နောက်ဆုံးတော့ ဖုန်းခေါ်ခဲ့ပြီ
Vol. 4 Ch. 50
လမ်းရဲ့ အဆုံးမှာ လူတွေ ပိုများလာခဲ့တယ်။
ယောက်ျားတွေ ရှိသလို မိန်းမတွေလည်း ရှိနေခဲ့တယ်။
သူတို့အားလုံး စုပြီး ကျိုးခိုင် နှင့် ရှောင်ရွှယ်တို့ဘက်ကို ပြုံးပြနေခဲ့ကြသည်။
သူတို့ လက်ပြနှုတ်ဆက်သည်ကို မြင်သောအခါ ရှောင်ရွှယ်သည် သူမလက်ကို ပထမဆုံး မြှောက်လိုက်သည် ။ ကျိုးခိုင်က ထိုနေရာတွင် ကြောင်တောင်တောင် ရပ်နေသေးသည်ကို မြင်လိုက်ရသဖြင့် ရှောင်ရွှယ်က "သူတို့ကို နှုတ်ဆက်လိုက်ရအောင်"
"ကောင်းပါပြီ။"
ကျိုးခိုင်က သူ့လက်ကို ငေးငေးငိုင်ငိုင်နဲ့ ဝှေ့ယမ်းလိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းရှိ ပရိတ်သတ်များကလည်း နှုတ်ဆက်နေသည့် မက်ဆေ့ချ်များကို ပို့နေကြသည်။
ဒါပေမယ့် ကျန်းရီက တစ်ခုကို နားမလည်ခဲ့ဘူး။ အဲ့ဒီတစ္ဆေပြောသည့်အတိုင်းပဲ လူ့လောကမှာ လူ့စည်းကမ်းရှိသလို မရဏာကမ္ဘာမှာလည်း သူ့စည်းကမ်းနဲ့သူရှိတယ်။ ဒီဟိုတယ်မှာ သေသွားတဲ့လူတွေက သရဲတစ္ဆေတွေ ဖြစ်သွားတယ်။
ဒါပေမယ့် သူတို့ထဲက တချို့က Tianning မြို့မှာ သေခဲ့တာ မဟုတ်ဘူးလေ။
ကျန်းရီကနားမလည်ပေမယ့် ပြုံးပြီး နှုတ်ဆက်နေတဲ့ အဲဒီပုံရိပ်တွေကို မြင်တဲ့အခါ ကျန်းရီ ကလည်း ဒီသေသူတွေရဲ့ ဝိညာဥ်တွေကို လက်ဝှေ့ယမ်းပြလိုက်တယ်။
"ကောင်းပြီ၊ သူတို့ကို ကျောပေးလိုက်ပါ။ သူတို့တွေထွက်သွားရမယ့်အချိန်ရောက်ပြီ။ လူတွေကိုတွေ့နေရင် သူတို့ ထွက်သွားဖို့ တကယ်ကို ဝန်လေးသွားမှာ။"
ရှောင်ရွှယ် နှင့် ကျိုးခိုင်က လက်ကိုဆွဲကာ နောက်ပြန်လှည့်လိုက်သည်။
လောင်စွန်းလည်း နောက်ပြန်လှည့်လိုက်ကာ လမ်းကြားကို မကြည့်တော့ပါဘူး။
ကျန်းရီအပါအဝင် ထိုဝိညာဥ်များ ပျောက်ကွယ်သွားသည်ကို မည်သူမျှ မတွေ့ခဲ့ကြပါဘူး။
အတော်ကြာမှ နောက်ပြန်လှည့်ကြည့်လိုက်တော့ ထိုပုံရုပ်များ လမ်းကြားတွင် ပျောက်ကွယ်သွားသည်။
"မစ္စတာကျိုး မင်းနဲ့ ရှောင်ရွှယ် ဘာဆက်လုပ်မှာလဲ"
ကျန်းရီက အဲ့ဒီအချိန်တွင် စိတ်ဝင်တစားနဲ့ မေးလိုက်သည်။
