နှုတ်ဆက်ခွဲခွာခြင်း
Vol. 4 Ch. 49
ကျိုးခိုင်သည် သူ၏လက်ကိုင်ဖုန်းမှတဆင့် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ ပရိသတ်များသည် မီးထဲတွင် ထိုပုံသဏ္ဍာန်ရှိနေကြောင်း ရှင်းရှင်းလင်းလင်း သိမြင်လိုက်ရသည်။
သူသည် အလွန်ကြောက်လွန်နေပုံရသည်။ ပြီးတော့ ဤသို့ တုန်လှုပ်ချောက်ချားနေသော အသွင်အပြင်ကြောင့် ဒီလို ဆိုးရွားသော အဖြစ်အပျက်များ၏ လက်သည်တရားခံဟုပင် တွေးတောင် မတွေးမိနိုင်ပေ။
"အဲ့ဒီတံခါးကိုဖွင့်လိုက်။"
ကျန်းရီက ကျိုးခိုင်ကို သတိပေးလိုက်သည်။ အဲ့ဒီပုံသဏ္ဍာန်က အရမ်းကြောက်နေပုံရပေမယ့် ကျိုးခိုင်က ဖုန်းကို အရမ်းနီးကပ်စွာကိုင်ထားတာကြောင့် ရှောင်ရွှယ်က ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ဘူး။
"တံခါးဖွင့်လိုက်ပါ၊ သော့မလိုဘူး"
ကျန်းရီ၏အသံကြောင့် ကျိုးခိုင်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး အေးစက်နေသော တံခါးလက်ကိုင်ကို ဆွဲကိုင်လိုက်သည်။
မူလက သော့လိုအပ်သော တံခါးသည် အလွယ်တကူပဲ ပွင့်သွားခဲ့သည်။
တံခါးဖွင့်လိုက်သောအခါ မီးတောက်တွေက သူ့အပေါ်ကို လွှမ်းခြုံသွားပြီး ကျိုးခိုင်သည် မသိစိတ်ကနေ နောက်ပြန်ဆုတ်လိုက်မိသည်။
"မင်းသူ့ကိုတွေ့လိုက်လား ရွှယ်ရေ အဲ့ဒါ သူပဲ ဟုတ်တယ်မလား။"
ရှောင်ရွှယ်၏ အပေါ်နှင့်အောက် သွားတန်းများကို တင်းတင်းကြပ်ကြပ် ကိုက်ကာ အံကြိတ်လိုက်ပြီး သူမသည် ခေါင်းကို အရူးအမူး ငြိမ့်ပြလိုက်သည်။
"သူပဲ၊ ဟုတ်တယ်...အဲ့ဒါ သူပဲ!"
ရှောင်ရွှယ်က ပြောပြီး မျက်နှာအသွင်အပြင်ကိုတောင် လုံးဝမမြင်ရတဲ့ အဲ့ဒီအမျိုးသားကို လက်ညှိုးထိုးပြပြီးတော့ အခန်းထဲက မီးတောက်တွေဟာ ချက်ခြင်းပျောက်သွားသည်။
တကယ်တော့ သူရဲကောင်းဟိုတယ်ကြီးပါ ပျောက်ကွယ်သွားတယ်။
ကျန်ခဲ့တာကတော့ အေးစက်နေတဲ့လမ်းနဲ့ အမှိုက်ပုံးဘေးမှာ ကပ်နေတဲ့ မီးလောင်ကျွမ်းထားတဲ့ လူတစ်ယောက်။
သူ့မျက်လုံးများသည် ကျိုးခိုင် ၏ ဖုန်းကို ရံဖန်ရံခါ တစ်ချက်တစ်ချက်ကြည့်လိုက်ပြီး ၎င်းကိုကြည့်လိုက်တိုင်း အလွန်ကြောက်စရာကောင်းသည့်အရာတစ်ခုကို ကြုံတွေ့ရပုံရသည်။
နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ မြေပြင်ပေါ် တွင် ဒူးထောက်လိုက်တယ်။ သူက ကျိုးခိုင်၏ ရှေ့သို့ ဒူးထောက်လျက်သား ရောက်လာပြီး ခေါင်းကို မြေပြင်ပေါ် အရူးအမူး ရိုက်ချလိုက်သည် ။
"သွားခွင့်ပြုပါ ကျေးဇူးပြုပြီး သွားခွင့်ပေးပါ..."
