← Chapters

သဘာဝလွန် အဖြစ်အပျက်တွေထဲက သရဲဇာတ်လမ်းများ

Vol. 4 Ch. 54

သဘာဝလွန် အဖြစ်အပျက်တွေထဲက သရဲဇာတ်လမ်းများ

Vol. 4 Ch. 54

စကားပြောနေစဥ်မှာပဲ တက္ကစီငှားဖို့လာသည့် ခရီးသည်များတစ်ဦးပြီးတစ်ဦး ရောက်လာခဲ့သည်။

သို့သော် အစ်မချန်းက ၎င်းတို့အားလုံးကို ငြင်းဆိုခဲ့သည်။ အနားမှာ ဘယ်သူမှမရှိတဲ့အခါ သူမက ဆက်ပြောခဲ့သည် ။

"ကော်ဘို က ကျွန်မခင်ပွန်းပါ။ အဲဒီတုန်းက မဂ္ဂဇင်းရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး။ ပိုမိုကောင်းမွန်တဲ့ ဇာတ်လမ်းတွေကို ဖန်တီးနိုင်ဖို့အတွက် ချင်းကျိုးမြို့က အသုဘသဂြိုလ်အခန်းကို သွားခဲ့တယ်။"

"ချင်းကျိုးမြို့ရဲ့ အသုဘသဂြိုလ်ခန်းက မီးရှူးတိုင်နား ၇ လမ်းပေါ်မှာရှိတယ်။

လမ်းက နှစ်ပေါင်းများစွာ ပြုပြင်ထားသော်လည်း ပထဝီဝင် အကြောင်းရင်းများကြောင့် အဲ့နေရာမှာ လူအမြဲပျက်လက်နေခဲ့တယ်။

လမ်းရဲ့ ဘေးနှစ်ဖက်မှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ အများကြီးရှိတယ်။

နေ့ခင်းဘက်တွေ အဲဒီလမ်းက ဖြတ်သွားလိုက်ရင်

အလွန်ကြောက်စရာကောင်းနေတယ်လို့ ခံစားရစေတယ်။

ကော်ဘို နဲ့ ကျွန်မက အသုဘသဂြိုလ်အခန်းက ချင်းကျိုးမြို့ရဲ့ ဘယ်မှာရှိတယ်ဆိုတာ မတော်တဆ သိလိုက်ရတယ်။”

"အဲ့အချိန်တုန်းက အလုပ်ဖိအားတွေနဲ့အတူ အဲ့ဒီလို နေရာကို သိနေတဲ့အတွက်ကြောင့် ကော်ဘိုက ဘယ်သူရဲ့အကြံဉာဏ်ကိုမှ နားမထောင်ဘဲ အသုဘသဂြိုလ်ခန်းမှာ အလုပ်သွားလျှောက်ခဲ့တယ်။

အဲဒီ့အလုပ်အတွက် လစာက အရမ်းကိုများပေမယ့် အဲ့ဒီမှာအလုပ်လုပ်ဖို့ ရွေးချယ်မယ့်သူက အများကြီးမရှိခဲ့ပါဘူး။

အဲ့ဒီနေရာမှာ မင်းခံစားရတဲ့အရာက အမြဲတမ်း အမှောင်ထု၊ ထိတ်လန့်မှု၊ ဝမ်းနည်းမှုနဲ့ စိတ်ပျက်အားငယ်မှုတို့ပဲ”

"ဒါပေမယ့် သူပြောတာက အဲ့အလုပ်မှာ သရဲတစ္ဆေတွေရှိတယ်လို့၊ ဒါပေမယ့် လက်တွေ့မှာ သရဲတစ္ဆေတွေက တကယ် မရှိနိုင်ဘူးလေ ဟုတ်တယ်မလား။

