← Chapters

အခန်း (၄၀၁)

Vol. 27 Ch. 401

အခန်း (၄၀၁)

Vol. 27 Ch. 401

ဖုန်းယွီသည် စက်ပစ္စည်းစက်ရုံနှင့် ဘက်ထရီ ပူးပေါင်းထုတ်လုပ်လိုခြင်းသည်ကား ဘက်ထရီ ထုတ်လုပ်မှု လုပ်ငန်းသည် အကျိုးအမြတ် ရရုံသာမက တရုတ်နိုင်ငံ၏ ကြီးမားသည့် ဘက်ထရီ ဈေးကွက်ကို အနာဂတ်တွင် ရင်းနှီးမြှပ်နှံမှုများနှင့် လက်ဝါးကြီးအုပ်မှုများဖြင့် နိုင်ငံခြား စုပေါင်းအုပ်စု ကုမ္ပဏီများက ထိန်းချုပ်ထားခြင်းကြောင့် ဖြစ်သည်။

ယခုလက်ရှိတွင် အနာဂတ်၌ တရုတ်၏ ဘက်ထရီ အဓိက ထုတ်လုပ်သူ နမ်ဖူသည် စတင်နေပြီ ဖြစ်သည်။ သူတို့သည် NiMH ဘက်ထရီများကို အောင်မြင်စွာဖြင့် ထုတ်လုပ်နိုင်ဆဲသာ ဖြစ်ကာ ယင်းကုမ္ပဏီသည် ကမ္ဘာ့စံချိန်စံညွှန်းသတ်မှတ်ချက်ကို ရောက်ရှိပြီး ဖြစ်သည်။

နမ်ဖူအနေဖြင့် တရုတ်နိုင်ငံတွင် နောက်ထပ် ပြိုင်ဖက်မရှိတော့ဟု တွေးကောင်းတွေးနိုင်၏။ သို့သော် ယင်းနည်းပညာကို စက်ပစ္စည်းစက်ရုံမှလည်း အောင်မြင်စွာဖြင့် တီထွင်ထုတ်လုပ်ပြီး ဖြစ်သည်။ ဖုန်းယွီသည် ထိုနည်းပညာအချို့ကို လက်ခံ ရရှိခဲ့ကာ စက်ပစ္စည်းစက်ရုံကို ထိုနည်းပညာအား သုတေသန ပြုလုပ်စေခဲ့သည်။ ယင်းနည်းပညာသည် တရုတ်နိုင်ငံတွင် အဆင့်မြင့်ဆုံး နည်းပညာများဖြစ်ကြောင်းကိုတောင် စက်ပစ္စည်းစက်ရုံ မသိပေ။

စက်ပစ္စည်စက်ရုံသည်လည်း သူတိုသည်သာ တရုတ်နိုင်ငံတွင် အကောင်းဆုံးဟု တွေးနေမိသည်။ သူတို့သည် ယင်းနည်းပညာ၏ အလားအလာရှိမှုကို မမြင်နိုင်ခဲ့ပေ။

ဘက်ထရီသည် ရီမုတ်နှင့် ဓာတ်မီးများတွင် အသုံးပြုနိုင်သည် ဖြစ်ရာ အနာဂတ်တွင် ကြီးမားသည့် ဈေးကွက် ဖြစ်လာမည်ပင်။

အိမ်သုံးပစ္စည်းများကို ရီမုတ်များ စတင် အသုံးပြုလာပြီ ဖြစ်သည်။ ဈေးကွက်ထဲတွင် အချို့သော အရုပ်များသည် ဘက်ထရီများ လိုအပ်နေသေးသည်။ ထို့ပြင် ဓာတ်မီး၊ နံရံကပ်နာရီများသည် အိမ်တိုင်းအတွက် မရှိမဖြစ် အသုံးအဆောင် ပစ္စည်းများ ဖြစ်ကြကာ ဘက်ထရီကို အသုံးပြုကြပေ၏။

