← Chapters

ဒေသကို ဒီလိုနည်းနဲ့ တိုးတက်အောင် လုပ်သင့်တယ်။

Vol. 27 Ch. 395

ဒေသကို ဒီလိုနည်းနဲ့ တိုးတက်အောင် လုပ်သင့်တယ်။

Vol. 27 Ch. 395

“ဦးလေးဝမ် အိမ်မှာလား။”

ဖုန်းယွီက သိချင်စိတ် ဖြစ်နေ၏။ ယနေ့သည် တနင်္ဂနွေ မဟုတ်ပေ။ အဘယ်တွက် ဦးလေးဝမ် အိမ်တွင် ရှိနေရသနည်း။ နှစ်ဟောင်းကုန်ဆုံးတော့မည် ဖြစ်သည့်အတွက် သူသည် သေချာပေါက် အလုပ်များနေရမည်ပင်။

“ရှောင်ယွီ မင်းပြန်လာပြီလား။ ထိုင်ပါဦး။ ဦးလေးမင်းနဲ့ ဆွေးနွေးစရာ တခုခု ရှိလို့။”

ဝမ်သဲကွမ်းက သတိရှိရှိဖြင့် ပြုံးလိုက်၏။

ဖုန်းယွီက ပဟေဠိ ဖြစ်သွာသည်။ ဒေသတွင်း တစ်ခုခုများ ဖြစ်သည်လော။ ဦးလေးဝမ်အနေဖြင့် ဝမ်တုန့်ကျွင်းနှင့် ကျန်းဟန်အကြောင်းကို သိသွားသည်လော။

ဝမ်တုန့်ကျွင်းသည်လည်း သူ့အခန်းမှ ထွက်လာကာ ဆိုဖာပေါ်တွင် ထိုင်လိုက်၏။ သူက ဖုန်းယွီကို မျက်လုံးဖြင့် အချက်ပြလိုက်၏။

“ငါတို့ရဲ့ ဒေသက လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုနဲ့ ပတ်သက်ပြီးတော့ ဒုက္ခတွေ့နေတယ်။ မင်းအဖေရဲ့ စက်ရုံကတော့ ချောချောမွေ့မွေ့နဲ့ လည်ပတ်နေတယ်။ ဒါပေမဲ့ ငါတို့ ဒေသမှာတော့ နေ့လည်ခင်းဆိုရင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရတယ်။ ငါကလည်း အထက်အရာရှိတွေကို လျှပ်စစ်ဓာတ်အား ပိုပေးဖို့အတွက် တောင်းဆိုတယ်။ ဒါပေမဲ့ သူတို့တွေက ငြင်းဆိုတယ်။ သူတို့တွေမှာလည်း အခက်အခဲ ရှိနေတယ်လို့‌ောတ့ ပြောတယ်။ ဒါပေမဲ့ သူတို့တွေက ငါတို့ဒေသအနေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့အတွက် ကုန်ကျစရိတ်ကို တာဝန်ခံမယ်ဆိုရင်တော့ သူတို့တွေက ဆောက်ခွင့်ပေးမယ်လို့တော့ ပြောတယ်။ ဒီလျှပ်စစ်ဓာတ်အားပေးစက်ရုံက အနီးအနားက ဒေသတွေကိုလည်း လျှပ်စစ် ထောက်ပံ့ပေးနိုင်တယ်။ မင်းအနေနဲ့ ငါတို့ ဒီဖြေရှင်းချင်းအတိုင်း လိုက်လုပ်သင့်တယ်လို့ ထင်လား။”

