တစ်လက်မပေး တစ်မိုင်ပြန်ယူ
Vol. 27 Ch. 392
ကျန်းရွေ့ချင်က ဖုန်းယွီကို တရုတ်နှစ်သစ်ကူး မတိုင်မီ ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းကို ပြောခဲ့သည်။ နှစ်သစ်ကူးပြီးနောက် စက်ပစ္စည်းများ ရောက်ပြီးသည့်အခါ ကုန်သွယ်ရေးနှင့် စက်မှုဗျူရိုက လုပ်ဆောင်စရာ ရှိသည့် အရာများကို လုပ်ဆောင်ရမည် ဖြစ်သည်။
ဖုန်းယွီသည် ထိုသတင်းကို ကြားသည့်အခါ ပျော်ရွှင်လိမ့်မည်ဟု ကျန်းရွေ့ချင် တွေးခဲ့သည်။ ဖုန်းယွီသည် ခွင့်ပြုမိန့်ရရန်အတွက် ယင်းအရှုပ်ထုတ်ကို ဖန်တီးခဲ့ခြ်ငး ဖြစ်သည်။ ပြီးနောက် ကျန်းရွေ့ချင်သည် ထိုနေ့အတွင်း သူ့ပြဿနာကို ဖြေရှင်းပေးခဲ့သည်။ ဖုန်းယွီသည် သူ့ကို ပြဿနာ ဆက်မဖန်တီးဖို့သာ မျှော်လင့်နေ၏။ ပြီးနောက် ကားပရောဂျက်တွင်သာ အားစိုက်ရန် မျှော်လင့်နေ၏။
သို့သော် ထိုအချိန်တွင် ဖုန်းယွီသည် နောက်ထပ် အချက်များ ရှိနေ၏။
“ကျွန်တော်တို့ ဒီပြဿနာကို ကူညီဖြေရှင်းပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေက ဒီအတွက် ဆွေးနွေးဖို့ စတောင် မစရသေးဘူး။”
“မင်းက ဘာလို့ချင်သေးတာလဲ။”
ကျန်းရွေ့ချင်က ဒေါသထွက်သွားသည်။ မင်းအလွန်များနေပြီ။
“ကျွန်တော်တို့တွေ စက်ပစ္စည်း အသစ်တွေ ဝယ်ပြီးသွားရင် ကျွန်တော်တို့ အခုလက်ရှိ ဆေးရုံမှာမှ တပ်ဆင်လို့မှ မရတာ။ နေရာ မလုံလောက်ဘူး။ အဲ့စက်ပစ္စည်းတွေက အထူးဆောက်လုပ်ထားတဲ့ နေရာမှာပဲ ထားရမှာ။ ဥပမာအနေနဲ့ အိတ်ရေးစက်ပေါ့။ကျွန်တော်တို့တွေ ဒီစက်ကို ဖြစ်ကတက်စမ်း တပ်ဆင်မယ်ဆိုရင် ဆရာဝန်တွေက ဒီစက်ပစ္စည်းတွေကို အသုံးပြုဖို့ ငြင်းဆိုလိမ့်မယ်။ သူတို့တွေက ဓာတုရောင်ခြည်တွေကနေပြီးတော့ ကင်ဆာရနိုင်တယ်။”
“မင်းဘာလိုချင်တာလဲပြော။”
ကျန်းရွေ့ချင်က စိတ်မရှည်သည့် လေသံဖြင့် ပြောလိုက်သည်။
“ကျွန်တော်တို့အနေနဲ့ ဆေးရုံအသစ်အတွက် မြေနေရာ တစ်ခုကို မြို့တော် အစိုးရက ပေးဖို့ လိုတယ်။ ခေတ်မှီဆေးရုံတွက်။"
“မဖြစ်နိုင်တာ။ စက်ယန္တရားကုမ္ပဏီမှာ နေရာလွတ်တွေ အများကြီးပဲ။ ဘာလို့ မင်းကို ငါတို့က မြေပေးရမှာလဲ။ ဆေးရုံက ဘယ်လောက်ကြီးမှာ မို့လို့လဲ။”
