← Chapters

အသုံးမဝင်တဲ့ကွန်ပြူတာ

Vol. 27 Ch. 403

အသုံးမဝင်တဲ့ကွန်ပြူတာ

Vol. 27 Ch. 403

ဖုန်းယွီသည် ကွန်ပြူတာ တစ်လုံးကို ဝယ်ခဲ့သည်။ တချိန်တည်း ပုံးရှိ လီနိုဗိုကို ဆက်သွယ်ရန် နံပါတ်ကိုလည်း ရရှိခဲ့သည်။

ဖုန်းယွီသည် သူ့ရပ်ကွက်ရှိ ဆက်သွယ်ရေးရုံးကို သွားပြီး အန်ပေါင်းပေးပြီးနောက် နည်းပညာရှင် နှစ်ယောက်သည် သူ့အိမ်ကို အင်တာနက်လိုင်း တပ်ဆင်ရန်အတွက် လိုက်လာခဲ့သည်။

ထိုခေတ်အခါက ဖိုက်ဘာအင်တာနက်များ မရှိသေးပေ။ သူသည် ဖုန်းလိုင်းမှတဆင့် အင်တာနက်ကိုသာ တပ်ဆင်နိုင်ပေသည်။ အင်တာနက်သည် ကနဦးကာလတွင်သာ ရှိသော်ငြား သူ့အနေဖြင့် အီးမေးများကို ပေးပို့နိုင်ပေ၏။ အနာဂတ်တွင် ဖုန်းယွီသည် သူ့ကုမ္ပဏီများကို မည်သည့်နေရာတွင်မဆို စီမံခန့်ခွဲနိုင်ပေ၏။ ယင်းက ဆိုင်များကိုသွားပြီး ဖက်များကို ပေးပို့/ယူရခြင်းထက် ပိုပြီး အဆင်ပြေပေ၏။

ကွန်ပြူတာသည် စတင် လည်ပတ်လာပြီး အသံ မြည်လာကာ ဖုန်းယွီ မျက်မှောင်ကျုံ့လိုက်သည်။ ကွန်ပြူတာမှ ဆူညံသံသည် အလွန်ကျယ်လောင်၏။ သူ့ အရင်ဘဝတွင် ယခုကဲ့သို့သော ကွန်ပြူတာမျိုးကို မည်သည့်အခါကမှ အသုံးမပြုခဲ့ဖူးပေ။ သူ ကွန်ပြူတာ စသုံးသည့် အချိန်တွင် ကွန်ပြူတာ၅၈၆ ပေါ်ပေါက်ပြီး ဖြစ်ကာ Win95 လည်ပတ်မှုစနစ်ဖြင့်လာ၏။

ထိုခေတ်အခါက ကွန်ပြူတာများသည် အလွန်ကျယ်လောင်သည်လော။ သို့တည်းမဟုတ် လီနိုဗိုကွန်ပြူတာများသည် နည်းပညာ မရှိသည်လော။ သူ သေချာ မသိပေ။

တစ်မိနစ်ခန့် ကြာပြီးနောက် အင်တာနက်သည် ချိတ်ဆက်ပြီး ဖြစ်သည်။ ဖုန်းယွီက ခေါင်းခါလိုက်သည်။ အမြန်နှုန်းသည် အလွန်နှေးပေသည်။ ဖုန်းယွီသည် ဆိုင်ပိုင်ရှင် ပေးလိုက်သည့် အင်တာနက် လိပ်စာကို ရိုက်ထည့်လိုက်သည်။ ထိုအချိန်တွင် အင်တာနက် စာမျက်နှာ များများစားစား မရှိသေးပေ။

