← Chapters

ဒါက မင်း မာကျောက်ကစားတဲ့နည်းလား

Vol. 27 Ch. 396

ဒါက မင်း မာကျောက်ကစားတဲ့နည်းလား

Vol. 27 Ch. 396

ဒေသအတွင်း အပန်းဖြေစရာ များများစားစား မရှိပေ။ ကံကောင်းချင်တော့ အရှေ့မြောက်ပိုင်းရှိ ကျောင်းတိုင်းနီးပါးတွင် ကိုယ်ပိုင် ရေခဲပြင် စကိတ်ကွင်းများ ရှိသည်။ အရှေ့မြောက်ပိုင်း ဒေသအတွက် အလယ်တန်းမှ တက္ကသိုလ်အထဲ ရေခဲပြင် စကိတ်သင်တန်းများ ရှိသည်မှာ ရိုးရာ တစ်ခုလို ဖြစ်နေ၏။

ဖုန်းယွီ လျိုခွင်နှင့် ဝမ်တုန့်ကျွင်းတို့သည် အနီးအနား အလယ်တန်းကျောင်း၏ ရေခဲပြင် စကိတ်ကွင်းကို သွားခဲ့ကြ၏။

ပင်ပေါင်ခန်းမ၏ ဝင်ပေါက်တွင် ဆိုင်းဘုတ် တစ်ခု ရှိ၏။ ထိုက်ဟွ စားပွဲတင် တန်းနစ်ခန်းမ။ စားပွဲတင် တန်းနစ်ခန်းမဟု အမည်တပ်ထားသော်ငြား အထဲတွင် စားပွဲတင် တန်းနစ်သာမက ကျွမ်းဘားအားကစားနှင့် ဆိုင်သည့် ပစ္စည်းများသာမက ကြက်တောင်ကွင်းရှိသည်။ ဂျင်ခန်းမ တစ်ခုတောင် ရှိသေး၏။ အရေးကြီးဆုံးကား ကျောင်း၏ အားကစား အသုံးအဆောင် ပစ္စည်းများကိုထားထားခြင်းပင် ဖြစ်၏။

အကယ်၍ ကျောင်းများတွင် မိုးလုံလေလုံ အားကစားခန်းမများ ရှိလျှင် ၈၀ရာခိုင်နှုန်းသည်ကား စားပွဲတင် တင်းနစ် ခန်းမများ ဖြစ်ပေ၏။ အကြောင်းမှာ စားပွဲတင် တန်းနစ်သည် တရုတ်၏ အမျိုးသား အားကစား ဖြစ်သည့်အတွက် ဖြစ်၏။

“ဆရာကျောက် အခုဆရာက အားကစားခန်းမရဲ့ တာဝန်ရှိသူလား။ ဆရာမှာ စကိတ်တင်းဖိနပ်တွေ ရှိလား။ ကျွန်တော်တို့ ၃ရံ ငှားချင်လို့ပါ။”

ဝမ်တုန့်ကျွင်းက ကျယ်ကျယ်လောင်လောင်ဖြင့် ပြောလိုက်၏။ သူ့အဖေ ဒေသ၏ ခေါင်းဆောင်တစ်ယောက် မဖြစ်ခင်ကတည်းကတောင် သူသည် ထိပ်တန်းကျောင်းသား တစ်ဦး ဖြစ်သည့် လျိုခွင်ထက်တောင် လူသိများသည်။ သူသည် ပြဿနာများစွာ ဖန်တီးသည့်အတွက်ကြောင့်ပင်။

ထို တော်သည့် ကျောင်းသားများသည် ဘယ်တော့မှ နာမည်ဆိုးနှင့် ကျော်ကြားသည့် ကျောင်းသားများထက် ပိုပြီး ထင်မြင်ကောင်းများ မရရှိကြပေ။ အထူးသဖြင့် ဝမ်တုန့်ကျွင်းသည် အားကစား၌ တော်ပေ၏။ သူ့ကို ကာယ ဆရာများက ပိုလိုတောင် သတိထားမိကြသည်။

“ရှောင်ဝမ်.. မင်းက တခြားသူတွေနဲ့ ပြန်လာခဲ့တာလား။ ငါတို့မှာ စကိတ်တင်းဖိနပ် ၅ရံရှိတယ်။ နှစ်နာရီအတွက် ပြားငါးဆယ်။ စရန်ငွေကတော့ ၁၀ယွမ် မင်းတို့ဆိုဒ်က ဘယ်လောက်လဲ။”

“၄၂,၄၂,နဲ့ ၄၄”

