ငါတို့တွေ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ
Vol. 27 Ch. 400
“ဒါရိုက်တာလီ အခုလက်ရှိ ဘက်ထရီ သုတေသန ပြုမှုက ဘယ်လိုလဲ။ ကျွန်တော်တို့တွေ ဒီသုတေသနအတွက် ငွေများများ ပေးထားတယ်နော်။”
ဖုန်းယွီက ရုတ်တရက် မေးလိုက်သည်။
“မန်နေဂျာဖုန်းရဲ့ သတ်မှတ်ချက်အတိုင်း လုပ်ဖို့အတွက် တော်တော်လေး အလားအလာ ရှိနေပါပြီ။ ဘက်ထရီတွေက နောက်နှစ်ကျ အဆင်သင့် ဖြစ်ပါပြီ။ နီကယ်ဘက်ထရီနဲ့ ဇင့် ဘက်ထရီတွေက သာမန် လက်အက်ဆစ် ဘက်ထရီထက် ပိုပြီးတော့ ကုန်ကျစရိတ်များတယ်။ အဲ့ ဘက်ထရီတွေကို မော်တော်ဆိုင်ကယ်တွေမှာ တပ်ဆင် အသုံးပြုမှာလား။"
“မော်တော်ဆိုင်ကယ်မှာ တပ်ဆင် အသုံးပြုရုံတင် မကဘူး စက်ယန္တရားကုမ္ပစီက ထုတ်လုပ်တဲ့ ဆလွန်းကားနဲ့ ထရပ်ကားတွေမှာလည်း အသုံးပြုဖို့လိုသေးတယ်။ ငါအနေနဲ့ စက်စ္စည်းစက်ရုံနဲ့ သဘောတူစာချုပ် လက်မှတ် ထိုးနိုင်တယ်။ တကယ်လို့ ငါတို့ရဲ့ လိုအပ်ချက်ကို ပြည့်မှီအောင် လုပ်ပေးနိုင်မယ်ဆိုရင် မင်းတို့ဆီကနေပြီးတော့ ဘက်ထရီဝယ်မယ်။ ဒီအဓိပ္ပာယ်က စက်ပစ္စည်းစက်ရုံအနေနဲ့လည်း နှစ်တိုင်းနှစ်တိုင်း အကျိုးအမြတ် တော်တော်များများကို ရမယ်ဆိုတာပဲ။”
“တနှစ်ကို မော်တော်ဆိုင်ကယ်နဲ့ ဆလွန်းကား ဘယ်နှစ်စီး ထုတ်လုပ်မှာလဲ။”
“ဒီနှစ်တော့ ငါတို့တွေက မော်တော်ဆိုင်ကယ် အနည်းဆုံး အစီး သုံးသိန်းနဲ့ ဆလွန်းကား အစီးရေ နှစ်သောင်းထုတ်လုပ်မယ်။ အဓိကကတော့ စက်ရုံတွေက ဆောက်လုပ်ဆဲ အခြေအနေမှာပဲ ရှိနေဆဲမို့ပဲ။ စက်ရုံတွေက ဒီနှစ် နှစ်ကုန်ပိုင်းလောက်မှ စပြီး လည်ပတ်လိမ့်မယ်။ နောက်နှစ်ကစပြီးတော့ မော်တော်ဆိုင်ကယ် ထုတ်လုပ်မှုက အစီးရေ ခြောက်သိန်းကျော်လိမ့်မယ် ပြီးတော့ ဆလွန်းကားကလည်း အစီးရေ တစ်သိန်းကျော်လိမ့်မယ်။ ဒီစက်ယဉ်တွေအကုန်လုံးက မင်းရဲ့ ဘက်ထရီကို အသုံးပြုမှာပဲ။”
“တကယ်ပဲလား။ မန်နေဂျာဖုန်းရဲ့ စက်ရုံခွဲတွေကလည်း ကျွန်တော်တို့ရဲ့ ဘက်ထရီကို အသုံးပြုမှာလား။”
