အလုပ်သမား အထွေထွေ အစည်းအဝေး
Vol. 27 Ch. 393
“ငါတို့တွေ အတိတ်ကို ပြန်ကြည့်တဲ့အခါ ငါတို့တွေ လက်ရှိ အောင်မြင်မှုတွေအတွက် ကျေးဇူးအထူးတင်သင့်တယ်။ ငါတို့တွေ အတိတ်က အလုပ်တွေ ကြိုးကြိုးစားစား လုပ်ခဲ့လို့ ငါတို့ အခုလို အခြေအနေမျိုး ရောက်နေတာပဲ။ ငါတို့တွေ တောက်ပတဲ့ အနာဂတ်ကို မြင်နေရပြီ။ အခု ငါတို့တွေ လက်ခုပ်တီးပြီးတော့ မန်နေဂျာဖုန်းကို စင်ပေါ်ကို ဖိတ်ခေါ်ကြရအောင်။
လီမင်တက စိတ်ခွန်အားတက်ဖွယ် အားပေးစကားကို ပြောလိုက်ပြီးနောက် အလုပ်သမားများက လက်ခုပ် ဩဘာ ပေးကြ၏။
ဖုန်းယွီသည် သူ့လက်နှစ်ဖက်ကို လေထဲကို မြှောက်ကာ လူအုပ်ကြီးကို ငြိမ်ကျအောင်လုပ်လိုက်၏။
“မင်းတို့တွေရဲ့ ဩဘာသံတွေအတွက် ကျေးဇူးတင်ပါတယ်။ ငါတို့တွေ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အောင်မြင်မှု အများကြီး ရခဲ့တယ်။ ငါတို့တွေက စက်ယန္တရားစက်ရုံကနေ စက်ယန္တရားကုမ္ပဏီအဖြစ် ထူထောင်ကတည်းက ဒီနှစ်က အကောင်းဆုံး နှစ်ပဲ။ ဒီကောင်းမွန်တဲ့ အစဉ်အလာက နောင်နှစ်တွေ အထိ ကြာလိမ့်မယ်။ ငါ ဘာမှမဟုတ်တဲ့စကားတွေ အတွက် အချိန်ကို မဖြုန်းချင်ဘူး။”
“ရှင်းရှင်းလေးပဲ ပြောရရင် ယမန်နှစ်က ငါရင်းနှီးမြှပ်နှံတာတွေကနေ ငွေအများကြီး ရခဲတယ်။ ဒီငွေတွေ အကုန်လုံးက အားလုံးရဲ့ ကြိုးစား အားထုတ်မှုကြောင့်ပဲ။ ဒါကြောင့် ငါက မြို့တော် အစိုးရက လာမဲ့နှစ်တွေ ငါတို့ စက်ရုံအတွက် မြောက်ဘက်မှာ ရှိတဲ့ မြေကို ဝယ်ဖို့အတွက် လျှောက်လွှာတင်ခဲ့တယ်။ ငါတို့တွေက အဲ့မြေကို သုံးပြီးတော့ အလုပ်သမားတွေ အတွက် တိုက်ခန်းအသစ်တွေကို ဆောက်ပေးမှာ။”
“ဝါး....ဝါး....ဝါး....”