ဝမ်တုန့်ကျွင်းက ၃၂ယွမ်ကို စားပွဲပေါ်တွင် တင်ထားခဲ့လိုက်သည်။

“ဒီမှာ မင်းအရင်ဆုံး တော်မတော် စမ်းကြည့်ကြည့်လိုက်။”

ဆရာကျောက်သည် ဝမ်တုန့်ကျွင်းအား ပြားငါးဆယ် ပြန်အမ်း၏။ သူသည် ရေဒီယိုလေး တစ်ခုကို ကိုင်ထားဆဲ ဖြစ်သည်။ သူသည် တိန်၏ လက်ရွေးစင် လက်ရာများကို နားထောင်နေသည်။

ထိုခေတ်အခါက တရုတ်နိုင်ငံ၏ အရောင်းရဆုံးသည် မည်သည့်အရာ ဖြစ်မနည်း။ ပထမကား မော်၏ လက်ရွေးစင်လက်ရာများ ဖြစ်သည်။ ဒုတိယသည် တိန်၏ လက်ရွေးစင် လက်ရာများ ဖြစ်သည်။ လူတိုင်းနီးပါးက ထိုစာအုပ်များကို မိတ္တူကူးထားကြသည်။ ထိုစာအုပ်များသည်ကား အခြားသော ရှေးစာပေများထက်တောင် ရောင်းအားကောင်းပေ၏။ ထိုစံချိန်သည် လွန်ခဲ့သည့် နှစ် ထွက်စကထက်တောင် စံချိန်များ ချိုးသည့်အလားပင် ဖြစ်သည်။

ဖုန်းယွီသည်လည်း မတက်နိုင်သည့်အဆုံး စိတ်ထဲတွင်သာ ကြိတ်နေနေရသည်။ မည်သူက တခြားသူများကို မကိုးကွယ်ရန် ပြောခဲ့သည်လော။

သေချာသည်မှာ ဖုန်းယွီသည်လည်း ယခင်က ထိုခေါင်းဆောင်များကို ပူဇော်ရန်အတွက် ထိုစာအုပ်များအား ဝယ်ခဲ့ဖူးသည်။

သူတို့ အုပ်စုသည် စကိတ်တင်းဖိနပ်များကို ချည်ကာ စကိတ်တင်းကွင်းထဲကို လမ်းလျှောက်သွားလိုက်ကြ၏။

စကိတ်တင်းသည် အားကစားကွင်း၏ ပြေးလမ်းဖြစ်သည်။ ကျောင်းက ပြေးလမ်းပေါ်တွင် ရေများလောင်းထားကာ ရေခဲ အလွှာ တစ်ခု ဖြစ်နေ၏။ အလယ်ရှိ ဘောလုံးကွင်းပြင်သည်လည်း ရေခဲဖြင့် ဖုံးလှမ်းနေကာ ယင်းနေရာများက ရေခဲအားကစားနည်းများအတွက် အဆင်သင့် ဖြစ်နေ၏။

ဖုန်းယွီနှင့် ကျန်သည့် သူများသည် စကိတ်တင်းကွင်းကို ရောက်သည့်အခါ လူများ အုံခဲနေပြီ ဖြစ်သည်။

ဝမ်တုန့်ကျွင်းသည် ပထမဆုံး စကိတ်တင်းဖိနပ်များအား လဲသည့်သူ ဖြစ်သည်။ သူ့ဖိနပ်များကို တစ်ဖက်ကို ပစ်လိုက်ပြီးနောက် စကိတ်စတင် စီးတော့၏။

ဖုန်းယွီ သူ့ဖိနပ်များကို လဲပြီးသည့် အချိန်တွင် ဝမ်တုန့်ကျွင်းသည် စကိတ်ကွင်း တစ်ပတ် ပတ်ပြီး ဖြစ်သည်။ ဝမ်တုန့်ကျွင်းသည် အားကစားအားလုံးတွင် အမှန်တကယ် ပါရမီရှိသူ ဖြစ်ကြောင်း သူဝန်ခံရမည်ပင်။ သူသည် စကိတ် မကြာခဏ မစီးသည့်တိုင် သူသည် လူအချို့ထက်တောင် ပိုကောင်းမွန်သေး၏။

ဝမ်တုန့်ကျွင်းက စကိတ် ပျော်ရွှင်စွာ စီးနေသည်။ သူက အကြိမ်ရေ အနည်းငယ်တောင် လှည့်လိုက်သေး၏။ အနီးအနားရှိ လူများ၏ အာရုံသည် လျိုခွင်တွင်သာ ရှိနေကြသည်။