ပြီးတော့ သရဲဇာတ်လမ်းတွေ မရေမတွက်နိုင်အောင် ရေးခဲ့တဲ့အတွက် သူ့မှာ အဲ့လိုအရာတွေနဲ့ ပတ်သတ်ပြီး အကြောက်တရားက နည်းပါးသွားခဲ့တယ်။

သူ့တောင်းဆိုချက်အရ အသုဘသဂြိုလ်ခန်းက သူ့လျှောက်လွှာကို လက်ခံခဲ့တယ်။

ပထမညမှာ ကျွန်မ သူ့ကို အဲဒီကို မောင်းပို့ခဲ့တယ်။

အဲဒီတုန်းက ကျွန်မက တက္ကစီသမားမဟုတ်သေးဘူး သူ့စာမူကနေ စုဆောင်းထားတဲ့ ပိုက်ဆံနဲ့ သူကျွန်မကိုဝယ်ပေးထားတဲ့ ကားကို မောင်းသွားခဲ့တယ်..။

"ဟား..ဟား...

သူမပြောနေရင်းနဲ့ အစ်မချန်းက မနေနိုင်ဘဲ ရယ်မောလိုက်သည်၊ သူ့ရယ်မောခြင်းထဲတွင် ချိုမြိန်မှုအနည်းငယ်ပါနေသည်။

“ဒါပေမယ့် သူကျွန်မကို အသုဘသဂြိုလ်ခန်းရဲ့ အပေါက်သကို လိုက်မပို့စေခဲ့ဘူး ပြီးတော့ ကားပေါ်ကနေလည်း ဆင်းခွင့်မပေးခဲ့ဘူး။

တံခါးနားရောက်ရင် ကျွန်မက ကြောက်လန့်ပြီး သူ့ကိုအလုပ်လုပ်ခွင့်ပေးတော့မှာ မဟုတ်ဘူးလို့ သူကပြောတယ်။

ဒါ့အပြင်၊ အသုဘသဂြိုလ်ခန်းလိုနေရာများသည် အလွန်မကံကောင်းတဲ့ နေရာမျိုး၊ ထို့ကြောင့် နီးနီးကပ်ကပ်နေလိုက်ရင် ကံမကောင်းစေနိုင်ဘူးလေ

"ဒါပေမယ့် ကျွန်မ သူ့ကို နှစ်စက္ကန့်၊ သုံးစက္ကန့်လောက် ကြည့်လိုက်ပြီး နည်းနည်း သည်းမခံနိုင်တော့ဘူး။ လမ်းက အရမ်းကို ကြောက်စရာကောင်းနေတယ်။ ဘာဖြစ်လို့ စိမ်းလန်းတဲ့ သစ်ပင်တွေ အများကြီး စိုက်ထားလဲတော့ မသိဘူး။ လေတိုက်တဲ့အခါ လူတွေက စိမ့်တက်သွားစေတယ်။"

“အဲဒီညက ကျွန်မ အိမ်ကို အမြန်ပြေးခဲ့တယ်၊ နောက်နေ့မနက် ကိုးနာရီမှ သူ့ကို သွားပြန်ကြိုခဲ့တယ်။

အစတုန်းကတော့ သူကို အလုပ်ပင်ပန်းခဲ့မယ်လို့ ထင်ခဲ့ပေမယ့် အဲဒီအချိန်တုန်းက သူ့ကိုအဲ့လိုတွေ့လိုက်ရမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

သူက ကားပေါ်တက်ဖို့တောင် မစောင့်နိုင်တော့ဘူး။

သူတကယ်စိတ်လှုပ်ရှားနေပြီး ကားပေါ်ရောက်တာနဲ့ သူ့ရဲ့ ရေးမယ့်ထဲက ထဲက ပထမဆုံးဇာတ်လမ်းကို ပြောပြခဲ့တယ်!”