အော်မြည်သံသည် ယခင်ကထက် ပိုမို ကျယ်လောင်လာသည်။ အလုပ်သမားအကုန်လုံး စိတ်လှုပ်ရှားနေကြသည်။ ယင်းကိစ္စသည် သူတို့အပေါ် တိုက်ရိုက် သက်ရောက်မှု ဖြစ်စေ၏။ သူတို့ အနေဖြင့် မည်သည့်အတွက် စိတ်မလှုပ်ရှားပဲ နေမည်နည်း။ အထူးသဖြင့် အလုပ်သမား ငယ်လေးတွေ အတွက် ဖြစ်သည်။ သူတို့သည် အိမ်အသစ်ကို လိုချင်ကြသည်။ သူတို့သည် လက်ရှိတွင် စတုရန်းမီတာ ၃၀သာရှိသည့် မိဘအိမ်တွင်သာ နေနေရဆဲ ဖြစ်သည်။ အကယ်၍ သူတို့ လက်ထပ်ပြီးပါက ပို၍ လူကြပ်လာမည်ပင် ဖြစ်၏။
“အခုတော့ ရွေးချယ်စရာ နှစ်ခု ရှိတယ်။ ပထမက အခုလက်ရှိ အဆောင်ဟောင်းတွေ အတိုင်းကို ဆောက်ပြီးတော့ အလုပ်သမားတွေ အတူတူ နေရာမယ်။ ကုမ္ပဏီက အဲ့အဆောက်အဦးကို ပိုင်ဆိုင်မယ်။ မင်းတို့တွေက ဒီအဆောက်အဦးမှာ နေနိုင်တယ်။ မင်းတို့တွေ ကုမ္ပဏီကနေ နှုတ်ထွက်တာ ဒါမှ မဟုတ် ကုမ္ပဏီကအနေ အလုပ်အထုတ်ခံရရင် ကုမ္ပဏီက မင်းတို့ကို ပေးထားတဲ့ အဆောင်ကို ပြန်ယူမယ်။ နောက်ထပ် ရွေးချယ်စရာ တစ်ခုက ငါတို့တွေက မင်းတို့ဆီကနေပြီးတော့ တိုက်ခန်း တည်ဆောက်မှု စရိတ်ကို ယူမယ်။ဒါပေမဲ့ အဲ့တိုက်ခန်းက မင်းတို့ အမည်အောက်မှာပဲ ရှိမယ်။ နောင်ကျ မင်းတို့အနေနဲ့ အဲ့တိုက်ခန်းကို ငှားလို့ရတယ်။ မင်းတို့တွေ ကုမ္ပဏီကနေ ထွက်ရင်တောင်မှ အဲ့တိုက်ခန်းကို မင်းတို့ ပိုင်ဆိုင်တုန်းပဲ။ မင်းတို့တွေ အဲ့နှစ်ခုထဲက ဘယ်တခုကို ရွေးချယ်ကြမလဲ။”
“ဒုတိယမြောက်ဟာပေါ့။ ကျွန်တော်တို့တွေလည်း အိမ်ပိုင်ချင်တယ်။”
တစ်စုံ တစ်ယောက်က အော်လိုက်၏။
“မှန်တယ်။ ဒုတိယ ရွေးချယ်မှုပဲ။ ကျွန်တော်တို့လည်း တိုက်ခန်းပိုင်ချင်တယ်။”
လူမှုဖူလုံရေး အိမ်ရာ စီမံကိန်းသည် ၁၉၈၀နှစ်များကတည်းက စတင်ပြီး ဖြစ်သည်။ အလုပ်သမားတိုင်း ဆောက်လုပ်ခအပိုင်းကိုသာ ပေးရန် လိုအပ်ပြီး ဌာနဆိုင်ရာက ကျန်ရှိသည့် ငွေများကို ပေးခြေ၏။ တိုက်ခန်း၏ ပိုင်ဆိုင်မှုသည်လည်း အလုပ်သမားသာ ဖြစ်သည်။ ထိုအစီအစဉ်၏ အားသာချက်သည် အလုပ်သမားများအနေဖြင့် ဝယ်ယူပြီး ထိုတိုက်ခန်းများအား ရောင်းချနိုင်ခြင်းပင် ဖြစ်သည်။ ထိုတိုက်ခန်းများသည် သာမန် အလုပ်သမားများကို ပေးသည့် တိုက်ခန်းထက် ပိုကြီး၏။ အိပ်ခန်း သုံးခန်းတောင် ပါရာ ယင်းက မျိုးဆက်သုံးခုရှိသည့် မိသားစုများအတွက်တောင် သင့်တော်ပေ၏။