“အခုလက်ရှိတော့ ကျွန်တော်တို့မှာ ခုတင် ၃၀ပဲ ရှိတာ။ ကျွန်တော်တို့ လူနာဆောင်တွေကို ဖျက်ပြီးတော့ စက်ပစ္စည်းတွေ တပ်ဆင်မယ်ဆိုလည်း ရတယ်။ဒါပေမဲ့ ကျွန်တောတို့ရဲ့ စက်ယန္တရားကုမ္ပဏီရဲ့ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကိုပါ ပေါင်းလိုက်မယ်ဆိုရင် ထောင်ချီ ရှိသွားပြီ။ ခုတင်၃၀က မလောက်တော့ဘူး။ ပြီးတော့ ကုမ္ပဏီ တိုးချဲ့လာတာနဲ့။ အလုပ်သမားတွေက ပိုပိုပြီး များလာမှာ။ ကျွန်တော် အများကြီး မတောင်းဆိုပါဘူး။ ခုတင် ၁၀၀ဆိုရင် လုံလောက်ပါပြီ။”
ကျန်းရွေ့ချင်က မျက်မှောင်ကျုံ့လိုက်သည်။ ဒါက တကယ့် ပြဿနာပဲ။ စက်ယန္တရားကုမ္ပဏီရဲ့ ကြီးထွားမှုက အရမ်းကို မြန်တယ်။ ပြီးတော့ စက်ပစ္စည်းစက်ရုံနဲ့ လေယဉ်ထုတ်လုပ်သည့် စက်ရုံထက် ပိုကြီးနေပြီ။ ခုတင်၃၀ဆေးရုံဆိုတာက တော်တော်လေးကို သေးငယ်တာပဲ။”
သို့သော် တခဏကြာ တွေးလိုက်ပြီးနောက် တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားလိုက်ရသည်။ မည်သူက တချိန်တည်း ဖျားကာ ဆေးရုံ တက်ရမည်နည်း။ ပုံမှန်အားဖြင့် လူနာများသည် ဆေးသွင်းရကာ ရက်အနည်းငယ်အတွင်း ဆေးရုံမှ ပြန်ဆင်းသွားခြင်း ဖြစ်သည်။ ခုတင်အလွတ်များသည် အရင်းအမြစ်ကို ဖြုန်းတီးခြင်းသာ ဖြစ်သည်။
“ခုတင် ၁၀၀လား။ မင်းရဲ့ စက်ယန္တရားကုမ္ပဏီရဲ့ ဝန်ထမ်းတွေ တစ်ချိန်တည်းမှာ ဆေးရုံ ဘယ်နှစ်ယောက်တက်တာလဲ။ ဒါက ဖြုန်းတီးမှု သက်သက်ပဲ။”
“ဘယ်လိုလုပ် ဖြုန်းတီးမှု ဖြစ်မှာလဲ။ ကျွန်တော်တို့ရဲ့ ဆေးရုံက စက်ယန္တရားကုမ္ပဏီအတွက်ပဲ မဟုတ်ဘူးလေ။ ကျွန်တော်တို့က အများပြည်သူ့ကိုကော ဖွင့်မှာလေ။ ကျွန်တော်တို့ ဘင်းမြို့တော် တစ်မြို့တည်းတောင် လူဦးရေက ၁၀သန်းကျော် ရှိတယ်။ ကျွန်တော်တို့ ဆေးရုံမှာ အဆင့်မြင့်ဆုံး စက်ပစ္စည်းကိရိယာတွေနဲ့ အထူးကုပါမောက္ခအများကြီး ရှိတာ။ လူနာတွေ အများကြီး လာလိမ့်မယ်။ ခုတင်တွေက အလွတ် မရှိဘူး။ လောက်တောင် လောက်မှာ မဟုတ်ဘူး။”
“ကောင်းပြီ။ အဲတာဆိုရင် စက်ယန္တရားကုမ္ပဏီနားမှာ မြေလွတ်ရှိလား။ ဒါပေမဲ့ ငါတို့တွေက မင်းကို မြေအလကားပေးမှာ မဟုတ်ဘူးနော်။ မင်းအခကြေးပေးရမယ်။”
ယင်းပြဿနာကို ဆွေးနွေးပွဲတွင် ဖြေရှင်းပြီး ဖြစ်သည်။ ကျန်းရွေ့ချင်က ယင်းကို ခက်ခဲသည် တာဝန်သဖွယ် ဟန်ဆောင်ခဲ့သည်။ ယင်းက မြေကို အခမဲ့သုံးရန် ချောင်းနေသည့် ဖုန်းယွီရန်မှ ကာကွယ်ရန် ဖြစ်သည်။
