရှိ ဟွာလန်းလမ်းသို့ ပထမဆုံးရောက်ရှိခဲ့သည်။

ထိုနေရာသို့ရောက်သောအခါ လမ်းဘေးတွင် ဆေးလိပ်သောက်နေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူသည် ရဲအရာရှိစွန်း ဖြစ်သည်။

ကြည့်ရတာတော့ လောင်စွန်းက ဒီကိစ္စနဲ့ပတ်သတ်ပြီး ဂရုစိုက်ပုံရသည်။ သူရဲကောင်းဟိုတယ် ဖြစ်ရပ်ကြောင့် ထိခိုက်ခဲ့ရသူများကိုလည်း ကျယ်ပြန့်စွာပဲ ထုတ်ဖော်ခဲ့သူလည်းဖြစ်သည်။

ရှောင်ရွှယ်နှင့် အခြားသူများ ရောက်ရှိလာသည်ကိုမြင်တော့ လောင်စွန်းသည် စီးကရက်ကို မီးသတ်လိုက်ပြီး ကားဆီသို့ လျှောက်သွားကာ "ရှောင်ရွှယ် ငါက ရဲအရာရှိ လောင်စွန်းပါ မင်းမြန်မြန်ရောက်လာမယ်လို့ မထင်ထားဘူး"

ရှောင်ရွှယ်သည် လောင်စွန်း၏နောက်သို့ ကြည့်လိုက်ပြီး ဤကြောက်စရာကောင်းသောနေရာကို အခြားမည်သူမျှ ထပ်မလာချင်တော့ကြောင်း သဘောပေါက်လိုက်သည်။

လောင်စွန်းကလည်း သက်ပြင်းချလိုက်ပြီး "ကျွန်နော် ဆက်သွယ်နိုင်တဲ့လူက များများစားစား မရှိဘူး၊ Tianning မြို့နဲ့ကလည်း တော်တော်လေးဝေးတယ်။ ဖြစ်ပျက်ပြီးတဲ့ နောက်မှာ လူတော်တော်များများက ဒီဟိုတယ်နဲ့ဝေးဝေးမှာပဲ နေတော့တယ်၊ ဒါကြောင့် မင်းတို့ကပဲ ဒီကိုလာတဲ့သူတွေပဲ"

"နားလည်ပါတယ် စတွင်မာ ငါတို့အဲ့ဒီကိုရောက်နေပြီ၊ ငါတို့ဘာဆက်လုပ်ရမလဲ"

​ရှောင်ရွှယ်သည် ရှေ့လမ်းကြားကို ကြည့်လိုက်သည်။ ဒီလမ်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ရှိခဲ့ပြီး ဒီနေ့အထိလည်း ရှိနေဆဲပါပဲ။

လမ်းကသွယ်ပြီး နက်ရှိုင်းသည်။ လမ်းမီး မှိန်မှိန်သည် မဖြစ်သင့် မမြင်သင့်သော ထူးဆန်းမှုအချို့ကို လူတို့မြင်နိုင်စေရန်အတွက် ပြချင်နေသလို ဖြစ်နေသည်။

အားလုံးက လမ်းကြားကို ကြည့်နေစဥ်မှာပဲ မနီးမဝေးမှာ ကားမီး မှိတ်တုတ်မှိတ်တုတ် လင်းလာခဲ့သည်။

ကျိုးခိုင် လည်းရောက်လာခဲ့သည်။

သူက ကားကိုရပ်လိုက်ပြီး ရှောင်ရွှယ်ကို ချက်ချင်း လက်နှစ်ဖက်နဲ့ ဖက်လိုက်ပေမယ့် စကားအများကြီးတော့ မပြောခဲ့ပါဘူး။

ဒီအချိန်မှာ အရေးကြီးဆုံးက ကျန်းရီရဲ့ စကားကို နားထောင်ဖို့ပဲဆိုတာ သူသိနေပါတယ်။

“ဘယ်သူမှ မလာတဲ့အတွက် မင်းတို့နှစ်ယောက်ကပဲ ဒီကိစ္စကိုလုပ်ရမယ်။ သူရဲကောင်းဟိုတယ်က မရှိတော့တာကြာပြီ၊ ဒါပေမယ့် ​ဆယ်နှစ်ကျော်ကြာအောင် ညဥ့်နက်မှ တည်းခိုဖို့နေရာရှာနေသူတွေအတွက် အမြဲတမ်း မီးလင်းနေခဲ့တယ်။ ဒါပေမယ့် အခုအချိန် မီးလင်းမှာမဟုတ်ဘူးလို့ ငါထင်တယ်”

"ဘာလို့လဲ ရှောင်ရွှယ်က မသေသေးလို့လား?" ပရိသတ်တစ်ဦးက မေးလိုက်တယ်။

ကျန်းရီက ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး၊ ငါတို့လာမယ်ဆိုတာ သူသိလို့ပဲ"