ဘယ်သူကို သွားခွင့်တောင်းနေတာလဲ။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ပရိသတ်များသည် ကျန်းရီကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး တစ်ခုခုကို နားလည်သွားခဲ့ကြသည်။
ဟုတ်ပါတယ်၊ ကျန်းရီဟာ တိုက်ရိုက်ထုတ်လွှင့်မှုရဲ့ ၂ ရက် ၃ ရက်ဆက်တိုက်အတွင်းမှာပဲ သဘာဝလွန်ဖြစ်ရပ်တိုင်းကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သရဲမျက်နှာ ဖြစ်ရပ်က အမေနဲ့သား၊ နေလရေကန် သရဲသိုက်က အမျိုးမျိုးသောဝိညာဥ်တွေ နှင့် သရဲလေးဟု အမည်ပေးထားသော ရှောင်ယုလေးရဲ့အဖြစ်အပျက်များတွင် သူ၏ ဖြေရှင်းချက်များသည် အမြဲတမ်း နူးညံ့သိမ်မွေ့နေခဲ့သည်။
သူသည် ဝိညာဉ်ကို ဤမျှထိ ကြောက်အောင် မလုပ်ဖူးခဲ့ပေ။
ကြည့်ရှု့သူ A-"စတွင်မာ မင်းကိုဒီလိုကြည့်လိုက်ရုံနဲ့ သူက အရမ်းကြောက်သွားတာလား"
ကြည့်ရှု့သူ B-"ဒီလ်ိုတော့ မဟုတ်ဘူးထင်တယ်။ စတွင်မာက အရမ်းကြောက်စရာကောင်းနေရင် ရှောင်ယုက သူ့ကိုမြင်ရင် ဘာလို့ မကြောက်ရတာလဲ၊ ပြီးတော့ ရှောင်ယွီရဲ့ အဖွားကလည်း သူ့ကိုမြင်ရင် ဘာလို့ မကြောက်ရတာလဲ။
ကြည့်ရှု့သူ C-"စတွင်မာ ဒီနတ်ဆိုးက ရုတ်တရက် အသိတရားရသွားတာလား။"
စိတ်မကောင်းစွာပဲ ဤကဲ့သို့ ဆိုးဝါးလှသော သရဲတစ္ဆေသည် အသိတရားရသွားရန် လုံးဝမဖြစ်နိုင်ပေ။ ဒါဆို အကြောင်းရင်းတစ်ခုပဲရှိတော့တယ် သူကြောက်နေလို့ပဲ ။
ကျန်းရီသည် တည်ငြိမ်သော မျက်လုံးများဖြင့် တစ္ဆေကို စိုက်ကြည့်ကာ "မင်းကို လွှတ်ပေးဖို့ အကြောင်းတစ်ခုခုရှိလို့လား?"