“ကောင်းပြီ။ ငါလည်း လူတိုင်းရဲ့ ဆန္ဒကို သိပါတယ်။ ငါတို့တွေ ဒုတိယ ရွေးချယ်မှုအတိုင်း ဆက်သွားကြမယ်။ လူမှုဖူလုံရေး တိုက်ခန်းတွေအတွက်လည်း ရွေးချယ်စရာ နှစ်ခု ရှိသေးတယ်။ အိပ်ခန်း ၂ခန်းပါတဲ့ တိုက်ခန်းနဲ့ အိပ်ခန်း ၃ခန်းပါတဲ့ တိုက်ခန်း။ အိပ်ခန်း၂ခန်းပဲ ပါတဲ့ တိုက်ခန်းက မိသာစု တစ်စုအတါက် လုံလောက်တယ်။နည်းနည်းလည်း သေးမယ်။ အိပ်ခန်း ၃ခန်းပါတဲ့ တိုက်ခန်းက နည်းနည်းကြီးတယ်။ မိသားစု ၃စုအတွက် လုံလောက်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ။ အိပ်ခန်း ၃ခန်းပါတဲ့ တိုက်ခန်းက ပိုပြီးတော့ ဈေးကြီးလိမ့်မယ်။”
“၂ခန်းပါ တိုက်ခန်း။”
“၃ခန်းပါ တိုက်ခန်းကို ဆောက်ဗျို့။”
အလုပ်သမားများက သူတို့ အဆုတ် ကွဲလုမတက် အော်နေကြသည်။ သို့သော် သူတို့၏ ရွေးချယ်မှုသည်ကား ကွဲပြားနေပေ၏။
“တိုက်ခန်းပုံစံ နှစ်မျိုးလုံးကို လိုချင်တယ်ဆိုမှုတော့ ငါတို့တွေ နှစ်မျိုးလုံးကို ဆောက်မယ်။ အဆောက်အဦး အဆင်သင့် ဖြစ်တာနဲ့ မင်းတို့တွေ အကုန်လုံး အဲ့တိုက်ခန်းတွေကို ဝယ်ယူခွင့် လျှောက်ထားနိုင်တယ်။ အချက်အလက်တွေကို နောက်ပိုင်းကျ ကြေငြာလိမ့်မယ် ပြီးတော့ လူတိုင်း မင်းတို့ ကြီးကြပ်သူဆီက တဆင့် တည်ဆောက်ရမယ်။ မင်းတို့ လျှောက်လွှာက အလုပ်သမား သမဂ္ဂကို ရောက်လိမ့်မယ်။ ပြဿနာ တစ်ခု ရှိနေသေးတယ်။ မင်းတို့တွေက အဆောက်အဦးဟောင်း ပုံစံမျိုး လိုချင်တာလား။ ဒါမှမဟုတ် မြို့တော်ထဲလို အထပ်မြင့် အဆောက်အဦးမျိုး လိုချင်တာလား။ အဆောက်အဦးထဲမှာတော့ ဓာတ်လှေကားပါလိမ့်မယ်။ နှစ်မျိုးစလုံးရဲ့ ကုန်ကျစရိတ်ကတော့ အတူတူပဲ။”
ထိုအလုပ်သမားများသည် အူမြူးနေကြ၏။ သူတို့တွေအနေဖြင့် အထပ်မြင့် အဆောက်အဦးများတွင် နေထိုင်ခွင့် ရမည်လော။ ငါတို့တွေက သာမန် အလုပ်သမားတွေပဲလေ။ ပြီးတော့ ငါတို့တွေက ဒီလိုမျိုး တိုက်ခန်းနဲ့ နေနိုင်မှာလား။
“အထပ်မြင့် အဆောက်အဦး။ အထပ်မြင့်လေ ကောင်းလေပဲ။”
“အထပ်နိမ့် အဆောက်အဦးတွေက ပိုကောင်းတယ်။ တကယ်လို့ ဓာတ်လှေကားဆွဲတဲ့ ကြိုးက အပေါ်ကနေ အောက်ကို ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ။”