အို သူ့အလုပ်အကြောင်းပဲ။ ဖုန်းယွီနှင့် ဝမ်တုန့်ကျွင်းသည် စိတ်သက်သာရာ ရသွားခဲ့၏။

ဖုန်းယွီ ဝမ်သဲကွမ်းအား အဖြေ ပြန်မပေးခင် ဝမ်တုန့်ကျွင်းက အရင် ပြောလိုက်၏။

“အဲ့လိုမျိုးတော့ မဟုတ်ဘူးလေ။ ဒီ လျှပ်စစ် ဓာတ်အားပေးစက်ရုံက ကျွန်တော်တို့ ဒေသမှာ ဆောက်မှာ မဟုတ်လား။ အဲ့စက်ရုံက ဒေသက မြေတွေကို အသုံးပြုရမှာပေါ့။ အဲ့စက်ရုံက ကျွန်တော်တို့ မြေပေါ်မှာ အကျိုးရှိရှိ အသုံးချပေမဲ့ ကျွန်တော်တို့ အဲ့တာအတွက် ငွေပေးရဦးမှာမလား။ ထုတ်လုပ်တဲ့ လုပ်စစ်ဓာတ်အားကိုလည်း အနီးအနားက ဒေသတွေကို ဖြန့်ပေးရဦးမှာ။ အဲ့လိုဆို ကျွန်တော်တို့ ရှုံးတာပေါ့။”

ဖုန်းယွီသည်လည်း ဝမ်တုန့်ကျွင်း၏ အတွေးများက အပြုသဘောဆောင်သည်မှန်း ထင်သည်။ သို့သော်ငြား သူ့အမြင်က အလွန်ပင် ကျဉ်းမြောင်း၏။

ဝမ်တုန့်ကျွင်းက သူ့သားကို စိုက်ကြည့်ကာ

“ဘာလို့ ရှုံးမှာလဲ။ ဒီလျှပ်စစ် ဓာတ်အားပေးစက်ရုံက ငါတို့ ဒေသမှာ ဆောက်မှာ ပြီးတော့ ငါတို့ ဒေသက လျှပ်စစ်မီးရတဲ့အခါ ဦးစားပေးထဲက တစ်ခု ဖြစ်လိမ့်မယ်။ ပိုလျှံတဲ့ လျှပ်စစ်တွေကိုတော့ ကျန်တဲ့ ဒေသတွေကို ဖြန့်ဝေမှာပေါ့။ မင်းဘာတွေ ဖြစ်နေလဲဆိုတာကို နားလည်ရဲ့လား။ ပြီးတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံမှာ အလုပ်သမားတွေ လိုဦးမှာ။ ငါတို့ ဒေသက လူတွေက အဲ့စက်ရုံမှာ အလုပ် ခန့်အပ်တဲ့အခါ ပထမဦးစားပေး ဖြစ်မှာ။ မနှစ်တုန်းက အချို့ နိုင်ငံခြား ရင်းနှီးမြှပ်နှံသူတွေက ဒီမှာ စက်ရုံလာဆောက်ချင်ကြတယ်။ ဒါပေမဲ့ ငါတို့ ဒေသမှာ လျှပ်စစ်ဓာတ်အားလုံလုံလောက်လောက် မရှိတာကိုသိတဲ့အတွက် သူတို့ စိတ်ပြောင်းသွားခဲ့တယ်။”

ဖုန်းယွီသည်လည်း ကူကယ်ရာမဲ့စွာ ခံစားနေရ၏။ ဦးလေးဝမ်သည်လည်း ဤ နိုင်ငံရေးအမှတ်ကို ရချင်မှန်း သိပေ၏။ လျှပ်စစ်ဓာတ်အား လောက်ငှမှု ရှိပါက ပြဿနာ များစွာကို ဖြေရှင်းပြီး ဖြစ်သွားပေလိမ့်မည်။ ပြီးနောက် ယင်းကို အောင်မြင်မှုအဖြစ်လည်း စဉ်းစား၍ ရနိုင်ပေသည်။ သို့သော် ဖုန်းယွီသည်လည်း ယင်းက မတန်ဟု ခံစားနေရသည်။

“ဦးလေးဝမ်။ ဘယ်လိုမျိုး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မလဲဆိုတာကို မေးလို့ ရမလား။ အပူပေးလျှပ်စစ်ဓာတ်အားပေးစက်ရုံလား။ လေအားလျှပ်စစ် ဒါမှမဟုတ် ရေအားလျှပ်စစ်လား။”

