← Chapters

သူ့ကို ငွေချေးပေးလိုက်

Vol. 27 Ch. 398

သူ့ကို ငွေချေးပေးလိုက်

Vol. 27 Ch. 398

“ကောင်းပြီ။ ကျွန်တော်သိပါတယ်။ အစ်ကိုဖူ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ဖုန်းယွီ ဖုန်းချလိုက်သည်။ သူသည် အတွေးထဲတွင် နစ်မျောနေ၏။

ဖုန်ယွီ၏ အရင်ဘဝမှ တရုတ်၏ လော်ဂျစ်စတစ် ဘီလူကြီးရွှမ်ဖုန်းသည် သူတို့၏ လုပ်ဆောင်ချက်များကို ဟောင်ကောင်တွင် စတင်နေပြီ ဖြစ်သည်။ တရုတ်နှင့် ဟောင်ကောင်၏ ကုန်သွယ်မှုသည်လည်း တိုးတက်လာပေသည်။ ပြီးနောက် အစိုးရ၏ သင်္ဘောများသည်လည်း လိုအပ်ချက်ကို မဖြည့်စီးနိုင်တော့ပေ။

ရွှမ်ဖုန်းသည် ဟောင်ကောင်နှင့် တောင်ပိုင်း ကွမ်းတုံးကို သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်နေပေ၏။

အခုလက်ရှိတွင် ထိုကုမ္ပဏီသည် မှတ်ပုံတင်ခြင်းတောင် မပြုလုပ်ရသေးပေ။ ထိုကုမ္ပဏီတွင် ကာဂိုသင်္ဘောမှ လွဲပြီး သူတို့၏ ကိုယ်ပိုင်လှေစုကို ပိုင်ဆိုင်ထားသည်။ သို့သော် ရွှမ်ဖုန်း၏ သူဌေးတွင် စိတ်ဝင်စားစရကောင်းသည့် အကြံအဉာဏ် တစ်ခုရှိသည်။ သူ့ဆောင်ပုဒ်သည်ကား

စာပို့ဝန်ဆောင်မှုကား တရုတ်ကနေ ထွက်ဖို့အတွက် ၁ရက်ကြာတယ်။ ပြီးတော့ နောက်တစ်နေ့တွင် ဟောင်ကောင်ကို ရောက်မယ်။ ပို့ချင်တဲ့ နေရာကို ရောက်ဖို့အတွက် အနည်းဆုံး နှစ်ရက်ကြမယ်။ အလျင်လိုနေသည့် တစ်ယောက်အတွက်တော့ ဒါက တကယ်ကို အချိန်အကြာကြီးပဲ။

ရွှမ်ဖုန်း၏ သူဌေးဖြစ်သူ ဝမ်ဝေ့သည် ယခင်က ပုံနှိပ်စီးပွားရေးကို လုပ်ခဲ့သည်။ ထိုအချိန်တွင် တရုတ်နိုင်ငံရှိ စက်ရုံအများစုကို ဟောင်ကောင် စီးပွားရေးလုပ်ငန်းရှင်များက ထူထောင်ထားကြသည်။ လုပ်သား၊ မြေနှင့် ပစ္စည်းစရိတ်တို့သည် သက်သာပေ၏။ ပြီးနောက် ဟောင်ကောင်နှင့်လည်း မဝေးပေ။ ထိုအချိန်တွင် ဟောင်ကောင်ရှိ ပျှမ်းမျှလစာသည် ဟောင်ကောင်ဒေါ်လာ တစ်ထောင်ငါးရာ ဖြစ်သည်။ ယင်းက တရုတ်နှင့်ယှဉ်ပါက ၁၀ဆကျော် များပေ၏။