ဖုန်းယွီ ရှင်းရှင်းလင်းလင်း မှတ်မိသည်ကား နောက်လာမည့် နှစ်နှစ်အတွင်း ဓာတ်ခဲထည့်ရသည့် အရုပ်ကားများသည် ပန်ကိတ်ကဲ့သို့ ရောင်းရသည်။ ထိုအရုပ်ကားများတွင် အသုံးပြုသည့် စွမ်းဆောင်ရည်မြင့် ဘက်ထရီများသည် ၁၀ယွမ်အထက် ရကြသည်။ အချို့ဓာတ်ခဲ့များသည် အရုပ်ကားများထက်တောင် ရောင်းကောင်းကြသည်။

သို့သော် ထိုဓာတ်ခဲ့များ၏ ထုတ်လုပ်စရိတ်သည် မည်မျှနည်း။ ဓာတ်ခဲတစ်လုံးကို ၁၀ယွမ်ကျော်ဖြင့် ရောင်းချသည်။ အမြင့်ဆုံး အကျိုးအမြတ်သည် ၃၀၀ရာခိုင်နှုန်း ဖြစ်သည်။ ပြီးနောက် ပေဂျာများ၏ ရောင်းအားသည် တက်လာကာ ပြည်တွင်းထုတ်ပေဂျာများသည်လည်း ဈေးကွက်ထဲတွင် စတင် ပေါ်ပေါက်လာပြီ ဖြစ်သည်။ နောင်လာမည့် နှစ်များသည် ပေဂျာရောင်းချမှု နှစ်များ ဖြစ်ပေါလိမ့်မည်။ ပြီးနောက် ‌ဓာတ်ခဲ တစ်လုံးသည် ပေဂျာတစ်ခုအတွက် တစ်လခံပေ၏။ ယင်းပေဂျာများသည် ရီမုတ်များထက် ဓာတ်ခဲကို မြန်မြန်ကုန်စေ၏။ ဖုန်းယွီ၏ အရင်ဘဝတွင် နမ်ဖူအောင်မြင်ရခြင်းသည် ယင်းကာလနှင့် ကြုံကြိုက်သည့်အတွက် ဖြစ်၏။

ထပ်ပြောရပါက ဘက်ထရီစက်ရုံ တည်ဆောက်ရန်အတွက် တစ်နှစ်ခန့် အချိန်ယူရမည် ဖြစ်သည်။ စွန့်ပစ်ရေ စွန့်ထုတ်မှု လမ်းကြောင်းအတွက်အချိန်ဘူရခြင်း ဖြစ်သည်။ အကြောင်းမှာ ပင်လယ်ထဲသို့ စွန့်ထုတ်ရန်အတွက် ကိရိယာများ လိုအပ်ခြင်းကြောင့် ဖြစ်သည်။ တရုတ်နိုင်ငံရှိ စွန့်ပစ်ပစ္စည်းစွန့်ထုတ်မှု စက်ပစ္စည်းများသည် ပတ်ဝန်းကျင်ကိုသာ ပိုပြီး ထိခိုက်စေ၏။

ယခုလက်ရှိ သူတို့ စက်ရုံ တည်ဆောက်မည်ဆိုပါက သူတို့အနေဖြင့် နောက်နှစ်မှသာ လည်ပတ်မှုအတွက် အဆင်သင့် ဖြစ်မည်ဖြစ်သည်။ ထိုအချိန်တွင် ဗွီစီဒီသည်လည်း ဈေးကွက်ထဲ ရောက်နေမည် ဖြစ်သည်။ ပြီးနောက် စလွန်းကားများသည်လည်း စတင်ထုတ်လုပ်မည် ဖြစ်သည်။ အသစ်ထုတ်လုပ်မည့် ဘက်ထရီများကို အသုံးပြုရန်အတွက် အသုံးပြုမည့် ထုတ်ကုန်အသစ်များသည်လည်း အသင့် ရှိနေပေ၏။

