← Chapters

ကွန်ပျူတာ တစ်လုံး ဝယ်ယူခြင်း

Vol. 27 Ch. 402

ကွန်ပျူတာ တစ်လုံး ဝယ်ယူခြင်း

Vol. 27 Ch. 402

သဘောတူညီချက်ကို အပြီးသတ်ပြီးနောက် ဖုန်းယွီသည် ဖူကွမ်းကျန်းကို ဖုန်းခေါ်ကာ ကျင်းလင်စက်ရုံခွဲနားတွင် ဘက်ထရီ စက်ရုံ တည်ဆောက်ရန်နေရာကို ရှာထားရန် ပြောလိုက်သည်။

ပုံမှန်အတိုင်း ဖူကွမ်းကျန်းသည် ဘက်ထရီ စက်ရုံအတွက် ၁၀ရာခိုင်နှုန်း ရှယ်ယာအတွက် ငွေများ ရင်းနှီးမြှပ်နှံမှု ပြုလုပ်သည်။ သူသည် စီမံခန့်ခွဲရေး ဝန်ထမ်းများကိုလည်း စီစဉ်ပေးရကာ ထိုက်ဟွ ကုန်သွယ်ရေးအနေဖြင့်လည်း ဘဏ္ဍာရေးဌာနအတွက် ဝန်ထမ်းများ ခန့်အပ်ရပေမည်။

ဖုန်းယွီသည် ကီရီလန်ကိုထံ ဖုန်းခေါ်ဆိုကာ ဘက်ထရီ ထုတ်လုပ်ရေး လမ်းကြောင်းများကို မှာယူလိုက်သည်။ သူအနေဖြင့် ထိုထုတ်လုပ်ရေး လမ်းကြောင်းများက အသစ်ဖြစ်စေ တပတ်ရစ်ဖြစ်စေ ဂရုစိုက်မည် မဟုတ်ပေ။ မည်သို့ပင် ဖြစ်စေ ရုရှားမှ ထုတ်လုပ်ရေး လမ်းကြောင်းများသည် အမေရိကန်နှင့် ဥရောပ နိုင်ငံများထက် ဈေးချိုပေ၏။ ပြီးနောက် တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းအဆင့်သည်လည်း တကမ္ဘာလုံးနှင့် ယှဉ်ပါက နောက်ကျနေသေး၏။

ဖေဖော်ဝါရီ လကုန်နီးပါး ရောက်ပြီ ဖြစ်သည်။ ဖုန်းယွီသည် ဘေကျင်းကို ပြန်သွားခဲ့သည်။ လီနနှင့် ကျန်သည့် သူများကလည်း နောက်ရက်အနည်းငယ်တွင် ပြန်လာခဲ့သည်။ ဖုန်းယွီသည် ကျုံးကွမ်းစွမ်းသို့ ကွန်ပျူတာ တလုံးဝယ်ရန် လထွက်လာခဲ့တော့သည်။

ယခုအချိန်တွင် မည်သည့် OS မှ မကောင်းသေးပေ။ ဗွီစီဒီသည်လည်း မကြာမီ စတင်မည် ဖြစ်သည်။ ဖုန်းယွီ၏ ပြစ်မှတ်သည် floppy disk များကို စီဒီအဖြစ် ပြောင်းလဲ အသုံးပြုရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သူသည် ယခုလက်ရှိ ကွန်ပြူတာများသည် မည်သည့် အဆင့်အတန်းကို ရောက်ရှိပြီး စီဒီခွေများကို အသုံးပြုနိုင်မနိုင် ကြည့်ရမည် ဖြစ်သည်။

ဆိုင်သေးလေးတွင် ဖုန်းယွီသည် CRT မော်နီတာများနှင့် အချို့ ကွန်ပြူတာ အစိတ်အပိုင်းများအား ခင်းကျင်းပြသထားသည်ကို တွေ့လိုက်ရသည်။ ညစ်ပတ်ပြီး ကြည့်ကောင်းသည့် လူတစ်ယောက်က ဖုန်းယွီကို မြင်သည့်အခါ နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်သည်။