မကြာခင်တွင် ဝမ်ဝေ့သည် တရုတ်နိုင်ငံစက်ရုံများမှ ထုတ်လုပ်သည့် ထုတ်ကုန်နမူနာများကို တွေ့ခဲ့သည်။ ပစ္စည်းပို့ရန် အချိန် အနည်းဆုံး နှစ်ရက်မှ သုံးရက်အထိ ကြာလေရှိသည်။ ထို့အတွက်ကြောင့် သူနှင့် သူ့သူငယ်ချင်း အချို့သည် တရုတ်နိုင်ငံရှိ စီးပွားရေး သမားများကို စတင်ကူညီပြီး သူတို့၏ နမူနာပစ္စည်းများကို လက်ဆွဲအိတ်တွင် ထည့်ပြီး ဟောင်ကောင်ကို ပို့ဆောင်၏။ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံ ဖောရှန်တွင် ရောင်းချရန်အတွက် ဟောင်ကောင် ပစ္စည်းများကို ယူဆောင်သွားပေးသည်။

ဝမ်ဝေ့နှင့် သူ့သူငယ်ချင်းများသည် လူအနည်းငယ်သာရှိကာ ထရပ်ကား သို့မဟုတ် သင်္ဘောတောင် မရှိသော်ငြား သူတို့ စီးပွားရေးသည် ကောင်းမွန်၏။ တယောက်စကား တယောက်မှတဆင့် စက်ရုံများစွာက သူတို့ အကြောင်းကို သိလာကြသည်။ သူတို့သည် ဟောင်ကောင်နှင့် ဖောရှန်ကို နေ့တိုင်း သွားလာနေကြ၏။

ဝမ်ဝေ့နှင့် သူ့သူငယ်ချင်းများကို တရုတ်နိုင်ငံမှ ပစ္စည်းများကို သယ်လာရန်အတွက် ရှာသည့်သူ စတင်ပြီး များများလာ၏။ သူတို့သည် ဟောင်ကောင်ကို ကုန်ပစ္စည်းများကို ပို့ဆောင်ရာတွင် ကူညီပေးသည် သာမက သူတို့က ပစ္စည်းများကို ဒေသအလိုက်တောင် ပို့ဆောင်ပေးသည်။

ယင်းက ရွှမ်ဖုန်း၏ စီပွားရေးပုံစံပင်။

ဝမ်ဝေ့၏ အဖေသည်လည်း ကံကောင်းသည့်သူဟု ပြောရမည်ပင်။ သူသည် စက်ရုံသေးလေ တစ်ခု ပိုင်ဆိုင်သော်ငြား ဝမ်ဝေ့ ယခုကဲ့သို့ လုပ်နေသည်ကိုတော့ ကျေနပ်ခြင်း မရှိပေ။ အကယ်၍ ဝမ်ဝေ့သာ ထိုစီးပွားကို လုပ်ချင်ပါက ကုမ္ပဏီထောင်ရန်အတွက် ငွေလိုမည် ဖြစ်သည်။ သူသည် ဟောင်ကောင်နှင့် တရုတ်ရှိ ကုန်ပစ္စည်းရောင်းချသူများအား ပေးရန် လိုအပ်ပေမည်။

ဖုန်းယွီသည် ဝမ်ဝေ့ကို ရှာဖွေချင်ခဲ့သည်။ သို့သော် လီဒါ့ဖူနှင့် လွန်ခဲ့အကြိမ်က ပြောခဲ့သည့် အချိန်ကတည်းက ဖုန်းယွီသည် သူ့ကို ယနေ့အထိ တစ်ခွန်းမှ ပြန်ခွန်းတုံမပြန်ခဲ့ပေ။ ယင်းက ဖုန်းယွီကို ကိစ္စတစ်ရပ်ကို နားလည်စေ၏။ အကယ်၍ အချိန်ကိုက် မဟုတ်သည့်အခါ လူများ၏ အတွေးသည် ပြောင်းလဲနေပေလိမ့်မည်။ ထိုအတွက်ကြောင့် ဝမ်ဝေ့ကို ယခင်က ဖုန်းယွီမရှာခဲ့သည်ပင် ဖြစ်သည်။ သူသည် အချိန်ကိုက်ကိုသာ စောင့်ဆိုင်းနေခြင်းပင်။

