← Chapters

နောက်ဗားရှင်းတစ်မျိုး

Vol. 4 Ch. 55

နောက်ဗားရှင်းတစ်မျိုး

Vol. 4 Ch. 55

အစ်မချန်းသည် သူမ၏ခင်ပွန်း ကော်ဘို ရေးသားထားသော ပထမဆုံး သရဲတစ္ဆေဇာတ်လမ်းကို ကိုယ်တိုင်ကိုယ်ကျ ပြောပြခဲ့သည်။

ဇာတ်လမ်းက ကြောက်စရာကောင်းလား။

သိပ်ကြောက်စရာကောင်းပုံမပေါ်ပါဘူး။

ဤသည်မှာ ဘဝ၊ အိုမင်းမှု၊ နာမကျန်းမှုနှင့် သေခြင်းဆိုင်ရာကို ဖော်ပြထားသည့် ပုံပြင်တစ်ပုဒ်ဖြစ်သည်။

သို့သော် အစ်မချန်း၏ခင်ပွန်းသည် ဤဇာတ်လမ်းကို ရေးသားပြီးနောက် အလွန်စိတ်လှုပ်ရှားနေပုံရသည်။

သူမ၏ခင်ပွန်းသည် သဘာဝလွန်ဖြစ်ရပ်တွေကို အခုမှစရေးသားတဲ့ စာရေးဆရာအသစ်မဟုတ်ပါဘူး သဘာဝလွန် ဆောင်းပါးများစွာကို ရေးသားထုတ်ဝေခဲ့သော သဘာဝလွန်စာရေးဆရာတစ်ဦးဖြစ်သည်။

ထိုသို့သောဇာတ်လမ်းသည် အခြားသူများ၏ စိတ်ခံစားမှုကို နှိုးဆွကောင်း နှိုးဆပေးနိုင်လိမ့်မည် သို့သော် ၎င်းသည် လူတို့ကို လေးလေးနက်နက်တွေးတောစေမည့် အကြောက်တရားများကို မဖန်တီးနိုင်သည်ကို သိသင့်သည်။

ကြောက်လန့်အောင်မရေးနိုင်ခဲ့ရင် ဒါက ကောင်းတဲ့ သရဲဇာတ်လမ်းဖြစ်မှာ မဟုတ်ဘူး။

ကျန်းရီက အချိန်အတန်ကြာစဉ်းစားပြီးနောက်၊ သူက "ဒီဇာတ်လမ်းက ပြီးသွားပြီလား?"

ဖုန်း၏တစ်ဖက်ခြမ်းက အစ်မချန်းသည် အသက်ပြင်းပြင်းရှူလှိုက်ကာ “အဲဒီတုန်းက ဇာတ်လမ်းပြီးသွားပြီလို့ ထင်ခဲ့တယ်။ ဇာတ်လမ်းကို နားထောင်ပြီးတဲ့အခါမှာတော့ ကျွန်မက အေးအေးဆေးဆေးပါပဲ၊ ဇာတ်လမ်းက အံ့သြစရာ ဘာမှမရှိဘူးဆိုတော့၊ ပြီးတော့ အဲ့ဇာတ်လမ်းက နာမည်ကြီးခဲ့ပါတယ်။"

"ဟုတ်​တယ်​၊ ငါတို့လည်း မင်းဒီလိုပဲ ခံစားလိုက်ရတယ်​။"

"ဒါပေမယ့် ငါ့ယောက်ျား ဆုံးပါးပြီး သူ့ပစ္စည်းတွေကို ငါ ထုတ်နေတုန်း အဆုံးကို ငါမြင်ခဲ့တယ်"

"အိုး..အဆုံးသတ်က ဘယ်လိုလဲ"

“ကျွန်မခင်ပွန်း ဆုံးသွားပြီးနောက် သူ့ပစ္စည်းတွေကို ခွဲထုတ်ခဲ့တယ်။

သူ့စာမူများက အလွန်အရေးကြီးပြီး အမှတ်တရဖြစ်စေသော အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူက သူ၏စာမူများကို သိမ်းထားလေ့ရှိတယ်။

အဲဒီနေ့က ကျွန်မ အဲ့ဒီ စာမူတွေကို ခွဲထုတ်တဲ့အချိန်မှာ ဒီဇာတ်လမ်းကို တွေ့လိုက်ရတယ်။