“ကိစ္စမရှိပါဘူး။ စက်ယန္တရားကုမ္ပဏီက ပေးမှာပါ။ ဒါကလည်း ဒီဆေးရုံမှာ စက်ယန္တရားကုမ္ပဏီအနေနဲ့ ရှယ်ယာများများ ရဖို့ ခွင့်ပြုပေးတာပဲ။ ကျွန်တော်တို့တွေ အနေနဲ့ အခုလက်ရှိ ဆေးရုံမှာ မဆောက်ဘဲနဲ့ နေရာအသစ်မှာ ရွေးမယ်။ ဒါက အသစ်မြေထက်တော့ နည်းမှာပေါ့ ဟုတ်တယ်မလား။”
ဖုန်းယွီက မျှတသည့် အပေးအယူပမာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ကျန်းရွေ့ချင်က မျက်လုံး လိမ့်လိုက်ကာ။ အစိုးရက မူလမြေ ပြန်ပေးမှာလား။ ဒါက အဲ့လောက် မလွယ်ဘူး။ စက်ယန္တရားကုမ္ပဏီဆေးရုံက စက်ယန္တရားကုမ္ပဏီရဲ့ ဝန်းထဲမှာပဲ ရှိရမှာပေါ့။ မင်းက အစိုးရကို ပြန်ပေးပြီး ဘယ်သူက မြေရောင်းစားနိုင်မှာလဲ။ စက်ယန္တရားကုမ္ပဏီရဲ့ ဂိတ်မှာ အစောင့်တွေကလည်း ရှိသေးတယ်။ အပြင်က လူတွေ ဝန်းထဲ ဝင်ဖို့ မလွယ်ဘူး။ ဒီမြေကို ဘယ်လို ပြန်အသုံးပြုမှာလဲ။
တကယ်လို့ ဖုန်းယွီရဲ့ အတွေးကို ငါသဘောတူလိုက်ရရင် ပြီးတော့ အဲ့မြေက မရောင်းရရင် အဆုံးကျ ဒီအပေးအယူမှာ စက်ယန္တရားကုမ္ပဏီကပဲ အသာရသူ ဖြစ်သွားမှာ။ ငါကို့ ရူးတယ်လို့ တွေးနေတာလား။
“မင်းစိတ်ထဲမှာ တွေးထားတဲ့ နေရာရှိလား။”
ကျန်းရွေ့ချင်က ဖုန်းယွီကို ဒေါက်ထောက် စိုက်ကြည့်လိုက်သည်။ ဒီကောင်စုတ်မှာ တွေးထားတဲ့ နေရာရှိရမယ်။
“မြို့တော်ဝန်က ဒီလို ပြောပြီဆိုမှတော့ ကျွန်တော်တို့ စက်ယန္တရားကုမ္ပဏီဝန်းရဲ့ ဘေးက မြေနေရာကို အစိုးရအနေနဲ့ ချပေးသင့်တယ်။ ကျွန်တော်တို့တွေ နေရာ ကြီးကြီး မလိုပါဘူး။ စက်ယန္တရားကုမ္ပဏီရဲ့ အဆုံးကနေ လမ်းအဆုံး မြောက်ဖက်အထိဆိုရင် လောက်ပါတယ်။”
ကျန်းရွေ့ချင်သည် ထိုနေရာကို တွေးကြည့်လိုက်သည့်အခါ ဒေါသထွက်သွားသည်။ လုံလောက်မှာပါလား။ ဒီမြေက ဘောလုံးကွင်း နှစ်ကွင်းစာ ရှိတယ်။ သူ့ဆေးရုံက ဘယ်လောက်ကြီးမှာ မို့လို့လဲ။
“အိပ်မက်မက်တာ ရပ်လိုက်တော့။ ဒီမြေအကုန်လုံးမှာ တစ်ထပ် အဆောက်အဦး ဆောက်မယ်ဆိုရင်တောင် ပြန်လည် ပြောင်းရွေ့စရိတ်က သေးမှာ မဟုတ်ဘူး။ ထပ်ပြောရရင် အဲ့မြေနေရာက ကျယ်တယ်။ မင်းဆေးရုံ တည်ဆောက်ဖို့အတွက် နှစ်ဟတ်တာကျော်တောင် မလောက်သေးဘူးလား။”