ယခုအချိန်သည် ဝမ်ဝေ့ ငွေလိုအပ်နေသည့် အချိန် ဖြစ်သည်။ ပြီးနောက် ဖုန်းယွီသည် ဖူကွမ်းကျန်းကို ဝမ်ဝေ့ကို ဟောင်ကောင်ဒေါ်လာ တစ်သိန်းချေးဖို့ ပြောထားသည်။ သူ့ကို ပစ္စည်းဝယ်ယူရန်အတွက် ကူညီပေးခြင်း ဖြစ်သည်။

ဖုန်းယွီသည် ထို ဟောင်ကောင်ဒေါ်လာ တစ်သိန်းအတွက် အတိုးနှုန်း တစ်ပြားမှ မယူပေ။ သူပြောသည်ကား ထိုလူငယ်များအောင်မြင်ရန်အတွက် ဆန္ဒရှိသည်ဟု ဆိုခြင်းပင်။

ဝမ်ဝေ့နှင့် သူ့သူငယ်ချင်းများကား အံ့အားသင့်သွားကြသည်။ သူတို့တွင် အပေါင်ပစ္စည်းထားရန်လည်း မလိုအပ်ပေ။ သူတို့အနေဖြင့် ချေးငွေစာချုပ်ကိုသာ လက်မှတ်ထိုးရန် လိုပေ၏။

ဝမ်ဝေ့က သူ့အဖေက တယောက်ယောက်ကို သူ့အားကူညီခိုင်းသည်ဟု တွေးနေခြင်းပင် ဖြစ်သည်။

ယင်းက ဖုန်းယွီလိုချင်သည့်အတိုင်းပင်။ ယခုလက်ရှိ ရွှမ်ဖုန်းသည် ရင်းနှီးရန်အတွက် မသင့်တော်သေးပေ။ ဝမ်ဝေ့သည်လည်း မတိုးတက်သေးပေ။ သူသည် နောင်လာမည့် နှစ်များအတွင်း ထူးခြားဆန်းကျယ်သည့် ရွှမ်ဖုန်းသူဌေးအဖြစ် ပေါ်ထွက်လာမည်ဖြစ်သည်။

ဖုန်းယွီ၏ အရင်ဘဝတွင် ဂျက်မားက သူ အကြည်ညိုရဆုံးသူသည် ဝမ်ဝေ့ ဖြစ်ကြောင်းပြောခဲ့သည်။ အကြောင်းမှာ မည်သူမျှ ဝန်ထမ်း တစ်သိန်းခွဲရှိသည့် ကုမ္ပဏီကို စီမံခန့်ခွဲနိုင်ခြင်း မရှိသည့်အတွက် ဖြစ်သည်။

ဝမ်ဝေ့သည်နှင့် ဖုန်းယွီ နှစ်ယောက်စလုံးသည် အင်တာဗျူးသည်ကို ကြိုက်နှစ်သက်သည့် သူများ မဟုတ်ကြပေ။ သူသည် ဓာတ်ပုံတောင် အရိုက်မခံချင်ပေ။ သူက တရုတ်ထိပ်တန်းခေါင်းဆောင်များ၏ စာပို့ဝန်ဆောင်မှု ကမ်းလှမ်းချက်ကိုတောင် ငြင်းဆိုခဲ့သူ ဖြစ်သည်။ သူသည် ဟောင်ကောင်တွင် မြေကွက်လပ်၌ စံအိမ်တစ်လုံး ဆောက်သည်ဆိုသည့် သတင်းရှိပေမည်။ သို့သော် ယင်းသတင်းသည် ငွေကြေးဆိုင်ရာ သတင်းစာများမှ မဟုတ်ပေ။ လူပြိန်းကြိုက်သတင်းစာများမှသာ ဖြစ်သည်။

ဝမ်ဝေ့သည် ကျောပိုးအိတ်တစ်လုံးနှင့် စတင်ခဲ့ပြီး သူ့သူငယ်ချင်း ၅ယောက်နှင့်အတူ ကုမ္ပဏီ တစ်ခုကို ထူထောင်ခဲ့သည်။ ထိုကုမ္ပဏီသည် ဟောင်ကောင်ဒေါ်လာ တစ်သိန်းမှ စတင်ခဲ့ခြင်း ဖြစ်ကာ ၁၀နှစ်အတွင်း သိန်းချီတန်သည့် ကုမ္ပဏီ တစ်ခု ဖြစ်လာခဲ့သည်။ ယင်းက ဝမ်ဝေ့အနေဖြင့် မည်မျှ စွမ်းဆောင်ရည်ရှိကြောင်း ပြသနေခြင်းပင်။

