တခြားသူရဲ့ မြေးက ကိုယ့်မြေးလောက်တော့ ဘယ်ကောင်းမလဲ
Vol. 27 Ch. 394
“အဖေ အမေ သားပြန်လာပြီ။”
“တရုတ်နှစ်သစ်ကူးတောင် ရောက်တော့မယ်။ မင်းက အခုမှ ပြန်လာတာလား။”
ကျန်းမူဟွက ဖုန်းယွီကို အပြစ်တင်လိုက်သည်။
“အမေ ဒီဟာကို ကြည့်လိုက်ဦး။ ကျွန်တော် အမေအတွက် မော်စကိုကနေ ဝယ်ခဲ့တာ။”
ဖုန်းယွီက သူပြင်ဆင်ထားသည့် လက်ဆောင်ကို ထုတ်လိုက်၏။
“ဒါက လည်စည်းလေး တစ်ခုပဲ။ မင်းက ငါအရင်တုန်းက လည်စည်း တစ်ခါမှ မမြင်ဖူးဘူး တွေးနေတားလား။
“ဒါက ရိုးရိုးလည်စည်း မဟုတ်ဘူး။ ရုရှားသမ္မတကတော်မှာလား။ လည်စည်းအတူတူ ရှိတယ်။ ဒါက အကန့်အသတ်နဲ့ ထုတ်လုပ်တာ။ အခုရေ ၁၀,၀၀၀ပဲ ထုတ်ခဲ့တာ။”
ကျန်းမူဟွက ချက်ချင်းပင် ဆိုဖာပေါ်မှ ထရပ်လိုက်ကာ ဖုန်းယွီဆီမှ လည်စည်းကို ဆွဲယူလိုက်၏။
“ဟုတ်လိုာလား။ ကြည့်ရအောင်။”
ကျန်းမူဟွသည် လည်စည်းကို ပတ်ပြီး မှန်ထဲတွင် ကြည့်လိုက်၏။ သူမက ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြောလိုက်သည်။
“လူကြီးဖုန်း ဒီကို လာကြည့်ပါဦး။ ဒီလည်စည်းနဲ့ ကျွန်မ ကြည့်ကောင်းရဲ့လား။”
ဖုန်းရှင်းထိုက်က ခေါင်းမမော့ဘဲ ပြန်ဖြေလိုက်၏။
“ဒါက လည်စည်းလေး တစ်ခုပဲလေ။ မင်းသားပြန်လာရင် သူ့ကို သင်ခန်းစာ ကောင်းကောင်း ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား။”
“ဘယ်တုန်းက ကျွန်မ အဲလို ပြောလို့လဲ။ ဘယ်သူက ကျွန်မသားကို အနိုင်ကျင့်ရဲတာလား။ သား ဗိုက်ဆာနေပြီလား။ အခု သွားချက်လိုက်မယ်။ သားဘာစားချင်လဲ။”
“အမေဘာချက်ချက် သားကြိုက်တယ်။”
ပြီးပြည့်စုံသည့် အဖြေပင် ဖြစ်သည်။ ဖုန်းယွီက သူ့ကိုယ်သူ အမှတ်ပြည့်ပေးလိုက်သည်။
“အဖေ ဒါက မော်စကိုက စီးကရက်။ ပြီးတော့ အဖေအတွက် စစ်ဖိနပ် တစ်စုံ ဝယ်လာခဲ့တယ်။ စစ်ဖက်ဆိုင်ရာ အရာရှိတွေပဲ စီးကြတာ။ကြည့်ပါဦး ကြည့်မကောင်းဘူးလား။”
“မင်းက ငါက ဖိနပ်တွေကို ဝတ်မယ်ပေါ့။”
ဖုန်းရှင်းထိုက်က သူ့မျက်လုံးကို လှည့်ကြည့်လိုက်သည်။ သို့သော် သူ့သည် လက်ဆောင်များကို လက်ခံဆဲ ဖြစ်သည်။သူသည် ထိုဖိနပ်ကို မဝတ်လျှင်တောင် သူ့အနေဖြင့် အိမ်ထဲတွင် ပြသနိုင်ပေသည်။ စီးကရက်ကိုတော့ သေချာပေါက် သောက်မည်ပင်။