လီရှစ်ယုံက အပျော်လွန်သွားသည်။
အကယ်၍ ထိုသဘောတူညီချက်ဖြစ်လာပါက စက်ပစ္စည်းစက်ရုံအနေဖြင့် တစ်နှစ်လျှင် ဘက်ထရီတစ်ခုတည်းနှင့်တောင် ယွမ် သန်း ၁၀၀ကျော် အကျိုးအမြတ်ရနိုင်မည် ဖြစ်သည်။ စက်ယန္တရားကုမ္ပဏီ၏ ထုတ်လုပ်မှု တိုးတက်လာသည်နှင့် သူတို့၏ ရောင်းအားနှင့် အကျိုးအမြတ်သည်ကား တိုးလာမည် ဖြစ်သည်။ အကျိုးအမြတ် ယွမ် သန်း၁၀၀ကျော် ရသည်မျိုးလည်း ဖြစ်နိုင်ပေ၏။ သို့သော် ထိုဘက်ထရီများကို ယဉ်များတွင်သာ အသုံးပြုနိုင်သည်လော။
“ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီဘက်ထရီတွေကို ထုတ်လုပ်ဖို့အတွက် စက်ရုံခွဲတွေကို ထောင်ဖို့ကို အကြံပေးတယ်။ စက်ယန္တရားကုမ္ပဏီလုပ်သလို စက်ရုံတွေ အများကြီး ဖွင့်ရင်တော့ အကောင်းဆုံးပေါ့။”
“ခဏ ငါတို့ကို မင်းက စက်ရုံခွဲတွေ ထောင်စေချင်တာလား။”
“ဘာမှားလို့လဲ။”
“မင်းက ချမ်းသာတယ်လေ။ ပြီးတော့ တချိန်တည်း စက်ရုံ ၁၀ရုံကို ထောင်နိုင်တယ်။ ဒါပေမဲ့ စက်ပစ္စည်းစက်ရုံကတော့ ရန်ပုံငွေ များများစားစား မရှိဘူး။ ငါတို့တွေက စက်ရုံခွဲ တစ်ခု ဖွင့်ဖို့တောင် မတက်နိုင်ဘူး”
လီရှစ်ယုံက ပြောလိုက်၏။
“အဲတာဆိုရင်လည်း ငါတို့အနေနဲ့ အလုပ်အတူတူလုပ်လို့ရတာပဲ။ ဘက်ထရီကို သုတေသနလုပ်ဖို့ ပြောတုန်းက ဘက်ထရီနဲ့ပတ်သက်တဲ့ နည်းပညာတွေအတွက် ငါ မူပိုင်ခွင့်ရှိတယ်လို့ ပြောပြီးသား။ ဒါကြောင့် ဒီနည်းပညာကို ရင်းနှီးမြှပ်နှံမှု သပ်သပ်ပဲ လုပ်မှာ မဟုတ်ဘူး။ မင်းကို စက်ရုံ၊ ရန်ပုံငွေနဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးပြီး မင်းက အင်ဂျင်နီယာတို့ အလုပ်သမားတို့လို လူ့စွမ်းအား အရင်းအမြစ်တွေကို ထောက်ပံ့လိုက်ပေါ့။ ငါတို့တွေက စပ်တူပူးပေါင်းကုမ္ပဏီ ထောင်လို့ရတာပဲ။”
ဖုန်းယွီသည် သူ့ရည်ရွယ်ချက် အစစ်အမှန်ကို ပြောလိုက်သည်။ လျှပ်စစ်စကူတာနှင့် ကားဈေးကွက် တိုးတက်လာမှုနှင့်အတူ အနာဂတ်တွင် ဘက်ထရီ၏ တိုးတက်မှုသည်လည်း အလွန် ကြီးမားလာပေမည်။ ဖုန်းယွီအနေဖြင့် ယင်းအခွင့်အရေးကို လက်လွှတ်ကာ ငွေမရှာဘဲ နေမည်နည်း။
