← Chapters

တွန့်တိုသော လီရှစ်ယုံ

Vol. 27 Ch. 399

တွန့်တိုသော လီရှစ်ယုံ

Vol. 27 Ch. 399

“အခု ဒါရိုက်တာလီက အလုပ်ရှုပ်နေတဲ့ သူပဲ။ တွေ့ဖို့တောင် ခက်ခဲနေပြီ။”

ဖုန်းယွီက ဟာသနှောလိုက်သည်။

“မန်နေဂျာဖုန်း ငါ့ကို နောက်မနေနဲ့တော့။ ငါက မင်းဖုန်းကို ရတာနဲ့ လာခဲ့တယ်။ ဒီတစ်ကြိမ်ကော ငါ့အတွက် ဘာတွေ ကျွေးမှာလဲ။ မင်းဆီကနေ စားရဖို့က မလွယ်ဘူးနော်။”

ဖုန်းယွီက ပြန်တွေးကြည့်လိုက်၏။ ငါအရင်က လီရှင်ယုံကို မကျွေးဖူးဘူးလား။

တကယ်လား။ ငါသူ့ကို အရင်က တခါမှ ဖိတ်မကျွေးခဲ့ဖူးဘူးပဲ။ စက်ပစ္စည်းစက်ရုံမှာပဲ အရင်က အကြိမ်အနည်းငယ်ပဲ စားဖူးတာ။ ဒီနှစ်တွေမှာ ငါက ပိုက်ဆံတွေ အများကြီး လှူနေပေမဲ့ ငါက တွန့်တိုတဲ့ လူတစ်ယောက် ဖြစ်နေတုန်းပဲ။

“ဒါကြောင့်မလို့ ဒါရိုက်တာလီကို ဒီနေ့ခေါ်လိုက်တာပေါ့။ ကျွန်တော် ခေါက်ဆွဲ ပြင်ဆင်ထားတယ်။”

ဖုန်းယွီက ပြန်ဖြေလိုက်သည်။

“ဒီနေ့ မန်နေဂျာဖုန်း ကျွေးတယ်ဆိုတော့ ကျွန်တော် အနည်းဆုံး ၃ပွဲလောက်တော့ စားရမယ်”

ဝမ်သဲကွမ်းက သူတို့ကို အံအားသင့်စွာကြည့်နေသည်။ ဖုန်းယွီသည် စက်ပစ္စည်းစက်ရုံမှာ မန်နေဂျာနှင့် ပုံမှန်အတိုင်း စကားပြောနိုင်သည်လော။ ဒါရိုက်တာလီသည် အဆင့်မြင့် အရာရှိ တစ်ဦး ဖြစ်ကာ သူသည် စက်ရုံကြီးကို စီမံရသူ ဖြစ်သည်။ သူက ဖုန်းယွီနှင့် ဟာသ နှောနိုင်သေးသည်လော။

“ဒါရိုက်တာလီ ကျွန်တော်မိတ်ဆက်ပေးမယ်။ ဒါက ကျွန်တော်တို့ ဒေသမှူး နဲ့ အတွင်းရေးမှူးလည်း ဖြစ်တဲ့ ဝမ်သဲကွမ်း။ သူက ကျွန်တော် ကြီးလာတဲ့အထိ ကြည့်ပေးခဲ့တာ။ ဦးလေးဝမ် ဒါက စက်ပစ္စည်းစက်ရုံရဲ့ ဒါရိုက်တာ။ သူက ကျွန်တော်တို့ကို ကူညီပေးနိုင်မဲ့သူပဲ။”

လီရှစ်ယုံက ဖုန်းယွီ ဝမ်သဲကွမ်းကို မိတ်ဆက်ပုံကို ကြည့်ပြီး သူတို့ နှစ်ယောက်သား အလွန်ရင်းနှီးကြောင်း သိပေ၏။ သူက ဝမ်သဲကွမ်း လက်နှစ်ဖက်ထုတ်ကာ သူ့အား နှုတ်ဆက်သည်ကို မြင်လိုက်သည် သူသည်လည်း ချက်ခြင်းပင် လက်နှစ်ဖက်ကို ထုတ်လိုက်၏။

