← Chapters

အစည်းအဝေး

Vol. 27 Ch. 391

အစည်းအဝေး

Vol. 27 Ch. 391

ပြတင်းပေါက်ဘေးတွင် ရှိနေသော ကျန်းရွေ့ချင်သည် ဖုန်းယွီ သူ့ကားထဲမှ နဖူးစီးအတန်း အထပ်လိုက်ဖြင့် သယ်လာသည်ကို မြင်သည့်အခါ ထိတ်လန့်နေတော့၏။

မြို့တော် အစိုးရရုံးကို ဖုန်းယွီ တစ်ခုခု ယူလာသည့်အခါတိုင်း ကောင်းတာ တစ်ခုမှ ဖြစ်မလာပေ။ ဒီကလေးက နဖူးစီးစာတန်းတွေကို ရောင်းမလို့လား။ နဖူးစီးစာတန်းတွေက အကျိုးအမြတ်ရတာလား။”

“အစ်ကိုလျို လာပြီး ကျွန်တော်ကို ကူညီပေးပါဦး။ ကျွန်တော် တစ်ယောက်တည်း အကုန်မသယ်နိုင်ဘူး။”

ဖုန်းယွီသည် ကျန်းရွေ့ချင် ရုံးခန်းကို အေးအေးဆေးဆေးဖြင့် လမ်းလျှောက်သွားသည်။ မြိုတော်အစိုးရရုံးရှိ အရာရှိများအကုန်လုံး သူ နဖူးစီးစာတန်းအထပ်လိုက်ကို သယ်ကာ ကျန်းရွေ့ချင် ရုံးခန်းကို ဝင်သွားသည်ကို တွေ့လိုက်ရသည်.

သို့သော် မည်သူက ယင်းကို လာဘ်ထိုးသည့် အရာဟု တွေးမည်နည်း။ တစ်ယောက်ယောက်ကို လာဘ်ထိုးရန်အတွက်လည်း နဖူးစည်းစာတန်းများကို အသုံးပြုမည် မဟုတ်ပေ။

ကျန်းရွေ့ချင်၏ အတွင်းရေးမှူးအသစ်သည် ချက်ခြင်း ဖုန်းယွီဆီကို အပြေးလာခဲ့သည်။ သူက ဖုန်းယွီကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်ကာ ပြောလိုက်၏။

“မန်နေဂျာဖုန်း အစ်ကိုကျောက် မထွက်သွားခင် သူက ကျွန်တော်ကို မန်နေဂျာဖုန်း မြို့တော်ဝန်ကျန်းရဲ့ ရုံခန်းထဲကို ဝင်တဲ့အခါ ဘာမှ ယူဖို့ ခွင့်မပြုထားဘူးလို့ မှာခဲ့တယ်။”

“ဒါတွေက လက်ဆောင်တွေမှ မဟုတ်တာ။ ဒါတွေက လက်မှတ်တွေလေ။”

“လက်မှတ်တွေလား။””

အတွင်းရေးမှူးလျိုက ထိတ်လန့်သွားသည်။ အလွန်များသည် နဖူးစီး စာတမ်းများပင်။ ထိုနဖူးစည်းစာတန်းများအားလုံးသည် လက်မှတ်များ ဖြစ်သည်လော။

ကျန်းရွေ့ချင်သည် ရုံးခန်းထဲမှ နေ၍ ကြားနိုင်ပေသည်။ ဖုန်းယွီ ရုံးခန်းထဲ မဝင်ခင် သူက ထွက်လာကာ

“ဒီ နဖူးစည်းစာတန်းတွေ အကုန်လုံးက ဘာတွေလဲ။”

“ဒါတွေက လက်မှတ်တွေပါ။ ဒီလက်မှတ်တွေ အကုန်လုံးကို စက်ယန္တရားကုမ္ပဏီရဲ့ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ထိုးထားတာပါ။”

“ဒီလက်မှတ်ထိုးထားတာတွေက ဘာအကြောင်းအရာတွေလဲ။ မင်းက အခုက ခေတ်ဟောင်းလူ့အသိုက်အဝန်းလို့ တွေးနေတာလား။”