“ညီလေး ဘာကြည့်နေတာလဲ။ ငါတို့ဆီမှာ အဆင့်အမြင့်ဆုံး ၄၈၆ ကွန်ပြူတာ သိုလှောင်မှုက ၈မီဂါဘိုက်နဲ့ ၃.၅လက်မ Floppy Disk စက်တွေ ပါတယ်။ ပြီးတော့ အဆင့်မြင့်ဆုံး ဗီဒီယို ကဒ်လဲ ပါသေးတယ်။ ၄၂၀မီဂါဘိုက် ဟာ့ဒစ်၊ ၁၄လက်မ CRT မော်နီတာ DOS စနစ် မင်း မဝယ်ရင် နောက်တရမှာ။”

ဘာ... ဖုန်းယွီသည် အံ့အားသင့်သွားတော့သည်။ ကံကောင်းချင်တော့ သူသည် ဤနေရာကို ပထမဆုံးလာရောက်ခဲ့သည်။ မဟုတ်ပါက သူ့အနေဖြင့် ထိုခေတ်က ကွန်ပြူတာများသည် မည်မျှ ခေတ်နောက်ကျမည်မှန်း သိနိုင်မည် မဟုတ်ပေ။

ဒါကို အဆင့်အမြင့်ဆုံးလို့ တွေးလို့ ရတာလား။ စီပီယူ၊ သိုလှောင်မှုတွေက အနာဂတ်နှစ်တွေက စမက်ဖုန်းတွေကိုတောင် မယှဉ်နိုင်ဘူး။ ဟာ့ဒစ်က ၄၂၀မီဂါဘိုက်ပဲလား။ ဘယ်လိုလုပ် HDဇာတ်ကားတွေကို သိမ်းနိုင်မှာလဲ။

ဆိုင်ပိုင်ရှင်သည် ထိုကွန်ပြူတာကို အားရပါးရဖြင့် ရှင်းပြနေသည်။ ထိုအရည်အသွေးက အမှန်ပင် အကောင်းဆုံး ဖြစ်သည်လော။

“သူဌေး ဒီဟာထက် ပိုကောင်းတဲ့ဟာကော ရှိသေးလား”

“ဒီဟာက ငါ့ဆိုင်မှာ အကောင်းဆုံးပဲ။ အစိုးရကလည်း ဒီကွန်ပြူတာတွေကို ဝယ်တာပဲ။ မင်းက ဘယ်ဌာနကလည်း ပြီးတော့ မင်း ဘယ်လောက်ယူမှာလဲ။ တကယ်လို့ မင်းများများ ဝယ်မယ်ဆိုရင် ငါက မင်းကို 3.5 floppy disk စက်ကို လက်ဆောင်အဖြစ် ထည့်ပေးလိုက်မယ်။”

ဆိုင်ပိုင်ရှင်က ဖုန်းယွီသည် သူသည် အစိုးရဌာန တစ်ခုအတွက် ဝယ်ယူခြင်း ဖြစ်သည်ဟု တွေးနေပုံပေါ၏။ တစ်ကိုယ်ရည်သုံး ကွန်ပြူတာလား။ နောက်မနေနဲ့။ ဘာလို့ လူတစ်ယောက်က ကွန်ပြူတာ တစ်လုံးကို ဝယ်မှာလဲ။ ကွန်ပြူတာတွေက တခြားအရာတွေထက် ဈေးအကြီးဆုံးပဲ ဘယ်သူက ဝယ်ပြီး ငွေကို ဖြုန်းတီးမှာလဲ။ ပြီးတော့ လူဘယ်လောက်များများက ကွန်ပြူတာကို ဘယ်လုံး သုံးရလဲဆိုတာ သိလို့လား။