ဒါပေမယ့် ပုံစံက မတူဘူး။

အရှေ့ကတုန်းက ဇာတ်လမ်းက အဲ့​ဇာတ်လမ်းထဲက လူတွေရဲ့အမြင်ကနေ ရေးခဲ့တာ၊ ဒါပေမယ့် ကျွန်မခင်ပွန်း ရေးခဲ့တာက သူ့အမြင်နဲ့ရေးခဲ့တဲ့ဟာပဲ”

အစ်မချန်၏စကားများသည် နားလည်ရလွယ်ကူသည်၊ ဆိုလိုသည်မှာ ပထမဗားရှင်းသည် တတိယရှုထောင့်ဖြစ်ပြီး၊ နောက်ဆုံးဗားရှင်းမှာ သူ့အမြင်ကနေ ရေးသားထားသည့် ပထမရှုထောင့်ဖြစ်သည်။

“အသုဘသဂြိုလ်ခန်းမှာ ပထမဆုံးနေ့။

အဲ့ဒီက အေးတဲ့နံရံတွေကို ထိလိုက်တာနဲ့ ငါ့လက်နဲ့ ထိမိတဲ့အရာဟာ အုတ်ခဲတွေမဟုတ်ဘူးလို့ အမြဲခံစားရတယ်။

အဲ့တာတွေဟာ လူသေပြီးနောက် ခန္ဓာကိုယ်၌ ဖြစ်ပေါ်လာသော ပြင်းထန်သော ဓာတ်ပစ္စည်းတွေဖြစ်တယ်။

မီးသင်္ဂြိုဟ်ခန်းထဲမှာ လမ်းလျှောက်ရင်း အဲ့က ဆရာကြီးက ကျွန်တော့်ကို ပြုံးပြပြီး အလောင်းကို မီးဖိုထဲကို သယ်ခိုင်းတယ်။"

“မီးဖိုထဲမှာ အနက်နဲ့ အဝါရောင် အစွန်းအထင်းတွေ ရှိနေပြီး အဲ့တာတွေက ခန္ဓာကိုယ်ကို သဂြိုလ်တဲ့အခါ မီးလောင်းရင်း ခန္ဓာကိုယ်က ကျလာတဲ့ အဆီတွေပဲ အချိန်ကြာလာတာနဲ့အမျှ အဲ့လို အစွန်းအထင်းတွေ ဖြစ်လာတာပဲ။

အဲ့တာတွေက သန့်ရှင်းရေးလုပ်ဖို့ ခက်တယ်၊ ဒါပေမယ့် ဘာကြောင့်လဲဆိုတာတော့ မသိဘူး အဲ့မီးဖိုနဲ့ နီးနီးလေးကပ်နေရတာကို သဘောကျနေတယ်

ကျွန်တော်ကြိုက်တယ်။

အဲဒီရဲ့အနံ့က အဲ့အစွန်းအထင်းတွေကို အကြိမ်ပေါင်းများစွာ ထိတွေ့ချင်စိတ်ဖြစ်စေခဲ့တယ်။

အဲ့တာတွေက အလောင်းက အဆီတွေမှန်း ငါသိပါတယ်။

ဒီအခန်းထဲရှိ ပစ္စည်းကိရိယာများကို မသန့်ရှင်းခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။

ရာဂဏန်း ဒါမှမဟုတ် ထောင်ဂဏန်းလောက် ရှိမယ်ထင်တယ်။

ဒါမှမဟုတ်​ အဲ့ထက်တောင် ပိုနေမယ်ထင်တယ်​ ဟုတ်တယ်မ​လား"

“အဲ့မှာ သေဆုံးခဲ့တဲ့ အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေ၊ အသက်ကြီးတဲ့သူတွေရှိမယ်ထင်တယ်။

နောက်ဆုံးတော့ စိတ်ထိန်းလို့ မရတော့ဘဲ မီးမရှို့ရသေးတဲ့ ရေခဲတုံးလို အေးနေသည့် မီးဖိုပေါ် လက်တင်လိုက်တယ်။

အဲဒီအချိန်မှာ တစ်စုံတစ်ခုက စိတ်ထဲမှာ ပေါ်လာခဲ့တယ်။

အဲ့ဒီမှာ မျက်နှာတွေ အများကြီးရှိနေတယ်။

အဲ့ဒီက ဆရာကြီးက ဒေါသကြီးပြီး ကျယ်လောင်စွာ ကြိမ်းမောင်းတော့ ကျွန်တော့်လက်ကို ပြန်ဆွဲဖို့ကလွဲလို့ ရွေးစရာမရှိတော့ဘူး"