“အပူပေးလျှပ်စစ်ဓာတ်အားပေး စက်ရုံပဲ ဖြစ်လိမ့်မယ်။ ငါတို့ရဲ့ မြစ်က လုံလောက်တဲ့ လျှပ်စစ်ကို ထုတ်လုပ် မပေးနိုင်ဘူးလေ။ ပြီးတော့ ရေစီးကြောင်းကလည်း စီးတာ မသန်ဘူး။ ဒီမှာ လေတိုက်ပေမဲ့ လေအားလျှပ်စစ် တည်ဆောက်ဖို့အတွက် အတွက်က လေအား မလုံလောက်ဘူး။ ထပ်ပြောရမယ်ဆိုရင် လေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံက အပူပေးလျှပ်စစ်ဓာတ်အားပေး စက်ရုံလောက်တော့ လျှပ်စစ်ထုတ်လုပ်မှု မမြန်ဆန်ဘူး။ တကယ်လို့ အရှေ့ပိုင်း ပြည်နယ်တွေကနေ ကျောက်မီးသွေး ပို့နိုင်ရင် အရမ်းကို ဈေးချိုလိမ့်မယ်။ တစ်နေ့ထုတ်လုပ်တဲ့ လျှပ်စစ်ဓာအားက ငါတို့ ဒေသအတွက် တစ်ပတ်စာလျှပ်စစ်ဓာတ်အား ရရှိနိုင်တယ်။ ဒီလို လျှပ်စစ်ဓာတ်အားပေးတာနဲ့ဆိုရင် ငါတို့ ဒေသက အလုပ်အများကြီး လုပ်လို့ရပြီ။”

ဝမ်သဲကွမ်းသည် ဒေသ၏ အနာဂတ်ကို မြင်ယောင်ကြည့်လိုက်၏။ ဒေသတွင်း နေထိုင်သူများ၏ ဘဝများသည် ပိုမိုကောင်းမွန်လာသည်သာမက သူ့အနေဖြင့် ရင်းနှီးမြှပ်နှံသူများကိုလည်း ဆွဲဆောင်နိုင်မည် ဖြစ်သည်။

အကယ်၍ အပူပေးလျှပ်စစ်ဓာတ်အားပေး စက်ရုံဆိုပါက ယင်းက အဓိပ္ပာယ် မဲ့ပေလိမ့်မည်။ နောက်ထပ် တစ်နှစ် နှစ်နှစ်အတွင်း အနီးအနားတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ချဲ့ထွင်လာပေလိမ့်မည်။ ပြီးနောက် ဒေသအကုန်လုံးအတွက် လျှပ်စစ်ဓာတ်အား လုံလောက်လာမည် ဖြစ်သည်။ ထပ်ပြောရပါက သူတို့အနေဖြင့် ယခုလက်ရှိတွင် လေတာဘိုင် အများအပြား တည်ဆောက်နေပြီ ဖြစ်သည်။ တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှုသည် နှစ်အနည်းငယ်အတွင်း အဆများစွာ တိုးတက်လာလိမ့်မည်ဟု သဘောပေါက်မည် မဟုတ်ကြပေ။

နောက်ထပ် နှစ်နှစ်ဆယ်အတွင်း အဓိက ရေအားလျှပ်စစ် စက်ရုံကြီးများ ဖြစ်သည့် လျှိုမြောင်သုံးသွယ် ရေကာတာ ပြီးပါက တရုတ်နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားကို အပြည့်အဝ ထုတ်လုပ်နိုင်ရုံသာမက တရုတ်နိုင်ငံအနေဖြင့်လည်း သူတို့၏ လျှပ်စစ်ဓာတ်အားများကို ပတ်ဝန်းကျင် နိုင်ငံများကိုလည်း လျှပ်စစ်ဓာတ်အား ရောင်းချပေးနိုင်မည် ဖြစ်သည်။