"ငါ...မရဏကမ္ဘာမှာ မရဏ စည်းကမ်းတွေရှိသလို၊ နေရောင်အောက်က ကမ္ဘာမှာလည်း သူ့စည်းကမ်းနဲ့သူရှိတယ်။ ငါက မင်းရဲ့ထိန်းချုပ်မှုအောက်မှာမဟုတ်ဘူး"
ကျန်းရီက အနည်းငယ် ပြုံးလိုက်ပြီး "မင်းပြောတာက နည်းနည်းတော့ မှန်နေပုံရတယ်၊ ဒါပေမယ့် ယုတ္တိမတန်တဲ့ အရာတွေလည်း အများကြီး ရှိနေတယ်၊ အဲ့ဒါ မင်းနဲ့ မတူဘူး။ ငါ့ကို ပြောစမ်း၊ သေတာတောင် ဆယ်နှစ်ကြာနေပြီ လူပြန်မဝင်စားပဲ ဒီကမ္ဘာမှာ ဆက်နေရတဲ့ ရည်ရွယ်ချက်က ဘာလဲ ”
“ငါ သေတဲ့အချိန်မှာ ငါ့အသက်က နှစ်ဆယ့်ကိုးနှစ်ပဲ ရှိသေးတယ်။
ပြီးတော့ငါက ကုမ္ပဏီတစ်ခုရဲ့ ရာထူးကြီးကြီးထဲက တစ်ယောက်၊ ငါ့ရဲ့နှစ်စဉ် ၀င်ငွေက ယွမ် တစ်သန်းနီးပါးရှိတယ်၊ ငါ့ရဲ့ မွေးရပ်မြေမှာဆိုရင် ငါက အလားအလာ အရှိဆုံး လူတစ်ယောက်ဖြစ်ခဲ့တယ်။
ပြီးတော့ငါ့မှာ ဇနီးတစ်ယောက်ရှိပြီး ငါရဲ့ဇနီးသည်ကလည်း လူတိုင်းမနာလိုရလောက်အောင် ချောမောလှပတယ်။
ပြီးတော့ သူမရဲ့ ဗိုက်ထဲမှာ ငါ့ရဲ့ကလေးလည်းရှိနေတယ်၊ ငါ့ရဲ့ ဘဝက လုံးဝကို ပြီးပြည့်စုံနေပြီ။
ဘာကြောင့်လဲ? ဒီမီးထဲမှာ ငါက ဘာလို့သေခဲ့ရတာလဲ"
"မတရားဘူး၊ ဒီကမ္ဘာကြီးက လုံးဝမတရားဘူး!"
ထိုလူက အော်ဟစ်လိုက်ပြီး ကျန်းရီက "ဒီကမ္ဘာပေါ်မှာ မတရားတဲ့အရာတွေ အများကြီးရှိတယ်၊ ပြီးတော့ မင်းတစ်ယောက်တည်းပဲ သေခဲ့တာ မဟုတ်ဘူး။ ဒီမီးလောင်မှုမှာ လူနှစ်ဆယ့်ခြောက်ယောက်တောင် သေဆုံးခဲ့တာ"
“ဒါပေမဲ့ အဲဒီခွေးမက ငါ့ကလေးကို ဖျက်ချခဲ့တာ ဘာကြောင့်လဲ အဲ့ဒါက ငါ့ရဲ့ ကျန်ခဲ့တဲ့ မျိုးဆက်၊ ငါ့တစ်မိသားစုလုံးရဲ့ အနာဂတ်ကွ။
ငါသေပြီး နောက်နေ့မှာပဲ သူမ ဆေးရုံကို သွားပြီး လူတိုင်းရဲ့နောက်ကွယ်မှာ ကလေးကို ဝေဒနာတစ်ခုခုရှိအောင် လုပ်နေတာကို တွေ့လိုက်ရတယ်။
ငါ့ကလေးက ဘယ်အချိန်မဆို မွေးလို့ရနေပြီ။ ဘာကြောင့် အဲ့ခွေးမက ငါ့ကလေးကို သက်ခဲ့ရတာလဲ? ငါ့ကလေးက အသေလေးမွေးလာခဲ့တယ်"
တစ္ဆေက ပြင်းထန်တဲ့ နာကြည်းမှုတွေဖြင့် ပြောပြနေခဲ့ပြီး သူ့စကားမှာ ရပ်တန့်မသွားပေ။