ထိုခေတ်အခါက တရုတ်နိုင်ငံရှိ လက်ရွေးစင်လူအုပ်စုသည် အဆင့်မြင့် ပညာကို တက်မြောက်ကြကာ အစိုးရ ဌာနများ သို့မဟုတ် နိုင်ငံပိုင် လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ကြသည်။ သူတို့စီးပွားရေးကို စတင်ရန်အတွက် လက်တဖဝါးစာသာ ရှိသည်။ ဘေကျင်းတွင်တော့မဟုတ် ကမ်းရိုးတန်းဒေသများတွင် ပိုများပေသည်။

၄၈၆ ကွန်ပြူတာ တစ်လုံး၏ ဈေးနှုန်းသည် မည်မျှ ရှိမည်နည်း။ ယွမ် ၁၂၀၀၀ ဖြစ်သည်။ လက်ရှိ သာမန် နှစ်စဉ် ပျှမ်းမျှလစာသည် ယွမ် ၁၆၀၀တောင် မရှိပေ။ မည်သူက ထိုမျှ ဈေးနှုန်းမြင့်မားသည် ပစ္စည်းကို တစ်ကိုယ်ရည်သုံးအတွက် ဝယ်ယူမည်နည်း။

ဌာနများအတွက် ဝယ်ယူလျှင်တောင် ဘယ်နှစ်ဒါဇင် သို့မဟုတ် ဘယ်နှစ်ရာ ဝယ်မည်ဟု အနာဂတ်နှစ်များကကဲ့သို့မေးပုံခြင်း ခြားနားပေလိမ့်မည် ။ အကယ်၍ ဌာန တစ်ခုအနေဖြင့် တစ်လုံးနှင့်အထက် ဝယ်ယူနိုင်ပါက ယင်းကို ဌာနကြီးဟု စဉ်းစား၍ ရနိုင်ပေသည်။ ဌာနများစွာက ကွန်ပြူတာ တစ်လုံးတောင် မရှိကြပေ။

ထိုခေတ်က ရုံးဌာနများသည် ဖုန်းလိုင်း၊ ဖက်၊ မိတ္တူစက်နှင့် လက်နှိပ်စက်သာ တပ်ဆင်ထားကြသည်။ စကင်နာသည်လည်း ရှားပေ၏။

ထိုခေတ်အခါက ကွန်ပြူတာများသည် ကြိုတင် တင်ဆင်ထားသည့် သေတ္တာကြီးများသာ ဖြစ်သည်။ ကိုယ်တိုင် တပ်ဆင်ရသည့် ကွန်ပြူတာမျိုး မရှိသေးပေ။ စီပီယူကို မော်နီတာ၏ အောက်တွင် အလျားအတိုင်း ထားထားသည်။

“ညီလေး ဝယ်မှာလား။ မင်းက ဘယ်ဌာနကလည်း ဘယ်နှစ်လုံး လိုလဲ။ ပြောလိုက်ပါ”

ဆိုင်ပိုင်ရှင်သည် စိုးရိမ်လာတော့သည်။

ထိုအချိန်တွင် ကွန်ပြူတာ ရောင်းချသည့်ဆိုင် ခပ်များများ မရှိပေ ပြီးနောက်ဆိုင်ရှင်သည် လာရောက်သူတိုင်းကို အပြုံးဖြင့် ကြိုရသည်။ သူတို့ ကွန်ပြူတာ တစ်လုံး ရောင်းရခြင်းမှ ရရှိသည့် အမြတ်သည် တစ်နှစ်စာ အလုပ်လုပ်သည်ထက်ပင် များ၏။

ဆိုင်ပိုင်ရှင်၏ တောက်လျှောက်မေးခွန်းများက ဖုန်းယွီစိတ်ကူးမှ နိုးထလာစေ၏။

“ဆိုင်ရှင် ဘာအမှတ်တံဆိပ်တွေ ရှိလဲ။"

“ငါတို့မှာ IBM, Dell, Lenovo……”