အကယ်၍ သူတို့သည် စက်ရုံကို နောက်နှစ်မှ တည်ထောင်ပါက ဓာတ်ခဲများကို နမ်ဖူဓာတ်ခဲက ဈေးကွက်ကျော်တက်သွားမည် ဖြစ်သည်။ ထပ်ပြောရပါက ဖုန်းယွီသည် ဓာတ်ခဲများကိုသာ ထုတ်လုပ်ချင်သည်သာမက ကားများအတွက်လည်း ဘက်ထရီကို ထုတ်လုပ်ချင်၏။ သူသည် ထုတ်လုပ်သည့် ဘက်ထရီများကို ကားများအတွက်လည်း အသုံးပြုချင်၏။ ယခုလက်ရှိတွင် ထိုနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်အုပ်စုတစ်စုကို လေ့ကျင့်ပေးနိုင်သည်။ ပြီးနောက် သူ စက်ရုံ တည်ထောင်ပြီးပါက ဝန်ထမ်းပြတ်လတ်ခြင်းမျိုးနှင့် ရင်ဆိုင်ရတော့မည် မဟုတ်ပေ။

ထို့နောက် ဖုန်းယွီသည် စက်ပစ္စည်းစက်ရုံက လေ့ကျင့်ပေးထားသည့် ဘက်ထရီ ကျွမ်းကျင်ပညာရှင်များကိုလည်း လိုချင်သည် အကြောင်းမှာ သူသည် ထိုသူများကို ထိန်းချုပ်ထားချင်သည့်အတွက် ဖြစ်သည်။ သူတို့အနေဖြင့် ထိုနည့်ပညာတွင် ရှေ့ရောက်နေပါက အကျိုးအမြတ်သာ ရှိပေမည်။ ထိုကျွမ်းကျင်ပညာရှင်များ စက်ရုံအသစ်များတွင် အလုပ်လုပ်သည့်အခါ ဖုန်းယွီက ထိုသူများကို စက်ပစ္စည်းစက်ရုံကို ပြန်ခွင့်ပြုမည် မဟုတ်ပေ။

....

“ဖုန်းယွီ မနေ့တုန်းက ငါတို့တွေ ဘက်ထရီတွေကို အတူပူးပေါင်းထုတ်လုပ်ဖို့အတွက် စက်ရုံတွေ တည်ဆောက်မယ်လို့ ပြောခဲ့တယ်လေ။ ငါတို့တွေ အသေးစိတ် ပြောကြမလား။”

လီရှစ်ယုံသည် ဖုန်းယွီကို စက်ပစ္စည်းစက်ရုံကို လာရောက်ရန်အတွက် ခေါ်လိုက်သည်။ သူသည် သူ့လူများကို အားသာချက်အဖြစ် အသုံးပြုကာ ဖုန်းယွီနှင့် ဆွေးနွေးမည် ဖြစ်သည်။ သူ့သည် စက်ပစ္စည်းစက်ရုံကို အကျိုးယုတ်စေသည့် ကိစ္စများကို ပြုလုပ်မည် မဟုတ်ပေ။

“ဒါရိုက်တာလီ မနေ့တုန်းက ကျွန်တော်က စက်ရုံ တစ်ရုံတည်း တည်ထောင်ဖို့အတွက် မပြောခဲ့ဘူး။ ကျွန်တော်က စက်ရုံ ၅ရုံထောင်ချင်တာ။ ကျွန်တော်ရဲ့ ကားစက်ရုံနဲ့ အတူတူပဲ။ တရုတ်နိုင်ငံ နေရာအနှံ့မှာ ရှိမှာ။ ဒါက တော်တော်ကို ကြီးမားတဲ့ ရင်းနှီးမြှပ်နှံမှုပဲ။ ငါက ယွမ် သန်း ၂၀၀ ရင်းနှီးမြှပ်နှံချင်တယ်။ အို...ဟုတ်သား စက်ပစ္စည်းစက်ရုံက ဘယ်လောက်ရင်းနှီးမြှပ်နှံမှာလဲ။”