"ဆယ်နှစ်တောင် ကြာခဲ့ပြီ။ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း အဲဒီနေ့မှာ အဲ့ဒီတစ်ကြိမ်ပဲ အိမ်ပြန်လို့ခဲ့တယ်၊ နောက်တော့ အိမ်ပြန်တဲ့လမ်းကို ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူး။ အိမ်ပြန်တဲ့လမ်းကို ရှာမယ်လုပ်တိုင်း ဒီနေရာကိုပဲ ပြန်ပို့ခံနေရတယ်။ ငါသာ အဲ့ဒီ ခွေးမကို သတ်လို့ရခဲ့ရင် ငါ သူတို့ကို ဘယ်လိုလုပ် တိုက်ခိုက်ရမှာလဲ။
"ဒါဆို မင်းက အရမ်းသနားစရာပဲ"
ကျန်းရီက ပြောလိုက်သည်။ ဒါပေမယ့် သူစကားက ရွဲ့စောင်းသလို ဖြစ်နေတယ်။
တစ္ဆေက ခေါင်းကိုမော့ကာ ကျန်းရီကိုကြည့်လိုက်သည်- "ဟုတ်တယ် ငါမှားသွားခဲ့တယ်။ သူတို့ရဲ့ဘဝကို မနာလိုဖြစ်ပြီး ငါမသတ်ခဲ့သင့်ဘူး။ ငါကျူးလွန်ခဲ့တဲ့အပြစ်တွေကို ငါသိပါတယ်။ ဒါပေမယ့် ကျေကျေနပ်နပ်ကြီးကို နောင်ဘဝမှာ ခွေးတွေ ဝက်တွေဖြစ်ပေးပြီး ငါ့အပြစ်တွေကို ဆပ်မှာပါ”
"ဒါပေမယ့် မင်း သူတို့ကိုရော အခွင့်ရေး ပေးခဲ့လား?" ကျန်းရီက ပေါ့ပေါ့ပါးပါး မေးလိုက်တယ်။
"ငါ……"
"မင်း.....ထပ်ပြောစရာရှိသေးလား"
ကျန်းရီ၏လေသံသည် အေးစက်လာပြီး၊ တစ္ဆေသည် မြေပြင်ပေါ်တွင် ဒူးထောက်နေကာ ကျန်းရီကို တောင်းပန်နေသည်။
ဒါပေမယ့် ကျန်းရီကတော့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ဘယ်တော့မှ မယိမ်းယိုင်သွားစေပါဘူး။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ပရိသတ်များပင်လျှင် လေးလေးနက်နက် ဆွေးနွေးနေကြသည် ။
ကြည့်ရှု့သူ A-"ကံကြမ္မာက သူ့ကို မတရားဆက်ဆံတာကြောင်ပဲ တခြားသူတွေကို သူ့လိုဖြစ်အောင်တော့ မလုပ်သင့်ဘူး"
ကြည့်ရှု့သူ B-"စတွင်မာသာ မရှိခဲ့ရင် နောက်ထပ်ဆယ်နှစ်၊ နှစ်နှစ်ဆယ်လောက်ထိ သူ့ကြောင် အပြစ်မဲ့သူတွေ ဘယ်နှစ်ယောက်လောက် သေရဦးမှာလဲ"
ကြည့်ရှု့သူ C-"ဟုတ်တယ်၊ ကြောက်စရာကြီး။ လူတွေကို ရူးအောင် လုပ်ပြီး သတ်သေအောင် တွန်းပို့နေတာဟာ မနာလိုတာ တစ်ခုတည်းတင်မဟုတ်ဘူး။ သူက နတ်ဆိုးပဲ။ သူ့သဘာကိုက နတ်ဆိုးပဲ!"