“ကျွန်တော်တို့ စားရင် ပြောကြမလား။”

“ကိစ္စမရှိဘူး။”

လီရှစ်ယုံက ပြောလိုက်သည်။

“ဒါရိုက်တာလီ စက်ပစ္စည်းစက်ရုံမှာရှိတဲ့ လေအားလျှပ်စစ်ဂျင်နရေတာရဲ့ နည်းပညာက ဘယ်လောက်ကောင်းလဲ။”

ဖုန်းယွီက မေးလိုက်သည်။

“အဆင်ပြေပါတယ်။ ငါထင်သလောက်တော့။ ငါတို့ရဲ့ဟာတွေကို တရုတ်မှာ အကောင်းဆုံး မဖြစ်ရင်တောင် နည်းပညာနဲ့ ပတ်သက်ပြီးတော့ ထိပ်ပိုင်းမှာ ရှိပါတယ်။ အကုန်လုံးက မန်နေဂျာဖုန်း ကူညီတာကြောင့်ပဲလေ။ မဟုတ်ရင် ကျွန်တော်တို့ နည်းပညာတွေက ဒီလောက်မြန်မှာ မဟုတ်ဘူး”

လီရှစ်ယုံက ပြောလိုက်သည်။

ဖုန်းယွီသာ ဆိုဗီယက် ပြည်ထောင်စုမှ များစွာသော ဆက်စပ် နည်းပညာများကို မယူဆောင်ခဲ့ပါက စက်ပစ္စည်းစက်ရုံတွင် ရေအားနှင့်အပူ ဂျင်နရေတာများသာ အဆင့်မြင့်သည်ဟု စဉ်းစား၍ ရနိုင်ပေမည်။ အခြားသော ဂျင်နရေတာများသည် ပုံမှန်သာ ဖြစ်သည်။ သို့သော် ယခုလက်ရှိတွင် စက်ပစ္စည်းစက်ရုံသည် ကွဲပြားခြားနားသည်။ သူတို့တွင် နူကလီးယား လျှပ်စစ်ဓာတ်အားပေးအတွက် နည်းပညာများလည်း ရှိပေသည်။ သူတို့၏ အဆင့်မြင့်လာသည့် နည်းပညာများကြောင့် သူတို့သည် အမှာစာများစွာ ရရှိခဲ့သည်။

ယခုအချိန်အခါသည် တိုင်းပြည်၏ လျှပ်စစ်ကဏ္ဍတိုးတက်ရေးကို လုပ်ဆောင်နေသည့် အချိန် ဖြစ်သည်။ မည်သည့်အတွက် စက်ပစ္စည်းစက်ရုံ၏ စီးပွားရေးက မကောင်းဘဲ နေမည်နည်း။ စီစီတီဗွီသည် ပေါ်လာခဲ့သည့်အတွက် အများဆုံး ဖြစ်ပေ၏။ တနိုင်ငံလုံး၏ ဂျင်နရေတာ စက်ရုံများက စက်ပစ္စည်းစက်ရုံတွင် အဆင့်မြင့် နည်းပညာများရှိကြောင်း သိပေသည်။ မဟုတ်ပါက မည်သူက နိုင်ငံအဆင့် ဆုကို အနိုင်ရရှိမည်နည်း။

လီရှစ်ယုံသည် ဖုန်းယွကို ကျေးဇူးတင်နေသည်။ ထို့အတွက်ကြောင့် ဖုန်းယွီ အကူအညီ လိုသည်ဟု ကြားသည့်အခါ သူကိုယ်တိုင် လာရောက်တွေ့ဆုံခြင်းဖြစ်သည်။ ဖုန်းယွီကို သူကူညီပါက ဖုန်းယွီသည်လည်း သံသယ ဖြစ်စရာ မလိုဘဲ ကူညီမည်ကို လီရှင်ယုံ ရှင်းရှင်းလင်းလင်း သိပေ၏။ အနာဂတ်တွင် ကောင်းသည့် အရာများရှိပါက ဖုန်းယွီသည် သူနှင့် စက်ပစ္စည်းစက်ရုံကို မေ့လျော့မည် မဟုတ်ပေ။