သူ့အနေဖြင့် ဈေးကွက်ကို တစ်ဦးတည်း မခြယ်လှယ်နိုင်လျှင်တောင် ဈေးကွက်ခေါင်းဆောင် ဖြစ်ဖို့အတွက် ပြဿနာ ရှိမည် မဟုတ်ပေ။ ဘက်ထရီနှင့် စကူတာနှင့်တောင် နှစ်စဉ် ရောင်းအားသည် သန်းထောင်ချီ ရမည် ဖြစ်သည်။ အကျိုးအမြတ်သည်လည်း နည်းမည် မဟုတ်ပေ။
“ပူးပေါင်းဆောင်ရွက်မှုလား။”
လီရှစ်ယုံသည် ထိုစကားကို ကြားသည့်အခါ တွေဝေသွားသည်။ သူသည် ဖုန်းယွီနှင့် ပူးပေါင်းမှု လုပ်သည့်အခါတိုင်း စက်ပစ္စည်းစက်ရုံ ရှုံးသည်ကို သိပေ၏။ သို့သော် ဖုန်းယွီသည် ပိုက်ဆံ အများစုကို ရရှိခဲ့၏။
“ငါတို့တွေ ဒီအကြောင်းကိုတော့ နောက်မှ ပြောကြတာပေါ့။ ဒေသမှူးဝမ် ဘာလို့ တိတ်နေရတာလဲ။”
လီရှစ်ယုံသည် ပြန်သွားပြီးနောက် ပူးပေါင်းဆောင်ရွက်မှုအား ဂရုတစိုက် စဉ်းစားရန်အတွက် ဆုံးဖြတ်လိုက်သည်။ သူ့အနေဖြင့် ဖုန်းယွီနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ခင် ဖုန်းယွီနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အသေးစိတ် အချက်အလက်များကို စဉ်းစားရန် လိုအပ်ပေ၏။
ဝမ်သဲကွမ်းသည် သူ့ဝိုင်ခွက်ကို မြှောက်လိုက်ကာ
“ဒါရိုက်တာလီ အရင်ဆုံး တိုက်လိုက်ရအောင်။ ကျွန်တော်တို့ဒေသကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ဝမ်သဲကွမ်းက စိတ်ထဲတွင် တွေးနေ၏။ ဘယ်လိုလုပ် ငါပြောနိုင်မှာလဲ။ မင်းတို့ကို ငါ့ကို စကားတစ်ခွန်းပြောဖို့တောင် အခွင့်အရေးပေးလို့လား။ သူ့အနေဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံအကြောင်းပြောသည့်အခါက သူ့တွင် အခွင့်အရေး မရခဲ့ပေ။ သူတို့ စီးပွားရေး အကြောင်းပြောသည့်အခါ သူတစ်ယောက်တည်း ဖြစ်နေ၏။
ဖုန်းယွီက ရုတ်တရက် သူ့ဘေးတွင် ထိုင်နေသည့် ဦးလေးဝမ်ကို အမှတ်ရသွားသည်။
“ကျွန်တော် အရက် မသောက်တော့ဘူး။ ကျွန်တော် ကားမောင်းမှာ။”
ချီး ဒီလူနှစ်ယောက်က ဘိုင်ကျူကို ငါးလိုသော်ကမှာ။ ဖုန်းယွီအနေဖြင့် သူတို့နှင်အတူ မသောက်လိုပေ။