“ခဏ Lenovo ကွန်ပြူတာလဲ ရှိတာလား။”

ဖုန်းယွီသည် Lenovo ကို ကြားသည့်အခါ ချက်ခြင်းပင် ဆိုင်ရှင်ကို ဖြတ်ပြောလိုက်သည်။

Lenovo သည် ၁၉၈၀ခုနှစ်နှ စတင် တည်ထောင်သည်ကို အမှတ်ရသေးသည်။ ကုမ္ပဏီသည် တရုတ်ဘာသာစကားကဒ်မှ စတင် ထုတ်ဝေခြင်း ဖြစ်သည်။ ၁၉၉၀ နှစ်များမှ တစ်ကိုယ်ရည်သုံး ကွန်ပြူတာ ဈေးကွက်ကို ဝင်ခဲ့ခြင်း ဖြစ်သည်။ ယခုလက်ရှိတွင် Lenovo ကွန်ပြူတာ ရှိသည်ကို မသိခဲ့ပေ။

ဖုန်းယွီက သူ့မေးကို ပွတ်လိုက်သည်။ သူသည် လျိုချွမ်ကျီနှင့် Lenovo မှ ကျန်သည့် သူများကို ခေါ်ယူနိုင်ခဲ့လျှင် တွေးနေမိတော့သ်ည။ Lenovo သည် ပြန်လည် မဖွဲ့စည်းရသေးဘဲ သုသေသန အဖွဲ့ တခု၏ ဌာနခွဲ တစ်ခုအဖြစ်သာ ရှိနေဆဲ ဖြစ်သည်။ လျိုချွမ်ကျီနှင့် ကျန်သည့်သူများသည်လည်း လစာဖြင့် လုပ်နေရဆဲ ဖြစ်သည်။

ကုမ္ပဏီအနေဖြင့် ဝင်ငွေ အများကြီး ရှာဖွေနေပါက သူတို့ တခြားအတွေး ဝင်ကြမည်ပင်။ ပြီးနောက် သူတို့တွင် ရှယ်ယာများလည်း မရှိပေ။ သို့သော် အကယ်၍ ဖုန်းယွီသာ သူတို့ကို ခေါ်ယူပါက သူတို့အတွက် သုတေသန စင်တာ တစ်ခုကို ဆောက်လုပ်ပေးမည် ဖြစ်သည်။ ယင်းက ရင်းနှီးမြှပ်နှံမှုပင် ဖြစ်ပေမည်။

“ညီလေး မင်းက Lenovo ကွန်ပြူတာကို ဝယ်ချင်တာလား။”

ဆိုင်ပိုင်ရှင်က ကွန်ပြူတာကို လက်ညှိုးထိုးကာ မေးလိုက်သည်။

“ဒီကွန်ပြူတာက ဘယ်လောက်လဲ။”

ဖုန်းယွီက Lenovo ကွန်ပြူတာကို လက်ညှိုးထိုးကာ မေးလိုက်သည်။

“မင်းက တစ်လုံး ဝယ်မလို့လား။”

“တစ်လုံးဆိုလောက်ပြီလေ။”

ဆိုင်ပိုင်ရှင်က အနည်းငယ် စိတ်ပျက်သွားသည်။

“ငါမင်းကို လျော့ဈေးပေးမယ်လေ။ ယွမ် ၁၁၈၀၀။ ပြေစာလိုသေးလား”

ဖုန်းယွီက ပြုံးကာ ပြောလိုက်သည်။

“ယွမ် ၁၀,၀၀၀”

ဆိုင်ပိုင်ရှင်က ထခုန်လိုက်ကာ

“ယွမ် တစ်သောင်းလား။ မဖြစ်နိုင်တာ ဒါက နောက်ဆုံး မော်ဒယ်။ ကျုံးကွမ်းစွမ်းမှာ တခြားဆိုင်တွေ သွားမေးလို့ရတယ်။ ဘယ်ဆိုင်မှ ဒီလောက် ဈေးမချိုဘူး။ ငါ အနည်းဆုံး ထားနိုင်တာက ယွမ် ၁၁၅၀၀ပဲ”