ဖုန်းယွီ လေအားလျှပ်စစ်အကြောင်း မေးသည့်လော။ ဖုန်းယွီအနေဖြင့် ထိုအရာဖြင့် ဘာလုပ်မည်နည်း။

“ဒါရိုက်တာလီ လေအားလျှပ်စစ်ဂျင်နရေတာတွေရဲ့ ရောင်းအားကော အခြေအနေ ဘယ်လိုရှိလဲ။”

ဖုန်းယွီသည် ထိုအကြောင်းကို ပြောသည့်အခါ လီရှစ်ယုံက ခေါင်းကို ယမ်းလိုက်ကာ

“ရောင်းရရုံပါပဲ။ ရေအားလျှပ်စစ်နဲ့ အပူလျှပ်စစ်တို့လောက်တော့ ရောင်းအားမကောင်းဘူး။"

ရောင်းရရုံမျှသည်ကား အရင်ကထက် ပိုကောင်းလာခြင်း ဖြစ်သည်။ အတိတ်က မည်သူမျှ သူတို့၏ လေအားလျှပ်စစ်ဂျင်နရေတာများကို မေးမြန်းခြင်းမျိုး မရှိပေ။ ယခုအခါ အနည်းဆုံးတော့ သူသည် အကျိုးအမြတ်များ ရလာပြီ ဖြစ်ကာ ထိုအကျိုးအမြတ်များကား သူတို့ နည်းပညာများ တိုးတက်စေရန်အတွက် သုတေသန ပြုလုပ်နိုင်ပေသည်။

“ဒါရိုက်တာလီ ဘာလို့ ဂျင်နရေတာတွေ ရောင်းအားမကောင်းလဲဆိုတာ သိလား။"

“ဘာကြောင့်လဲ။"

လီရှစ်ယုံက သိချင်စိတ် ဖြစ်သွားသည်။ ဖုန်းယွီက အကြောင်းအရင်းကို သိနေတာလား။

“ဒါရိုက်တာလီက ရလဒ်ကို အခြားသူတွေကို မပြတာကြောင့်လေ။”

“ဘာအဓိပ်ပာယျလဲ။”

“ရေအားလျှပ်စစ် ဂျင်နရေတာတွေ ဝယ်မယ်လို့ ပြောတဲ့ အချိန်တုန်းက ကောကျိုးရေအားလျှပ်စစ်စက်ရုံက စက်ပစ္စည်းစက်ရုံရဲ့ ဂျင်နရေတာတွေကို သုံးတယ်လို့ ပြောနိုင်တယ်။ သူတို့တွေက အပူပေးဂျင်နရေတာတွေကို လိုချင်တဲ့အခါ ဒါရိုက်တာလီမှာ ဥပမာ ပြစရာတွေ အများကြီးရှိတယ်။ သူတို့တွေက အဲ့နေရာတွေကို မရောက်ဖူးဘူးဆိုရင်တောင် သူတို့တွေက ကြားဖူးမှာပဲ။ သူတို့တွေက ဒါရိုက်တာလီရဲ့ ဂျင်နရေတာတွေရဲ့ အရည်အသွေးကို သိတယ်။ ဒါပေမဲ့ လေအားလျှပ်စစ်အတွက်ကျတော့ ဘာဥပမာတွေ ရှိလဲ။”

ဖုန်းယွီသည် သူဖြစ်ချင်သည့်အတိုင်း လီရှစ်ယုံ၏ အတွေးကို ဖြည်းဖြည်းချင်း ဆွဲခေါ်လိုက်သည်။