ဝမ်သဲကွမ်းသည် စသောက်လိုက်ကာ လီရှစ်ယုံကို လျှပ်စစ်ဓာတ်အားပေး စက်ရုံအကြောင်းကို စတင် ပြောတော့၏။ ဖုန်းယွီသည် သူ့အမြင်ကို ထပ်ဖြည့်ပြောလိုက်သည်။ သူ့ဒေသအတွက် သူအလိုချင်ဆုံးဖြစ်သည်။
အဆုံးတွင် ဖုန်းယွီသည် ထိုက်ဟွ အစားအစာ ထုတ်လုပ်သည့် စက်ရုံကို ကိုယ်စားပြုကာ လျှပ်စစ်ဓာတ်အားပေး စက်ရုံအတွက် ယွမ် ၁သန်း ရင်းနှီးမြှပ်နှံခဲ့သည်။ အနာဂတ်တွင် စက်ရုံမှ ရမည့် လျှပ်စစ်ဓာတ်အားအတွက် ၃၀ရာခိုင်နှုန်းဈေးနှုန်း လျော့ရမည် ဖြစ်သည်။ ပြီးနောက် လျှပ်စစ်ဓာတ််အားပေးစက်ရုံမှလည်း ရှယ်ယာကို တောင်းယူနိုင်ပေ၏။
ထိုခေတ်က ထိုကဲ့သို့သော ရင်းနှီးမြှပ်နှုံမှုမျိုးသည် တွေ့ရများသည်။ ယင်းက နမူနာသာ ဖြစ်သော်ငြား ဒေသနှင့် စက်ပစ္စည်းစက်ရုံ ဆက်လုပ်ရန်အတွက် ပြဿနာ တရပ် မဟုတ်ပေ။
မဟာဓာတ်အားလိုင်းသည်လည်း သူတို့ အကျိုးအမြတ် ၁၀ရာခိုင်နှုန်းရလျှင် သူတို့၏ ဓာတ်ကြိုးများကို သွယ်တန်းခွင့် ပြုမည်ပင်။
အစာစားပြီးနောက် ဝမ်သဲကွမ်းသည် ဒေသရုံးကို ယင်းကိစ္စကို အစီရင်ခံတော့သည်။ လယ်သမားများ၏ မြေကိစ္စသည် ပြေလည်သွားပြီ ဖြစ်သည်။ သို့သော် ဝမ်သဲကွမ်းသည် ထိုမြေများကို သစ်တောအဖြစ် ပြန်လည် မလုပ်လိုပေ။ အထက်မှ ညွန်ကြားချက် မရခင် အချိန်အထိ သူသည် လယ်သမားများကို ထိုမြေများအား ငှားယမ်းစေချင်ပေ၏။ ငှားယမ်းခသည်လည်း ဒေသ၏ ရန်ပုံငွေထဲ ဝင်လာမည် ဖြစ်သည်။ ပြီးနောက် အထက်မှ ညွန်ကြားချက် ထွက်လာသည့်အခါ သူတို့မြေများကို ပြန်လည် ပေးအပ်ရမည်ပင်။
……
လီရှစ်ယုံသည် စက်ပစ္စည်းစက်ရုံကို ပြန်သွားပြီး ချက်ခြင်းပင် ဘက်ထရီထုတ်လုပ်မှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူနှင့် အရောင်းပိုင်းအသင်းကို သူ့ရုံးကို ခေါ်လိုက်သည်။ သူ့အနေဖြင့် ဖုန်းယွီနှင့် ပူးပေါင်းဆောင်ရွက်မည့် ဘက်ထရီ ပရောဂျက်အတွက် ပူးပေါင်းရန်အတွက် လိုအပ်မည် ဖြစ်သည်။ အကယ်၍ သူတို့အနေဖြင့် ဖုန်းယွီနှင့် ပူးပေါင်းမည် ဆိုပါက အသေးစိတ်ရလဒ်များသည် မည်သို့ ဖြစ်လာမည်နည်း။ သူတို့အနေဖြင့် ရှယ်ယာမည်မျှ တောင်းဆိုသင့်သနည်း။