ဖုန်းယွီက ရည်ရွယ်ချက် ရှိရှိဖြင့် မေးလိုက်၏။

လီရှစ်ယုံ ယခုကဲ့သို့ တွေ့ဆုံမှုမျိုး ပြုလုပ်ခြင်းဖြင့် သူသည် လီရှစ်ယုံ၏ ရည်ရွယ်ချက်ကို သိပေ၏။ လီရှစ်ယုံသည်လည်း သေချာပေါက် ရင်းနှီးမြှပ်နှံပေမည်။ သို့သော် သူသည် ပိုက်ဆံ တစ်ပြားမျှ မစိုက်ထုတ်ချင်ပေ။

အကယ်၍ လျိုမြောင်သုံးသွယ်ပရောဂျက် စတင်ပါက ပြီးနောက် စက်ပစ္စည်းစက်ရုံအနေဖြင့် အရံ ဂျင်နရေတာ အလုပ်ကို ရပါက ယင်းသည် ပရောဂျက် သေးသေးမဟုတ်ကြောင်း ဖုန်းယွီ သိပေ၏။ စက်ရုံသည်လည်း ယင်းအပေါ် အာရုံစိုက်ရမည် ဖြစ်သည်။ ပြီးနောက် စက်ရုံတွင်လည်း တခုခု ရင်းနှီးမြှပ်နှံရန်အတွက် လုံလောက်သည့် ရုံပုံငွေလည်း မရှိပေ။

လီရှစ်ယုံသည် ထိုစက်ရုံအသစ်များတွင် ရှယ်ယာပမာဏ များများလိုချင်နေသည်။ သို့သော် ဖုန်းယွီသည် ငွေအကြောင်းကို ပြောလိုက်သည်။ ငွေမရှိပါက ရှယ်ယာများကိုပိုင်ဆိုင်ရန်အတွက် နည်းကား မရှိပေ။

ဖုန်းယွီသည်လည်း တချိန်တည်းတွင် စက်ရုံ ၅ရုံ ရင်းနှီးမြှပ်နှံရန် စိတ်မရှိပေ။ ကျင်းလင်တွင် ရှိသည့် စက်ရုံ တစ်ရုံတည်းဖြင့်တောင် ယခုဈေးကွက်အတွက် လုံလောက်နေပြီ ဖြစ်သည်။ သူသည် စက်ယန္တရားကုမ္ပဏီတွင် ဘက်ထရီ ထုတ်လုပ်သည့် လမ်းကြောင်းအချို့ကို တပ်ဆင်နိုင်ပေသည်။ ပြီးနောက် စက်ပစ္စည်းစက်ရုံတွင်လည်း ထုတ်လုပ်သည့် လမ်းကြောင်းများ ရှိပြီး ဖြစ်၏။

စက်ပစ္စည်းစက်ရုံရှိ လူများသည် မတ်မတ်ထိုင်နေ၏။ သို့သော် ငွေအကြောင်းပြောသည့်အခါ သူတို့အကုန်လုံး တုန်ယင်နေကြသည်။ စက်ပစ္စည်းစက်ရုံတွင် ရံပုံငွေ ရှိသော်ငြား သူတို့ အသုံးပြုမပြနိုင်ပေ။