ကျန်းရွေ့ချင်သည် စိတ်တိုသွား၏။ ထိုအရာသည် ဖုန်းယွီ၏ အကြံဉာဏ်ပင် ဖြစ်ပေမည်။ မည်သူမျှ ထိုကဲ့သို့သော လုပ်ရပ်မျိုးအား လုပ်ရဲမည် မဟုတ်ပေ။

“ဘာခေတ်ဟောင်း ခေတ်သစ် လူ့အသိုက်အဝန်းလဲ။ ဒီ နဖူးစည်းစာတန်းတွေက လူတွေရဲ့ အတွေးတွေပဲ။ သူတို့တွေက မြို့တော် အစိုးရရုံးကို ကိုယ်တိုင်ကိုယ်ကျ လာပြီး သူတို့ရဲ့ အတွေးတွေကို တင်ပြချင်နေကြတာ။ ဒါပေမဲ့ ကျွန်တော်က သူတို့ကို တားလိုက်တယ်။”

ကျန်းရွေ့ချင်က အထင်သေးသည့် အကြည့်ဖြင့်

“အဲတာဆိုရင် ငါက မင်းကို ကျေးဇူးတင်ရမှာလား။”

“ကျွန်တော်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ကျွန်တော် လုပ်နိုင်တဲ့ အရာကိုပဲ လုပ်နေတာပဲ။”

ဖုန်းယွီက ယင်းက ကိစ္စသေးသေးလေးပမာ ပြသကာ သူ့လက်ကို ဝေ့ယမ်းလိုက်သည်။

ကျန်းရွေ့ချင်၏ လက်များက တုန်ယင်နေကာ အတွင်းရေးမှူးလျို၏ ခုံစောင်းထဲရှိ စီးကရက်ဘူးမှ ဆေးလိပ် တစ်လိပ်ကို ထုတ်ယူလိုက်သည်။ နှစ်ခါ ပြင်းပြင်းမှုတ်ထုတ်လိုက်ပြီးနောက် ကျန်းရွေ့ချင်သည် အတော်လေး စိတ်ပြေလျော့လာခဲ့သည်။

“ဒီလက်မှတ်တွေ အကုန်လုံးရဲ့ အဓိပ္ပာယ်က ဘာလဲ။ ငါ့ကိုပြော။”

“ဒီလက်မှတ်က မြို့တော် အစိုးရအနေနဲ့ ကျွန်တော်တို့ ဆေးရုံတွေရဲ့ ဆေးပစ္စည်းနဲ့ စက်တွေကို အဆင့်မြင့်တင်ဖို့ ခွင့်ပြုဖို့။ ဒါက အများကြီး မကုန်ပါဘူး။ ယွမ် ၁၀သန်းဆို လုံလောက်ပါပြီ။ ဒီ လက်မှတ်ကတော့ ကျွန်တော်တို့ ဆေးရုံကို ချဲ့ထွင်ဖို့အတွက် ခွင့်ပြုပေးဖို့။ ၈ ဟတ်တာ ၁၀ ဟတ်တာလောက်ဆိုရင် လုံလောက်ပါပြီ။ ပြီးတော့ ဒီနဖူးစီးစာတန်းက....”

“တော်ပြီ။ ဒီထဲမှာ သာမန်ဖြစ်တာတောင် ပါရဲ့လား။”

“ပါတာပေါ့။ ဒီတခု။ ကောင်းကောင်း ရေးထားတယ်။ ဆေးရုံ ပြန်လည် ဖွဲ့စည်းရေးကို အားပေးဖို့။ ဒီအရာက အလုပ်သမားတွေ အကုန်လုံးနဲ့ သူတို့ မိသားစုဝင်တွေကို အကျိုးအမြတ်ရစေလိမ့်မယ်။ ဒီဟာကောပဲ။ ဆေးရုံကို အထူးကုဆရာဝန်တွေ ငှားယမ်းခွင့်ပေးပါ။ ပြီးတော့ ဒီတစ်ခု....”