"ကြင်နာမှု နဲ့ ကရုဏာကို လူတို့အား အမြဲပြောလေ့ရှိတယ်။ ဒါပေမယ့် သူက လူမှမဟုတ်တော့တာ။"
ကျန်းရီက ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး ရှောင်ရွှယ်နဲ့ ကျိုးခိုင် ကိုကြည့်ကာ- "မျက်တောင်မခတ်နဲ့၊ မင်းတို့ ရဲ့ဦးခေါင်းအထက်မှာ သုံးပေနဲ့ချီတဲ့ နတ်ဘုရားတစ်ဆူရှိတယ်။ အဲ့နတ်ဘုရားကြွလာတဲ့အခါ မကောင်းတဲ့သူတို့ကို အပြစ်ပေးလိမ့်မယ်။ မင်းတို့က ခံရတဲ့သူတွေပဲ အဲ့တာကို လက်လွတ်မခံနဲ့။"
ကြည့်ရှု့သူ D-"ဟ.. စတွင်မာ နတ်ဆိုတာ ဘာကိုဆိုလိုတာလဲ၊ မင်းကို ပြောနေတာလား။"
"ငါက မင်းတို့နဲ့ မိုင်ထောင်ချီဝေးတဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းရှေ့မှာ ထိုင်နေတာ။ ငါကသာ နတ်ဖြစ်ခဲ့ရင် မင်းမှာ ရည်းစားမရှိရင် မင်းအတွက် ရည်းစားတွေကို ရှာပေးမယ်။ ဟုတ်ပီလား။
ကျန်းရီသည် နောက်ပြောင်လိုက်သည်။ ထိုအချိန်တွင် တစ္ဆေ၏ ခန္ဓာကိုယ်ပေါ်သို့ မီးတောက်တစ်ခု ရုတ်ချည်းပေါ်လာခဲ့သည်။
သူ့မျက်ခုံးကြားမှာ မီးတောက်က အရင်ပေါ်လာခဲ့တယ်။ အဲ့မီးတောက် ပေါ်လာသည်နှင့် တပြိုင်နက် တစ္ဆေက ထိတ်လန့်တကြား ထအော်လိုက်သည်- "မဟုတ်ဘူး.. လွှတ်.. ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပေးပါ!"
မီးတောက်များသည် ပိုမိုကြီးမားလာပြီး မီးစိမ်းရောင်များဖြင့် တောက်ပနေကာ အလွန်အစွမ်းထက်လှပြီး တစ္ဆေ၏ ဝိညာဉ်ကို တဖြည်းဖြည်း လောင်ကျွမ်းစေခဲ့သည်။
ခေါင်းမှ စတင်ပြီးနောက် တစ်ကိုယ်လုံးကို ပျံ့နှံ့သွားခဲ့သည်။
ရှောင်ရွှယ်သည် မသိစိတ်ကနေ နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်သည်။ ကျိုးခိုင်က သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ သူသည် အံကြိတ်ကာ "သူ့အတွက်က အဲ့တာနဲ့ပဲ တန်တယ်။ သူက မီးထဲမှာ သေပြီး မီးတောက်ကပဲ သူကို နိဂုံးချုပ်ပေးသင့်တယ်" ဟုပြောလိုက်သည်။
"မဟုတ်ဘူး...မဟုတ်ဘူး...!"
သနားစရာကောင်းတဲ့ အော်ဟစ်သံတွေနဲ့အတူ နောက်ဆုံးမှာ မီးတောက်တွေကလည်း လေနဲ့အတူ ပျောက်ကွယ်သွားခဲ့သည်။
ရုတ်တရက် မဖွင့်ရသေးသော လမ်းကြားရှိ လမ်းမီးများ ပွင့်သွားခဲ့ပြီး လမ်းအဆုံးတွင် အချို့သော ရုပ်ပုံများကို ယောင်ဝါးဝါး မြင်တွေ့လိုက်ရသည်။
သူတို့၏ ပုံရိပ်များ တဖြည်းဖြည်း ပိုရှင်းလင်းလာသောအခါ လောင်စွန်း၏ မျက်လုံးများ ပြူးကျယ်သွားသည် "ဖန်းယု၊ ကျန်းလင်၊ ရှိုလန်... သူတို့... ငါတို့ကို လက်ပြနှုတ်ဆက်နေကြတာလား?"