“အဲဒီတုန်းက မိသားစုတစ်စုလုံးရဲ့ ဝန်ထုပ်ဝန်ပိုးက သူ့တစ်ယောက်တည်းပဲ ဆိုတော့ ဇာတ်လမ်းတိုတွေ အများကြီးရေးလို့ရခဲ့ရင် လစာတွေ အများကြီး ရနိုင်တယ်လေ၊ ဒါနဲ့ သူ အရမ်းပျော်နေတာကို တွေ့ရတော့ အရမ်းပျော်သွားတယ်။ အဲ့ဒီ သဂြိုလ်ခန်းက အရမ်းကိုမှော်ဆန်နေခဲ့တာလားလို့ မေးခဲ့တယ်၊ တစ်ညတည်းနဲ့ ဇာတ်လမ်းအသစ်တွေ ရခဲ့တာဆိုတော့"

“အဲဒီတုန်းက ကော်ဘို က ကျွန်မကို အရမ်းစိတ်လှုပ်ရှားပြီး ရူးသွပ်တဲ့အကြည့်နဲ့ ကြည့်ပြီး အသုဘသဂြိုလ်ခန်းလိုနေရာမျိုးဟာ သဘာဝလွန်စာရေးဆရာတွေအတွက် အကောင်းဆုံးနေရာလို့ ပြောခဲ့ပါတယ်။

ကွယ်လွန်သူကို မရိုမသေပြုမှာကို ကြောက်လို့ မဟုတ်ရင် သူ့ကိုယ်ပိုင် ကွန်ပြူတာတောင် ယူလာချင်သေးတယ်။

ပေါက်ကတွေ တွေးနေတယ်လို့ဆိုပြီး သူ့ကိုရယ်ရယ်ပြီး ကြိမ်းမောင်းခဲ့ပေမယ့် ကော်ဘို ဟာ သူ့ကမ္ဘာထဲမှာ နှစ်မြုပ်နေပြီး ကျွန်မကို သိပ်ဂရုမစိုက်ခဲ့ဘူး။ "

"သူ အိမ်ပြန်ရောက်တော့ အနားတောင် မယူခဲ့ဘူး။

သူက ကွန်ပြူတာဖွင့်ပြီး စာမူကို စရေးတယ်။

မနက်စောစော မီးသဂြိုလ်ဖို့ ရောက်လာတဲ့ ကွယ်လွန်သူရဲ့ မိသားစုဝင်တွေဆီက အတုယူပြီး ဇာတ်လမ်းကို ရေးဖြစ်တယ်လို့ သူက ပြောပြခဲ့တယ်။

သူရေးပြီးတာနဲ့ ကျွန်မ ဇာတ်လမ်းကို ဖတ်လိုက်တယ်။

ဖတ်ပြီးတာနဲ့ ကျွန်မကြောက်လွန်းလို့ တောင့်တောင့်ကြီး ရပ်နေမိတယ်။"

အစ်မချန်းက ဆက်ပြောတော့မယ့်အချိန်မှာ ကျန်းရီက သူမကို ကြားဖြတ်ပြီး "အစ်မချန်း အဲဒီဇာတ်လမ်းကို မှတ်မိသေးလား" လို့ မေးလိုက်တယ်။

"မှတ်မိပါတယ်"

"ကျေးဇူးပြုပြီး အဲ့ဇာတ်လမ်းကို ပြောပြပေးလို့ရမလား"

ကျန်းရီ၏တောင်းဆိုမှုကြောင့် အစ်မချန်း အံ့အားသင့်သွားကာ အကြောင်းပြချက်မရှိဘဲ တုန်လှုပ်သွားခဲ့သည်။ သူမသည် ခြောက်ကပ်စွာ ရယ်မောပြီး "မကောင်းဘူးလို့တော့ ထင်တယ်နော်? ငါအခု တော်တော်ကြောက်စရာကောင်းသလို ခံစားနေရတယ်..."