“ဦးလေးဝမ် အပူပေးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုက ညစ်ညမ်းမှု ဘယ်လောက် ဖြစ်စေလဲသိလား။ ကျွန်တော်တို့ ဒေသရဲ့ အဓိက ဝင်ငွေက စိုက်ပျိုးရေးပဲ။ ပြီးတော့ ကျွန်တော်တို့တွေ အပူပေးလျှပ်တကယ်လို့ ကျွန်တော်တို့တွေသာ အပူပေးလျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်မယ်ဆိုရင် ကျပ်ခိုးတွေက နေရာအနှံ လွင့်သွားလိမ့်မယ်။ ဘယ်သူက ကျွန်တော်တို့ စိုက်ပျိုးတဲ့ အသီးအနှံတွေကို ဝယ်တော့မှာလဲ။ ကျွန်တော်တို့က စိုက်ပျိုးတဲ့ ဒေသလေ ပြီးတော့ ဘာလို့ ကျွန်တော်တို့တွေက စက်မှုဖွံ့ဖြိုးပြီး ဒေသတွေအတိုင်း လိုက်လုပ်ရမှာလဲ။”

“ဒါပေမဲ့ ငါတို့ ဒေသက စိုက်ပျိုးရေးကိုပဲ မှီခိုမယ်ဆိုရင် ငါတို့ ဒေသ တိုးတက်ဖို့အတွက် ခက်ခဲလိမ့်မယ်။ တကယ်လို့ မင်းတို့မိသားစု အစားအစာ ထုတ်လုပ်သည့် စက်ရုံသာ မရှိဘူးဆိုရင် ငါတို့ ဒေသက ဒေသအားလုံးမှာ အနိမ့်ဆုံး ဖြစ်နေမှာ။”

“ဦးလေးဝမ် ကျွန်တော်တို့တွေ ဝက်မွေးသေးတယ်လို့။ ဘာလို့ တခြားသူတွေကိုလည်း ကြက်ငှက်နဲ့ ယုန်တွေကို မစိုက်ခိုင်းရတာလဲ။ ထပ်ပြောရမယ်ဆိုရင် ကျွန်တော်တို့ ဒေသက ဘင်းမြို့တော်နဲ့ အရမ်းမဝေးဘူး။ တစ်နာရီပဲ ကစားလို့ ရတာ။ ဘာလို့ ကျွန်တော်တို့က ဟင်းသီးဟင်းရွက် စိုက်ပျိုးဖို့အတွက် အာရုံ မစိုက်ဘဲ နေမှာလဲ။”

“ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလား။ မင်းပြောတာက ဖန်လုံအိမ် စိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်လား။”

ဝမ်သဲကွမ်း၏ မျက်လုံးများ တောက်ပလာခဲ့သည်။

ဟုတ်တယ်။ နွေရာသီကျရင် လူတွေအတွက် လတ်ဆတ်တဲ့ သစ်သီးသစ်ရွက်တွေ စားနိုင်ဖို့အတွက် ခက်ခဲ့တယ်။ တချိန်တည်းမှာပဲ သစ်သီးဟင်းရွက်တွေကို ဆောင်းရာသီမှာ ရောင်းမယ်ဆိုရင် ပိုပြီးတော့ ဈေးကောင်းရနိုင်တယ်။ ဒေသ သေးသေးလေး တစ်ခုတည်းမှာ အာရုံစိုက်ရင်တောင် မြို့က ဟင်းသီးဟင်းရွက် လိုအပ်ချက်က ပိုတောင် များလာဦးမယ်။

“ဒါပေမဲ့ ငါတို့ဒေသမှာ ဘယ်သူမှ မှန်လုံအိမ် စိုက်ပျိုးရေးအကြောင်း မသိကြဘူး။"