ဖုန်းယွီသည် ပျော်ပျော်ရွှင်ရွှင်ဖြင့် နဖူးစီးစာတန်းများကို တစ်ခုပြီး တစ်ခု လှန်နေလေ၏။

ကျန်းရွေ့ချင်သည် စိတ်မရှည်သည့်အလား သူ့လက်ကို ယမ်းလိုက်၏။

“ကောင်းပြီ။ ဒီတွေ အကုန်လုံးက မင်းရဲ့ ဆေးရုံကို ပြန်လည် ဖွဲ့စည်းဖို့ ကိစ္စပဲ ဟုတ်တယ်မလား။”

အကယ်၍ တစ်စုံ တစ်ယောက်၏ နာမည်သည် ဖက်တီး ဖြစ်ပါက သူတို့သည် အခုတွင် ဗိုက်ပူနေကြောင်း သိနိုင်ပေသည်။ အကယ်၍ တစ်ယောက်ယောက်သည် အဝတ်အစား ဆင်းဆင်းရဲရဲ ဝတ်ထားပါက သူသည် သန်းကြွယ်သူဌေး တစ်ယောက် ဖြစ်နိုင်ပေသည်။ အကယ်၍ တစ်ယောက်ယောက်ကို သူ့ရိုက်ချင်သည့်သူ ဖြစ်ပါက ထိုအခါ သူသည် ထိုသူကို သေချာပေါက်ပင် ရိုက်မည်ဖြစ်သည်။

ကျန်းရွေ့ချင်သည် အခုလက်ရှိတွင် ဖုန်းယွီကို သေသည်အထိ ရိုက်ချင်စိတ် ပြင်းပြနေသည်။ သူ့အား လည်ပင်ညှစ်သတ်ပါကလည်း ကောင်းပေမည်။

ကျန်းရွေ့ချင်၏ လေသံကို ကြားရသည့်အခါ ဖုန်းယွီအနေဖြင့် ကျန်းရွေ့ချင်သည် ယင်းကိစ္စကို အလေးအနက်စဉ်းစားနေပြီ ဖြစ်ကြောင်း ပြောနိုင်ပေသည်။

“ဟုတ် ဟုတ်် ဟုတ် ဒါက ကိစ္စသေးသေးလေးပါ။ ကျွန်တော် မြို့တော်ဝန်ကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်။”

ကိစ္စသေးသေးလေးလား။ တကယ်လို့ ဒါက ကိစ္စသေးသေးလေးဆိုရင် ဘာလို့ မင်းက လူအရောက်ထောင်ချီကို လက်မှတ် ထိုးခိုင်းတာလဲ။”

“သွားပြီး စောင့်နေ။ မနက်ဖြန်ကျ မြို့တော် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ငါမင်းကို အသိပေးမယ်။”

“ကျေးဇူးတင်ပါတယ်။ မြို့တော်ဝန်။ ကျွန်တော်တို့ နေ့လည်စာ အတူတူစားရင် ဘယ်လိုလဲ။”

“ထွက်သွားစမ်း....”

ဖုန်းယွီသည် ပြုံးလျက်သား ထွက်သွားသည်။ ဟ မင်းက ငါ့ကို မကူညီချင်ဘူးလား။ မင်းက စည်းမျဉ်းအတိုင်းလိုက်ချင်တာလား။ စည်းမျည်းစည်းကမ်းတွေက ပျက်သွားတဲ့ပုံပဲ။

.....

“လက်ထောက်မြို့တော်ဝန်ကျန်း ဒီကိစ္စကြောင့် အရေးပေါ် အစည်းအဝေး ခေါ်လိုက်တာလား။”

ပညာရေးနှင့် ကျန်းမာရေးပိုင်းတွင် တာဝန်ယူထားသည့် လက်ထောက်မြို့တော်ဝန်လီသည် မပျော်ရွှင် ဖြစ်နေသည်။ ထိုကဲ့သို့သော ကိစ္စမျိုးသည် သီးသန့်ဆွေးနွေးနိုင်ပေသည်။ အစည်းအဝေး တစ်ခု လုပ်ရန်အတွက် မလိုအပ်ပေ။

