ထူးဆန်းသော ခရီးသည်
Vol. 4 Ch. 51
ဖုန်း၏အခြားတစ်ဖက်ရှိ အသံသည် အလွန်ညင်သာပြီး ပင်ပန်းနွမ်းနယ်မှုတွေလည်း ပါနေသည်။
အဲ့ဒါကိုကြားရပြီးနောက် ကျန်းရီက ပြုံးပြီးပြောလိုက်သည် "အစ်မရေ ငါ မင်းရဲ့ဖုန်းခေါ်တာကို မနေ့ညကနေ ဒီနေ့မနက်အထိ စောင့်နေခဲ့တာ ဒါပေမယ့် အခုမှ ဖုန်းဆက်မယ်လို့ မမျှော်လင့်ထားဘူး"
"ဟမ်..? တောင်းပန်ပါတယ်၊ ငါက တက္ကစီ မောင်းရတယ်လေ။ မနေ့ညက အော်ဒါအများကြီး ရလိုက်တယ်။ ဒီမနက် အိမ်ပြန်ရောက်ပြီး အိတ်ထဲမှာ မင်းဖုန်းနံပါတ်ကို ရှာတွေ့လိုက်မှ မင်းကို အမှတ်ရလိုက်တာ။"
"ရပါတယ် အစ်မ။ မနေ့ညက အဆင်ရောပြေရဲ့လား"
"မနေ့ညက တော်တော်ကောင်းပါတယ်။ ဘာမှမဖြစ်ခဲ့ဘူး။ အော်ဒါတွေအများကြီးရှိတော့ လူကနည်းနည်းတော့ ပင်ပန်းတယ်။"
ဖုန်းရဲ့အခြားတစ်ဖက်က အမျိုးသမီးက ပြုံးပြီး တော့"အိုး၊ ငါ မင်းကို မိတ်ဆက်ဖို့ မေ့သွားတယ်။ ငါ့မျိုးရိုးနာမည်က ချန်းပါ"
"ကောင်းပါပြီ အစ်မချန်း၊ မင်းရဲ့ကားကို မနေ့ကမနက်က ဒီလောက်ဝေးလံခေါင်သီတဲ့အရပ်ကို ဘာလို့မောင်းခဲ့တာလဲဆိုတာ သိလား"
ကျန်းရီသည် လုပ်ရိုးလုပ်စဉ်အတိုင်း သာမန်ပဲမေးလိုက်ပြီး အစ်မချန်းကလည်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်တယ်။
“အဲဒီတုန်းက ကောင်မလေးတစ်ယောက်ကို ပင်ယန်း မြို့နယ်ရဲ့ အစွန်းက ဆင်ခြေဖုံးနားက ရွာလေးကို လိုက်ပို့ပေးရတယ်။
ကျွန်မ သူ့ကို ရထားဘူတာကို သွားကြိုလိုက်တယ်။
သူမက စကားများများစားစား ပြောတတ်တဲ့သူ မဟုတ်ဘူး။
အဲဒီတုန်းက တက္ကစီခကို ယွမ် ၁၅၀ တောင်းလိုက်တယ်။
ခရီးကလည်း တော်တော်ဝေးတယ် ဆိုတော့ ကောင်မလေးက ကျွန်မကလည်း မိန်းမသားဆိုတာ မြင်လိုက်ရတော့ သဘောတူလိုက်တယ်”
“ဒါပေမယ့် အဲ့ဒီအချိန်မှာ ညကတော်တော်နက်နေတော့
မနက်ခင်းလောက်မှ သူမကို ပင်ယန်းမြို့နယ်က ဒေးယုကျေးရွာ အဝင်ဝကို ပို့ပေးနိုင်ခဲ့တယ်။
အဲ့ဒီအချိန်မှာ ကျွန်မက အိပ်တော်တော် ငိုက်နေတော့
အဲ့ဒါနဲ့ ထိုင်ခုံပေါ် မှီပြီး ခဏအိပ်လိုက်တယ်။
ဒါပေမယ့် အဲ့တုန်းက ကားကိုစက်သတ်ပြီးတော့ လမ်းဘေးမှာရပ်ထားတာကို ရှင်းရှင်းလင်းလင်း မှတ်မိပါတယ်၊ ဒါပေမယ့် ကားက ဘာကြောင့် အဲဒီလမ်းကို ရောက်သွားလဲ မသိဘူး။”