“ဒါရိုက်တာ ကျွန်တော် အရိုးသားဆုံး ပြောပါ့မဘ်။ ဒီ ဘက်ထရီပရောဂျက်က အခြေအနေကောင်းမယ်လို့ မထင်ဘူး။ ဒီနီကယ်ဘက်ထရီတွေရဲ့ ကုန်ကျစရိတ်က များလွန်းတယ်။ ဘယ်သူက ဝယ်မှာလဲ။ လက်အက်ဆစ်ဘက်ထရီတွေက ကားတွေအတွက် လိုတာထက်တောင် ပိုနေပြီ။ ပြောရရင် ကားက အင်ဂျင်နဲ့ ရှေ့မီးအတွက်ပဲ အသုံးပြုတာလေ။ လက်အက်ဆစ်ဘက်ထရီတွေက ပိုပြီး ဈေးချိုတယ်။ အခြားအစိတ်အပိုင်းအချို့ကလွဲပြီးတော့ လျှပ်စစ်အချို့ပဲ လိုတယ်။ နီကယ်ဘက်ထရီတွေကို အခြားနေရာမှာ သုံးနိုင်လိမ့်မယ်လို့လဲ မထင်မိဘူး။”
လက်ထောက်အင်ဂျင်နီယာချုပ်က ပြောလိုက်သည်။
“ငါ့အတွေးကတော့ ဖုန်းယွီနဲ့ ပူပေါင်းနိုင်လိမ့်မယ်လို့ ထင်တဘ်။ သူက နေရာ၊ ငွေကြေးနဲ့ ပစ္စည်းတွေကို ထောက်ပံ့မယ်လို့ ပြောခဲ့တဘ်မလား။ ငါတို့အတွေအနေနဲ့က လူ့စွမ်းအား အရင်းအမြစ်နဲ့ အင်ဂျင်နီယာတွေကို ထောက်ပံ့ဖို့ပဲ လိုအပ်တာ။ ငါတို့တွေက အများကြီး ရင်းနှီးမြှပ်နှံဖို့လဲ မလိုအပ်ဘူး။ တကယ်လို့ အောင်မြင်မယ်ဆိုရင် အကျိုးအမြတ်က နည်းမှာ မဟုတ်ဘူး။ ပြီးတော့ ဖုန်းယွီကလည်း စက်ယန္တရားကုမ္ပဏီက ထုတ်လုပ်တဲ့ ကားတွေက ငါတို့ ဘက်ထရီကို အနာဂတ်ကျ အသုံးပြုမယ် ပြောတယ်။ ဒါပေမဲ့ သူတို့ရဲ့ တချို့စက်ရုံတွေက တောင်ပိုင်းမှာ ရှိတိယ်။ သူတို့တွေ ဘင်းမြို့တော်ကနေ အဲ့ကို ပို့မှာလား။ သူက ငါတို့ဆီကနေ ဘက်ထရီဝယ်ဖို့ ပြောတဲ့အခါတုန်းက ပူးပေါင်းဆောင်ရွက်မှု စက်ရုံတွေကနေပြီးတော့ ဝယ်မယ်ပြောတယ်။ တကယ်လို့ ငါတို့တွေ ပူးပေါင်းဆောင်ရွက်မှု မပြုနိုင်ဘူးဆိုရင် ဒီအပေးအယူကသွားာပြီ။ တကယ်လို့ လက်အက်ဆစ် ဘက်ထရီတွေကို ထုတ်လုပ်နိုင်မယ်ဆိုရင်တောင် အကျိုးအမြတ်တွေက ရှိဦးမှာပဲ။”