ဖုန်းယွီက ပြုံးလိုက်ကာ

“ဒါပေမဲ့ ကျွန်တော်တို့ ဒေသမှာ ဘယ်သူမှ မှန်လုံအိမ် စိုက်ပျိုးရေးကြောင်း မသိကြဘူး။ ဒါပေမဲ့ စိုက်ပျိုးရေး တက္ကသိုလ်ကတော့သိတယ်။ ကျွန်တော်တို့ ထျန်ဖုန်းဝက်ခြံရဲ့ အကြံပေးကလည်း စိုက်ပျိုးရေး တက္ကသိုလ်က ပါမောက္ခ တစ်ယောက်ပဲ မဟုတ်ဘူးလား။ ဘာလို့ အဲ့အပိုင်းမှာ ကျွမ်းကျင်သူတွေကို အကြံပေးအဖြစ် မငှားဘဲ နေရမှာလဲ။ ပါမောက္ခတွေက သူတို့ရဲ့ သီအိုရီတွေနဲ့ ပိတ်လှောင်နေကြတာ။ ကျွန်တော်တို့ရဲ့ စိုက်ခင်းတွေက သူတို့တွေ လေ့ကျင့်ဖို့အတွက် နေရာကောင်းပဲလေ။ ကျွန်တော်တို့တွေ စိုက်ပျိုးရေး တက္ကသိုလ်ရဲ့ စမ်းသပ်စိုက်ကွင်းကိုတောင် ဒီဒေသမှာ ထောင်လို့ ရသေးတယ်။”

“အဲတာက အလုပ် ဖြစ်ပါ့မလား။”

“ဦးလေးကလည်း စတောင် မစရဘဲနဲ့ ဘယ်လိုလုပ် အလုပ်ဖြစ်မယ်ဆိုတာ သိမှာလဲ။ ဌာနခွဲကို မသွားနဲ့နော်။ မြို့တော်ကို သာတန်းတန်းသွား အဲ့မှာ ခေါင်းဆောင်တွေ ရှိတယ်။ ဦးလေးအနေနဲ့ အစိုးရထံကနေပြီးတော့ ပေါ်လစီအချို့နဲ့ ထောက်ပံ့ကြေးတွေတောင် ရနိုင်သေးတယ်”

“မြို့တော်က ပေါ်လစီတွေနဲ့ ထောက်ပံ့မှုတွေလား။ သူတို့က ပေးပါ့မလား”

ဝမ်သဲကွမ်းက ဖုန်းယွီကို ကြည့်လိုက်သည်။ ဘာလို့ ဖုန်းယွီက ဒီလောက်အထိ ယုံကြည်ချက် ရှိနေရတာလဲ။

ဝမ်တုန့်ကျွင်းက သူ့ခေါင်းကို ငုံကာ ပြောလိုက်သည်။

“အဖေ ကျွန်တော်လည်း ဖုန်းယွီ ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတယ်။ အဖေ မလုပ်ဘဲနဲ့ အဲတာက အလုပ်ဖြစ်မဖြစ် ဘယ်သူ သိမှာလဲ။ တကယ်လို့ အဖေရဲ့ တင်ပြမှုက အဆင့်မြင့် အရာရှိတွေရဲ့ အာရုံကို ဖမ်းစားနိုင်တယ်ဆိုရင် အဖေ ရာထူးတိုးတောင် ခံရမှာ။”

ဝမ်သဲကွမ်းက သူ့သားကို ကြည့်လိုက်ပြီးနောက် ဖုန်းယွီဖက်ကို လှည့်ကာ

“မင်းတို့ နှစ်ယောက်စလုံး ငါ့ကို တခုခုများ ဖုံးကွယ်ထားသလား။”

ဖုန်းယွီက ပြုံးကာ ပြောလိုက်၏။

“ဦးလေးဝမ် ဦးလေး ရာထူးတိုး အရမ်းကို မြန်နေတယ်လို့ မခံစားမိဘူးလား။ အထက်အရာရှိထဲက တစ်ယောက်ယောက်က ဦးလေးကို သတိပြုမိ သတိထားမိတာပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား တုန့်ကျွင်း”

“ဟွတ်ဟွတ်... ကျွန်တော်လည်း အဲလိုထင်တယ်။”