ဆိုင်ပိုင်ရှင်က ဖုန်းယွီကို တစ်ကမ္ဘာလုံးတွင် တစ်သန်းကျော် ရှိကြောင်းနှင့် ယင်းဂဏန်းသည် ဆက်ပြီး တိုးလာမည် ဖြစ်ကြောင်း ပြောခဲ့သည်။ နှစ်စဉ်နှစ်တိုင်း ကွန်ပြူတာသည် နှစ်သိန်းမှ သုံးသိန်းအထိ တိုးလာမည် ဖြစ်သည်။ သို့သော်ငြား ဆိုင်ပိုင်ရှင်ပြောသည့် အချက်များသည် အလွန်ပင် ခေတ်နှောက်ကျသည့် အတွေးဟု ဖုန်းယွီ ပြောနိုင်သည်။ အနာဂတ်ရှိ ကွန်ပြူတာ၏ တိုးတက်မှုနှုန်းသည် လူတိုင်း မျှော်လင့်ထားသည့် နှုန်းထက် ပိုမို မြန်ဆန်ပေမည်။ ထောင်စုနှစ်အဆုံးတွင် ကွန်ပြူတာပေါင်း ဆယ်သန်းကျော်သည်။ အင်တာနက်နှင့် ချိတ်ဆက်ပြီး ဖြစ်မည်ပင်။ ကွန်ပြူတာနှင့် အင်တာနက်ကို ဆက်သွယ်သည့် အကြိမ်မှာ မရေမတွက်နိုင် ဖြစ်ပေမည်။

အင်တာနက်သည်လည်း အလွန်လျင်မြန်သည့် နှုန်းဖြင့် တိုးတက်နေသည်။ အင်တာနက်မြန်နှုန်းသည် အမ်မှ ဂျီသို့ တိုးတက်ပြီး အင်တာနက် အသုံးပြုသူများသည်လည်း ယခုလက်ရှိတွင် တစ်သန်းခန့် ရှိပြီ ဖြစ်သည်။ နောက်နှစ်အတွင်း သန်းရာဂဏန်းအထိ ရောက်လာမည် ဖြစ်၏။

ဖုန်းယွီသည် အင်တာနက် ဝက်ဆိုဒ်ပွင့်မည့်အချိန်ကို စောင့်ဆိုင်းသည်မှာ ကြာသည့်အတွက် စိတ်မချမ်းမြေ့ ဖြစ်လာလေ၏။ အင်တာနက် ဝက်ဆိုဒ်ပွင့်သည့်အခါ ဖုန်းယွီက သူ့ခေါင်းကို နံရံနှင့် ပြေးတိုက်ချင်စိတ် ပေါက်သွားသည်။

ချီးပဲ ဘာဖြစ်လို့ ဝက်ဆိုဒ်က စာသားအတိ ဖြစ်နေရတာလဲ။

ဖုန်းယွီသည် ယခင်ခေတ်ဟောင်းအခြေအနေများ အားလုံးကို မျှော်လင့်ပြီး ဖြစ်သော်ငြား သူ့အနေဖြင့် ယခုကဲ့သို့ ဖြစ်မည်ဟု လုံးဝမှ မမျှော်လင့်ခဲ့ပေ။ ယခုပုံစံသည်ကား အလွန်ပင် ခေတ်နောက်ကျလွန်းသည်။ ယခု တစ်ကြိမ်သည် သူ့ဘဝတွင် ပထမဆုံး စာသားအတိပါသည့် ဝက်ဆိုဒ်ကို မြင်နေရခြင်း ဖြစ်သည်။

သူသည် ယခုကဲ့သို့သော ဝက်ဆိုဒ်မျိုးနှင့် နေသားမကျပေ။ ကြည့်ရသည်မှာလည်း အလွန်အဆင်မပြေ ဖြစ်နေသည်ပင်။

ယခုကွန်ပြူတာသည် အင်တာနက်တွင် ရှာဖွေခြင်း ဂိမ်းကစားခြင်း အီးမေးလက်ခံခြင်း/ပေးပို့ခြင်းတောင် သင့်လျော်သည့်ပုံ မပေါ်ခြေ။ အများဆုံးအနေဖြင့် ထိုကွန်ပြူတာတွင် စာစီစာရိုက်တာ တက်နိုင်သည့်ပုံပေါ်သည်။

ဖုန်းယွီသည် နောင်တ ရနေမိသည်။ ယင်းကွန်ပြူတာသည် ယွမ်တစ်သောင်းတောင် မတန်ပေ။ သာမန်အလုပ်သမား တစ်ယောက်အနေဖြင့် မစားသောက်ဘဲ စုလျှင်တောင် ယခုကွန်ပြူတာကို ဝယ်ရန်အတွက် ခြောက်နှစ်ကြာ စုဆောင်းရမည်ပင်။ ဤကွန်ပြူတာ၏ အသုံးမဝင်သည့် လုပ်ဆောင်ချက်များက အဘယ်သို့နည်း။