ငါတို့တွေက မင်းက အထူးမြို့တော်ဝန်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ဒီအစည်းအဝေးမှာ ငါ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆွေးနွေးဖို့က မလိုဘူးထင်တယ်။ တခြားသူတွေက ငါအလုပ်မလုပ်ဘူးလို့ တွေးကုန်ကြဦးမယ်။

“လက်ထောက်မြို့တော်ဝန်လီ ဒါက တော်တော်လေး အရေးကြီးတယ်။ ဒီနေ့ မနက်ပိုင်းက စက်ယန္တရားကုမ္ပဏီက တစ်ယောက်က ကျွန်တော်ဆီ ဒီ လက်မှတ် အထပ်လိုက်ကို လာပို့တယ်။”

“လက်မှတ်လား။ အထပ်လိုက်လား.”

လက်ထောက်မြို့တော်ဝန်လီသည် အံ့အားသင့်သွား၏။ ပုံမှန်အားဖြင့် လက်မှတ် တစ်ခုဆိုလျှင်တောင် လုံလောက်ပြီ ဖြစ်သည်။ သူ့သည် ဘယ်တုန်းကမျှ လက်မှတ် အထပ်လိုက်ကို မကြားဖူးပေ။

“ဒီ နဖူးစီးစာတန်းတွေက လက်မှတ်တွေပဲ။ ဒီနဖူးစည်းစာတန်း တစ်ခုစီတိုင်းမှာ အလုပ်သမား ရာချီနဲ့ သူတို့ မိသားစုတွေရဲ့ လက်မှတ်တွေပါတယ်ဆိုတာ အကုန်လုံး သိပြီးပြီလို့ ကျွန်တော် ထင်တယ်။ စက်ယန္တရားကုမ္ပဏီရဲ့ ဆရာဝန်၊ သူနာပြုနဲ့ လုံခြုံရေးရဲ့ လက်မှတ်တွေတောင် ပါသေးတယ်။ တကယ်လို့ ကျွန်တော်တို့သာ ဒီနေ့ အဖြေပြန်မပေးဘူးဆိုရင်။ သူတို့တွေ မြို့တော် အစိုးရရုံးကို မနက်ဖြန်မနက်ပိုင်းလာမှာကို စိုးရိမ်မိတယ်။ ကျွန်တော်တို့ အကုန်လုံး ဒီကိစ္စကို မြန်မြန် ဖြေရှင်းရမယ်လို့ မထင်ဘူးလား။”

“လီမင်တက ဒီလိုကိစ္စမျိုးကို လုပ်ရဲတာလား။”

လက်ထောက်မြို့တော်ဝန်လီသည် လက်ထောက်မြို့တော်ဝန်ရှုကို ကြည့်လိုက်သည်။ လီမင်တကို သူ့က လက်သက်မွေးခဲ့သည်။ လက်ထောက်မြို့တော်ဝန်ရှုသည် နောက်ကွယ်မှ ပြဿနာများကို ဖန်တီးသည့်သူ ဖြစ်သည်လော။

လက်ထောက်မြို့တော်ဝန်ရှုသည် ယခုအခါ မထင်မရှားသာ နေရန်သာ ကြိုးစားတော့သည်။ သူသည် တရုတ်နှစ်သစ်ကူးပြီးနောက် သူပြောင်းရွေ့ရသည့် သတင်းကို ကြားခဲ့ရသည်။ သူ့သည် အနောက်ဖက်သို့ ပြောင်းရမည် ဖြစ်သည်။ သူသည် ရာထူးလျော့ချခံရခြင်း ဖြစ်သည်။ အထက်အရာရှိများက သူ့အလုပ်အပေါ် စိတ်ထားနှင့် ပတ်သက်ပြီး ပြဿနာ တစ်ခုခု ရှိနေသည်ဟု ခံစားရသည့်အတွက်ကြောင့်ပင်။ သူက သူ့လုပ်ဖော်ကိုင်ဖက် ရာထူးတိုးရန်ကို အပုတ်ချသည့်အတွက် ဖြစ်သည်။ သူ့သည် ယခုလက်ရှိ ရာထူးနေရာတွင် မသင့်တော်တော့ပေ။