ရွှမ်ဖုန်းသည် တရုတ်နိုင်ငံ၏ အကြီးဆုံး လော်ဂျစ်စတင် EMSထက် အနည်းငယ်သာ နောက်မှသာ ရှိသည်။ ရွှမ်းဖုန်းသည် တရုတ်နိုင်ငံ၏ ဈေးကွက်ဝေစု ၂၀ရာခိုင်နှုန်းကျော် ပိုင်ဆိုင်သည်။ သို့သော် ရွှမ်ဖုန်းသည် မည်သည့်အခါမျှ မကြော်ငြာသကဲ့သို့ ရင်းနှီးမြှပ်နှံမှုကိုလည်း လက်မခံပေ။ ရှယ်ယာစာရင်းဝင် ကုမ္ပဏီ တစ်ခုတောင် မဟုတ်ပေ။

ဝမ်ဝေ့ပြောသည်ကား ထိုကုမ္ပဏီသည် ကောင်းမွန်စွာ လည်ပတ်နေကာ သူတို့သည် အကျိုးအမြတ်၏ ၃၀ရာခိုင်နှုန်းကျော် ရသည်ဟု ဆိုသည်။ သူ့အနေဖြင့် မည်သည့် ရင်းနှီးမြှပ်နှံသူမျှ မလိုအပ်ပေ။ ကုမ္ပဏီသည် ယခင်က ငွေကြေးဆိုင်ရာ အခက်အခဲများနှင့် တခါမျှ မရင်ဆိုင်ဘူးပေ။ စာရင်းကုမ္ပဏီ ဖြစ်ရန်အတွက်လည်း ရံပုံငွေများကိုလည်း တိုးမြင့်ရန် မလိုပေ။ ကုမ္ပဏီသည် ကြီးထွားရန်အတွက် ငွေကြေးလုံလောက်နေပြီ ဖြစ်၏။

ကြော်ငြာရန်အတွက်လည်း မလိုအပ်ခဲ့ပေ။ ရွှမ်ဖုန်းသည် ပါဆယ်ကို ညခြောက်နာရီတွင် လာကောက်ပါက ထိုပါဆယ်သည် နောက်တစ်နေ့မနက်တွင် ပို့မည့်သူ၏ အိမ်ကို ရောက်ပေ၏။ တစ်ယောက်စကားမှ တစ်ယောက်သည် အကောင်းဆုံး ကြော်ငြာခြင်းပင် ဖြစ်သည်။

သို့သော် အနာဂတ်တွင် တရုတ်နိုင်ငံ၏ နံပါတ်တစ် ပို့ဆောင်ရေးကုမ္ပဏီ အဖြစ် ကြီးထွားရန်အတွက် ပြဿနာ အကြီးကြီး တစ်ခု ရှိနေပေသည်။ အကြောင်းမှာ ရွှမ်ဖုန်းသည် ဈေးကွက်ကို တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် ချဲ့ထွင်ခဲ့သည့်အတွက် ဖြစ်သည်။ အရှေ့မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ ပြည်နယ်အချို့ကို မရောက်ပေ။ သူတို့၏ ဝန်ဆောင်မှုသည် EMS ကဲ့သို့ ပြည့်စုံနေသည် မဟုတ်ခြင်းပင်။

ယခုဘဝတွင် ရွှမ်ဖုန်း မည်မျှ တိုးတက်စေကာမှု ဖုန်းယွီ၏ အရင်ဘဝကဲ့သို့ အဆင့်မျိုးအထိ ရောက်ရှိမည် မဟုတ်ပေ။ အကြောင်းသည်ကား လေနှင့်မိုး လော်ဂျစ်စတစ်သည် အရှေ့မြောက်ပိုင်းမှ ဘေကျင်းဈေးကွက်အထိ ချဲ့ထွင်ပြီး ဖြစ်သည့်အတွက် ဖြစ်သည်။ သို့သော် ယင်းကုမ္ပဏီ၏ ဈေးကွက်ချဲ့ထွင်မှုသည်လည်း အဆုံးထိ ရောက်ရှိဦးမည် မဟုတ်ပေ။