ဖုန်းယွီသည် ပျော်ပျော်ရွှင်ရွှင်ဖြင့် သူ့အဖေ ပခုံးကို နှိပ်ပေးလိုက်၏။
“အဖေ အခု ဒီတလော ပင်ပန်းသေးလား။”
“ဘယ်မှာ ပင်ပန်းစရာ ရှိလို့လဲ။ မင်းခန့်ထားတဲ့ မန်နေဂျာက ငါ့အလုပ်မှာ ကောင်းကောင်း အလုပ်လုပ်တယ်။ အခုတော့ ငါ ဘာမှ လုပ်စရာ မရှိတော့ဘူး။ ငါ အချိန်မရွေး အနားယူလို့ရတယ်။”
ဖုန်းရှင်းထိုက်သည် ကျေနပ်ခြင်း မရှိပေ။ သူသည် ကုမ္ပဏီတွင် အသုံးမဝင်ဟု ခံစားနေရသည်။
“အဖေ ကျွန်တော်က အဖေပင်ပန်းမှာ စိုးရိမ်နေတာ။ ဘာလို့ ဒေဒက စက်ရုံမှာ ကိုယ်တိုင်ကိုယ်ကျ မစီမံတာလဲ။ တကယ်လို့ အဖေ လုပ်စရာ မရှိဘူးဆိုရင် အဖေ သူငယ်ချင်းတွေနဲ့ မာကျောက် ကစားလို့ ရတာပဲ။”
“ဟမ့်.. ငါ မာကျောက် ကစားရတာကို မကြိုက်ဘူး။"
ဖုန်းရှင်းထိုက်က ပြန်ဖြေလေ၏။
ထိုအချိန်တွင် ကျန်းမူဟွက မီးဖိုချောင်မှ ခေါင်းပြူထွက်လာကာ ပြောလိုက်၏။
“အရင်ပတ်တုန်းက မင်းအဖေ မာကျောက်ကို ၁၀ပြားနဲ့ ကစားတာ သူ ယွမ် ၁၀၀ကျော် ရှုံးခဲ့တယ်လေ။ သူ့အခုထိ နာကျင်ခံစားနေတုန်းပဲ။”
ဖုန်းယွီက “....”
၁၀ပြားဖိုးကိုတောင် ယွမ် ၁၀၀ဖိုး ဘယ်လိုလုပ် ရှုံးခဲ့တာလဲ။
“အဖေ အဲတာဆိုရင် ဘာကစားချင်သေးလဲ။ ဘာလို့ ကျွန်တော်က အဖေနဲ့ အဖေကို နှစ်သစ်ကူး အားလပ်ရက်ပြီးရင်နိုင်ငံခြားကို ဘာလို့ မခေါ်သွားဘဲ နေရမှာလဲ။”
ဖုန်းယွီက အကြံပေးလိုက်သည်။
“အဲတာက ပျင်းစရာ ကောင်းတယ်။ ငါ ကလေးပဲ စောင့်ရှောက်ချင်တယ်။”
“အဲတာဆိုရင် ဘင်းမြို့တော်ကို ပြောင်းခဲ့လေ။ ကျွန်တော် တူလေးက အခု ကစားရတာ တော်တော်လေးကို ပျော်နေတယ်။”
လီရွေ့ချန် အကြောင်းကို တွေးလိုက်သည့်အခါ သူ့မျက်နှာထက်၌ အပြုံးများဖြင့် ပြည့်နေတော့၏။
“အဲ့ကလေးရဲ့ မျိုးရိုးနာမည်က လီလေ ဖုန်းမဟုတ်ဘူး”
ဖုန်းရှင်းထိုက်က ဖုန်းယွီကို စိုက်ကြည့်လိုက်၏။
ဖုန်းယွီက နောက်ကို ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်ကာ
“အဖေ... ဘာအဓိပ္ပာယ်လဲ။ အဖေနဲ့ အမေက ကျွန်တော်ကို ညီလေး မွေးပေးမလို့လား။”
“သွားစမ်းပါ။ ငါက မင်းအကြောင်း ပြောနေတာလေ။”
ဖုန်းရှင်းထိုက်က ဖတ်လက်စ စာအုပ်ကို ဖုန်းယွီဆီ ပစ်ပေါက်လိုက်၏။
“အ.. ကျွန်တော်လား။ အဖေကလည်း မနောက်ပါနဲ့ဗျာ”