“တခြားသူတွေရဲ့ ဓာတ်လှေကားတွေမှာ ဘာမတော်တဆမှုမှ မဖြစ်ဘူး။ ဘာလို့ မင်းတို့ရဲ့ ဓာတ်လှေကားမှ မတော်တဆ ဖြစ်နေတာကို တွေးနေကြတာလဲ။ မင်းတို့တွေ အလုပ်မှာ ဓာတ်လှေကားတွေ မသုံးဘူးလား။”
အလုပ်သမားများအတွက် ယင်းက ကွဲပြားသည့် ရွေးချယ်မှုမျိုး ဖြစ်နေသည်။ သို့သော် ဖုန်းယွီသည် ထိုနည်းလမ်းကို ဖြေရှင်းရန် အတွက် အဖြေ စဉ်းစားပြီး ဖြစ်သည်။
“ကောင်းပြီလေ ဒါက လူတိုင်းရဲ့ ဆန္ဒဆိုတာကို သိပါတယ်။ နောက်ကျ လူတိုင်းရဲ့ အတွေးတွေကို ကောက်ပြီးတော့ ဆုံးဖြတ်ချက်ချကြတာပေါ့။ ငါတို့တွေလည်း အလုပ်သမားတိုင်း တိုက်ခန်းမှာ သက်တောင့်သက်သာ နေထိုင်နိုင်ဖို့အတွက် ကြိုးစားပေးမယ်။ နောက် ငါမင်းတို့တွေ အကုန်လုံးကို သတင်းကောင်းတွေကို ပြောရဦးမယ်။ ငါတို့ရဲ့ ဆေးရုံကို ရှယ်ယာဆေးရုံအဖြစ် ပြောင်းလဲ ဖွဲ့စည်းတော့မယ်။ ငါတို့တွေက အကောင်းဆုံးနဲ့ ခေတ်အမှီဆုံး ဆေးပစ္စည်းကိရိယာတွေကို ဝယ်ယူမယ်။ ပြီးတော့ ငါတို့တွေက ပါမောက္ခတွေနဲ့ အထူးကုတွေကိုလည်း ငှားရမ်းမယ်။ မြို့တော် အစိုးရကလည်း ငါတို့ကို ခွင့်ပြုချက် ပေးထားပြီးသွားပြီ။”
အလုပ်သမားများသည် စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်ဩဘာ တီးကြသည်။ ယင်းက သူတို့အတွက် အကျိုးအမြတ်ပင် ဖြစ်သည်။ သူတို့ စိတ်မလှုပ်ရှားဘဲ မည်သို့ နေမည်နည်း။ သူတို့အနေဖြင့် ဆေးရုံ ပြောင်းမပြောင်းကို စိတ်ထဲ ထားမည် မဟုတ်ပေ။ သို့သော် ယခုတွင်တော့ ဆေးရုံရှိ ဆရာဝန်များသည် ပိုကောင်းလာမည် ဖြစ်ကာ ပိုမိုကောင်းမွန်သည့် အဆင့်အတန်း ရှိလာမည် ဖြစ်သည်။ ယင်းက အောင်ပွဲရမည့် အရာပင် ဖြစ်သည်။
“နောက်ဆုံးတော့ ငါ ဒီအကြောင်းကို ပြောရတော့မယ်။ မနျစ်က ငါတို့တွေ စက်ရုံ အသစ်တွေ ဆောက်တယ်။ ပြီးတော့ ဘဏ္ဍာရေးကလည်း ကြပ်တည်းနေခဲ့တယ်။ ဒါပေမဲ့ ငါက မင်းတို့တွေ အကုန်လုံးကို မနှစ်တုန်းကလိုပဲ တလစာ အပိုဆုကြေးပေးမယ်။”
လူအုပ်ကြီးသည် အရင်ကအတိုင်း ပိုပိုပြီး မြိုင်လာ၏။ အချို့သော အလုပ်သမားများက “မန်နေဂျာဖုန်း သက်တော်ရှည်ပါစေ။ မန်နေဂျာလီ သက်တော်ရှည်ပါစေ။ လီမင်တသည် အပျော်လွန်နေ၏။