ဖုန်းယွီက “ယွမ် တစ်သောင်းပဲ”

“ဒါက ကွန်ပြူတာ ဂိမ်းစက်မဟုတ်ဘူး။ ဒီလိုမျိုး မဆွေးနွေးသင့်ဘူး။ မင်းက လျော့ဈေး ပြီးပြီ။ ပြီးတော့ ဒီဈေးကို မစစ်သင့်တော့ဘူး”

“ငါ့မျာ ယွမ် တစ်သောင်းပဲ ပါတယ်။ ပြီးတော့ ငါက ဌာန အတွက် ဝယ်မှာ မဟုတ်ဘူး။ သူဌေးကိုယ်စား ဝယ်ပေးတာ”

“ယွမ် ၁၁၀၀၀ဆိုရင်ကော ဘယ်လိုလဲ။ ပြေစာထဲမှာ ယွမ် ၁၂၀၀၀ရေးပေးမယ်လေ။ မင်းဒီပြေစာကို ယူသွားပြီး သူဌေးကို ပြလို့ ရတာပဲ။”

ဆိုင်ပိုင်ရှင်က ဖြည်းဖြည်းချင်း တိုးကာ တိုးတိုးလေး ပြောလိုက်၏။ ဖုန်းယွီတွင် ယွမ် တစ်သောင်းသာ ပါသည်ကို သူမယုံကြည်ပေ။ ဖုန်းယွီကိုလည်း ဤနည်းဖြင့် ညှိုနှိုင်းနိုင်မည်ဟု သူတွေး၏။

ဖုန်းယွီက ဆိုင်ပိုင်ရှင်ကို ပြောစရာ စကားမဲ့စွာဖြင့် ကြည့်လိုက်သည်။ အခုခေတ်မှာ ဆိုင်ပိုင်ရှင်တွေက ဒီလိုမျိုး ပြေစာယူကြတာလား။ သူ့အတွက် သူ ဝယ်သည်က နောင်တရစရာ ဖြစ်သည်။ မည်သည့် ပမာဏပြေစာထဲတွင် ရေးထားသည် ဖြစ်စေ သူသည် ပေးရဦးမည် ဖြစ်သည်။

“ယွမ် တစ်သောင်း တစ်ပြားမှ ပိုမပေးဘူး။ တကယ်လို့ မရောင်းနိုင်ဘူးဆိုရင် မရောင်းနဲ့။ တခြားဆိုင်သွားမယ်။ ကျုံးကွမ်းစွမ်းမှာ တစ်ယောက်တည်း ကွန်ပြူတာ ရောင်းတယ်လို့ မပြောထားဘူး။ တကယ်လို့ ဆိုင်ရှင် မရောင်းချင်ဘူးဆိုရင် တခြားဆိုင်က ရောင်းလိမ့်မယ်”

“ဟ... ညီလေး မသွားပါနဲ့ ဆွေးနွေးကြမယ်လေ။ ယွမ်၁၀၈၀၀ဆိုရင်ကော ဘယ်လိုလဲ။ ဒါက ကံကောင်းတဲ နံပါတ်ပဲလေ။”

ဆိုင်ပိုင်ရှင်က ဖုန်းယွီကို ပြန်ဆွဲလိုက်သည်။

ဖုန်းယွီက ဆိုင်ပိုင်ရှင်ကို ခံစားချက် မဲ့စွာဖြင့် ကြည့်လိုက်သည်။

“ယွမ် တစ်သောင်းပဲ”