“နည်းပညာပညာရှင်တွေနဲ့ အလုပ်သမားတွေက အိမ်ကနေ ထွက်ပြီး အခြားပြည်နယ်မှာ အလုပ်သွားလုပ်ရမှာ။ ကျွန်တော်တို့တွေက သူတို့ကို အပိုဆု ပေးရမှာပေါ့။ သူတို့ရဲ့ လစာကလည်း များရမယ်။ ဖုန်းယွီက ဒါကို လက်ခံနိုင်မှာလား။”
“ဒါက ပြဿနာ မဟုတ်ဘူး။ စက်ယန္တရားကုမ္ပဏီရဲ့ အလုပ်သမားတွေက ငါတို့ထက် လစာအပိုများတယ်။ ဒါကို ဖုန်းယွီက အကြံပေးတာလို့လည်း ကြားဖူးတယ်။ ပြီးတော့ ထိုက်ဟွကုန်သွယ်ရေးရဲ့ ဝန်ထမ်းတွေက နှစ်တိုင်း အပိုဆုတွေထပ်တိုးငွေတွေရတယ်။ သူတို့တွေရဲ့ လစာက တစ်လကို ယွမ် ၁၇၀ ကျော်တယ်လို့တောင် ပြောကြတယ်။ ဖုန်းယွီက သူ့ဝန်ထမ်းတွေအပေါ် ရက်ရောပါတယ်။”
စက်ပစ္စည်းစက်ရုံ၏ ဘဏ္ဍာရေးအရာရှိချုပ်က ပြောလိုက်သည်။
လီရှစ်ယုံက ခေါင်းခါလိုက်ကာ
“မင်းတို့တွေ အကုန်လုံး ငါ့ကို နားလည်မှု လွဲနေပြီနဲ့ တူတယ်။ ငါမင်းတို့အကုန်လုံးကို ပြောတာက ဒီကိစ္စကို ဖုန်းယွီကို မမေးဖို့ပဲ။ သူနဲ့ အလုပ်လုပ်မှာက သေချာအတည်ပြုပြီးပြီ။ ငါမေးချင်တာက ငါတို့တွေ အနေနဲ့ ကုမ္ပဏီမှာ ရှယ်ယာဘယ်လောက်ရဖို့ ငွေစိုက်ထည့်သင့်လဲဆိုတာပဲ။”
“ဘာ ဒါရိုက်တာ ကျွန်တော်တို့တွေ လျိုမြောင်သုံးသွယ် ပရောဂျက်ရရင် ကျွန်တော်တို့ အဲတာကိုပဲ အာရုံစိုက်သင့်တာပေါ့။ စက်ရုံအသစ်အတွက် ဘယ်ကနေ ငွေရမှာလဲ။ ထပ်ပြောရရင် ကျွန်တော်တို့မှာ အဲ့စက်ရုံအသစ်တွေအတွက် အင်ဂျင်နီယာနဲ့ နည်းပညာရှင်တွေ မလုံလောက်ဘူး။ ကျွန်တော် နားလည်သလောက်ဆိုရင် ဖုန်းယွီက စက်ရုံ တစ်ရုံတည်း ဆောက်မှာတော့ မဟုတ်ဘူး။”
လီရှစ်ယုံသည် တွေဝေနေ၏။ သူသိသလောက် ဖုန်းယွီလုပ်သည့်အရာတိုင်း ဆုံးရှုံးမှု မရှိပေ။ သို့သော် သူက ထိုဘက်ထရီများကို မည်သည့်နေရာတွင် ပြန်ရောင်းချမည်နည်း။ နီကယ်ဘက်ထရီများကို ကားများတွင် သုံးမည်လော။ ယင်းက ယဉ်၏ ကုန်ကျစရိတ်ကို တိုးတက်လာပေမည်။
သူ့နှင့်အတူ လူများစွာ ရှိသည်။ သို့သော် အဆုံးမသတ်နိုင်ခဲ့ပေ။ လီရှစ်ယုံက မနက်ဖြန်ကျ ဖုန်းယွီနှင့် ပြန်တွေ့ပြီး နည်းလမ်းရှာရန် စဉ်းစားလိုက်၏။ သူ့အနေဖြင့် ထိုအခွင့်အရေးအား လက်လွှတ်မည် မဟုတ်ချေ။