"ကံကောင်းတာက အဲဒီအချိန်မှာ မတော်တဆမှု မဖြစ်ခဲ့ဘူး။ မတော်တဆမှုသာ ဖြစ်ခဲ့ရင် ကျွန်မဘဝက မတွေးရဲစရာပဲ"
အစ်မချန်းက မနေ့က မနက်က ဖြစ်ပျက်ခဲ့တာကို ပြောပြခဲ့ပါတယ်။ အဲ့ဒါကို နားထောင်ပြီးနောက်မှာ ကျန်းရီက အစ်မချန်းကိုယ်တိုင်ကိုက သူမ ဘာဖြစ်သွားလိုက်မှန်း မသိလိုက်သည်ကို ကျန်းရီ သဘောပေါက်လိုက်သည်။
တစ်နည်းဆိုရသော် သူမသည် ယခုအချိန်အထိ သဘာဝလွန်ဖြစ်ရပ်များကို သတိမထားမိသေးပေ။
ဒါပေမယ့် သူမက ဘာကြောင့် မရဏကမ္ဘာကို သွားတဲ့လမ်းမှာ ရောက်နေရတာလဲ။
ပြီးတော့ သေသေချာချာကြီးကို စက်ပိတ်ထားတဲ့ ကားက ဘာကြောင့် မြေအောက်ကမ္ဘာကို သွားတဲ့လမ်းပေါ်ကို မောင်းလာရတာလဲ။
ကျန်းရီသည် ကြည့်ရှုသူများ သူ့ကိုအကူအညီတောင်းသလိုမျိုး အစ်မချန်း နှင့် စကားပြောရန် မဖြစ်နိုင်ပေ။ တစ်နည်းဆိုရသော် ယခုကိစ္စကို သူ့ကို ပြောလိုက်သင့်လား။
ပြောလိုက်မယ်ဆိုရင် သူငါ့ကို ရူးနေတယ်လို့ ထင်ကောင်းထင်နိုင်တယ် အကယ်၍ မပြောလိုက်ဘူးဆိုရင်လည်း အစ်ချန်း တစ်ခုခုဖြစ်လိမ့်မယ်။
ကျန်းရီက ခဏလောက်စဉ်းစားလိုက်ပြီး "အစ်မချန်း အဲဒီညက မင်း ထူးဆန်းတယ်လို့ထင်ရတဲ့ ခရီးသည်တွေများ ရှိလား? "
" မရှိဘူးလို့တော့ ထင်တာပဲ။
ထူးထူးခြားခြား ပြောရမယ်ဆိုရင်တော့ အဲ့ဒီကောင်မလေးတစ်ယောက်ပဲ ဖြစ်မယ်။
အဲ့ဒီနေ့ ရာသီဥတုက တော်တော်ပူတယ်၊ အဲ့မိန်းကလေးက အနီရောင် အကျီင်္ရှည်ဝတ်ထားတော့ ဘူတာရုံက ထွက်လာတာနဲ့ သူ့ကို ချက်ချင်းသတိထားမိလိုက်တယ်။
ကောင်မလေးက အရမ်းကြည့်ကောင်းတယ်။
တော်တော်လှပေမယ့် စကားတော့ သိပ်မပြောဘူး။
နောက်ခုံမှာထိုင်ပြီး ခေါင်းကို ငုံ့နေခဲ့တယ်”
“ကျွန်မ ညဥ့်နက်တဲ့အချိန် ခရီးသည် တော်တော်များများကို ကြိုပို့ လုပ်ပေးဖူးတယ်။ အများစုက ထိုင်ပေါ်မှာ မှီးပြီး အနားယူကြတယ်၊ ဒါမှမဟုတ် သူ့တို့ဖုန်းကို ကြည့်နေကြတယ်။
ဆယ်ယောက်မှာ ရှစ်ယောက်လောက်က ဖုန်းကြည့်ပြီးတော့ ကျန်နှစ်ယောက်က ထိုင်ခုံမှီပြီး အိပ်တယ်။
သူမကတော့ အထူးဆန်းဆုံးပဲ၊ အမြဲခေါင်းကိုငုံ့နေခဲ့တယ်။
သူမက ကားပေါ်ရောက်တော့ ခေါင်းငုံ့ပြီး ဘာမှလည်း မမေးဘူး”
"ဘာလို့လဲ?"