ဆိုင်ပိုင်ရှင်က ရူးချင်စိတ် ဖြစ်သွားသည်။ သူသည် ထိုကဲ့သို့သော ဝယ်သူမျိုးကို အကြောက်ဆုံးပင်။ ဈေးနှုန်း တခုကို သတ်မှတ်ထားပြီး ဆွေးနွေးရန် ငြင်းဆိုသည်။ ဒီကလေးက ထုတ်လုပ်စရိတ်ကို သိနေတာလား။ ပြည်တွင်းထုတ် ကွန်ပြူတာများသည် ပြည်ပမှ တင်သွင်းသည်ထက် ပိုဈေးချိုသည်ပင်။ အကယ်၍ သူသည် ယွမ် တစ်သောင်းဖြင့် ရောင်းလျှင်တောင် သူသည် ယွမ်ရာချီ အမြတ်ရနိုင်သေးသည်။ သို့သော် သူ့ဆိုင်ကို လာဝယ်သူ နည်းပေ၏။ တခါတရံတွင် တလလုံးနေမှ တစ်လုံးနှစ်လုံးသာ ရောင်းရသည်။ သူ့ငှားရမ်းခသည် ဈေးကြီးပြီး ထိုကွန်ပြူတာများကို ထည့်ဝင်ထားရသည့် ပမာဏသည်လည်း များပေ၏။ သူသည် ထိုဆိုင်ဖွင့်ရန်အတွက် အိမ်ကိုတောင် ရောင်းထားရသည်။

ဖုန်းယွီသည် နိုင်ငံခြားမှ တင်သွင်းသည့် ကွန်ပြူတာများသည် ၁၂၀၀၀ခန့်ရှိမည်ကို ရှင်းရှင်းလင်းလင်း သိပေသည်။ သို့သော် ပြည်တွင်းထုတ် ကွန်ပြူတာများသည် ပိုဈေးချို၏။ အခွန်အများကြီး ပေးဆောင်ရန် မလိုအပ်ပေ။ Lenovo သည် အစိတ်အပိုင်များကို ဝယ်ပြီး အတူတကွ ပြန်တပ်ဆင်ကာ သူ့ကိုယ်ပိုင် ထုပ်ကုန်ကို ထုတ်လုပ်သည်။ အပြင်ပုံးနှင့် အထဲတွင် တရုတ်ဘာသာစကားကဒ်ရှိသည် ကျန်သည့် အရာများကို သူတို့ဘာသာ ထုတ်လိုပ်သည်။

ထို့အတွက် ကြောင့် ဖုန်းယွီသည် ယွမ် တစ်သောင်းသည် သင့်တော်သည့် ပမာဏဟု တွေးမိခြင်း ဖြစ်သည်။ ဆိုင်ပိုင်ရှင်သည် အကျိုးအမြတ်ရဦးမည်ပင်။

“ကောင်းပြီ ကောင်းပြီ။ ငါမင်းကို ကြောက်ပါတယ်။ ယွမ် တစ်သောင်း။ ပြေစာလည်း ယွမ်တစ်သောင်းပဲ။”’

“ကောင်းပြီ အဲလိုပဲ ရေးပါ။”

ဘာသာပြန်မှတ်စု ကျုံးကွမ်းစွမ်းသည် ဟိုင်ဒျန်ဒေသ ဘေကျင်း၏ နည်းပညာ ရပ်တန်း ဖြစ်သည်။ တရုတ်နိုင်ငံတွင် နည်းပညာပိုင်း၌ နာမည် ကြီးသည်။ တခါတရံ တရုတ်၏ စီလီကွန်ဘယ်လီဟုတောင် ခေါ်ကြသည်။ ထိုနေရာတွင် အိုင်တီနှင့် လျှပ်စစ်ပစ္စည်းဈေးကွက် ၅ခုရှိသည်။ ထိုနေရာရှိ ပစ္စည်းများကို ဈေးဆစ်နိုင်သည်။ ကျုံးကွမ်းစွမ်းသည် ကွန်ပြူတာနဲ့ ဆက်စပ်ပစ္စည်းများ ဆော့ဖ်ဝဲများကို ရောင်းချသည်။

All Chapters