“မန်နေဂျာဖုန်း ဘာလို့ တချိန်တည်း ဒီလောက် စက်ရုံ အများကြီး ထောင်မှာလဲ။ ကျွန်တော်တို့ စက်ရုံမှာလည်း ဘက်ထရီတွင် ထုတ်လုပ်လို့ ရတာပဲ။ ကျွန်တော်တို့ စက်ရုံက ဓာတ်မီးနဲ့ အရုပ်တွေမှာ သုံးဖို့အတွက် ဓာတ်ခဲ ထုတ်လုပ်နိုင်တယ်။ ပြီးတော့ ကားနဲ့ ဆိုင်ကယ်မှာ သုံးဖို့အတွက် ဘက်ထရီကောပေါ့။ တကယ်လို့ ဘက်ထရီ ထုတ်လုပ်မှုက မလုံလောက်ဘူးဆိုရင် စက်ရုံ တစ်ရုံက မန်နေဂျာဖုန်းရဲ့ လိုအပ်ချက်ကို ဖြည့်စီးပေးနိုင်ပြီမလား။ မန်နေဂျာဖုန်းတို့ စက်ရုံက တနှစ်ကို ကား အစီး တစ်သန်း ထုတ်နိုင်မှာမို့လား။ စက်ရုံအများကြီး ထောင်ဖို့ မလိုပါဘူး။”

ထုတ်လုပ်ရေးပိုင်း၏ လက်ထောက်ဒါရိုက်တာက ပြောလိုက်သည်။

“ထပ်ပြောရမယ်ဆိုရင် အဲ့နယ်ပယ်မှာ မန်နေဂျာဖုန်းအနေနဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေ မရှိဘူး။ ကျွန်တော်တို့ကလည်း လူအများကြီး ထောက်ပံ့မပေးနိိုင်ဘူး။ တကယ်လို့ အဲ့လူတွေသာ တခြားဒေသကို အလုပ်သွားလုပ်ရရင် သူတို့အတွက် အခြားကြေးတွေ ရှိသေးတယ်။ ငါတို့တွေက သူတို့ရဲ့ လစာကို တိုးမြင့်ရမယ်။ ပြီးတော့ ငါတို့တွေက မကြာခင်မှာ ပရောဂျက် ကြီးကြီးကို ရနိုင်တယ်။ ငါတို့တွေ အနေနဲ့လည်း လူအများကြီး ပေးလိုက်လို့က မရဘူး။”

ဘက်ထရီတီထွင်ဖန်တီးမှု တာဝန်ရှိသူက ပြောလိုက်သည်.

....

စက်ပစ္စည်းစက်ရုံရှိ လူများက ဖုန်းယွီကို ကြိုးစားနားချသည်။ သို့သော် ဖုန်းယွီကို မညှိနှိုင်းနိုင်ကြပေ။ သူက သူ့အစီအစဉ်တိုင်းလုပ်မည့်ပုံသာ သရုပ်ဆောင်နေ၏။ စက်ပစ္စည်းစက်ရုံရှိ လူများသည် ခေါင်းကိုက်သွားကြ၏။

ဖုန်းယွီ၏ အစီအစဉ်အရ သူတို့ ရှယ်ယာ မည်မျှရမည်နည်း။ ရှယ်ယာ ၅ရာခိုင်နှုန်း ဆိုလျှင်တောင် များသည်ဟု စဉ်းစား၍ ရနိုင်ပေသည်။ ယခုကဲ့သို့ ပူးတွဲ လုပ်ဆောင်မှု ပုံစံကား မည်သို့နည်း။ ယခုပုံစံသည် စက်ပစ္စည်းစက်ရုံက ဖုန်းယွီအတွက် အလုပ်လုပ်ပေးနေရသည့် ပုံစံ ပေါက်၏။ ယင်းက မည်သို့ ဖြစ်နိုင်မည်နည်း။

