← Chapters

အသုဘသဂြိုလ်အိမ်

Vol. 4 Ch. 53

အသုဘသဂြိုလ်အိမ်

Vol. 4 Ch. 53

အစ်မချန်း ၏ခင်ပွန်းသည် စာရေးဆရာတစ်ယောက်ဖြစ်လိမ့်မည်ဟု ကျန်းရီမထင်ထားခဲ့ပေ။

တစ္ဆေဝတ္ထုတိုတွေကို အထူးပြုရေးတဲ့ စာရေးဆရာတစ်ယောက်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။

ချန်းချန်းက သူမရဲ့ဖခင်ဆုံးပါးသွားပြီးနောက် စာရွက်တစ်ချို့ဟာ သူမရဲ့ကျောင်းလွယ်အိတ်ထဲမှာ အမြဲပေါ်လာပြီးတော့ အဲဒီစာရွက်တွေမှာ သရဲတစ္ဆေပုံပြင်တွေ အများကြီးပါနေတယ်လို့ ချန်းချန်းကပြောတယ်။

"ချန်းချန်း အဲ့ဒီဇာတ်လမ်းတိုတွေက သမီးအဖေရေးခဲ့တာလား။"

“အွန်း အဖေ့ရဲ့ စာကြည့်ခန်းထဲမှာ အဲ့တာတွေမြင်ဖူးတယ်။ ဒါပေမယ့် အခု အိမ်အသစ်ဝယ်ပြီးပြီ ဆိုတော့ အမေနဲ့ တခြားအိမ်သေးသေးလေးမှာ နေရတယ်။ နောက်ပြီး အမေ့မှာ အဖေ စုဆောင်းထားတဲ့ စာအုပ်တွေ အများကြီး ရှိတယ်။ ပြီးတော့ အဖေရေးတဲ့ မဂ္ဂဇင်းတွေ အကုန်လုံးကို မီးရှို့ပစ်ခဲ့တယ်။”

"မေမေဘာလို့အဲ့ဒီလိုလုပ်တာလဲဆိုတာ နားမလည်ဘူး။ ဖေဖေ့ကို လုံးဝမလွမ်းဘူးလားမသိဘူး၊ အဖေ့ဓာတ်ပုံတောင် မသိမ်းထားဘူး။"

ဖုန်းရဲ့ အခြားတစ်ဖက်က ဒုတိယတန်းကျောင်းသူလေးရဲ့ မေးခွန်းကို အစ်မချန်း ကသာ သူ့အတွက် ဒီမေးခွန်းကို အဖြေပေးနိုင်မှာပါ။ တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းက ပရိသတ်တွေသာမက ကျန်းရီလည်း ထိုမေးခွန်းကို ဖြေဆိုနိုင်မှာ မဟုတ်ပါဘူး။

“ဒါပေမယ့် အဖေနဲ့တွေ့လိုက်ရတယ်။

သမီးမွေးနေ့မှာ အဖေ ပေါ်လာခဲ့တယ်။ တကယ်ပါ ဦးလေး၊ သမီး မလိမ်ပါဘူး။

သမီးတစ်သက်လုံးမှာ ကိတ်မုန့်မရရှိခဲ့တဲ့ တစ်ခုတည်းသော မွေးနေ့ဖြစ်ပြီး၊ သမီးအတွက် မွေးနေ့ပွဲကို ဘယ်သူမှ မကျင်းပပေးခဲ့တဲ့ မွေးနေ့လည်းဖြစ်တယ်။

မေမေက, သူသမီးပါးကို မနမ်းပေးခဲ့ဘူး အဖေ့ဘက်က အဘိုးအဘွားတွေက သမီးကို ကြည့်ပြီး ငိုနေတယ်၊ အမေ့ဘက်က အဖွားနဲ့ အဘိုးလည်း ဘေးမှာ ရပ်ပြီး မျက်ရည်တွေကို တိတ်တိတ်လေး သုတ်နေခဲ့တယ်။"

"အဲ့အချိန်မှာ သမီးက စိတ်ထဲနေလို့​မကောင်းတာနဲ့ အခန်းထဲမှာ ပုန်းပြီး ငိုနေခဲ့တယ်။ အဖေ့ကို လွမ်းတယ်။ ဖေဖေ့ကို မတွေ့တာလည်း ကြာပြီ၊ ငိုနေရင်းနဲ့ ဘာကြောင့်မှန်းမသိ ရုတ်တရက် အိပ်ပျော်သွားတယ်။ အိပ်ရာက နိုးလာတော့ ပြတင်းပေါက်ကို လာခေါက်တဲ့အသံကို ကြားလိုက်ရတယ်။"

"ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ သမီးအနှစ်သက်ဆုံး ငန်းဖြူကိတ်ပေါ်မှာ စိုက်နေတဲ့ ဖယောင်းတိုင်မီးကို တွေ့လိုက်ရတယ်။ အဖေက ကိတ်မုန့်ကို ကိုင်ပြီး ပြတင်းပေါက်နားမှာ ရပ်ပြီး သမီးကို ပြုံးပြနေတယ်။"

"အရမ်းပျော်သွားပြီးတော့ ဖေဖေ လို့ခေါ်လိုက်ပြီး ပြတင်းပေါက်ဖွင့်လိုက်တယ်။ အဲဒီတုန်းက သမီးတို့နေထိုင်တာ ပထမထပ်ဆိုတော့ လွယ်လွယ်နဲ့ အပြင်ကို ထွက်လို့ရတယ် ။ အဖေက ကိတ်မုန့်ကို ပြတင်းပေါက်နားမှာ ထားပြီးတော့ သူက ဘာမှလည်းမပြောဘူး။ သမီးမေးတာကိုလည်း ဘာမှပြန်မဖြေဘဲ ကိတ်မုန့်ကို လက်ညှိုးထိုးပြပြီး ပြုံးနေခဲ့တယ်။"

"သမီးမှာ ပြောချင်တဲ့စကားတွေ အများကြီးရှိပေမယ့် ဖေဖေ့ကို ဒီလိုမျိုးတွေ့လိုက်ရတော့ သမီးဘာမှ မမေးခဲ့ပါဘူး။ ကိတ်မုန့်ပေါ်က ဖယောင်းတိုင်မီးမှုတ်လိုက်ပြီး ဆုတစ်ခုတောင်းခဲ့လိုက်တယ်။ ဖေဖေ အမြန်ဆုံး အိမ်ပြန်လာနိုင်ပါစေလို့ ဆုတောင်းခဲ့တယ်။"

"ဆုတောင်းပြီးတာနဲ့ မျက်လုံးဖွင့်လိုက်တော့ အဖေက မရှိတော့ဘူး၊ ငန်းဖြူကိတ်ကလည်း ပျောက်သွားတယ်။ မြန်မြန် လှည့်ကြည့်လိုက်တော့ အဖေက အဝေးကို အဝေးကို ထွက်သွားတာကို တွေ့လိုက်ရတယ်...ဝူး.... ဝူး...."

ဖုန်း၏အခြားတစ်ဖက်ရှိ ချန်းချန်းသည် အားရပါးရ ငိုနေတော့သည်။ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှ ပရိသတ်များကလည်း သက်ပြင်းကို အထပ်ထပ်အခါခါ ချရုံပဲ တက်နိုင်ခဲ့သည်။

သို့သော်လည်း အဖေနှင့်သမီးတို့ကြား ကွဲကွာမှုကြောင့် ဝမ်းနည်းနေခဲ့ရသည့် ပရိသတ်များသည် ချန်းချန်း၏ အသံကို ကြားလိုက်သောအခါ ရုတ်တရက် တုန်လှုပ်သွားကြသည်။

"ဒါပေမယ့်... ထွက်သွားတဲ့ အဖေ့ရဲ့ကျောပြင်ကို ကြည့်လိုက်တော့ နဂိုက ခေါင်းကော့ရင်မော့ပြီး လမ်းလျှောက်နေတဲ့ အဖေက အကြောင်းတစ်ခုခုကြောင့် သူ့အပေါ်ပိုင်းဟာ ရုတ်တရက် ခေါက်ချိုးကျသွားတယ်။"

"ခေါက်သွားတယ်။ ဘာကိုဆိုလိုတာလဲ"

"အဲ့ဒါက Origami နဲ့တူတယ်။ ရုတ်တရက် ခါးကနေစပြီး တစ်ဝက်လောက်ခေါက်သွားတယ်။ မျက်လုံးတစ်မှိတ်အတွင်းမှာပဲ အဖေ့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကနေ ခေါက်ချိုးချိုးလိုက်သလို ဖြစ်သွားတယ်။ ခြေဖဝါးနားမှာ ခေါင်းပြုတ်ကျနေပြီး လမ်းလျှောက်နေတာကို မြင်လိုက်ရတယ်။ အဲဒီအချိန်မှာ သူ့မျက်လုံးကို ကြည့်လိုက်တော့ သူအရမ်းနာကျင်နေပုံရတယ်၊ ​​သမီးသူ့ကိုကယ်ချင်တယ်... ဒါပေမယ့် သူပြန်ပျောက်သွားခဲ့တယ်။

အဲ့ဒါကို နားထောင်ပြီးနောက် ကျန်းရီ၏စိတ်ထဲတွင် ပုံရိပ်တစ်ခု ချက်ချင်းထွက်ပေါ်လာသည်။