“ကျွန်တော်တို့ စက်ယန္တရားကုမ္ပဏီက နေထိုင်သူတွေကို ပြောင်းရွေ့ဖို့က လိုသေးတယ်လေ။ ကျွန်တော်အနေနဲ့ အဲ့မှာ နေထိုင်တဲ့သူတွေ လျှော်ကြေးပြန်ရဖို့ အာမခံတဝယ်။ နေရာကြီးကြီးနဲ့ဆိုရင် ကျွန်တော်တို့တွေ စက်ယန္တရားကုမ္ပဏီရဲ့ ရပ်ကွက်တောင် တည်လို့ရတယ်။ ကျွန်တော်တို့မှာ အလုပ်သမား အများကြီး ရှိတယ်။ ပြီးတော့ သူတို့တွေ နေဖို့အတွက် နေရာလိုတယ်။ စက်ယန္တရားကုမ္ပဏီရဲ့ အဆောင်တွေက ပြည့်လုနီးပါးပဲ။ လက်ထပ်မဲ့ အလုပ်သမားတွေလည်း ရှိသေးတယ်။ သူတို့တွေ ကိုယ်ပိုင် တိုက်ခန်း လိုလာပြီ။ ကျွန်တော်တို့တွေ ဘင်းမြို့တော်အတွက် အခွန်ငွေ အများကြီး ပေးထားတာ။ အခုကျွန်တော်တို့က မြို့တော်က အကူညီအချို့ပဲ တောင်းတာပါ။ ကျွန်တော်တို့တွေက ဒါတွေအကုန်လုံးကို ပေးဖို့ မတောင်းဆိုပါဘူး။ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။”
စက်ယန္တရားကုမ္ပဏီသည် သူတို့ အလုပ်သမားများအတွက် အိမ်ယာကို အခမဲ့ ထုတ်ပေးမည် မဟုတ်ပေ။ သို့သော် ကုမ္ပဏီအနေဖြင့် ထိုအိမ်များအား ကုန်ကျစရိတ်ဖြင့် ရောင်းချနိုင်ပေသည်။ မြေနှင့် တည်ဆောက်စရိတ်သည် တစ်စတုရန်းမီတာအတွက် ယွမ်ရာဂဏန်းသာ ရှိမည်ပင်။ အလုပ်လုပ်နေသည့် စုံတွဲအတွက် ၂ခန်းပါ အိမ်ခန်းကို တက်နိုင်ပေသည်။ အရေးကြီးဆုံးကား ထိုတိုက်ခန်းကို အလုပ်သမားများ ပိုင်မည် ဖြစ်သည်။ ထိုအလုပ်သမားများသည်လည်း ထိုအဆိုပြုချက်ကို သေချာပေါက် သဘောတူကြမည် ဖြစ်သည်။
ကျန်းရွေ့ချင်သည် ဖုန်းယွီကို ကြည့်လိုက်သည်။ သူသည် ထိုအရာကို ပြောရန်အတွက် ဒေါသအလွန်ထွက်နေလေသည်။ အဲ့မြေနေရာက ဆေးရုံအတွက်မကဘဲ အလုပ်သမားတွေရဲ့ တိုက်ခန်းတွေကော အတွက်လား။ အစိုးရဌာနတွေတောင် သူတို့ အလုပ်သမားတွေအတွက် တိုက်ခန်းလုံလုံလောက်လောက် မရှိဘူး။ ဘာလို့ စက်ယန္တရားကုမ္ပဏီက တိုက်ခန်းအသစ်တွေ ဆောက်ခွင့်တောင်းရတာလဲ။
ရွေ့ပြောင်းသည့် တာဝန်ကို ဖုန်းယွီလက်ထဲကို အပ်၍ မရနိုင်ပေ။ အကယ်၍ ဖုန်းယွီသည် လျှော်ကြေးငွေ အများကြီးပေးလျှင်တောင် မြိုတော်အနေဖြင့် နေထိုင်သူများကို မည်သည့်နေရာ ထားရမည်နည်း။ စက်ယန္တရားကုမ္ပဏီက လျှော်ကြေးအနေဖြင့် တခုခု ပြန်ပေးမည် ဖြစ်သည်.