“မင်းတို့တွေ အကုန်လုံး ဒီနှစ် ငါတို့ရဲ့ အစည်းအဝေးကို ဘာလို့ ယဉ်ကျေးမှုနန်းတော်မှာ လုပ်လည်း သိလား။ ငါတို့ ကုမ္ပဏီက မဆန့်တာ မဟုတ်ဘူး။ နောက်ထပ် အရေးကြီးတဲ့ ကိစ္စ တစ်ခု ရှိနေလို့။ ငါတို့တွေက ပြည်နယ် အကအဖွဲ့ကို မင်းတို့ကို ဖျော်ဖြေဖို့အတွက် ခေါ်ထားတယ်။ မန်နေဂျာလီ ကျေးဇူးပြုပြီး ဒီစားပွဲကို ကူပြီး ချပေးပါဦး။ ငါတို့တွေ ဖျော်ဖြေမှုကို မစောင့်ဆိုင်းသင့်ဘူး။”
ဖုန်းယွီက ပြုံးလိုက်၏။
“ကိစ္စမရှိပါဘူး။ ကျွန်တော်လည်း ဖျော်ဖြေမှုကို ကြည့်ချင်တယ်။”
အလုပ်သမားများက ရယ်လိုက်ကြ၏။ ဖျော်ဖြေပွဲက စတင်ပြီ ဖြစ်၏။
ထိုနေ့ညတွင် အလုပ်သမားများ အိမ်ပြန်ပြီးနောက် သူတို့ မိသားစုနှင့် ယနေ့က ကြေငြာခဲ့သည့် အကြောင်းအရာကို ဆွေးနွေးကြ၏။ သူတို့သည် မည်သည့် ရွေးချယ်မှုကို လုပ်ရန် ဆုံးဖြတ်ချက် ချခဲ့၏။
နောက်တစ်နေ့တွင်
နောက်တစ်နေ့တွင် အလုပ်သမားများက ရုံးချုပ်မှ ထုတ်သည့် စာကို မြင်လိုက်ရသည်။ သူတို့ အကုန်လုံး စိတ်လှုပ်ရှားနေကြ၏။
“အာ မင်း နို့တစ်စာကို ဖတ်ပြီးပြီလား။ မင်းရဲ့ အဆောင်ဟောင်းကို ပြန်အပ်ရင် မင်း ငွေရမှာ။ ငါတို့ရဲ့ မိသားစုကလည်း သေချာပေါက် ၃ခန်းပါတဲ့ တိုက်ခန်းကို ရွေးမှာပဲ။ ငါတို့ မိဘတွေကို အနားယူတော့မှာ ပြီးတော့ ငါကလည်း သေချာပေါက် လက်ထပ်တော့မှာ။ သူတို့တွေက အိမ်မှာနေပြီး ငါ့ကလေးတွေကို ကူပြီး ကြည့်နိုင်တယ်။”
“ဘယ်လောက်တောင် ဝမ်းနည်းစရာ ကောင်းလိုက်လဲ။ ငါက အိပ်ခန်း ၂ခန်းပါတဲ့ တိုက်ခန်းကိုပဲ ဝယ်လို့ရမှာ။ ဘာလို့ ငါ့မိဘတွေက အရင်က စက်ယန္တရားစက်ရုံမှာ အလုပ်မလုပ်ရတာလဲ။”
“အနည်းဆုံးတော့ မင်းက ငါတို့ထက်တော့ ကောင်းပါသေးတယ်။ စက်ယန္တရားကုမ္ပဏီမှာ အလုပ်လုပ်သက် ၃နှစ်ကျော်ရှိတဲ့ သူတွေပဲ ဒီတိုက်ခန်းတွေကို လျှောက်လို့ရတာ။ ငါတို့ထဲက အချို့ဆိုရင် ၁နှစ်တောင် မပြည့်သေးဘူး။ သူတို့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက် ငါတို့ ရောက်ရင် တိုက်ခန်းတွေ ကျန်ကောင်းပါရဲ့။”
……
“ဒီအချက်ကို ကြည့်လိုက်ဦး။ အရင် အဆောင်ဟောင်းတွေကို ပြန်အပ်ထားတဲ့သူတွေက အဆောက် တစ်ဆောင်မှာ နေဖို့အတွက် လျှောက်လို့ရတယ်။ ငါတို့အဲတာကို လျှောက်ကြမလား။”