နောက်နှစ်နှစ်အတွင်း လေနှင့်မိုး လော်ဂျစ်စတစ်၏ ဈေးကွက်ချဲ့ထွင်မှုသည် ပိုပိုပြီး မြန်ဆန်လာမည် ဖြစ်သည်။ တချိန်တည်းတွင် ဗဟိုဒေသများ၏ ဈေးကွက်ကို ရအောင် လုပ်ရမည်ပင်။ ရွှမ်ဖုန်းသည်လည်း အရှေ့တောင်အပိုင်းကို ချဲ့ထွင်ရမည်ပင်။

ထိုသို့ ဖြစ်ပါက လေနှင့်မိုးလော်ဂျစ်စတစ်အနေဖြင့် ရွှမ်ဖုန်းနှင့် ပူးပေါင်းနိုင်မည် ဖြစ်သည်။ ဖုန်းယွီသည် ယခုအခါ ရွှမ်ဖုန်းအကြိုက်ကို လိုက်ပေးသည့်အတွက် နောင်တချိန်တွင် ဖုန်းယွီ ရွှမ်ဖုန်းတွင် ရင်းနှီးမြှပ်နှံသည့်အခါ သူ့အနေဖြင့် လက်မခံဘဲ နေမည်နည်း။ အကယ်၍ ထိုကုမ္ပဏီနှစ်ခု ပူးပေါင်းဆောင်ရွက်ပါက သို့မဟုတ် ကုမ္ပဏီခြင်းပေါင်းသွားပါက သူတို့အနေဖြင့် EMSကို ကျော်တက်ရန်ကား ပြဿနာ ရှိမည် မဟုတ်ပေ။

.....

ဖူကွမ်းကျန်းသည် ဖုန်းချလိုက်ပြီးနောက် ဖုန်းယွီက ထိုသို့ ဘာကြောင့်လုပ်မှန်းကို ပဟေဠိ ဖြစ်နေလေ၏။ ဖုန်းယွီအနေဖြင့် ထိုသူများကို မသိသည်ကား သေချာပေသည်။ အဘယ်တွက် ဖုန်းယွီက သူတို့အား ငွေထုတ်ချေးပေးသနည်း။ အဘယ်တွက် ဖုန်းယွီက သူ့ကို ထိုသူများကို စောင့်ကြည့်ခိုင်းကာ သူ့အား ငွေများ ထုတ်ချေးပေးသနည်း။

သူက ထိုလူငယ်များကို ဂရုတစိုက်ဖြင့် ကြည့်နေသော်ငြား သူတို့တွင် မည်သည့် ထူးခြားမှုကိုမျှ ရှာမတွေ့ပေ။ ယင်းပမာဏသည် လော်ဂျစ်စတစ် စီးပွားရေးလုပ်ရန်အတါက် မလုံလောက်ပေ။ ကာဂိုသင်္ဘောမရှိလျှင်တောင် သူတို့အနေဖြင့် ထရပ်ကားတစ်စီး ရှိရမည်ပင်။ ထိုလူငယ်အချို့ကား မော်တော်ဆိုင်ကယ် တစ်စီးတောင် မရှိပေ။ သူတို့သည် ပါဆယ်များကို စက်ဘီးဖြင့် ပို့နေကြသည်ပင်။

ဖူကွမ်းကျန်းသည် မော်တော်ဆိုင်ကယ်ဖြင့် ပစ္စည်းများကို ပို့ဆောင်ရန်အတွက် ပိုမို မြန်ဆန်မည့်အကြောင်းကို ပြောသည့်အခါ ဝမ်ဝေ့က သူ့အနေဖြင့် ဆိုင်ကယ်ဝယ်ရန်အတွက် နောက်ထပ် ဟောင်ကောင်ဒေါ်လာ တစ်သိန်း ထပ်ချေးနိုင်မလားဟု မေး၏။