ကျိုးခိုင်သည် ရှောင်ရွှယ် ၏လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး လေးနက်တည်ကြည်စွာပြောခဲ့သည် "တကယ်တော့၊ ငါက သူ့နှလုံးသားထဲမှာ ရင့်ကျက်မှု မရှိခဲ့ဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် သူမကိုမြင်လိုက်ရတဲ့အခါ ငါ အရမ်းကြီး မရင့်ကျက် မတည်ငြိမ်ချင်ဘူး။
သူမရဲ့ တစ်ချိန်လုံး ဂရုစိုက်တာခံပြီး သူမငါ့ကို အမြဲတမ်း ဆိုဆုံးမနေတာလေးကို သဘောကျတယ်။
အထူးသဖြင့် သူမ ဒေါသထွက်ပြီး မျက်စောင်းထိုးကာ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုမစိုက်ဘဲ အမြဲတမ်း အိပ်ပဲအိပ်နေတယ်လို့ ပြောတဲ့အခါမှာ ငါ့အတွက်က ပျားရည်လို ပါပဲ "
ဒီစကားတွေ ကြားလိုက်ရတော့ ပရိသတ်တွေခဗျာတိတ်ဆိတ်သွားခဲ့တယ်။
ကြည့်ရှု့သူ A- " ဒီမှာ မစ္စတာကျိုး ဒါက သဘာဝလွန်ဖြစ်ရပ်တွေကို ဖြေရှင်းပေးတဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းပါ၊ ခွေးစာတွေကို လိုက်ကြွေးနေတဲ့အခန်းမဟုတ်ဘူးဆိုတာ နားလည်ပေးပါ။"
ကြည့်ရှု့သူ B-"စတွင်မာ သူတို့နှစ်ယောက်လုံးကို တိုက်ရိုက်ထုတ်လွှင့်ခန်းကနေ အမြန်ထုတ်လိုက်ပါတော့။ ဒီလိုမျိုးတွေ ဆက်ပြောနေရင် ကျွန်တော်တို့ တစ်ကိုယ်တည်းသမား ယောက်ျားကြီးတွေ သည်းမခံနိုင်တော့ဘူး။"
တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းရှိ မန့်များကိုကြည့်ရင်း ရှောင်ရွှယ်သည် အနည်းငယ် ရှက်သွားသည်။
ကျန်းရီက သူမ စိတ်ခံစားချက်ကို နားလည်ပြီး ပြုံးကာ "မင်းဘေးဆိုးတွေရောက်လာရင် ရှောင်လို့မရသလို မင်းကောင်းချီးမဂ်လာတွေရောက်လာရင်လည်း ရှောင်လို့မရဘူးဆိုတဲ့ စကားတစ်ခုရှိတယ်။ ရှောင်ရွှယ် ဒါက မင်းရဲ့ကောင်းချီးပဲ၊ ပြီးတော့ ကျိုးခိုင်ရဲ့ ကောင်းချီးလည်းဖြစ်တယ်။"
"ကောင်းပြီ၊ ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ ရုန်းရင်းဆန်ခတ်မဖြစ်ဖို့ မင်းတို့နှစ်ယောက်က မင်းတို့ရှိတဲ့နေရာကို ပြန်သွားသင့်ပြီ။ ကောင်းကောင်းအနားယူပြီး နောက်ထပ်ကလေးထပ်ယူဖို့ ကြိုးစားလိုက်ဦး။ ဒါလည်း ကောင်းချီးပဲ မဟုတ်လား။"
ကျန်းရီက စကားပြောရင်း ရယ်မောလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းတွင်းရှိ ရာသီဥတုအခြေအနကလည်း အလွန်အေးချမ်းနေသည်။