ကျန်းရီက စူးစမ်းချင်စိတ်နဲ့ မေးနေပုံရပေမယ့် တကယ်တော့ သူက အစ်မချန်းကို လမ်းဖောက်ပေးနေခဲ့တာပါ။
အစ်မချန်းက ခဏတာစဉ်းစားလိုက်ပြီး– “အားလပ်ရက်တွေမှာ ခရီးသည်တွေကို တင်တဲ့အခါ ပုံမှန်အားဖြင့် ခရီးသည်အရေအတွက်အများကြီးကို မတင်ဖြစ်ဘူး။
လူတွေများပြီး ဓာတ်ငွေ့ပိုစားမှာကို ကြောက်လို့တော့ မဟုတ်ဘူး၊ ဒါပေမယ့် ငါ့သမီးလေးက အားလပ်ရက်တွေမှာ အိမ်မှာ တစ်ယောက်တည်း မအိပ်ရဲတာကြောင့် ငါနဲ့အတူ တက္ကစီမောင်းတဲ့အခါ မကြာခဏ လိုက်တက်တယ်။
ဒါကြောင့် တစ်ယောက်ယောက်လာတိုင်း ကျွန်မသမီးက ကားထဲမှာ ရှိနေတာမြင်တော့ ။
တက္ကစီစီးဖို့ ဆန္ဒရှိတဲ့သူတွေ တော်တော်နည်းတယ်။"
"ဒါဆို သူမက မမေးခဲ့ဘူးပေါ့ ဟုတ်လား"
"ဟုတ်တယ် ဘာမှ မပြောဘူး။ ကျွန်မသမီးကိုတောင် မကြည့်ခဲ့ဘူး"
အစ်မချန်း ပြောတာက ထူးဆန်းဆန်း မထူးဆန်းဆန်း ကျန်းရီက ပြုံးလိုက်ပြီး "ဒါဆို ဒီကောင်မလေးက တော်တော် အထီးကျန်တာပဲ" လို့ ပြန်ဖြေလိုက်တယ်။
"ကောင်းပြီ၊ သူက နည်းနည်းထူးဆန်းတဲ့ ခရီးသည်ပဲ၊ အိုး ဒါနဲ့ မစ္စတာကျန်း ကျွန်မကို ဖုန်းခေါ်ခိုင်းရတာ ထူးထူးခြားခြား ဘာကိစ္စများရှိလို့လဲ၊ တစ်မျိုးတော့ မထင်ပါနဲ့ ငါတို့ အချင်းချင်း အရင်က မသိခဲ့ဘူးလေ ဒါကြောင့် ဘာလို့လဲဆိုတာ သိချင်လို့။"
ကျန်းရီက သူ့ရည်ရွယ်ချက်ကို မပြောသေးပါဘူး၊ ဒါပေမယ့် မေးခွန်းပြောင်းမေးလိုက်တယ် "အစ်မချန်း၊ ငါ့ရည်ရွယ်ချက်ကို မပြောခင် မင်းဆီက တစ်ခုခုကို အရင်သိချင်နေလို့။ မင်းအိမ်မှာ ဒီနှစ်အတွင်းရဲ့ ဒီလ ဒါမှမဟုတ် ဒီရက်အနည်းငယ်အတွင်းမှာ တစ်ယောက်ယောက်ကများ သေဆုံးခဲ့သလား"
"ဘာလို့ ဒီမေးခွန်းကို မေးတာလဲ"
အစ်မချန်း နည်းနည်းသတိထားလာတယ်။
ကျန်းရီက "အစ်မချန်း စိတ်မပူပါနဲ့။