လျိုခွင်သည် ဖြည်းဖြည်းချင်း ထကာ စကိတ်ကို ဖြည်းဖြည်းချင်း စီးသည်။ သို့သော် သူသည် ဟန်ချက်ပျက်ပြီး ဝမ်တုန့်ကျွင်းကို ကိုင်ထားရသည်။

ဝမ်တုန့်ကျွင်းသည် ဂုဏ်ယူနေ၏။ ဒီ ထိပ်တန်း ကျောင်းသားကို ကြည့်လိုက်။ ဒါက သူရဲ့ စကိတ်အားကစားနည်းရဲ့ အဆင့်ပဲ။ ငါအသက်ဆယ်နှစ်တုန်းကတောင် အခု သူ့ထက်တောင် တော်သေးတယ်။

“အဲ့ကလေးတွေက အခုမှ စကိတ်စီး စသင်တုန်းပဲ ရှိသေးတယ်။ ပြီးတော့ သူတို့တွေက အဲ့ဒီ လေ့ကျင်ရေး ကုလားထိုင်တွေကိုလည်း သုံးကြတယ်။ ဒါကြောင့်မလို့ မင်းအတွက် ငါ တစ်ခု သွားငှားပေးရဦးမလား။”

ဝမ်တုန့်ကျွင်းက တမင်ရည်ရွယ်ကာ မေးလိုက်သည်။

လျိုခွင်သည် အံ့အားသင့်လျက်သားနှင့် ဝမ်တုန့်ကျွင်း၏ လက်မောင်းကို လွှတ်လိုက်ပြီးနောက်

“ငါဘာသာငါ လေ့ကျင့်လိုက်ဦဂမယ်။ မင်းသား စကိတ်အရင် သွားစီးနေလိုက်။”

ဝမ်တုန့်ကျွင်း ထွက်သွားပြီးနောက် လျိုခွင် လဲကျသွားတော့သည်။ အားကစားနည်းများတွင် စကိတ်တင်းအားကစားနည်းသည် သူမကျွမ်းကျင်ဆုံး ဖြစ်သည်။ သူသည် အိမ်တွင် သင်္ချာဆရာ တစ်ယောက် ဖြစ်သော်လည်း ဤနေရာတွင် အခြားသူနှစ်ယောက်၏ ဆွဲချခြင်းကို ခံလိုက်ရသည်။

ဖုန်းယွီသည်လည်း ထိုကွင်းပြင်တွင် နှစ်ပတ် ပတ်ပြီး ဖြစ်သည်။ သူ့အရှိန်သည် အလွန်နှေးသော်ငြား သူ့ဘာသာသူတော့ ကျေနပ်သည်ပင်။ သူ ဘာသာသူ ကျေနပ်နေစဉ် သူ့နောက်တွင် တစ်ယောက်ယောက်က ဖြတ်သွားတော့မည်ဟု ခံစားနေရသည်။

သူ့ခေါင်းကို မော်ကြည့်လိုက်သည့်အခါ လျိုခွင်သူ့အား လက်ပြနေသည်ကို မြင်လိုက်ရ၏။

ချီးပဲ ငါက ဝမ်တုန့်ကျွင်းထက် နှေးရင်သာ နှေးမယ် ဒါပေမဲ့ ငါက မင်းကို ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။ မင်း တော်တော်လေးကို ထောင်လွှားနေပါလား။

ဖုန်းယွီသည် စတင်ပြီး အရှိန်တင်လိုက်သည်။ သို့သော် သူသည် လျိုခွင်ကို မမှီခင် လျိုခွင် တစ်ဖက်ရှိ တိုင်တွင် လဲကျသွားသည်ကို တွေ့လိုက်ရသည်။

ဖုန်းယွီက “.....”

ငါက အခုပဲ လျိုခွင် စကိတ်စီး ဘယ်လောက်တော်လဲဆိုတာ တွေးနေတုန်း ရှိသေးတယ်။ ကြည့်ရတာ လျိုခွင်က စကိတ်မစီးတက်တဲ့ပုံပဲ။

လျိုခွင်ကို ဖုန်းယွီက တားလိုက်ကာ လျိုခွင်က သူ့ကိုယ်သူ ထပြီး

“ဘာလို့ မင်းကို ငါလက်ပြတဲ့အချိန်တုန်း မကူညီရတာလဲ။”

“မင်းစောနက ငါ့ကို အကူအညီ တောင်းတာလား။”

ကောင်းရော ငါက လျိုခွင်ကို မာနထောင်လွှားနေတယ်လို့ ထင်နေတာ။ သူက တကယ်တော့ ငါ့ကို အကူအညီ တောင်းနေတာပါလား။