“သူက ဒေါသထွက်နေတဲ့မျက်နှာနဲ့ ရေခဲခေါင်းအဖုံးကို ဖွင့်လိုက်တယ်။

ကျွန်တော် သူ့ဆီ လျှောက်သွားလိုက်တယ်၊ ဒါပေမယ့် ရေခဲခေါင်းရဲ့ အစွန်းကို လှမ်းကြည့်လိုက်တော့ ကျွန်တော်လုံး၀ ကြောင်သွားတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းရင်းနှီးတဲ့ မျက်နှာတစ်ခု။

မနေ့ညက သူနဲ့ကျွန်တော် သစ်ပင်အောက်မှာ စကားစမြည်ပြောတုန်းက သူ့မျက်ခုံးပေါ်က အမာရွတ်က ဘယ်ကလာတာလဲလို့ သူ့ကိုမေးလိုက်သေးတာကို ရှင်းရှင်းလင်းလင်းမှတ်မိပါသေးတယ်"

"ငယ်ငယ်က ကစားရင်း မတော်တဆ ရခဲ့တာလို့ ပြောခဲ့ပါတယ်။

ဟုတ်ပါတယ်...

အရမ်းကို ရှင်းရှင်းလင်းလင်းမှတ်မိပါသေးတယ်။

သူ့မျက်ခုံးထောင့်က အမာရွတ်က ငယ်ငယ်က ကစားရင်းနဲ့ ရခဲ့တာ။

အခေါင်းထဲမှာ လဲလျောင်းနေတဲ့ လူငယ်လေးဟာလည်း တူညီတဲ့ အမာရွတ် ရှိနေပါတယ်။

ရေခဲရိုက်ထားတဲ့အတွက်ကြောင့် နှုတ်ခမ်းတင်းကြပ်မှုပြီး သူ့မျက်နှာအနေအထား နည်းနည်းပြောင်းသွားပေမယ့် တစ်ချက်ကြည့်လိုက်တာနဲ့ သူ့ကို မှတ်မိနေပါသေးတယ်။"

“အဲ့ကဆရာကြီးက အဲ့ဒီမှာ ရပ်ပြီး ဘာလုပ်နေတာလဲလို့ မေးခဲ့တယ်။ သတ္တိမရှိရင်လည်း အိမ်ပြန်သွားပြီး အသုဘအခန်းမှာ အလုပ်မလုပ်နဲ့လို့ ပြောခဲ့တယ်။ ကျွန်တော်က သူ့ကိုအကြောင်းဆုံ ရှင်းပြလိုက်ပြီး နောက်ဆုံး ဒီကို ညက မီးသဂြိုလ်ဖို့လာတဲ့ အဖိုးအိုရှိလားလို့ မေးလိုက်တယ်။ မနေ့ညက သဂြိုလ်ခန်းမှာ အရမ်းတိတ်ဆိတ်နေပြီး ဘယ်သူမှ မီးသဂြိုလ်တာမရှိဘူးလို့ ပြန်ဖြေခဲ့တယ်

“အဲဒီအချိန် ငါ့စိတ်ထဲမှာတော့ မိုးကြိုးတစ်စင်းပစ်ချလိုက်သလိုပဲ။

မဖြစ်သင့်ဘူးလေ။

အဲဒီလူနဲ့ သစ်ပင်အောက်မှာ နှစ်နာရီကျော်လောက် စကားစမြည်ပြောခဲ့တယ်။

အာ့ဆိုရင် မနေ့ညက ငါနဲ့စကားပြောခဲ့တဲ့လူက ဘယ်သူလဲ။ မီးသဂြိုလ်ဖို့ ဘယ်သူမှ လာမလာကြဘူး ဒါပေမယ့် ငိုနေတဲ့ လူတော်တော်များများကို တွေ့လိုက်ရတယ်၊ ဆေးလိပ်သောက်တဲ့ ခုံပေါ်ထိုင်ပြီး သူတို့ရဲ့ ဆွေမျိုးတွေရဲ့ မီးသဂြိုလ်တာကို ကြည့်နေတဲ့လူတွေရော ပြတင်းပေါက်နားမှာ လဲလျောင်းနေတာ ဒါမှမဟုတ် သစ်ပင်အောက်မှာ ထိုင်ပြီး စကားစမြည်ပြောနေတဲ့လူတွေကို ငါတွေ့ခဲ့ရတယ်။"