“မန်နေဂျာဖုန်း ကျွန်တော်တို့ တရုတ်နိုင်ငံမှာလည်း ဘက်ထရီ စက်ရုံတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့နည်းပညာက အဆင့်မြင့်ပေမဲ့ ထုတ်လုပ်မှုစရိတ်က မြင့်တယ်။ ကျွန်တော်တို့ နိုင်ငံ အသုံးပြုနေတဲ့ အားက အခြားတိုင်းပြည်တွေနဲ့ ယှဉ်လို့ မရဘူး။ လူတွေက ဓာတ်ခဲ ဝယ်တဲ့အခါ ဈေးအပေါဆုံးကိုပဲ ရွေးလိမ့်မယ်။ ထပ်ပြောရရင် ဓာတ်ခဲတွေ အကုန်လုံးက ပုံစံ အတူတူပဲ။ မန်နေဂျာဖုန်း ထုတ်လုပ်တဲ့ဟာက အားများများတာက အသုံးမဝင်ဘူး။ ပြီးတော့ အဲတာက ကျန်တဲ့ ဘက်ထရီတွေနဲ့ ကွာခြားမှု ရှိမှာ မဟုတ်ဘူး။ ကျွန်တော်တို့မှာ ပြိုင်ဖက်တွေကို ပြိုင်ဖို့အတွက် ကွဲထွက်နေတဲ့ အချက်တွေ မရှိဘူး။”

လီရှစ်ယုံက ဖျောင်းဖြလိုက်သည်။

“ကောင်းပြီလေ။ အဲတာဆိုရင်လည်း စက်ရုံ တရုံပဲ ဆောက်ကြတာပေါ့။ ဘယ်လောက် ရင်းနှီးမြှပ်နှံမလဲ။”

“မန်နေဂျာဖုန်း ကျွန်တော်တို့က လူ့စွမ်းအား အရင်းအမြစ်ကိုပဲ ထောက်ပံ့ပေးမယ်လို့ ပြောခဲ့တယ်မလား။ ဘာလို့ ကျွန်တော်တို့ကို ရင်းနှီးမြှပ်နှံဖို့ မေးရတာလဲ။”’

လီရှစ်ယုံက အံ့အားသင့်သည့် မျက်နှာထားမျိုးဖြင့် ပြောလိုက်သည်။

ဖုန်းယွီက မျက်လုံး ဝေ့လိုက်ကာ။ မင်းတို့တွေက လူကိုပဲ ပေးပြီး အမြတ်ကို လိုချင်ကြတာပေါ့။ ဒါပေမဲ့ ဒီလူတွေကလည်း ငါ့ပြစ်မှတ်တွေပဲ။ ဘက်ထရီ တီထွင်ထုတ်လုပ်မှုရဲ့ တာဝန်ခံ လက်ထောက် အင်ဂျင်နီယာကိုကောပေါ့။

“ကောင်းပြီလေ။ ငါပဲ ငွေ အကုန် စိုက်ထုတ်ပေးမယ်။ ပြီးတော့ မင်းရဲ့ လက်ထောက် အင်ဂျင်နီယာက ကျွမ်းကျင်ပညာရှင်တွေနဲ့ နည်းပညာရှင်တွေကို ဦးဆောင်လိမ့်မယ်။ အယောက် ၃၀အောက် မလျော့ရဘူး။ ပြီးတော့ အနည်းဆုံး ကျွမ်းကျင်လုပ်သား ၁၀၀လိုတယ်။ မင်းကို ရှယ်ယာ ၇ရာခိုင်နှုန်း ပေးမယ်။”

“မန်နေဂျာဖုန်း ကျွန်တော်တို့က ဘက်ထရီ နည်းပညာရဲ့ တာဝန်ရှိတဲ့သူတွေလေ။ ပြီးတော့ လုပ်သားအများကြီးကိုလည်း ထောက်ပံ့ရဦးမှာ။ ဘယ်လိုလုပ် ရှယ်ယာ ၇ရာခိုင်နှုန်းပဲ ရရတာလဲ။”