“ဟူး.... ဟုတ်တယ် မန်နေဂျာဖုန်း ပြောတဲ့ အတိုင်းပဲ။ မနှစ်က ကျွန်တော်တို့တွေ ကျွန်တော်တို့တွေကို ရှင်းကျန်းဒေသကို လေအားလျှပ်စစ်ဂျင်နရေတာတွေကို ရောင်းကြတယ်။ အဲ့နေရာကနေပြီးတော့ လေအားလျှပ်စစ်စက်ရုံတွေ များလာခဲ့တယ်။ အဲ့မှာ လေအားလျှပ်စစ်အတွက် မာကတ်တင်းတိုးမြင့်ဖို့ ပြောနေတာမလား။”

လီရှစ်ယုံက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

အေးကွာ.... အနောက်ပိုင်းက လေအားလျှပ်စစ် စက်ရုံတွေ ရှိနေပြီလား။

“ဒါရိုက်တာလီ မဟုတ်ဘူး။ မှားနေတဘ်”

ဖုန်းယွီက လီရှစ်ယုံ၏ အတွေးကို ပြောင်းလဲရန် ကြိုးစားလိုက်၏။

“ဒီလို စဉ်းစားကြည်။ တကယ်လို့ ဝယ်ယူသူတွေက ထုတ်လုပ်နေတာကို မျက်မြင်တွေ့တယ်ဆိုရင် ပိုပြီး အကျိုးသက်ရောက်မှု ရှိမယ်လို့ တွေးကြည့်ဖူးလား”

“မျက်မြင်တွေ့တဲ့အခါလား။ ငါ့ကို ဘင်းမြို့တော်မှာ လေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်ဖို့ ပြောနေတာလား။ မဖြစ်နိုင်ဘူး။ ဒီမှာ လေက သိပ်မှ မတိုက်တာ။”

လီရှစ်ယုံက လက်ယမ်းလိုက်သည်။ လေအားလျှပ်စစ်ထုတ်လုပ်ရန်အတွက် တည်ငြိမ်သည့် လေကြောင်းရှိရန် လိုအပ်ပေ၏။

“ကျွန်တော်တို့ရဲ့ ဒေသမှာ တောင်တေါ ရှိတယ်လေ။ အဲ့မှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ဆောက်လို့ ရတာပဲ။ အနာဂတ်ကျ အလားအလာရှိတဲ့ ဝယ်ယူသူတွေ များလာလိမ့်မယ်။ သူတို့တွေကို မျက်မြင်တွေ့ခိုင်းပေါ့။ တကယ်လို့ ဒါရိုက်တာလီရဲ့ ဂျင်နရေတာက လေအားအများကြီး မရှိလဲ လျှပ်စစ်ထုတ်လုပ်နိုင်တယ်ဆိုင် ဒါက စက်ပစ္စည်းစက်ရုံမှာ အဆင့်မြင့် နည်းပညာတွေ အများကြီး ရှိတယ်လို့ ဆိုချင်တာပဲလေ။”

လီရှစ်ယုံက ရုတ်တရက် ဖုန်းယွီကို စိုက်ကြည့်ကာ ပြုံးလိုက်သည်။

“ဒါက မန်နေဂျာဖုန်း ကျွန်တော်ကို ကျွေးမွေးတဲ့ အကြောင်းပြချက်လား။ မန်နေဂျာဖုန်းရဲ့ ဒေသမှာ လေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်ဖို့အတွက် ကျွန်တော်ကို မေးနေတာလား။”

ဖုန်းယွီက ပြုံးကာ

“ဒါက ရင်းနှီးမြှပ်နှံမှုပဲ။ လျှပ်စစ်ဓာတ်အားတည်ဆောက်ပြီးတာနဲ့ လျှပ်စစ်ဓာတ်အားခကို ဒါရိုက်တာလီ ကောက်ယူနိုင်တယ်လေ။”

“ကျွန်တော်ကို ကျွေးမွေးဖို့အတွက် စေတနာ အရမ်းမရှိဘူးဆိုတာ သိပါတယ်။ တကယ်လို့ မန်နေဂျာဖုန်းက ကျွန်တော်ဆိုရင်လည်း ဒေသမှာ လေအများကြီး မရှိဘူးဆိုတာ သိတာပဲ။ အဲတာဆို လေအားလျှပ်စစ်ကို အဲ့ဒီမှာ ဆောက်ဦးမှာလား။”