ကျန်းရီ၏စကားကိုကြားတော့ ရှောင်ရွှယ် အနည်းငယ်စိုးရိမ်သွားသည်။

သူမသည် မသိစိတ်ကနေ ကျိုးခိုင်ဆီသို့ ခေါင်းကိုမှီလိုက်သည်။

ဤအချိန်တွင် သူမသည် အမှန်တကယ်ပင် အားနည်းလွန်းနေခဲ့သည်။

တစ်နှစ်ခွဲကျော်ကြာအောင် သူမရင်ထဲ နစ်မြုပ်နေခဲ့ရသည့် အကြောက်တရားကို အခု သူမ တိုက်ရိုက်ရင်ဆိုင်ရမည့်အခါ သူမသည် မည်မျှပင် သန်မာနေပါစေ နောက်ဆုံးတွင် သူမသည် မိန်းမသားတစ်ယောက်မျှသာ ဖြစ်သည်။

"ရှောင်ရွှယ်မင်းနဲ့ ကျိုးခိုင် အတူတူ လမ်းကြားကို ဝင်သွားရမယ်။ နောက် ငါရပ်ဖို့ ပြောမှ မင်းရပ်လို့မယ်။"

ရှောင်ရွှယ်နဲ့ ကျိုးခိုင်တို့ နှစ်ယောက်လုံး ခေါင်းညိတ်ပြပြီး လက်ဆွဲပြီး လမ်းကြားထဲကို ဝင်သွားခဲ့တယ်။

ထိုသူနှစ်ယောက်ကိုကြည့်လိုက်တော့ လောင်စွန်းက အနည်းငယ်စိုးရိမ်သွားသလို ခံစားလိုက်ရသည်- "စတွင်မာ ငါပါ သူတို့နဲ့လိုက်သွားလိုက်ရင် ဘယ်လိုလဲ"

"မင်းသွားချင်ရင် မင်းဘေးနားမှာ အဖော်တစ်ယောက်ရှိမှ သွားလို့ရမယ်၊ ဒါပေမယ့် မင်းကတစ်ယောက်တည်းသမား မင်းသွားလို့မရဘူး"

ကျန်းရီက ပြန်ပြောလိုက်သည်။ လောင်စွန်းက ခေါင်းကို ရှက်ရှက်နဲ့ ကုတ်လိုက်ပြီး ဘာမှပြန်မပြောခဲ့ပယဘူး။ မကြာမီတွင် ရှောင်ရွှယ်နှင့် ကျိုးခိုင်တို့၏ ရုပ်ပုံသဏ္ဍာန်များသည် တဖြည်းဖြည်း မှုန်ဝါးလာခဲ့သည်။

မကြာခင်မှာပဲ ရှောင်ရွှယ် နှင့် ကျိုးခိုင်တို့ဟာ လမ်းလယ်ခေါင်ကို ရောက်သွားခဲ့သည်။ ကျိုးခိုင်က ရှောင်ရွှယ်ကို သူ့ဘေးသို့ဆွဲလိုက်ပြီး "တကယ်လို့ ကိုမှတ်မိတာမမှားရင် ဆယ်မီတာအကွာက သူရဲကောင်းဟိုတယ်ရဲ့ ဆိုင်းဘုတ်ကို ငါတို့ဒီနေရာမှာ လမ်းလျှောက်နေရင်းနဲ့ တွေ့လိုက်ရတာမလား။"

"ဖြစ်နိုင်တယ်။"

"စတွင်မာ ဒီဟိုတယ်ကို ဘယ်လိုလုပ်မှ မြင်ရမှာလဲ"

ကျန်းရီက "ရှောင်ရွှယ် တံခါးဘယ်လိုခေါက်ခဲ့တာကို မှတ်မိသေးလား။"

"ဟုတ် ငါမှတ်မိပါသေးတယ်။"

"ကောင်းပြီ၊ မင်း သူရဲကောင်းဟိုတယ်ရဲ့ တံခါးရှေ့ကို ရောက်နေပြီလို့ထင်ရင် မင်းလက်ကို မြှောက်ပြီး တံခါးကိုခေါက်လိုက်။"

"ရှောင်ရွှယ်က တံခါးခေါက်ရမယ်!"