လီရှစ်ယုံက ကျယ်ကျယ်လောင်လောင်ဖြင့် ပြန်ပြောလိုက်၏။

“နည်းပညာလား။ ငါက မင်းကို မူရင်းနည်းပညာကို ပေးခဲ့တာ။ ပြီးတော့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အတွက်လည်း ငွေပေးတဲ့သူပဲ။ မင်းတို့ သုတေသန လုပ်တဲ့ ရလဒ်က ငါပိုင်တဲ့ အရာပဲ။ ငါ့မှာ စာချုပ် ရှိသေးတယ်။ ထပ်ပြောရရင် ငါက သူတို့ကို လစာ ပေးရမဲ့သူ မဟုတ်ဘူးလား။ ဒီလူတွေရဲ့ လစာကို စက်ရုံ အသစ်ကနေ ပေးရမှာ။ စက်ယန္တရားကုမ္ပဏီက သူတို့လစာ မပေးဘူး။ ပြီးတော့ ပင်စင်ယူတဲ့အခါလည်း ပေးရဦးမှာ။ ၇ရာခိုင်နှုန်းက အရမ်းနည်းလွန်းတယ်လို့ ထင်နေတာလား။ ငါက ယွမ် သန်း ၄၀ ရင်းနှီးမြှပ်နှံမှာ မင်းဖက်က ငွေထည့်ဝင်ရင် ငါကလည်း ဘာလို့ ရှယ်ယာ မတိုးပေးပဲ နေရမှာလဲ။”

အကယ်၍ စက်ရုံ တစ်ခုတည်းသာ ရှိပါက စက်ပစ္စည်းစက်ရုံအနေဖြင့် သူတို့သည် ကားများနှင့် မော်တော်ဆိုင်ကယ်များအား ရင်းနှီးမြှပ်နှံလျှင်တောင် အရှုံးရှိမည် မဟုတ်ပေ။ ထို စက်ရုံအသစ်နှင့် ဆိုပါက စက်ယန္တရားကုမ္ပဏီသည် စက်ပစ္စည်းစက်ရုံမှ ဘက်ထရီများကို မှာယူမည် မဟုတ်ပေ။ ပြီးနောက် စက်ပစ္စည်းစက်ရုံအနေဖြင့်လည်း အမြတ်များလည်း ရမည် ဖြစ်သည်။

“ငါတို့တွေက ၁၀သန်း ရင်းနှီးမြှပ်နှံမယ်။ ပြီးတော့ မင်းက သန်း ၃၀ရင်းနှီးမြှပ်နှံရုံပဲ။ ငါတို့တွေ ရှယ်ယာ ၃၅ရာခိုင်နှုန်းလိုချင်တယ်”

လီရှစ်ယုံက အံကြိတ်ကာ ပြောလိုက်သည်။

“ဒါရိုက်တာလီ သင်္ချာမတော်ဘူးလား။ ၃၀ရာခိုင်နှုန်းက ကျွန်တော်ရဲ့ အနိမ့်ဆုံး ပေးနိုင်တာပဲ။ ဒါရိုက်တာလီက အင်ဂျင်နီယာတွေကို တခြားက ရနိုင်တယ်။ ကျွန်တော်မှာ နည်းပညာရှိတယ်။”

လီရှစ်ယုံက ကျန်သည့် သူများအား ကြည့်ကာ ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ။ ရှယ်ယာ ၃၀ရာခိုင်နှုန်းပေါ့။ ဒါပေမဲ့ ငါတို့တွေက ငွေကို နှစ်ဝက်မှ ထုတ်ပေးနိုင်မှာ”

ဖုန်းယွီက ပြုံးလိုက်ကာ

“ကိစ္စမရှိဘူး။”

အခု မင်းတို့ ယွမ် ၁၀သန်း မြှပ်နှံတာ ကိစ္စမရှိဘူး။ ဒါပေမဲ့ နောက်နှစ် ငါ ရင်းနှီးမြှပ်နှံတဲ့အခါ မင်းထပ်ပြီး ရင်းနှီးမြှပ်နှံနိုင်ဦးမလား။

All Chapters