နဂိုက သူ့ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ်နဲ့ လမ်းလျှောက်သွားနေတဲ့ လူတစ်ယောက်။

သို့သော် နားမလည်နိုင်စွာပင်၊ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် ခါးမှ တစ်ဝက်ထိ ခေါက်သွားကာ ၎င်း၏အပေါ်ပိုင်း ခန္ဓာကိုယ်သည် သူ့ကိုယ်သူ ထောက်မနိုင်တော့ဘဲ မြေပြင်သို့ ဒေါင်လိုက် ခွေကျသွားခဲ့ရသည်။

ဤမြင်ကွင်းသည် ဒုတိယတန်းသာရှိသေးသည့် ကျောင်းသူလေးတစ်ဦးအပေါ် သက်ရောက်မှုမှာ လုံးဝကို စိတ်ကူးကြည့်နိုင်ပေသည်။

တကယ်တော့ ဒီမြင်ကွင်းက သူမဘဝတစ်လျှောက်လုံး အရိပ်မဲကြီးလို လိုက်ပါသွားဖွယ်ရှိနေသည်။

ကျန်းရီ၏အမူအရာမှာလည်း အနည်းငယ်လေးနက်လာပြီး "မင်းအဖေကို အဲ့ဒီအချိန်ကစပြီး ထပ်မြင်ဖူးသေးလား" လို့မေးလိုက်တယ်။

"မတွေ့ဖူးပါဘူး ဦးလေး... ဦးလေးကို အကူညီတောင်းဖို့ လှမ်းခေါ်လိုက်တာ။ သမီးကို ဖေဖေနဲ့ ပြန်တွေ့ရအောင် ကူညီပေးပါလား"

ကျန်းရီခဏလောက်စဉ်းစားပြီး "ဦးလေးက လောလောဆယ် အဖြေအတိအကျမပေးနိုင်သေးဘူး၊ ဒါပေမယ့် ပိုပြီးသေချာစေဖို့ အချက်အလက်တစ်ချို့ သိဖို့တော့ လိုသေးတယ်"

"ဦးလေး ဘာသိချင်လဲ သမီးသိတာ အကုန်ပြောပြပါ့မယ်။ စကားမစပ်... အဖေက သရဲတစ္ဆေတွေဝတ္ထုတွေ အများကြီးရေးလို့ သေသွားတယ်လို့ ထင်လား"

သရဲပုံပြင်တွေ အများကြီးရေးရင် သေမှာလား။(ဒါကို ဘာသာပြန်နေတဲ့ ဘာသာပြန်ဆရာတောင် နည်းနည်း ကြက်သီးထသွားတယ်)

ဒါက မဖြစ်နိုင်ပါဘူး။

"ချန်းချန်း သမီးအဖေက မတော်တဆမဖြစ်ခင်မှာ တစ်ခုခု အပြောင်းအလဲဖြစ်ခဲ့သလားဆိုတာ မှတ်မိသေးလား။ သူ့ကို နောက်ဆုံးတွေ့ဖူးတဲ့ အချိန်ကရော ဘယ်လိုလဲ။ သမီးရဲ့ မွေးနေ့ညကလွဲရင်ပေါ့။"

ကျန်းရီကမေးလိုက်တော့ ချန်းချန်းက ခဏစဉ်းစားလိုက်တယ်၊ ဒါပေမယ့် အချိန်အတော်ကြာအောင် စဉ်းစားပြီးမှ "တောင်းပန်ပါတယ် ဦးလေး၊ သမီးကို အချိန်ခဏပေးလို့ရမလား၊ ရုတ်တရက် မမှတ်မိတော့ဘူး၊ သမီးစဥ်းစားတာကို ခဏစောင့်ပေးနိုင်မလား?"

ကျန်းရီက သူမကို ညင်သာစွာ နှစ်သိမ့်ပြီးတော့ "အဆင်ပြေပါတယ်။ ငါတို့အချိန်ယူပြီး စဉ်းစားကြည့်လိုက်ရအောင်" လို့ ပြောလိုက်ပါတယ်။

"ဟုတ်ကဲ့ သမီးစဥ်းစားလိုက်ဦးမယ်... သမီး ကြိုးကြိုးစားစားနဲ့ကို စဉ်းစားလိုက်မယ်"

ကျန်းရီက ဘာမှမပြောတော့ဘဲ နှုတ်ဆိတ်နေလိုက်သည်။ မမျှော်လင့်ဘဲ ဖုန်း၏အခြားတစ်ဖက်မှ အားနည်းသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်- "မစ္စတာကျန်း ငါပဲမင်းကိုပြောပြပါ့မယ်

ကျွန်မတစ်နေကုန် တွေးနေခဲ့တာ အဲဒီအကြောင်းအရာတွေကို ပြောဖို့ကို ငါတနေကုန် တုံ့ဆိုင်းနေခဲ့တယ်။"