“မင်းရူးနေလား။ တိုက်ခန်းအသစ်တွေက ဒီနှစ် ဆောင်းဦးပိုင်းကျ အဆင်သင့် ဖြစ်တော့မှာ။ မင်းက တစ်ယောက်တည်းနေတဲ့ အဆောင် လျှောက်မှာလား။ ငါတို့တွေ ဒီဟာအတွက် လျှောက်ကြမလား။”
“ဒါပေမဲ့ ငါက လက်မထပ်ရသေးဘူး။ ငါ အိပ်ခန်း သုံးခန်းပါ တိုက်ခန်းအတွက် သတ်မှတ်ချက် မပြည့်ဘူး။”
“မင်းနဲ့ လင်းလင်းက အခုတောင် လက်ထပ်လို့ ရနေပြီ။ မင်းတို့ နှစ်ယောက်လုံးက ဒီမှာ အလုပ်လုပ်တာ သုံးနှစ်တောင် ရှိနေပြီ။ မင်းတို့နှစ်ယောက်လုံး သတ်မှတ်ချက် မှီတယ်။ ပြီးတော့ မင်းတို့တွေအတူတူ ပေါင်းလိုက်ရင် အပိုရငွေတွေက ပိုတောင် များလာဦးမှာ။ မင်းတို့တွေ နည်းနည်းပဲ ငွေထည့်ရင်ကို တိုက်ခန်း အသစ် တစ်ခန်းကို ပိုင်နေပြီ။”
“ဒီတိုက်ခန်းက ဓာတ်လှေကားတွေပါ ပါတဲ့ အထပ်မြင့် အဆောက်အဦးလေ။ မြိုလည်ခေါင်မှာ ရှိတဲ့ တိုက်တွေပေါ့။ ဒီ ပြည်နယ် အစိုးရက အရာရှိတွေတောင် ဒီလို ကောင်းတဲ့ တိုက်ခန်းတွေ မရှိဘူး။”
“မှန်တယ်။ တကယ်လို့ မင်းတို့ မိဘတွေသာ ကုမ္ပဏီကို တိုက်ခန်း အဟောင်း ပြန်အပ်မယ်ဆိုရင် မင်းတို့လည်း ပိုကြီးတဲ့ တိုက်ခန်း ကြီးကြီး နှစ်ခု ကို လျှောက်လို့ရတယ်။ ဒီအခြေအနေက ဦးလေးလီ မိသားစုအတွက်လည်း အကျိုးကျေးဇူးရနိုင်တယ်။ သူတို့ နည်းနည်းလောက်ပေးလိုက်ရုံနဲ့ ၂ခန်းပါ တိုက်ခန်း ရတယ်။ ဓာတ်လှေကားလည်း ပါတော့ သူတို့ အတွက် သွားရလာရတာ လွယ်တာပေါ့။”
သတ်မှတ်ချက်များက အလွန်ပင် အသေးစိတ် ကျလွန်သော်ငြား မည်သည့် အလုပ်သမားမျှ မသင့်တော်ဟု မခံစားရပေ။ အထက်အရာရှိများက သူတို့အတွက် နှစ်စဉ် လူမှုဖူလုံရေး တိုက်ခန်း ဆောက်ပေးမည်ဟု ကတိပေးထားသည်။ အလုပ်သမားတိုင်း ယင်းအခွင့်အရေးကို ရရန် ရှိသည်။ အဆောက်ဦးအသစ်တွင် ဓာတ်လှေကားများ ပါပြီး ပိုပြီး နေရာထိုင်ခင်း ကျယ်ဝန်းပေ၏။ မည်သူက အဆောင်ဟောင်းများအား စိတ်ဝင်စားမည်နည်း။
စက်ယန္တရားကုမ္ပဏီ၏ အလုပ်သမား အကုန်လုံးက ဝမ်းမြောက်နေကြသည်။ မြို့တော် အစိုးရ အဆင့်တွင်တောင် ယခုကဲ့သို့ ကောင်းမွန်သည့် အကျိုးအမြတ်မျိုးကို ဘယ်ဌာကမှ မပေးပေ။
လီမင်တာက သက်ပြင်းချလိုက်သည်။ မန်နေဂျာဖုန်းက ဒီအလုပ်သမားတွေ လုပ်စေချင်တဲ့ အတိုင်း လုပ်နိုင်မဲ့ ကိုယ်ပိုင် နည်းလမ်းတွေ ရှိနေတာပဲ။