ဖုန်းယွီက ပြန်ဖြေလေ၏။
“ဘာနောက်ရမှာလဲ။ ငါက မင်းကို အလေးအနက်နဲ့ ပြောနေတာ။ လီနလို့ ခေါ်တဲ့ မိန်းကလေး တစ်ယောက် ရှိတယ်မလား။။ သူက အရှေ့ပိုင်းက ၂လမ်းမှာ နေတာမလား။ ငါ့အထင်တော့ အဲ့ကလေးမလေးက တော်တော်လေး ကောင်းတယ်။ မင်းတို့ နှစ်ယောက်လုံး ဘယ်အချိန်ကျ လက်ထပ်မှာလဲ။ ငါတို့တွေက ဘယ်တော့မှ မင်းကလေး ထိန်းရမှာလဲ။
ဖုန်းယွီက ရူးချင်စိတ် ပေါက်သွားသည်။ ဘာလက်ထပ်တာနဲ့ ကလေးတွေလဲ။
“အဖေ ဘာအကြောင်းတွေ ပြောနေတာလဲ။ ကျွန်တော်က အခုမှ ကျောင်းတက်တုန်း ရှိသေးတယ်. ပြီးတော့ ကျွန်တော်က အခုမှ အသက်၂၀ပဲ ရှိသေးတာ။ ဘာလို့ လက်ထပ်တာနဲ့ ကလေးအကြောင်းတွေ ပြောနေရတာလဲ။
ကျန်းမူဟွသည်လည်း မီးဖိုချောင်မှ တဖန် ခေါင်းပြူထွက်လာကာ
“မင်းအဖေ ပြောတာမှန်တယ်။ ငါလည်း အဲ့ကလေးမကို သဘောကျတယ်။ သူက အခု ပညာရေးတက္ကသိုလ်မှာ ပညာသင်နေတာပြီးတော့ အနာဂတ်ကျ ဆရာမ တစ်ယောက် ဖြစ်လာမှာ။ ကောင်းတယ်။”
“အမေ ကျွန်တော်က ကျောင်းတက်တုန်းပဲ ရှိသေးတယ်။ ခဏနေပါဦး။ အဖေတို့ နှစ်ယောက်စလုံးက သူတို့ မိဘတွေနဲ့ စကားပြောပြီးပြီလား။”
ဖုန်းယွီ၏ မျက်လုံးများက ပြူးကျယ်သွားတော့၏။
“မပြောရသေးပါဘူး။ ဒါပေမဲ့ မင်းအနေနဲ့ ဒေသ ဘယ်လောက် ကြီးလဲဆိုတာကို သိတယ်တယ်။ ငါ သူ့အဖေနဲ့ အကြိမ်ရေ အနည်းငယ်တွေ့ဖူးတယ်။ ပြီးတော့ သောက်ရင်းစားရင် စကားအနည်းငယ် ပြောဖူးတယ်။”
ဖုန်းရှင်းထိုက်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
“ငါ့အထင်တော့ မင်းတို့ နှစ်ယောက်စလုံး အရင်ဆုံး လက်ထပ်သင့်တယ်။ လက်ထပ်တာက မင်းတို့ရဲ့ စာသင်ကြားမှုကို ထိခိုက်တာမှ မဟုတ်တာ။ မင်းတို့ရဲ့ မူလတန်းဆရာမစ္စတာရှုဆိုရင်လည်း သူ တက္ကသိုလ် မတက်ခင် လက်ထပ်တာလေ။ သူတို့ နှစ်ယောက်စလုံး ခုထက်ထက် ပျော်ပျော်ရွှင်ရွှင် ရှိနေဆဲပဲ။”
ကျန်းမူဟွက ဟင်းချက်နေသည့် အချိန်တွင် တခါတည်း ပြောလိုက်သည်။
“အဲတာ အမှန်ပဲ။ မင်းတို့ နှစ်ယောက်စလုံးမှာ ကလေးရှိရင် ပိုတောင် ကောင်းသေးတယ်။ မင်းအမေကို လွဲထားလို့ ရတယ်။ ငါကတော့ မင်းတို့ နှစ်ယောက်လုံး စာသင်နေတဲ့ အချိန်မှာ ကလေး ကြည့်ထားပေးမယ်လေ။ မဟုတ်ရင်လည်း မင်းတို့တွေ ဘွဲ့ရမှ ကလေးယူကြပေါ့။ ဒီလိုမျိုးဆိုရင်လည်း ငါအဆင်ပြေပါတယ်။”