ဖုန်းယွီက ဂရုတစိုက်ဖြင့် မေးလိုက်၏။

“အရှုံးရှိနိုင်လို့လား။"

“သေချာတာကတော့ မရှိဘူး။ ဒါပေမဲ့ ဘာအကျိုးအမြတ်မှလည်း ရှိမှာ မဟုတ်ဘူး။ ငါတို့ရဲ့ ဂျင်နရေတာတွေကို နှစ်ပေါင်း ၃၀ခန့် အသုံးပြုလို့ရတယ်။ ဒါပေမဲ့ ငါတို့တွေက လျှပ်စစ်ဓာတ်အားကြိုးတွေ၊ တပ်ဆင်မှုနဲ့ ထိန်းသိမ်းမှုအပိုင်းတွေ ရှိသေးတယ်။ မန်နေဂျာဖုန်းအနေနဲ့ ဒီပရောဂျက်မှာ ကျွန်တော်တို့ ဘယ်လောက်ထိ ရင်းနှီးမြှပ်နှံရမယ်ဆိုတာ သိပါတယ်။”

ဖုန်းယွီ၏ မျက်လုံးများ တောက်ပသွားကာ

“အရှုံးမရှိရင် အဆင်ပြေပါတယ်။ ဒါက ကြော်ငြာတာပဲလေ။ ဘယ်ကြော်ငြာကများ ပိုက်ဆံ မလိုဘဲနေမှာလဲ။ ထပ်ပြောရမယ်ဆိုရင် ဒီဓာတ်အားတွေကို နိုင်ငံတော်မဟာဓာတ်အား ဒါမှမဟုတ် ဒေသက ဓာတ်အားလိုင်းတွေကို ပို့ပေးလို့ရတယ်။ တကယ်လို့ သူတို့ဓာတ်အားတွေကို သုံးမယ်ဆိုရင် သူတို့တွေက ပြုပြင်ထိန်းသိမ်းရေးတွေ လုပ်မှာပေါ့။ မင်းအနေနဲ့က နှစ်တိုင်း အကျိုးအမြတ်တွေကို ရယူဖို့ပဲ ဒါက ကောင်းတဲ့ သဘောတူညီချက်ပဲ။ မင်းရဲ့ ကြော်ငြာ ဘာမှ ပေးစရာ မလိုဘဲနဲ့တောင် အကျိုးအမြတ်တွေ ရနိုင်ဦးမှာ။”

“ငါ့ကို လှည့်ဖြားဖို့ မကြိုးစားနဲ့။ အဲ့တာက ကြော်ငြာတာလား အလှူပေးနေတာလား။ ငါတို့ စက်ရုံက အခုလက်ရှိမှာ သတင်းကြီးကြီး တစ်ခုကို စောင့်နေတာ။ တကယ်လို့ အဲ့တာကို သဘောတူညီမှုရတာနဲ့ ငါတို့စက်ရုံက နောက်ထပ် ၁၀နှစ်အထိ စိုးရိမ်စရာ မလိုဘူး။ ဘာလို့ ငါတို့တွေက ကြော်ငြာဖို့ လိုသေးရတာလဲ။”

“ဘယ်အမှာစာက ၁၀နှစ်အထိ အဆင်ပြေစေမှာလဲ။”

“လျိုမြောင်သုံးသွယ် အဲ့သဘောတူညီမှုကို ဆွေးနွေးတာ တော်တော်ကြာပြီ။ ဒါပေမဲ့ အမျိုးသားပြည်သူ့ကွန်ဂရက်ကနေပြီးတော့ ဒီပရောဂျက်ကို ဒီနှစ်မှာ အတည်ပြုပေးလိမ့်မယ်။ ငါတို့တွေက ကွန်ပရက်ဆာ ၂ခုအတွက် ယှဉ်ပြိုင်မှာ။ ငါတို့မှာ အနိုင်ယူဖို့အတွက် အခွင့်အရေးများတယ်။ တကယ်လို့ ဒီပရောဂျက်ကိုသာ ရမယ်ဆိုရင် ငါတို့တွေက ကမ္ဘာပေါ်မှာ ထိပ်တန်း ဂျင်နရေတာ စက်ရုံ ဖြစ်လာတော့မှာ။ ငါတို့ရဲ့ အမှာစာတွေ အနာဂတ်ကျ ဘယ်လောက်တောင် များလိုက်မလဲ တွေးသာကြည်လိုက်တော့။”