လက်ထောက်မြို့တော်ဝန်ရှုသည် သူ့အဆက်အသွယ်များအားလုံးကို အသုံးပြုကာ ကျန်ရှိိသည့် ရက်များအတွင် သူ့အတွင်းရေးမှူး ရာထူးတိုးရန် ကြိုးစားနေ၏။ ပြီးနောက် သူ့အတွေးရေးမှူးသည် သူ့အတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးခဲ့သည်။ မြို့တော်ဝန်ရှုအနေဖြင့် သူ့အလုပ်အကိုင်လမ်းကြောင်းအတွက် အနည်းဆုံး ကူညီသင့်ပေသည်။ အချို့သော ကိစ္စရပ်များတွင် သူစိတ်မဝင်စားသကဲ့သို့ ပါဝင်ခြင်းလည်း မရှိတော့ပေ။

“လီမင်တက ဒီလို မလုပ်ရဲဘူး။ ဒါပေမဲ့ အလုပ်သမားတွေကတော့ လုပ်ရဲတယ်။ ငါ့အနေနဲ့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ရှင်းပြဖို့က ခက်ခဲတယ်။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဗျူးရိုက ကိုယ်စားလှယ်တွေ အတွေးတွေကို တချက်လောက် ပြောပါဦး။”

ကျန်းရွေ့ချင်က သူတို့အား တိုက်ရိုက် မေးလိုက်သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ခေါင်းဆောင်များသည် ကုန်သွယ်ရေးနှင့် စက်မှုဗျူရိုမှလူများ အောက်ငုံ့ကာ မှတ်စုမှတ်သယောက် လုပ်နေသည်ကို မြင်လိုက်ရသည်။ သူသည် စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ ခေါင်းဆောင်က စကားပြောပြီးသွားပြီ မင်းက အခုထိ မှတ်စု မှတ်သေးတုန်းလား။

“ကျွန်တော်တို့နိုင်ငံရဲ့ စည်းမျည်းစည်းကမ်းတွေအရတော့ ပြည်သူတွေက ပုဂ္ဂလိက ဆေးရုံတွေ ထောင်ခွင့် ရှိပါတယ်။ ပြီးတော့ သူတို့တွေကိုလည်း အဲ့ဆေးရုံကနေပြီးတော့ အကျိုးအမြတ်တွေ ယူဖို့ကိုလည်း ခွင့်ပြုထားသေးတယ်။”

“မင်းက ဒီအဆိုပြုချက်ကို ထောက်ခံတယ်လို့ ဆိုလိုချင်တာလား။"

လက်ထောက်မြို့တော်ဝန်လီသည် ကျန်းမာရေးဝန်ကြီးဌာနမှ ခေါင်းဆောင်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

“ဒါ.... ဒါ.... ကျွန်တော် ကုန်သွယ်ရေးနှင့် စက်မှုဗျူရိုကနေ ကြားတာပါ။ ဆေးရုံတွေက ရှယ်ယာအဖြစ် ဖွဲ့စည်းလို့ ရတယ်မလား။”

ကုန်သွယ်ရေးနှင့် စက်မှုဗျူရိုမှ ခေါင်းဆောင်သည် ကျန်းမာရေးဌာနမှ ခေါင်းဆောင်ကို ကျိန်ဆဲနေ၏။ မင်းဒီမေးခွန်းကို မဖြေနိုင်တိုင်း ဘာလို့ ငါ့ဆီ လာလွှဲရတာလဲ။

“ကျွန်တော်တို့ နိုင်ငံရဲ့ ဥပဒေအရ ဘယ်ဌာနမှ ဒီလိုမျိုး မလုပ်ဘူးပေမဲ့ မြို့တော်က ခွင့်မပြုတဲ့ အချက်တော့ မရှိပါဘူး။ ပြီးတော့ စက်ယန္တရားကုမ္ပဏီကလည်း အခု ရှယ်ယာကုမ္ပဏီပဲ ဒီဆေးရုံကလည်း အဲ့ကုမ္ပဏီရဲ့ အစိတ်အပိုင်း တစ်ခုပဲ။ တကယ်လို့ ဒီဆေးရုံက ရှယ်ယာကုမ္ပဏီခွဲ တစ်ခုရဲ့ ဆေးရုံလို့ ကြည့်မယ်ဆိုရင် ဒီဆေးရုံက ရှယ်ယာဆေးရုံ ဖြစ်ဖို့က လုံးဝကိုပဲ တရားဝင်တယ်။”