“ဒါပေမယ့် ဘာကြောင့် လူသေတွေကို မီးမသဂြိုလ်ဘဲ လူကောင်းတွေက အလောင်းတွေ ဖြစ်သွားပြီး ငါ့ရှေ့မှာ ပေါ်လာတာ နားမလည်ခဲ့ဘူး အဲ့တာကြောင့် အဲ့ကဆရာကြီးကို မေးလိုက်တယ်။

အဲ့အချိန် သူ့မျက်​နှာက ရုတ်​တရက်​ ဖြူ​ဖျော့လာပြီး သူ့မျက်​လုံးထဲမှာ အကြည့်​တစ်​ခု ​ပေါ်လာခဲ့တယ်​။

သူက ထူးထူးဆန်းဆန်း အသံနဲ့ ငါ့ကိုမေးခဲ့တယ် မနေ့ညက နှစ်နာရီကျော်ကြာအောင် သူနဲ့ တကယ်စကားပြောခဲ့တာလား။ ငါက ဟုတ်တယ်လို့ ပြောခဲ့တယ်၊ အဲ့ဒီမှာ ဆရာကြီးက ရုတ်တရတ် စိတ်တွေပူလာပြီး ကုလားကာတွေအားလုံးကို ဆွဲချလိုက်တယ်၊ အဝတ်ဗီရိုထဲက ဖွင့်လိုက်တယ်

အဲ့ထဲက ရှိနေတဲ့ ဘုရားရုပ်ထုကို ပင့်ဖိတ်လိုက်တယ်။”

"ပြီးတော့ သူက အရမ်းထူးဆန်းတဲ့အသံနဲ့ ပြောခဲ့တယ်၊ မင်း ဒီမှာ ယာယီအလုပ်သမားပဲဖြစ်ဖြစ် ဒါမှမဟုတ် အမြဲတမ်း အလုပ်သမားလုပ်ချင်လို့ပဲ ဖြစ်ဖြစ် ကျန်တဲ့ (၇×၇=၄၉)ရက်လောက် ဒီမှာ ရိုးရိုးသားသားနေပြီး အလုပ်လုပ်ရမယ်။ တစ်နေ့မှာ အနည်းနှင့်အများ သင်ယူလေ့လာရမယ်။”

“အကြောင်းရင်းကို နားမလည်ပေမယ့် အဲဒီအချိန်မှာ ဆရာကြီးရဲ့ စကားကို ထိတ်လန့်တကြားနဲ့ ခေါင်းညိတ်လက်ခံရုံသာ ရှိတော့တယ်။ ဆရာကြီးက ဘုရားကို ရှိခိုးပြီးတာနဲ့ နည်းနည်းတော့ ငြိမ်သက်သွားပြီးတော့ အလောင်းကို မခိုင်းတယ်။ သူ့ကိုမပြီးတော့ မီးဖိုထဲကို ထည့်ရမယ်။"

"ကျွန်တော် သူပြောတဲ့အတိုင်း လုပ်ခဲ့တယ်။

ထိုအချိန်တွင် ဆရာကြီးက ခေါင်းကိုမရန် ​ပြောလိုက်တယ်။

ခေါင်းကို မမချင်ပေမယ့် သူ့စကားကို နားမထောင်ပဲ မနေရဲဘူး။

သူက ခြေထောက်ကို မလိုက်ပြီး ငါတို့နှစ်ယောက် အတူတူ အလုပ်ကြိုးစားလိုက်တယ်။

လေးလံသောသူသည် မိမိခွန်အားကို သေသည်အထိ အသုံးချတတ်သည်ကို နှစ်သက်သည်ဟု လူအများက ဆိုလေ့ရှိသည်။ အဲဒီအချိန်တုန်းကသေဆုံးသွားတဲ့လူက တကယ်ကိုလေးလံနေတယ်၊ ​​သူ့ခန္ဓာကိုယ်က ခြောက်သည်ဖြစ်စေ မခြောက်သည်ဖြစ်စေ သယ်သွားရတဲ့သူတွေကသာ အဲဒီအခိုက်အတန့်မှာ သူ့ရဲ့လေးလံမှုကို နားလည်နိုင်မှာပါ။"

"အဲဒါကို ငါက ခက်ခက်ခဲခဲ မလိုက်တယ်၊ သူ့ခေါင်းနောက်ကျောက ရေခဲအခေါင်းနဲ့ ကပ်နေတော့ အားနဲ့မလိုက်တာနဲ့ သူ့ဦးရေပြားကို ဆုတ်ဖြဲပစ်လိုက်မိတယ်...!"

All Chapters