ရှောင်ရွှယ် နှင့် ကျိုးခိုင် တို့သည် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းသို့ လေးလေးနက်နက် ဦးညွှတ်ကြပြီး အရာရှိစွန်း ကလည်း ကျန်းရီကို အလေးပြုလိုက်သည်။
"အဟမ်း၊ စတွင်မာရေ မင်းကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိဘူး၊ ရိုးရိုးသားသားပြောရရင် ငါ့လိုလူက ဒီလိုကိစ္စကို ဖြေရှင်းဖို့က တကယ်ကို အစွမ်းအစမရှိခဲ့ဘူး ဒါပေမယ့် အခု မင်းကြောင့်ပြေလည်သွားခဲ့ပြီး။ အသတ်ခံရတဲ့သူတွေကိုယ်စား မင်းကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။"
"ကောင်းပါပြီ အားလုံးပဲ စောစောအနားယူပါ"
ကျန်းရီက ပြုံးပြီး သူတို့ရဲ့ ဗီဒီယိုကို ပိတ်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေက တစ်ခုခုကို မေ့သွားပုံရသည်။
" အဲ့ဒီ တက္ကစီအမျိုးသမီးက ငါ့ဖုန်းနံပါတ်ပါတဲ့ စာရွက်ကို တကယ်လွှင့်ပစ်ခဲ့တာလား"
ကျန်းရီက ပြုံးကာ မတက်နိုင်ပဲ ပြောလိုက်မိသည်။ ထိုမှသာ ပရိတ်သတ်များက အမျိုးသမီး တက္ကစီသမားကို သတိရကြသည်။
ကြည့်ရှု့သူ A-"ဟုတ်တယ်၊ စတွင်မာက မပြောရင် သူ့ကို မေ့လုနီးပါးတောင် ဖြစ်နေပြီ။ ဖြစ်နိုင်တာက အခုချိန်မှာ သူမက လုံခြုံနေတယ်ဆိုပြီး စတွင်မာကို ဖုန်းခေါ်ဖို့ မေ့သွားတာလား"
ကြည့်ရှု့သူ B-"မိုးတောင်လင်းတော့မယ်။ ဒီည သူမ တကယ်လိုအပ်လာရင် စတွင်မာကို ဖုန်းခေါ်မှာပါ။"
ကျန်းရီက ခေါင်းညိတ်လိုက်ပြီး "ဖြစ်နိုင်ပါတယ်၊ ခဏနေ မိုးလင်းတော့မှာပဲ၊ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ရအောင်"
ကြည့်ရှု့သူ A-"စတွင်မာ ငါတို့ ရှောင်ရွှယ်ရဲ့ အဖြစ်အပျက်ကို "မှန်ထဲကလက်" လို့ နာမည်ပေးထားတယ်၊ အဲ့ဒါ စတွင်မာ ဘယ်လိုသဘောရလဲ"
" ဟီးရိုးဟိုတယ် လို့ နာမည်ပေးရအောင်။ အရာအားလုံးက သူရဲကောင်းဟိုတယ်က စခဲ့တာဆိုတော့ ငါတို့က ဟီးရိုးဟိုတယ် အဖြစ်အပျက်လို့ နာမည်ပေးလိုက်ရအောင်။"
ကျန်းရီက သူ့ရဲ့ အတွေးအမြင်တွေကို ထုတ်ပြောခဲ့ပြီး ပရိသတ်ထဲက တစ်ယောက်မှ မငြင်းဆန်ခဲ့ပါဘူး။
မကြာခင်မှာပဲ ကျန်းရီက တုတ်ရိုက်ထုတ်လွှင့်မှုကို ပိတ်တော့မယ့်အချိန်မှာ လက်ဆောင်များ ဆုချသည့် မက်ဆေ့ချ်က တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှာ ကြီးကြယ်ခမ်းနားစွာ ပေါ်လာခဲ့သည်။