“မင်း စကိတ်ကောင်းကောင်းမစီးတက်ရင် မင်းဘာလို့ မြန်မြန်စီးရတာလဲ။”

ဖုန်းယွီက လျိုခွင်ကို ကူပေးလိုက်သည်။

“တုန့်ကျွင်းက မြန်မြန်စီးရင် ဟန်ချက်ကို ထိန်းနိုင်မယ်လို့ ငါ့ကို ပြောတယ်။ ပိုပြီးတော့ စီးလို့လည်း ကောင်းမယ်ပေါ့။”

ဖုန်းယွီက မျက်လုံး လိမ့်လိုက်သည်။ မင်းဘာလို့ ဒီကောင်စုတ် ပြောတာကို ယုံရတာလဲ။

“မင်းအခု အရမ်းကို မြန်နေတယ်။ မင်းရဲ့ လမ်းလျှောက်နှုန်းထက် နည်းနည်းလေး ပိုမြန်ရင်ကို အရင်ပြေနေပြီ။ မင်းအဲ့ကောင်မလေးကို ကြည့်လိုက်။ သူ့အတိုင်းသာ လိုက်သွား ပြီးတော့ မင်းအနေနဲ့ တခဏအတွင်းမှာ ရေခဲစကိတ် ဘယ်လို စီးလည်းဆိုတာကို သိလာလိမ့်မယ်။”

ဖုန်းယွီသည် အသက်ဆယ်နှစ်ဝန်းကျင်ရှိ ကောင်မလေးကို လက်ညှိုးထိုးလိုက်၏။

ထိုလျိုခွင်ဆိုသည့်သူသည် အရှေ့မြောက်ပိုင်း သားများအား သိက္ခာချနေသည့်သူပင်။ သူသည် စကိတ်မည်သို့ စီးရမည်ကို နှစ်ပေါင်းများစွာ မသိခဲ့သည်ပင်။

ဖုန်းယွီသည် လျိုခွင် ထိုကောင်မလေးအတိုင်း လိုက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးသည် နောက်ကို လှည့်ပြီး လျိုခွင်ကို အပြူးသား ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် အရှိန်တင်လိုက်ကာ သူနှင့် လျိုခွင်ကြား အကွာအဝေးကို ဖနတီးလိုက်သည်။

လျိုခွင်သည် ထိုကောင်မလေး၏ အရှိန်အတိုင်း လိုက်သည်။ ထိုမိန်းကလေး အရှိန်မြင့်သည်ကို တွေ့သည့်အခါ သူလည်း အရှိန် လိုက်မြင့်ရ၏။ သို့သော် ထိုမိန်းကလေးသည် အကွေ့ကို လွယ်လွယ်ကူကူဖြင့် ကွေ့နိုင်ကာ လျိုခွင်သည် တဖန်ပြီး တဖန် တိုင်တွင် ပစ်လှဲ၏။

တစ်နာရီခန့် ကြာပြီးနောက် လျိုခွင်သည် အိမ်ကို ပြန်ချင်ခဲ့သည်။ သူသည် အကြိမ်များစွာ လဲပြီး ဖြစ်သည်။ အတိတ်က ကိုယ်ကာယကြံခိုင်မှုအတန်းတွင် သူသည် ကစားသာ ကစားရသည်။ စကိတ်အတွက် စစ်ဆေးမှုသည်လည်း အတည့်အတိုင်းသာ ဖြစ်သည်။

သူတို့၏ ဖိနပ်များကို လဲပြီးနောက် သူတို့ တင်းနစ်အားကစားရုံကို ပြန်သွား၏။

သူတို့ သုံးယောက်ထဲမှ လျိုခွင်၏ အဝတ်များ ညစ်ပတ်နေသည်ကို ဆရာကျောက် တွေ့မိသည်။ သူက လျိုခွင်သည် အကြိမ်များစွာ ပစ်လဲကျမှန်း သိပေ၏။ သူက အသက်ဘယ်လောက်နည်း။ စကိတ်တောင် မစီးတက်သည်လော။ သို့သော် လျိုခွင်သည် ဟွာချင်းတက္ကသိုလ်မှ ကျောင်းသားဖြစ်ကြောင်း သိသည့်အခါ သူ့ကို မတူကွဲပြားသည့်အမြင်ဖြင့် ကြည့်လိုက်တော့၏။

“အခု အိမ်ပြန်ဖို့က အရမ်းကို စောလွန်းသေးတယ်။ ငါတို့တွေ ရှောင်ကျဲဆီသွားရင်ကော ဘယ်လိုလဲ။”