"အစ်မက ငါတို့ကို စိတ်ပူနေရင် မင်းအတွက် အဲ့တာက မလိုအပ်ဘူး၊ မင်း ကိုယ့်ကိုကိုယ် ကြောက်နေတယ်လို့ ခံစားရရင်တောင် ဒီဇာတ်လမ်းကို မင်းပြောပြရမယ်။ ချန်းချန်း ရဲ့ ပြောပြချက်အရ မင်းခင်ပွန်းရဲ့ သေဆုံးမှုက ဒီလောက်ရိုးရှင်းတဲ့ပုံမပေါ်ဘူး။ လူကောင်းတစ်ယောက်က သူသေပြီးတဲ့ နောက်မှာ ခေါက်တစ္ဆေလို ဖြစ်သွားတယ် ဒါဟာ ဘယ်လိုမှ မရိုးရှင်းဘူး။

"ဒါဆို မင်းမရဏကမ္ဘာကို သွားတဲ့လမ်းကို ရောက်သွားရတဲ့ အကြောင်းရင်းက မင်းရဲ့ခင်ပွန်း စတင်ပြောင်းလဲလာတဲ့အချိန်ဖြစ်ကောင်းဖြစ်နိုင်တယ်။"

အစ်မချန်းက သက်ပြင်းရှည်ကြီးထုတ်လိုက်ပြီး အဝေးက သွားလိုက်လာလိုက်လုပ်နေတဲ့ လူတွေကို ကြည့်လိုက်တော့ ကြောက်စိတ် နည်းနည်း ငြိမ်သက်သွားသလို ခံစားလိုက်ရတယ်။

“၂၀၁၈ ခုနှစ် ဆောင်းရာသီ တစ်ညမှာ အဖေဆီက ဖုန်းဝင်လာတယ်။

ညဆယ့်တစ်နာရီရှိနေပြီ။

အဖေက ဖုန်းထဲမှာ ငိုနေတဲ့အသံနဲ့ ပြောတယ်- အိမ်မှာ တစ်ခုခုဖြစ်ခဲ့လို့ မြန်မြန်ပြန်လာပါ။

အဖေ ဘာဖြစ်တာလဲလို့ မေးလိုက်တယ်။

ဖြစ်ပျက်ခဲ့တာကို သူက မပြောပဲနဲ့ မြန်မြန်ပြန်လာဖို့ပဲ တောင်းဆိုခဲ့တယ်။

အဲဒီ့ညနှောင်းပိုင်းမှာပဲ တက္ကစီငှားပြီး အိမ်ပြန်ခဲ့ပေမယ့် အိမ်ပြန်ရောက်တော့ ပင်မအခန်းမှာ မီးပွင့်နေတာကို တွေ့လိုက်ရတယ်။ "

“ကျွန်တော် ပင်မခန်းထဲကို လှမ်းကြည့်လိုက်တော့ အဘိုးက စားပွဲပေါ်မှာ ထိုင်နေပြီး ခေါက်ဆွဲစားနေတာကို တွေ့လိုက်ရတယ်။

သူ့မျက်နှာက ကျွန်တော့်ကိုမြင်တော့ ရယ်မောသွားတယ်။

စားပွဲပေါ်တွင် ခေါက်ဆွဲပန်းကန်များစွာရှိနေတယ်။

အဘိုးက ကျွန်တော့်ကို လက်ပြနှုတ်ဆက်ပြီးတော့ ပြန်လာပြီလား မင်းကိုစောင့်နေခဲ့တာ ကြာလှပြီ။

မင်းက တစ်နေ့လုံး တစ်ခုခုနဲ့ အလုပ်ပတ်ရှုပ်နေတယ်၊ ​​မင်းနဲ့ အိမ်က ကီလိုမီတာ တစ်ရာကျော်ပဲ ဝေးတယ် ၊ အဲ့ဒါကို ဘာကြောင့် တရုတ် နှစ်သစ်ကူးနေ့တွေကလွဲလို့ ကျန်တဲ့အချိန်တွေ ပြန်မလာတာလဲ"

“အဲဒီချိန်တုန်းက အဖေပြောခဲ့တာတွေကိုပဲ ခေါင်းထဲရောက်နေတော့ သူပြောတာကို ပြန်မဖြေတော့ဘဲ၊ အဘိုး အဖေက ကျွန်တော့်ကို ဘာလို့ ညလယ်ကြီးမှာ ခေါ်လိုက်တာလဲ၊ အိမ်မှာ ဘာဖြစ်နေတာလဲ ?"