လီရှစ်ယုံက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

ဟ လျိုမြောင်သုံးသွယ်ဆည်က ဘင်းမြို့တော်စက်ပစ္စည်းစက်ရုံကို အသုံးပြုမှာလား။

ဖုန်းယွီသည် သူ့အရင်ဘဝတွင် လျိုမြောင်သုံးသွယ်ဆည်သည် ပထမပိုင်းတွင် အမေရိကန် ဂျာမဏီနှင့် ပြင်သစ်မှ ဂျင်နရေတာများကို အသုံးပြုခဲ့သည်။ ဒုတိယ အပိုင်းမှသာ ဘင်းမြို့တော် စက်ပစ္စည်းစက်ရုံနှင့် အခြားနိုင်ငံပိုင် စက်ရုံမှ ဂျင်နရေတာများကို အသုံးပြုခဲ့သည်။

ဒီအရာက ဒီဘဝမှာ ပြောင်းသွားတာလား။

ဒီနှစ်မှာတော့ လျိုမြောင်သုံးသွယ်ဆည် ရေအားလျှပ်စစ်စီမံကိန်း ပရောဂျက်က အတည်ပြုမည်ပင်။ ထို့ကြောင့် ဖုန်းယွီက လီရှစ်ယုံကို ယုံကြည်ချက်ရှိစွာဖြင့် မေးလိုက်သည်။

“တကယ်လို့ ဒီပရောဂျက်သာ ကွန်ဂရက်မှာ အတည်ပြုမယ်လို့ ငါအာမခံတယ်ဆိုရင် ငါဒေသမှာ လေအားလျှပ်စစ်ကို ရင်းနှီးမြှပ်နှံမလား။”

လီရှစ်ယုံ၏ မျက်လုံးများ လင်းသွား၏။ ဖုန်းယွီက ဒီပရောဂျက် အတည်ပြုတာကို အာမခံနိုင်တာလား။

“မင်းက လောင်းနေတာလား။”

“ဒါရိုက်တာလီအနေနဲ့ ကျွန်တော် လောင်းနေတယ်လို့ ထင်ရင်လည်း အဆင်ပြေပါတယ်။ တကယ်လို့ ဒီပရောဂျက်သာ အတည်မပြုဘူးဆိုရင်အဲ့တာဆိုရင် မင်းစက်ရုံ နှစ်တိုင်း သန်းပေါင်းဆယ်ချီရမဲ့ နည်းလမ်းကို စဉ်းစားပေးမယ်။ တကယ်လို့ ပရောဂျက်သာ ခွင့်ပြုမယ်ဆိုရင်တော့ အဲ့တာဆို ငါတို့ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံက....”

“တကယ်လို့ လျိုမြောင်သုံးသွယ် ပရောဂျက်က ခွင့်မပြုရင်တောင် ဒီလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ရင်းနှီးမြှပ်နှံမယ်။ မင်းမှာ ဘာအကြံရှိလဲ။

ယင်းက သန်းပေါင်းဆယ်ချီ ဖြစ်သည်။ လေအားလျှပ်စစ် စက်ရုံ ဆောက်လုပ်ရန်အတွက် သန်းအနည်းငယ်သာ ကုန်ကျမှု ရှိမည် ဖြစ်သည်။ သန်းအနည်းငယ်ကို သန်းဆယ်ဂဏန်းအကျိုးအမြတ်ရှိသည့် အမြတ်နှင့်လဲလှယ်ခြင်းပင်။ ယင်းက ကောင်းမွန်သည့် အပေးအယူပင်။

All Chapters