အခြားသူများသည် ထိုသို့သော် အရာမျိုးကို မလုပ်ရဲပေ။ သို့သော် ထိုဖုန်းယွီက သေချာပေါက် လုပ်မည် ဖြစ်သည်။
“အများဆုံးတော့ မင်းတောင်းဆိုတဲ့ ပမာဏရဲ့ တစ်ဝက်ကိုပဲ ငါခွင့်ပြုပေးလို့ ရတယ်။ အဲတာကလည်း မြို့နေလူထုက နေရာရွေ့ပြောင်းပြီးမှ။ အခုက ဆောင်းရာသီ ပြီးတော့ တရုတ်နှစ်သစ်ကူးကလည်း ရောက်တော့မယ်။ ဘယ်လိုလုပ် နေတဲ့သူတွေကို ပြောင်းနိုင်မှာလဲ။ ပြီးတော့ အဲ့မြေရဲ့ ဈေးနှုန်းကလည်း မနှစ်ကရဲ့ ဒေသရဲ့ ဈေးနှုန်းအပေါ်မှာပဲ မူတည်မယ်။”
“ဟ.. အဲ့ဒေသက မြို့တော်ရဲ့ အလယ်မှာလေ။ ကျွန်တော်တို့ စက်ယန္တရားကုမ္ပဏီက မြို့ပြင်မှာ ရှီတယ်။ ဘယ်လိုလုပ် အတူတူ ဖြစ်နိုင်မှာလဲ။ တကယ်လို့ အဲ့ဒေသရဲ့ ၅၀ရာခိုင်နှုန်းဆိုရင်တောင် ဈေးများတယ်လို့ စဉ်းစားလို့ရတယ်။”
“သဘောတူတယ်။”
ကျန်းရွေ့ချင်က စားပွဲကို ပုတ်ချလိုက်သည်။
ဖုန်းယွီက “....”
ဘယ်လို အပေးအယူလဲ။ ဖုန်းယွီက သက်ပြင်းချလိုက်သည်။ သူ့သည် ကျန်းရွေ့ချင်၏ လှည့်စားခြင်းကို ခံလိုက်ရသည်။ ဒါပေမဲ့ မင်းက ငါရှုံးတယ်လို့ တွေးနေတာလား။ မဖြစ်နိုင်တာ။
“ကျွန်တော်အနေနဲ့ ဒီဈေးကို လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်အနေနဲ့ အထပ်မြင့် အဆောက်အဦး ဆောက်မယ်။ ကြမ်းခင်းဧရိယာအချိုးက ၅ ဖြစ်လိမ့်မယ်”
“ဘာ... အလုပ်သမားတိုက်ခန်းကိုတောင် မင်းက အထပ်မြင့် အဆောက်အဦး ဆောက်ချင်တာလား။ ကြမ်းခင်းဧရိယာက ၅ ဖြစ်လိမ့်မယ်လား။”
ကျန်းရွေ့ချင်သည် မြိုတော်၏ ဆောက်လုပ်ရေးပိုင်းတွင် တာဝန်ခံ မဟုတ်သော်ငြား သူသည် ကြမ်းခင်းဧရိယာ အချိုးအကြောင်းတော့ သိပေ၏။ သူသည် နိုင်ငံခြားရေးဌာနကို ရောက်သည့်အခါက သူသည် အလုပ်သမားအဆောင်များ၏ တိုးတက်မှုအပိုင်းကို ကြည့်ရသည်။ ပုံမှန်အားဖြင့် ကြမ်းခင်းဧရိယာ အချိုးသည် ၂ ဖြစ်သည်။ အလုပ်သမား နေသည့် နေရာသည် ဘယ်လိုလုပ် မြင့်နိုင်မည်နည်း။ ၇ထပ်တောင် မြင့်သည်ဟု စဉ်းစား၍ ရနိုင်ပေသည်။ သူသည် အလုပ်သမားအဆောင်သည် အထပ်မြင့် အဆောက်အဦးဟု တခါမျှ မကြားဖူးပေ။