ဝမ်ဝေ့က ဖူကွမ်းကျန်းအား သူ့အဖေ၏ သူငယ်ချင်းဟု တွေးနေသည်ပင်။ ထို့အတွက်ကြောင့်ပင် သူသည် ငွေချေးသည်ကို အံအားမသင့်ခြင်း ဖြစ်သည်။ ဖူကွမ်းကျနးသည် တခဏကြာ တွန့်ဆုတ်နေပြီးနောက် ဖုန်းယွီ အတိတ်က အံ့အားသင့်စရာကောင်းသည့် အရာများ လုပ်သည်ကို အမှတ်ရသွားသည်။ သူက ချက်ခြင်းပင် ခေါင်းညိတ်လိုက်သည်။ သူသည်လည်း မော်တော်ဆိုင်ကယ်ဝယ်ရန်အတွက် သူ့ငွေထဲမှ ဟောင်ကောင်ဒေါ်လာ တစ်သိန်းကို ထုတ်ချေးလိုက်သည်။ မည်သို့ပင် ဖြစ်စေ ဖုန်းယွီသည် ဝမ်ဝေ့ကို ဟောင်ကောင်ဒေါ်လာ တစ်သိန်းချေးရန်အတွက်သာ ပြောခဲ့သည်။ ထို့ကြောင့် ဝမ်ဝေ့ကို သူ့ပိုက်ဆံထဲမှ တစ်သိန်းချေးလျှင်လည်း အဆင်ပြေမည်ပင်။

ဖုန်းယွီသည် အမှန်တကယ် ဝမ်ဝေ့ကို ကူညီချင်ပါက ဖုန်းယွီသည်လည်း သူ့၏ နှစ်သက်မှုကို ရလိမ့်မည်ပင်။ ဖူကွမ်ကျန်းက ဖုန်းယွီအနေဖြင့် ဝမ်ဝေ့ကို အနာဂတ် ရင်းနှီးမြှပ်နှံမှုများအတွက် ချေးပေးသည်ဟု ထင်လိမ့်မည် မဟုတ်ချေ။ ဖုန်းယွီသည် ဝမ်ဝေ့ကို ရင်းနှီးမြှပ်နှံခြင်းပင်။

တစ်ချိန်တည်းတွင် ဝမ်ဝေ့နှင့် သူ့သူငယ်ချင်းများသည် ရင်းနှီးမြှပ်နှံရန်အတွက် မတန်သေးပေ။ ဖူကွမ်းကျန်းသည်လည်း ထိုကုမ္ပဏီလေးတစ်ခု၏ ရှေ့ပြေးအလားလားကို မမြင်နိုင်ပေ။ ထိုကုမ္ပဏီသည် တစ်နှစ်လျှင် ဟောင်ကောင်ဒေါ်လာ တစ်သိန်းကိုပင် မရှာနိုင်ပေ။

သို့သော် ဖူကွမ်းကျန်းသည် ဖုန်းယွီ၏ ခြေရာအတိုင်း လိုက်နေသည်မှာ အချိန်ကြာမြင့်ပြီ ဖြစ်သည်။ ဖုန်းယွီသည် ဝမ်ဝေ့ကို ဘာအတွက်မှ မဟုတ်ဘဲ ဟောင်ကောင်ဒေါ်လာ တစ်သိန်းပေးလျှင်တောင် သူသည်လည်း ထိုအတိုင်းလိုက်လုပ်ပါက အဆင်ပြေနေဆဲပင်။ ဖုန်းယွီထံမှ သူရသည့် ငွေပမာဏသည် ဟောင်ကောင်ဒေါ်လာ တစ်သိန်းထက်ပင် များနေပြီ ဖြစ်သည်.

နှစ်သစ်ကူးပြီးနောက် ဖုန်းယွီသည် ဘင်းမြို့တော်ကို ပြန်သွားခဲ့သည်။ သူသည် ဒေသ ဖွံ့ဖြိုးမှုအတွက် ကူညီရန် ရှိသေးသည်။ သူနှင့်အတူ ဝမ်သဲကွမ်းပါ ပါဦးမည်ပင်။

All Chapters