လက်ထောက်မြို့တော်ဝန်ကျန်း သည် ပြည်လည် ဖွဲ့စည်းရသည်ကို နှစ်ခြိုက်ပြီး လက်ထောက်မြို့တော်ဝန်လီသည် ထောက်ခံမှု မပြုသည်မှာ ရှင်းလင်းပေ၏။ လက်ထောက်မြို့တော်ဝန်ကျန်းသည် အထူးမြို့တော်ဝန် ဖြစ်သည်။ ပြီးနောက် လက်ထောက်မြို့တော်ဝန်လီသည် ကုန်သွယ်ရေးနှင့် စက်မှုဗျူရို၏ တာဝန်ခံလည်း မဟုတ်ပေ။ သေချာသည်မှာ ကုန်သွယ်ရေးနှင့် စက်မှုဗျူရိုမှ ခေါင်းဆောင်သည် မြို့တော်ဝန်ကျန်းကို ရွေးချယ်မည်ပင်။

နှစ်ဖက်လုံး သူတို့ အမြင်များကို ဆေးနွေးပြီးနောက် ကျန်သည့် မြိုတော်ဝန်များကလည်း သူတို့ အတွေးများကို စတင် ထုတ်ဖော်ဆွေးနွေးကြသည်။ သို့သော် သူတို့ အများစုသည် တိကျသည့် အဖြေကို မပေးပေ။ သူတို့သည် အလယ်တွင်သာ နေကာ မည်သူ့ဖက်မှ မရပ်ပေ။

လက်ထောက်မြို့တော်ဝန် လီသည် ထိုအဆိုပြုချက်ကို ငြင်းဆိုရင်အတွက် အကြောင်းပြချက် ကောင်းကောင်း မရှိပေ။ သို့သော် ထို့အချိန်တွင် မြို့တော်ဝန်က ပြောလိုက်၏။

“ဒါက အလေးအနက်ထားရမဲ့ ကိစ္စတခုလို့ ငါထင်တယ်။ ငါတို့တွေ အနာဂတ်ကျ ဒီလိုမျိုးတွေ တွေ့လာရဦးမှာပဲ။ ငါတို့တွေ ကြိုးစားသင့်ငတယ်။ တကယ်လို့ အလုပ်ဖြစ်တယ်ဆိုရင် ဆက်လုပ်ပေါ့။ အလုပ်မဖြစ်ရင်တော့ ငါတို့တွေ ချက်ခြင်း ရုတ်သိမ်းနိုင်တယ်။ တကယ်လို့ ကောင်းတဲ့ အရွေ့ ဖြစ်မယ်ဆိုရင် ငါတို့တွေက အနာဂတ်ကျ ရင်ဆိုင်ရမဲ့ ပြဿနာတွေကို ဖြေရှင်းပြီးသွား ဖြစ်သွားလိမ့်မယ်။”

မြိုတော်ဝန်သည် ထိုအဆိုကို ထောက်ခံပြီးမှ ကျန်သည့်သူများ ဘာမျှ ပြောစရာ မကျန်တွေ့ပေ။ သူတို့ လက်ထောင်ကာ မဲပေးရသည်။ လက်ထောက်မြို့တော်ဝန်ရှုတောင် ယင်းပြန်လည် ဖွဲ့စည်းမည့် အစီအစဉ်ကိုတောင် ထောက်ခဲ့သည်။ အစည်းအဝေးရှိ လူတိုင်းကလည်း သူတို့ ထောက်ခံကြောင်းကို ပြသကြပေ၏။

ထို့ကြောင့် ဆေးရုံ ပြန်လည် ဖွဲ့စည်းခြင်းသည် နောက်ဆုံးတွင် အတည်ပြုပြီ ဖြစ်၏။

All Chapters