"ကျိုးခိုင်က ငရဲဘုရင်ရဲ့ အမိန့် ၅၀၀ ကို စတွင်မာအား လက်ဆောင်ပေးခဲ့သည်။"
"ကျိုးခိုင်က သေခြင်းရှင်ခြင်း ပုတီးစေ့ ၁၀၀၀၀ ကို စတွင်မာအား လက်ဆောင်ပေးခဲ့သည်။"
"ကျိုးခိုင်က လျှို့ဝှက်သော ရာဇသံ ၁၀၀၀၀ ကို စတွင်မာအား လက်ဆောင်ပေးခဲ့သည်။"
"ကျိုးခိုင်က စိတ်ဝိညာဥ်ကျောက်စိမ်း ၁၀၀၀၀ ကို စတွင်မာအားပေးခဲ့သည်။"
ကျိုးခိုင်ရဲ့ လက်ဆောင်ပမာဏကို မြင်လိုက်ရတော့ ပရိသတ်တွေအားလုံး ဆွံ့အသွားခဲ့ကြသည်။
သို့သော် နောက်ဆုံးတွင် ကျိုးခိုင် က “ငါ့ကို အထင်မလွဲပါနဲ့ စတွင်မာ
ဒါတွေအားလုံးက ကောလိပ်မှာ စီးပွားရေးလုပ်ငန်းတစ်ခုစပြီး ရလာတဲ့ငွေတွေပါ။
ဟုတ်တာပေါ့ ငါစီးပွားရေးတစ်ခုစနိုင်ရတဲ့အကြောင်းရင်းက ငါ့မိသားစုအပေါ် မူတည်နေတယ်။
ဒါပေမဲ့ ငါ့အဖေဆိုရင်တောင်မှ ဒီဆုတွေကို လိုလိုလားလားနဲ့ ပေးအုန်းမှာပါ။
အနည်းဆုံးတော့ ငါ့နှလုံးသားထဲမှာ လူ့ဘဝက အဖိုးမဖြတ်နိုင်ဘူးလို့ အမြဲခံစားရတယ်။”
"ကောင်းပြီ၊ မင်းရဲ့ဆုတွေအားလုံးကို ငါလက်ခံလိုက်မယ်။ မင်းအဆင်ပြေတယ်ဆိုရင် အခုကစပြီး မင်းဆက်ကြည့်လို့ရတယ်။ ပိုကြည့်လေ မင်းသတ္တိတွေ ပိုရှိလာလိမ့်မယ်။ ဒါပေမယ့် ဒီလိုလက်ဆောင်တွေကို သိပ်မပေးနဲ့ပေါ့ ရုတ်တရက် မင်းဒီလိုအများကြီးပေးလိုက်တာက သရဲတစ္ဆေတွေထက် ပိုကြောက်စရာကောင်းနေတယ်။
ကျန်းရီက ဟာသလုပ်လိုက်ပြီး ကျိုးခိုင်ကလည်း "ကောင်းပြီ၊ အခုကစပြီး သစ္စာရှိပြီး စည်းကမ်းရှိတဲ့ ပရိသတ်တစ်ယောက်ပဲလုပ်တော့မယ်!"
ကျန်းရီက ဘာမှ မပြောတော့ဘဲ ပရိသတ်တွေကို နှုတ်ဆက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။
လက်ဆောင်ပမာဏကို ခဏကြည့်လိုက်ပြီးတော့ ကျန်းရီက ဖန်သားပြင်ကို စိုက်ကြည့်နေတာကို ရပ်လိုက်ပြီး အနားမယူခင် ရေအရင်ချိုးလိုက်သည်။
ကုတင်ပေါ်မှာ လဲလျောင်းရင်း အဲ့ဒီအချိန်မှာပဲ ဖုန်းမြည်လာသည်။
ဖုန်းခေါ်ဆိုသူ ID သည် ချင်းကျိုးမြို့က ဆိုတာကိုပြသသောအခါ ကျန်းရီက ချက်ချင်းဖြေကြားခဲ့သည်။
"မင်္ဂလာပါ ကျွန်တော် ကျန်းရီ ပါ"
"မင်းက ငါ့ကို ဖုန်းခေါ်ခိုင်းတဲ့ သူလား"