ကျန်းရီက ဆက်ပြောလိုက်သည် ၊ ရှောင်ရွှယ်နှင့် ကျိုးခိုင်သည် ရှေ့သို့ ဆက်သွားခဲ့သည်။

သူတို့မှတ်ဉာဏ်ထဲက နေရာကို ရောက်တဲ့အခါ ရှောင်ရွှယ်က ရပ်လိုက်တယ်။ သူမသည် ကျိုးခိုင်ကို ဦးစွာကြည့်ပြီးနောက် ကျိုးခိုင်၏ဖုန်းရှိ ကျန်းရီကိုကြည့်လိုက်သည်။ ကျန်းရီက ခေါင်းညိတ်လိုက်သောအခါ သူမလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

ထိုအချိန်တွင် ကျိုးခိုင်သည် ထင်ယောင်ထင်မှားဖြစ်နေသလို ရှောင်ရွှယ်၏ နှလုံးခုန်သံကို သူကြားနေရသလို ဖြစ်နေပြီး သူကိုင်ထားသည့် သေးငယ်လှသောလက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပေးရုံမှအပ သူမအား သူမကူညီနိုင်ပေ။

ရှောင်ရွှယ်သည် သူမ၏လက်ကို လေထဲသို့ မြှောက်လိုက်ပြီး တံခါးကို တစ်ကြိမ်ခေါက်လိုက်သည်။

"ဘုန်းး!"

ဤအသံသည် ကျန်းရီမှ ပြုလုပ်လိုက်တာဖြစ်ပြီး ကျယ်လောင်လွန်းလှသည့် အတွက် ရှောင်ရွှယ်သည် အလွန်ထိတ်လန့်တုန်လှုပ်သွားလေသည်။

"ခဏသည်းခံလိုက် နောက်ပိုင် မင်းကြောက်တော့မှာ မဟုတ်ဘူး"

ရှောင်ရွှယ်သည် အနည်းငယ် အသက်ပြင်းပြင်းရှူလိုက်ကာ ခဏတာစောင့်ဆိုင်းပြီးနောက် နှစ်ကြိမ် အမြန်ခေါက်လိုက်သည်။

"ဘုန်းး!"

"ဘုန်းး!"

ကျန်းရီက နောက်ဆုံး တံခါးခေါက်သံကို ပြုလုပ်ပြီးတဲ့ နောက်မှာတော့ ရှောင်ရွှယ်ကို "မင်းမျက်လုံးတွေကို ပိတ်ထားလိုက်၊ မစ္စတာကျိုးလည်း ပိတ်ရမယ်။"

သူတို့နှစ်ယောက် တစ်ချိန်တည်း မျက်လုံးမှိတ်ထားလိုက်ကြပြီး ထိုအချိန်တွင် သူတို့ဘေးနားတွင် အလင်းတန်းတစ်ခု လင်းလာသည်။

ထိုမီးရောင်ဆိုင်းဘုတ်ပေါ်တွင် သူရဲကောင်းဟိုတယ်ဟူသော စကားလုံးများကို ရှင်းရှင်းလင်းလင်း ရေးသားထားသည်။

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ပရိသတ်တွေက မယုံနိုင်လောက်အောင် ဖြစ်သွားကြပါတယ်။

ကြည့်ရှု့သူ A-"ဝှက်သယ်**၊ အဲ့ဒါက အခြားအာကာသ ဒိုင်မေးရှင်းမှာ ရှိနေတာတော့ မဟုတ်ဘူးမလား။"

ကြည့်ရှု့သူ B-"အပေါ်ကကောင် မင်း anime တွေ ကြည့်တာများနေပြီ ။ အခုမြင်နေရတာတွေက အစစ်အမှန်မဟုတ်တာတွေ ဖြစ်နေနိုင်တယ်။"

ကြည့်ရှု့သူ C-"တကယ်လို့ ကိုယ့်မျက်စိနဲ့သာ မမြင်မိခဲ့ရင် ဒီလိုမြင်ကွင်းမျိုး ရှိမယ်လို့ ယုံမိမှာ မဟုတ်ဘူး။ သရဲတစ္ဆေတွေက လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတာပဲ၊ ဒါက မှော်ဆန်တဲ့ အရာတစ်ခုပဲ။"

ကျန်းရီသည် ပရိတ်သတ်တွေရဲ့ ပေါက်ကရမန့်တွေကို ကြည့်ပြီး ပြုံးကာ "ဟုတ်တယ်၊ ကိုယ့်မျက်စိနဲ့မြင်နေရရင်တောင် အမှန်လို့ ယုံစရာ မလိုဘူး။ ရှောင်ရွှယ်မင်း မျက်လုံးဖွင့်ပြီး ဝင်သွားလို့ရပြီ"

ရှောင်ရွှယ်နဲ့ ကျိုးခိုင် နှစ်ယောက်လုံး မျက်လုံးဖွင့်ကြည့်လိုက်တော့ သူရဲကောင်းဟိုတယ်ရဲ့ တံခါးပွင့်လာတာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဝင်သွားခဲ့သော်လည်း ဟိုတယ်ထဲတွင် မည်သူမျှ ရှိမနေပေ။