ဖုန်းယွီက သူ့လက်ဖြင့် သူ့မျက်လုံးကို ကာလိုက်တော့သည်။ ငါက အခုမှ အသက်နှစ်ဆယ်ပဲ ရှိသေးတာ ပြီးတော့ ငါက လက်ထပ်ဖို့ အမြန် လုပ်ရမှာလား။ ဒီကမ္ဘာပေါ်မှာ ဘယ်သူကများ ဒီလို အခြေအနေနဲ့ ကြုံရလဲ။
“အဖေနဲ့ အဖေ ဒါက ကျွန်တော်တို့ရဲ့ စာသင်ကြားမှုအပေါ် သက်ရောက်မှု ရှိတာပေါ့။ အမေတို့ ပြောတဲ့ မစ္စတာရှုဆိုတာက လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကလေ။ အခုလက်ရှိမှာ ဘယ်သူက တက္ကသိုလ်တက်ရင်း လက်ထပ်လို့လဲ။ တက္ကသိုလ်က ထောက်ခံစာ ထုတ်ပေးမှာ မဟုတ်ဘူး။”
ဖုန်းယွီက ထိုကဲ့သို့ ပြောင်မြောက်သည့် အကြောင်းပြချက်ရအောင် သေချာ စဉ်းစားလိုက်ရ၏။ ထိုခေတ်အခါက လက်ထပ်မှုတိုင်းအတွက် ဌာန မှ ထောက်ခံစာ လိုပေသည်။ ဌာနတွင်း ရှိသူ မဟုတ်ပါက ထိုသူသည် ဒေသရုံးမှ ထောက်ခံစာ တောင်းယူရသည် ဖြစ်၏။
“ဘယ်လိုလုပ် ထောက်ခံစာ မရဘူးဆိုတာ ဖြစ်နိုင်မှာလဲ။ မင်းအဖေပြောတာက မင်းက မင်းတက္ကသိုလ်မှာ ထိုက်ဟွ အဆောက်အဦးကို လှူထားတဘ်မလား။ ငါတို့တွေ ဒီလောက်ပိုက်ဆံတွေ အများကြီး လှူဒါန်းထားတာ။ ဘာလို့ ကျောင်းက ထောက်ခံစာ မထုတ်ပေးရမှာလဲ။”
ကျန်းမူဟွက စိတ်ဆိုးစွာဖြင့် ပြန်လည် ခွန်းတုံ့ပြန်လေ၏။
“အဖေ အဖေ တကယ်လို့ ကျွန်တော်ကျောင်းက စာထုတ်ပေးတယ်ဆိုရင်တောင် သူ့ကျောင်းက စာထုတ်ပေးမှာ မဟုတ်ဘူး။ ထပ်ပြောရမယ်ဆိုရင် အစိုးကလည်း သူတို့ရဲ့ အရာထမ်းတွေကိုတောင် စောစောစီစီး လက်ထပ်ဖို့ကို တွန်းအား မပေးဘူး။ သူတို့ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်မယ်ဆိုရင် သူတို့ရဲ့ ရာထူးတိုးတဲ့အပေါ်မှာ သက်ရောက်မှု ရှိလိမ့်မယ်။ တကယ်လို့ ကျွန်တော်ကို မယုံရင် ဦးလေးဝမ်ကို သွားမေးလို့ရတယ်။”
ဖုန်းယွီက နောက်ထပ် အကြောင်းပြချက် တစ်ခုက ရှာလိုက်၏။ ယင်းက သင့်လျော်သည့် အကြောင်းပြချက်ပင်။ သူ့မိဘများသည် သူ့ကို အစိုးရထဲကို ဝင်ကာ အစိုးရ အရာရှိ တစ်ယောက် ဖြစ်စေချင်မှန်း သူသိပေ၏။
စီးပွားရေးတစ်ယောက်ဖြစ်သည်ကား အစိုးရ အရာရှိ ဖြစ်သည်လောက် ခေါ်၍ မကောင်းပေ။ အစိုးရ အရာရှိ ဖြစ်ပါက ပိုတောင် ကောင်းသေးသည်။ ထပ်ပြောရပါက သူတို့ မိသားစုတွင် ငွေလုံလောက်နေပြီ ဖြစ်၏။