ဒါပေမယ့် မင်းက ငါတို့အမေနဲ့သမီးကို တကယ်ဂရုစိုက်ပုံရတယ်။

ဒီလိုအခြေအနေမျိုးမှာ မင်းကို ကိုယ်ကိုင်ကိုယ်ကျ ပြောပြတာ ပိုကောင်းမယ်ထင်တယ်။"

အစ်မချန်းရဲ့ အသံကိုကြားတော့ ကျန်းရီက ပြုံးလိုက်ပြီး "အစ်မချန်း ပြဿနာတွေကို ရှောင်လွှဲနေတာက အသုံးမဝင်ဘူး။ သူတို့ကို ခေါင်းချင်းဆိုင်ပြီး ရင်ဆိုင်လိုက်တာက ပိုကောင်းနိုင်တယ်။ ပြင်ဆင်ဖို့ အချိန်တစ်ခု ပေးမယ်။ ခဏစောင့်ပေးမယ် ပြီးမှ စကားဆက်ပြောရအောင်။"

"ကောင်းပြီ ငါလည်းအကျီလဲလိုက်ဦးမယ် လမ်းမှာစကားပြောရအောင်"

အစ်မချန်းက ဖုန်းမချလိုက်ဘဲ သမီးရဲ့မျက်ရည်တွေကို သုတ်လိုက်ပြီး ပစ္စည်းတွေယူကာ အိမ်မှထွက်ခဲ့လိုက်တယ်။

တက္ကစီကုမ္ပဏီကို ရောက်တဲ့အခါ အစ်မချန်းက ကားကို မောင်းထွက်လာပြီး လူရှင်းတဲ့နေရာမှာ ရပ်လိုက်ကာ

“ငါ့ခင်ပွန်းရဲ့ အလုပ်အကိုင်ကို မင်းသိပြီးပြီမို့ ငါအများကြီး မပြောတော့ဘူး။

ဒါပေမယ့် ရိုးရိုးသားသားပြောရရင် မင်း ချန်းချန်းကို မေးလိုက်တဲ့မေးခွန်းကို ဘယ်လိုဖြေရမှန်းမသိဘူး။

သူက စာမူတွေ ရေးတဲ့သူ အတိအကျပြောရရင် သူက စာရေးဆရာမဟုတ်ဘူး။

ဒါပေမယ့် မတော်တဆမဖြစ်ခင်မှာ သူတကယ်ပဲ မိသားစုရဲ့ ကျောရိုးတစ်ယောက်ပါ။

သူက အရမ်း လုံ့လဝီရိယရှိပြီး အလုပ်ကြိုးစားခဲ့တယ်။ အဲ့တာတွေကြောင့်ပဲ ဒီမတော်တဆမှု ဖြစ်ခဲ့တာလို့ ကျွန်မထင်တယ်။”

"အစ်မချန်း၊ မင်း ပိုတိကျလို့ရမလား"

ဖုန်း၏အခြားတစ်ဖက်ရှိ အစ်မချန်းက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး “မင်းနားလည်မလား မသိဘူး၊ ဒါပေမယ့် ငါ့ခင်ပွန်းလိုလူတွေက ဘဝမှာ အရမ်းပျင်းစရာကောင်းတဲ့ လူတွေ။

စကားများများပြောရတာ မကြိုက်ကြဘူး။ ဒါပေမယ့် အလုပ်စလုပ်လိုက်တာနဲ့ သူတို့စိတ်ထဲမှာ အတွေးပေါင်းမြောက်မြားစွာရှိနေတယ်။ အတွေးအမြင်အသစ်ဆိုတာကတော့ ဘယ်တော့မှ မကုန်ခန်းနိုင်ခဲ့ဘူး။

မတော်တဆမဖြစ်ခင်မှာ သူ့မှာ အလွန်ဆိုးရွားတဲ့ ပြဿနာတစ်ခုရှိခဲ့ပါတယ်။

သူက မဂ္ဂဇင်းတစ်ခုအတွက် ဇာတ်လမ်းတိုပေါင်းချုပ် အသစ်တစ်ခုကို ရေးပေးရဖို့ပြင်ဆင်နေတာ ဒါပေမယ့် ဇာတ်လမ်းတိုတွေရေးဖို့ အတွေးအမြင်အသစ်တွေရှိ​မနေခဲ့ဘူး"

"ဒါဆို သူဘယ်လိုလုပ်ခဲ့တာလဲ"

"သူ... သူက ချင်ကျိုးမြို့ရဲ့ အသုဘသဂြိုလ်ခန်းကိုသွားပြီး တစ်လနီးပါးလောက် အလုပ်လုပ်ခဲ့တယ်"

All Chapters