"အဘိုးက ငါမင်းကိုလွမ်းတယ်လေ၊ ဒါကြောင့် မင်းအဖေက မင်းကိုပြန်ခေါ်လိုက်တာ။"

“ကျွန်တော်က ပြောစရာစကားပျောက်ဆုံးပြီး ဆွံအသွားတယ် အဘိုးက ကလေးတော်တော်ဆန်နေတယ် "

ဒါ​ပေမယ့်​ ငါလည်း အိမ်ပြန်​​ရောက်​​နေပြီမို့ ညလယ်​​ကြီး ညလယ်ကြီး အဆောင်ကို ထပ်မပြန်​နိုင်​ဘူးလေ? ဒါ့အပြင် ညနက်သန်းခေါင် ဗိုက်ဆာနေပြီးတော့ စားပွဲပေါ်ရှိ ခေါက်ဆွဲပန်းကန်ကို ကြည့်လိုက်တော့ စားရန် အသင့်ဖြစ်နေပါပြီ။

ဒါပေမယ့် အဘိုးက ရုတ်တရက်ကြီး ဒေါသဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး၊ စည်းကမ်းမသိပဲနဲ့ စားပွဲပေါ်က ခေါက်ဆွဲကို စားချင်တိုင်း စားလို့မရဘူးဆိုပြီး ကြိမ်းမောင်းခဲ့တယ် ။”

“အဲဒီတုန်းက ကျွန်တော် စိတ်အရမ်းဆိုးသွားခဲ့တယ်။

ညဘက် အလုပ်တွေ ပြီးလို့ အိမ်ပြန်ရောက်တော့ ဘာမှ စားစရာ မရှိနေဘူး။

ငါဗိုက်ဆာလွန်းနေတာကို ခေါက်ဆွဲတစ်ပန်းကန်လေးတောင် မပေးချင်ဘူး။

ဒေါသကြီးလွန်းလို့ နောက်ခန်းကို ထွက်သွားလိုက်တယ်၊ ပင်မခန်းက ထွက်လာပြီး နောက်ခန်းကို ချဉ်းကပ်လာတဲ့အခါ ပင်မအခန်းက မီးတွေ ရုတ်တရက် မှိန်သွားတယ်။"

"ကျွန်တော် သိပ်ဂရုမစိုက်ခဲ့မိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ တစ်ယောက်ယောက် ငိုသံကြားလို့ အဲ့အသံရှိရာကို ပြေးသွားလိုက်တယ်။

အဲဒါ ငါ့အဖိုးရဲ့အခန်း။

တံခါးကို ဖြတ်ကျော်လိုက်ပြီးတော့ အခန်းထဲမှာ ဒူးထောက်တဲ့လူတွေ ပြည့်နေတာကို တွေ့လိုက်ရတယ်။

အဲဒီလူတွေအားလုံးက ကျွန်တော့်ရဲ့ ဆွေမျိုးတွေပါ။

အတူတူငိုနေကြတယ်။

ပြီးတော့ အဘိုးက မျက်လုံးတစ်ဝက်မှိတ်ပြီး ကုတင်ပေါ်မှာ လဲလျောင်းနေပြီး မျက်နှာက ဖြူဖျော့နေတယ်။

ထို့နောက် အဘွားက အနီရောင်ကြိုးဖြင့် ချည်ထားတဲ့ ကြေးနီဒင်္ဂါးပြားကိုယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်တယ်...!

All Chapters