သူတို့ ဓာတ်လှေကားနဲ့ ရှစ်ထပ်ကို တန်းတန်းမတ်မတ်တက်သွားပြီး ဓာတ်လှေကားကနေ ထွက်လိုက်တာနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ အအေးဓာတ်က သူတို့အပေါ်ကို လွှမ်းခြုံသွားတယ်။

ထိုအချိန်တွင်၊ ကျိုးခိုင်နှင့် ရှောင်ရွှယ် တို့သည် သူတို့၏မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်မှုကို မဖုံးကွယ်နိုင်တော့ပေ။ အခန်း ၈၀၇ ရဲ့ တံခါးဆီသို့ လျှောက်သွားလိုက်သောအခါတွင် ကျိုးခိုင် နှင့် ရှောင်ရွှယ်တို့၏ ခန္ဓာကိုယ်များ တုန်ယင်နေမှန်း ပရိသတ်များက ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။

"မစ္စကျိုး၊ ကျေးဇူးပြုပြီး နောက်ပြန်လှည့်လိုက်ပါ။" ကျန်းရီက ပြောလိုက်သည်။

ကျိုးခိုင်က တွံတွေးကို မျိုချလိုက်ပြီး အံကြိတ်ကာ နောက်ပြန်လှည့်လိုက်သည် ။ ကျန်းရီက သူ့ကို "ဖန်းယု ပြောခဲ့တာကို မှတ်မိသေးလား"

"မှတ်မိပါတယ် သူရှစ်ထပ်ကို ဒုတိယအကြိမ်ရောက်တဲ့အခါမှာ ဆန့်ကျင်ဘက်အခန်းက ချောင်းကြည့်ပေါက်ကို ကြည့်ခဲ့တယ်လို့ ပြောခဲ့တယ်"

"ကောင်းပြီ၊ မင်းလည်း ကြည့်သင့်တယ်"

"ငါ..." ကျိုးခိုင်က ပြောမလို့လုပ်တုန်း ရှောင်ရွှယ်က "ကျွန်မ ကြည့်လိုက်မယ်လေ"

"အခုက မင်းသူ့ကိုကာကွယ်ရမယ့်အချိန်မဟုတ်ဘူး။

ကြည့်ဖို့က သူ့အပေါ်မှာပဲ မူတည်တယ်။

မဟုတ်ရင် မင်းအခန်းထဲပြန်ရောက်တဲ့အခါ ကျိုးခိုင်ရဲ့ ဘေးမှာ အဲဒီလူက ဘာလို့ရှိနေရတာလဲ။ ဒီအတွက် အကြောင်းပြချက်မရှိဘူးလို့ မင်းထင်လား။ ဒါပေမယ့် မစ္စတာကျိုး လူတိုင်းမြင်နိုင်ဖို့ မင်းဖုန်းရဲ့ကင်မရာကို ချောင်းကြည့်ပေါက်ကနေ တိုက်ရိုက်ပြဖို့ အကြံပြုချင်တယ်။"

ကျိုးခိုင်သည် သူ၏မသိစိတ်မှ ခေါင်းညိတ်လိုက်ကာ သူ့ဖုန်းကိုကိုင်ကာ ဆန့်ကျင်ဘက်တံခါးဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။

ပိုနီးလေလေ ပိုအေး​လေလေ ပိုခံစားရလေလေပါပဲ။ နောက်ဆုံးတော့ တံခါးဝကို ရောက်တဲ့အခါမှာတော့ ဖုန်းကို ချောင်းကြည့်ပေါက်နားသို့ ကပ်လိုက်သည်။

ဒါပေမယ့် မည်းမှောင်နေပြီး ဘာမှ မမြင်ရပါဘူး။

"မျက်လုံးကို မှိတ်ထားလိုက်"

ကျန်းရီက သူ့ကို သတိပေးလိုက်တယ်။ ကျိုးခိုင် နှလုံးက ဇာတ်ခနဲ တစ်ချက် ခုန်သွားပြီး ချက်ချင်း မျက်လုံးမှိတ်လိုက်သည်။

ခဏလောက်ကြာတော့ တဟုန်းဟုန်း တောက်လောင်နေတဲ့ မီးတောက်တွေကို သူမြင်လိုက်ရသည်၊ ဒါပေမယ့် အဲ့မီးတောက်တွေထဲမှာ မီးလောင်ကျွမ်းနေတဲ့ ခန္ဓာကိုယ်က အခန်းရဲ့ ထောင့်တစ်နေရာမှာ ခွေခွေလေးကပ်နေတယ်။

သူ့ရဲ့ခန္ဓာကိုယ်က တုန်ရီနေ​​ပြီး ကျိုးခိုင်ကို တွေ့ဖို့ ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့မျက်လုံးတွေက အရမ်းနီရဲနေခဲ့တယ်။

All Chapters