လျိုခွင်သည် တခဏကြာ တွန့်ဆုတ်နေသော်ငြား သူခေါင်းညိတ်လိုက်သည်။ သူတို့ သုံးယောက်သားသည် ရှောင်ကျဲအိမ်ကို သွားလိုက်ကြသည်။ ရှောင်ကျဲ့သည် သူတို့၏ အတန်းဖော် ဖြစ်ကာ သူသည်လည်း ဘင်းမြို့တော်ရှိ တက္ကသိုလ် တစ်ခုတွင် ပညာသင်ကြားနေ၏။

“ရှောင်ကျဲ မင်းအားလား။ ငါတို့နဲ့အတူ ကဒ်ဂိမ်းကစားချင်လား”

ဝမ်တုန့်ကျွင်းက ပြုံးလိုက်သည်။

“ကောင်းပြီလေ။ အဲ့အခန်းကို သွားကြရအောင်။”

သူတို့ အခန်းထဲကို ဝင်သွားသည့်အခါ ဝမ်တုန့်ကျွင်းက စိတ်ဝင်စားဖွယ် ကောင်းသော တစ်စုံတစ်ခုကို တွေ့လိုက်ရ၏။

“ကဒ်မကစားတော့ဘူး။ ငါတို့တွေ ဒါ ကစားရအောင်။ ဒါက ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းတယ်။”

လျိုခွင်က ဝမ်တုန့်ကျွင်းကို ကြည့်လိုက်ကာ

“ငါဘယ်လို ကစားရမလဲဆိုတာ မသိဘူး။ ငါ့မိဘတွေလည်း မကစားကြဘူး။”

ဖုန်းယွီက တခဏကြာ တွေးလိုက်ပြီးနောက် ပြောလိုက်သည်။ဒ

“လျိုခွင် ဒါက ရိုးရိုးလေးပဲ။ မင်းရဲ့ ချပ်ပြားတွေကို nAAA+mABC+DD ဖြစ်အောင် ပြောင်းပြီးရင် မင်းနိုင်ပြီ။ M နဲ့ nကို သုညလို့ သတ်မှတ်လို့ရတယ်။ အစပိုင်းမှာ ငါတို့တွေက ချပ်ပြား ၁၃ခုစီ ရမှာ။ မင်းအနေနဲ့ ချပ်ပြား တစ်ခုဆွဲတိုင်း တစ်ခုကို စွန့်ရမယ်။ တကယ်လို့ ကစားသမား တစ်ယောက်က စွန့်လိုက်တာနဲ့ မင်းအတွဲနဲ့ တူတယ်ဆိုရင် မင်း ‘pong” လုပ်နိုင်တယ်။ တကယ်လို့ မင်းမှာ ချပ်ပြား ABC နှစ်တန်းရှိတယ်ဆိုရင် မင်းရှေ့က သူက အဲ့ပွဲအတွက် ချပ်ပြား ပစ်လိုက်မယ်ဆိုရင် မင်းက Chi လုပ်လို့ရတယ်။ တစ်ချိန်တည်းမှာပဲ ‘pong’ လုပ်လို့ရတယ်။ မင်းနားလည်လား။

လျိုခွင်က ခေါင်းညိတ်လိုက်ကာ

“အဲတာက အရမ်းလွယ်တာပဲ။ ငါဘယ်လိုကစားရမလဲဆိုတာ သိပြီ။”

ဝမ်တုန့်ကျွင်းနဲ့ ရှောင်ကျဲက ဖုန်းယွီကို ကြည့်လိုက်သည်။ သူက ဂြိုဟ်သားစကား ပြောသည့်အတိုင်းပင်။ မာကျောက်ကို ဒီလိုပုံစံနဲ့ ရှင်းလို့ရတယ်ပေါ့....

ထိပ်တန်းကျောင်းသားသည် အမှန်တကယ် တော်သည်ပင်။ တစ်ကြိမ်ကစားပြီးသည်နှင့် သူသည် စည်းမျည်းများကို နားလည်ကာ တစ်ပွဲပြီး တစ်ပွဲ နိုင်တော့၏။ ဝမ်တုန့်ကျွင်းသည် အရှုံးဆုံး ဖြစ်၏။

သူတို့သည် ညနေခင်းတိုင်အောင် ဆော့ကြသည်။ ဝမ်တုန့်ကျွင်းက လျိုခွင်ကို စိတ်ဆိုးဆိုးဖြင့် ကြည့်နေ၏။ သူက လျိုခွင်နှင့် မာကျောက် နောက်တစ်ကြိမ် မကစားဟု ကျိန်ဆိုလိုက်တော့၏။

All Chapters