“ဟုတ်တယ်လေ။ ကျွန်တော်တို့မှာ အလုပ်သမားတွေ အများကြီး ရှိတယ်။ ဒါက ကျွန်တော်တို့ အလုပ်သမားတွေ အတွက် အကျိုးအမြတ်ပဲ။ ကျွန်တော်တို့တွေက စက်ရုံမှာရှိတဲ့ အဆောက်အဦးဟောင်းတွေကိုလည်း ဖြိုချမှာ။ အဲ့နေရာက အလုပ်သမားတွေက နေရာသစ်ကို ပြောင်းရွေ့ရမယ်။ တကယ်လို့ ကျွန်တော်တို့တွေ ၃ထပ်ကနေ ၅ထပ်ဆောက်ရင်တောင် လုံလောက်မှာ မဟုတ်ဘူး။ ကျွန်တော် တွက်ထားပြီးပြီ။ အလယ်မှာ ဥယျာဉ်နေရာက လွဲပြီးတော့ ၁၆ထပ်မှ အဆင်ပြေမယ်။ အများဆုံးကတော့ ၁၈ထပ်ထက်တော့ မပိုဘူး။”
ဖုန်းယွီက သူ့လက်ချောင်းကို ရေနေ၏။
“မင်းအဲ့အကြောင်းကို မစဉ်းစားလိုက်နဲ့။ ၁၈ထပ် အဆောက်အဦးတဲ့လား။ ၁၀ထပ် အဆောက်အဦးတောင် ခွင့်မပြုဘူး။ အများဆုံးအနေနဲ့ မင်း ၇ထပ်ပဲ ဆောက်လို့ ရမယ်။”
ဒါက အလုပ်သမားတွေ နေဖို့နေရာလေ။ ဘာလို့ မင်းက အလယ်မှာ ဥယျာဉ်ထားချင်ရသေးတာလဲ။
“ခေါင်းဆောင် ဒါက ကျွန်တော်တို့ ဘင်းမြို့တော်ကို ကြေညာဖို့အတွက်ပဲလေ။ တကယ်လို့ လူတွေက ဘင်းမြို့တော် စက်ယန္တရားကုမ္ပဏီရဲ့ အလုပ်သမားရပ်ကွက်က အထပ်မြင့် အဆောက်အဦးဆွေပဲဆိုရင် ဒါက ဘင်းမြို့တော်က ကောင်းကောင်းမွန်မွန်ဆိုတာ ပြချင်တာပဲလေ။ အထပ်မြင့် အဆောက်အဦးဆိုတာ ခေတ်မှီမြို့တော်အတွက် လိုအပ်တယ်။ ကျွန်တော်တို့တွေက ခေတ်ရေဆီးကြောင်းအတိုင်း လိုက်ရုံပဲ။ ဒါကလည်း ကြော်ငြာခြင်း တစ်မျိုးပဲ ဘင်းမြို့တော် နေရာ ပြောင်းရွေ့ဖို့အတွက် ရင်းနှီးမြှပ်နှံက ဒါက ဘာမှားလို့လဲ။ ထပ်ပြောရရင် အဲ့မြေက လူတိုင်းရဲ့ အမြင်ကိုလည်း မပိတ်ဘူး။ ဘာကြောင့် ကျွန်တော်က အထပ်မြင့် အဆောက်အဦး မဆောက်နိုင်ရမှာလဲ။"
“မင်းအရင် ပြန်လိုက်တော့။ ငါ ဒီအကြောင်းကို တွေးလိုက်မယ်။”
ကျန်းရွေ့ချင်သည် စိတ်တိုတိုဖြင့် သူ့လက်ကို ယမ်းလိုက်၏။ ဘာလို့ ဖုန်းယွီ လုပ်သမျှက တခြားသူတွေနဲ့ ကွဲနေတယ်လို့ ခံစားနေရတာလဲ။