“အ..စောစောစီစီး လက်ထပ်တာက အလုပ်အကိုင်အပေါ် သက်ရောက်မှု ရှိစေတာလား။”
“ဟုတ်တယ်။ မစ္စတာရှုကိုပဲ ကြည့်လိုက်။ သူအခု အသက် ဘယ်လောက်ရှိပြီလဲ။ ပြီးတော့ သူ ကျောင်းမှာ အလုပ်လုပ်တာ ဘယ်လောက်ကြပြီလဲ။ ဘာကြောင့် သူရာထူး မတိုးတာလဲ။
“ဒါက... လူကြီးဖုန်း ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ။”
ကျန်းမူဟွက သူ့ခင်ပွန်းကို ကြည့်လိုက်၏။
“အမေ အဖေဟင်းက တူးတော့မယ်။”
ဖုန်းယွီက အော်လိုက်သည်။ သူသည် စကားလမ်းကြောင်းကို မြန်မြန် လွဲရမည် ဖြစ်သည်။
ဖုန်းရှင်းထိုက်က သူ့မေးကို ပွတ်ရင်း အတွေးထဲတွင် နစ်မြေနေတော့၏။ အခုလက်ရှိတွင် လီနကဲ့သို့ ချွေးမကောင်း မရသည်ကား နှမြောစရာပင် ဖြစ်၏။ သို့သော် သူ့သားက တော်လွန်းသည်။ ပြီးနောက် ထိုအနာဂတ် ချွေးမလောင်းသည်လည်း သူ့သားလက်ထဲမှ ပြေးနိုင်လိမ့်မည် မဟုတ်ချေ။
“အဖေကို အမှန်အတိုင်းပြော။ မင်းနဲ့ အဲ့ကောင်မလေး ဘယ်အဆင့်ထိ ရောက်နေပြီလဲ။”
“အဖေ... ဘာလို့ ဒီစကား မေးရတာလဲ။”
ဖုန်းယွီ ပြောစရာ စကားမဲ့သွားခဲ့၏။
နေ့လည်စာစားချိန်တွင် ဖုန်းယွီသည် ခပ်သွက်သွက်စားပြီး ဝမ်တုန့်ကျွင်း၏ အိမ်ကို သွားလိုက်တော့သည်။ ဖုန်းယွီ ထွက်သွားပြီးနောက် ကျန်းမူဟွက ဖုန်းရှင်းထိုက်နား တိုးလာကာ။
“ရှင်မေးပြီပြီလား။ သူတို့တွေ ဘယ်အဆင့်ထိ ရောက်နေပြီလဲ။”
“သူ အဖြေပြန်မပေးသွားဘူး။ ဒါပေမဲ့ သူ့တုံ့ပြန်ပုံအရတော့ သူ အဲ့မိန်းကလေးနဲ့ ကိစ္စ အကုန် ပြီးပြီ။ ဒီ ချွေးမလောင်းလေးက သူ့လက်ထဲက မလွတ်နိုင်တော့ဘူး။”
“တကယ်လို့ သူတို့တွေ ဂရုမစိုက်ဘဲ အဲ့ကလေးမလေး ကိုယ်ဝန်ရသွားရင်ကော။”
“ဟ... လက်ထပ်ပေါ့။ ဒါဆို ပိုတောင် ကောင်းသေးတယ်။ သူ လက်ထပ်ဖို့အတွက် ဘာအကြောင်းပြချက်မှ ပေးလို့ မရတော့ဘူး။ ပြီးတော့ ငါတို့လည်း ငါ့တို့ မြေးလေးကို ထိန်းလို့ရမှာပေါ့။”
“ဒါအမှန်ပဲ။ လျိုကျွမ်းရဲ့ သားကို ကြည့်လိုက်။ သူက ဖုန်းယွီထက် တစ်နှစ်ပဲ ကြီးတာ သူ့ကလေးက သူ့ကို ဘိုးဘိုးလို့တောင် ခေါ်နေပြီ။”
ဖုန်းယွီက မိုးကောင်းကင်ကို ကြည့်လိုက်၏။ အမျိုးသားတွေလည်း နေရာတိုင်း စိတ်ပူပန်စရာတွေနဲ့ပဲလား။