မနေ့မနက်က ငါမင်းကို တွေ့လိုက်ရတဲ့ အကြောင်းရင်းက မင်းကို ဖုန်းနံပါတ်ပေးလိုက်တဲ့ စုံတွဲကြောင့်ပဲ။
ငါက... စတွင်မာတစ်ယောက်ပါ။ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရသူအချို့ရဲ့ အခက်အခဲတွေကို ဖြေရှင်ပေးတဲ့ စတွင်မာတစ်ယောက်ပါ။
မနေ့က အဲ့ဒီလင်မယား သွားခဲ့တဲ့လမ်းကို ငါ့တို့ရဲ့ နယ်ပယ်မှာဆိုရင် မရဏကမ္ဘာကို သွားတဲ့လမ်းလို့ ခေါ်တယ်။
တစ်နည်းဆိုရရင် အဲ့လမ်းပေါ်မှာ တစ်စုံတစ်ယောက်က ပေါ်လာခဲ့ရင်။
သူက မှားရောက်လာတာဖြစ်ရင်ဖြစ် မဟုတ်ရင် လူပြန်ဝင်စားဖို့ ရောက်လာတာပဲ၊ ငါပြောတာကို အစ်မနားလည်လား"
"ဘာလဲ... ငါ နားမလည်ဘူး"
"ရှင်းရှင်းပြောရရင် မင်း မကောင်းတာ တစ်ခုခုမှာ အစ်မတောင်မသိလိုက်ပဲ ပါသွားခဲ့တာ"
"မစ္စတာကျန်း ငါ မင်းကို သံသယဝင်လို့တော့ မဟုတ်ဘူး၊ ဒါပေမယ့် မင်းပြောခဲ့တာတွေက မယုံနိုင်စရာပဲ။ ငါအခု အကောင်းတိုင်းရှိနေတာပဲလေ"
ကျန်းရီက ညင်သာစွာပြုံးလိုက်ပြီး "မင်းတကယ်ရော အဆင်ပြေရဲ့လား၊ ဒီကိစ္စကို သေသေချာချာ စဉ်း စားသင့်တယ်။ မဖြစ်နိုင်ဘူးလို့ စိတ်ထဲမှာ ထင်နေတယ်မလား၊ ကားက သူ့ဘာသာသူ ရွှေ့သွားမှာတော့ မဟုတ်ဘူးလေ။ အဲ့ဒီမတော်တဆမှုက ကားကို တကယ်ပြေးစေခဲ့တယ်ဆိုရင် မင်းမှာ ဟိုးအရင်က တစ်ခုခု ဖြစ်ခဲ့လို့ပဲ ဟုတ်တယ်မလား?။
ကျန်းရီ၏စကားများက အစ်မချန်းကို တိတ်ဆိတ်သွားစေခဲ့သည်။ တခြားလူက နှုတ်ဆိတ်နေတာကို မြင်တော့ ကျန်းရီက သူ့ကို ဆက်ပြီးတော့ ပြောလိုက်တယ် " ဒီနှစ်ထဲမှာ မင်းမိသားစုထဲက တစ်ယောက်ယောက်သေသွားတယ် ဟုတ်တယ်မလား"
"ငါ……"
"မင်းရဲ့ အဲ့မိသားစုဝင် ဆုံးပါးသွားပြီးနောက်မှာ မင်း သူ့ကို တွေ့လိုက်ရတယ် မဟုတ်လား"
ကျန်းရီ၏စကားကြောင့် ဖုန်းတစ်ဖက်မှ အစ်မချန်းသည် ရုတ်တရက် တိတ်ဆိတ်သွားပြီးနောက် "ထပ်မပြောနဲ့တော့ စကားကိုရပ်လိုက်ပါတော့!"