ဝမ်တုန့်ကျွင်းသည် သူ့ခေါင်းကို စိတ်မသိုးမသန့်ဖြင့် အောက်ငုံလိုက်၏။

“အဲတာဆိုရင် ငါတို့တွေ ဆောင်းရာသီ မတိုင်ခင် ဖန်လုံအိမ်တွေကို စဆောက်ရမယ်။ ဒါပေမဲ့ ငါတို့ ဒေသမှာ လျှပ်စစ်ပြဿနာကတော့ ရှိနေသေးတယ်။ တကယ်လို့ ဒီ လျှပ်စစ်ဓာတ်အားပေးစက်ရုံသာ မဆောက်ဘူးဆိုရင် ငါတို့ဒေသအတွက် ဓာတ်အားလုံလောက်မှု ရှိမှာ မဟုတ်ဘူး။ ဖန်လုံအိမ်ကလည်း လျှပ်စစ်လိုသေးတယ်။”

“ဒီအကြောင်းကို စိတ်မပူပါနဲ့။ ဒီနှစ်ထဲ မြောက်ပိုင်းမှာ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ ပေါလာလိမ့်မယ်။ လျှပ်စစ်ထုတ်လုပ်မှုလည်း တိုးတက်လာမှာပေါ့။ ကျွန်တော်တို့မှာ လုံလောက်တဲ့ လျှပ်စစ်တွေ ရှိပါတယ်။ ထပ်ပြောရမယ်ဆိုရင် ဦးလေးအနေနဲ့ လေအားလျှပ်စစ်ကိုလည်း အကြံပေးလို့ ရသေးတယ်။ ဒီလို လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေက သဘာဝနဲ့လည်း လိုက်လျောညီထွေမှု ဖြစ်စေတယ်။ ပြီးတော့ ရင်းမြစ်တွေကိုလည်း ချွေတာရာရောက်တယ်။ စက်ပစ္စည်းစက်ရုံက လေဂျင်နရေတာ အသစ် ထုတ်ထားတယ်လို့ ကြားတယ်။ သူတို့တွေက အဲ့ဂျင်နရေတာရဲ့ လုပ်ဆောင်မှုကို စမ်းသပ်ချင်နေတာ။ ကျွန်တော် ဦးလေးကို ဒါရိုက်တာလီနဲ့ မိတ်ဆက်ပေးမယ်။”

“ငါတို့ ဒေသက ဘယ်လောက် ပေးဖို့ လိုအပ်တာလဲ။”

“မများပါဘူး။ ကျွန်တော်တို့တွေ ထုတ်လုပ်တဲ့ လျှပ်စစ်ဖိုးပဲ ပေးရမှာ။ လျှပ်စစ်က အလကား မရဘူးလေ။ ဒါပေမဲ့ ဒီဂျင်နရေတာနဲ့ ပန်ကာတွေက အပူပေးစက်ရုံထက် ပိုပြီးတော့ ဈေးသက်တာမယ်။ ဦးလေး ဘယ်လိုထင်လဲ။”

“ဒါရိုက်တာလီနဲ့ ဘယ်တော့ တွေ့လို့ ရမလဲ။”

ဝမ်သဲကွမ်းက စိတ်အားတက်ကြွစွာဖြင့် မေးလိုက်၏။

“ဦးလေးဝမ် ကျွန်တော် အခုမှပဲ ပြန်ခဲ့တာ။ ကျွန်တော် ဦးလေးကို ကူပေးမယ်။ ကျွန်တော်တို့တွေ သူ့ကို နှစ်သစ်ကူးပြီးမှ တွေ့ကြမလား။”

ဖုန်ယွီက ပြောစရာ စကားမဲ့သွားသည်။ လေအားလျှပ်စစ် စက်ရုံတည်ဆောက်ရေးသည်လည်း ယခုအချိန်တွင် မစနိုင်သေးပေ။ မြေကြီးသည် အလွန်ပင် အေးခဲ၏။

“မင်းပြောတာ မှန်တယ်။ ငါအရမ်း အေးသွားလို့ပါ။ မင်းတို့ နှစ်ယောက်စလုံး အပြင်ထွက်ပြီး သွားကစားလေ။ ငါ အလုပ်သွားလိုက်ဦးမယ်။ ငါ တခြားသူတွေနဲ့လည်း တိုင်ပင်ရဦးမယ်။”

ဝမ်သဲကွမ်းသည် သူ့အိတ်ကို သယ်ပြီးနောက် ခပ်သွက်သွက် ထွက်သွားလေ၏။

ဖုန်းယွီက ဝမ်တုန့်ကျွင်း ပခုံးကို ပုတ်လိုက်ကာ

“အ.. မင်းအဖေရဲ့ အနာဂတ်အတွက် ကျန်းဟန်အဖေနဲ့ သွားတွေ့ပြီး စကားမပြောသင့်ဘူးလား။"

ဝမ်တုန့်ကျွင်းက ဒေါသထွက်သွားကာ

“ဒီအဓိပ္ပာယ်ကဘာလဲ။ ငါက ယောက်ျားတစ်ယောက်ပါ အနာဂတ်ကျ မိသားစုရဲ့ အကြီးအကဲ ဖြစ်လာမှာ။”

ဝမ်တုန့်ကျွင်းအဖေ ထွက်သွားပြီးနောက် သူသည် သူ့အမေ အခန်းထဲတွင် ရှိမနေသည်ကို မြင်လိုက်ရ၏။ သူက ဖုန်းယွီကို တိုးတိုးလေး မေးလိုက်၏။

“အ... ဦးလေးဖုန်းနဲ့ အန်တီကျန်းက မင်းနဲ့ လီနအကြောင်းကို သိသွားပြီလား။”

“မင်းအမေနဲ့ အဖေက မင်းကို မေးလို့လား။”

“ငါက ငါ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့ အရမ်းကို အပြောအဆို ဆင်ခြင်တယ်။ ဒါပေမဲ့ မင်းက မင်းရဲ့ မိဘတွေကို ငါ့မိဘတွေကို ပြောခွင့် မပေးဘူး။ အဲ့နေ့ညက ဦးလေးဖုန်းနဲ့ အန်တီကျန်းက ကျန်းဟန်နဲ့ ငါ အတူတူ ထိုင်နေတာကို မြင်သွားတယ်။”

ဝမ်တုန့်ကျွင်းက ပြောလိုက်၏။

“ဘာကြောက်စရာ ရှိလို့လဲ။ မင်းရဲ့ မိဘတွေ သိသားရင် မင်းက သူ့ကို မင်းက နောင်တချိန်ကျ ပြည်နယ်အစိုးရခေါင်းဆောင်ရဲ့ သမက် ဖြစ်လာမယ်လို့ ပြောလို့ ရတာပဲ။”

“သွားစမ်းပါ။ အနာဂတ်ကျ ငါက သူ့အဖေထက်ကို ရာထူးပိုမြင့်ဦးမှာ။””

ဝမ်တုန့်ကျွင်းက လက်တဖက်ကို ကောင်းကင်ကို ထိုးလိုက်ကာ ကျိန်ဆိုလိုက်၏။

“ရှောင်ယွီ။ တုန့်ကျွင်း မင်းတို့ နှစ်ယောက်လုံး ဘာလို့ အခန်းထဲမှာ ပုန်းနေကြတာလဲ။ အပြင်ထွက်ပြီးတော့ သစ်သီးလာစားဦး။”

ဝမ်တုန့်ကျွင်း၏ စိတ်က ချက်ခြင်းပင် ပြောင်းလဲသွားကာ။ အော်လိုက်၏။

“ဟုတ်ကဲ့အမေ”

ဝမ်တုန့်ကျွင်းက လှည့်ကြည့်လိုက်သည့်အခါ ဖုန်းယွီက သူ့ကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်နေ၏။

All Chapters