ဖုန်းယွီသည် ယခုအခြေအနေတွင် ဘာလုပ်ရမည်မှန်း မသိတော့ပေ။ သူ့အနေဖြင့် ဝူကျီကန်းနှင့် ကျန်သည့် သူများကို အီးမေးပို့ခြင်းနှင့် လက်ခံခြင်းကို သင်ပေးနိုင်မည်လော။ သူတို့အနေဖြင့် စာရိုက်လျှင်ပင် အခက်အခဲနှင့် ကြုံရမည်ပင်။

အီးပေးအကောင့်ကို ဖွင့်ပြီးနောက် ဖုန်းယွီသည် ဖူကွမ်းကျန်းဆီ အီးမေးပို့လိုက်သည်။ ဖူကွမ်းကျန်း၏ ကုမ္ပဏီသည် ယမန်နှစ်ကတည်းက ကွန်ပြူတာများကို အသုံးပြုကာ အီးမေးများကို ပေးပို့လက်ခံနေပြီ ဖြစ်သည်။ ဟောင်ကောင်သည် တရုတ်နိုင်ငံထက် ပိုအဆင့်မြင့်သည်ပင်။

အင်တာနက် ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်ပြီးနောက် ဖုန်းယွီသည် ကွန်ပြူတာရှိ ဆော့ဖ်ဝဲလ်များကို စတင် စစ်ဆေးတော့သည်။ ယခုခေတ်တွင် အင်တာနက်သည် အသုံးပြုမှုအတိုင်း ကျသင့်သည်။ ပြီးနောက် အသုံးပြုခသည်လည်း မတန်တဆ ဈေးကြီးပေ၏။ ဖုန်းယွီသည် ချမ်းသာသော်ငြား သူ့အနေဖြင့် ပိုက်ဆံ ဖြုန်းတီးသည့်အလုပ်ကို မလုပ်ပေ။

ဖလော်ပီခွေကို ထုတ်လိုက်ပြီးနောက် ဖလော်ပီခွေစက်အတွင်းသို့ သူထည့်လိုက်သည်။ ကွန်ပြူတာ၏ အသံက ပိုပြီး ဆူညံလာခဲ့သည်။

သုံးမိနစ်ခန့်ကြာပြီးနောက် ခွေဖတ်ရှုခြင်း ပြီးဆုံးသွားပြီ ဖြစ်သည်။ ဖုန်းယွီသည် မောက်စ်ကို အသုံးပြုကာ ဖိုင်တစ်ဖိုင်ကို ဖွင့်လိုက်သည်။ သူ၏ ခံစားချက်သည် အနည်းငယ် ကောင်းလာသည်ပင်။ ယင်းက စွန့်စားဂိမ်းတစ်ခု ဖြစ်သည်။ ထိုခေတ်အခါက အဓိက ဂိမ်းတစ်ခုလည်း ဖြစ်ပေ၏။ ယင်းဂိမ်းဖန်တီးသူသည် ထိုင်ဝမ်မှ ဆော့ဖ်စတား ဖြစ်သည်။ ထိုကုမ္ပဏီသည် ထိုဂိမ်းစီးရီးကို အတွဲလိုက် ထုတ်ဝေခဲ့သည်။

ထိုစွန့်စားဂိမ်းအောင်မြင်မှုကြောင့် ဆောဖ့်စတားသည် ထိုဂိမ်းကို တီထွင်ခဲ့ပြီး ချက်ခြင်းပင် နာမည် ကြီးခဲ့သည်။ ဖုန်းယွီ၏ အတိတ်ဘဝတွင် ဆော့ဖ်စတားသည် ထိုဂိမ်း၏ စိတ်ဝင်စား အောင်မြင်မှုများမှ တဆင့် အကျိုးအမြတ်များစွာကို ရရှိခဲ့ပေသည်။

ဖုန်းယွီသည် ဆော့ဖ်စတား ထိုဂိမ်းကို မိတ်မဆက်ခင်က ရှယ်ယာဝင်ခဲ့ပါက သူပျော်မည်ပင်။ သို့သော် ထိုင်ဝမ်သားများသည် ယခုအခါတွင် တရုတ်စီးပွားရေး သမားများကို နှစ်သက်ခြင်း မရှိပေ။ အချို့သော သူများက တရုတ်နိုင်ငံမှ စီးပွားရေးသမားများကိုတောင် အထင်သေးကြပေ၏။

ထိုင်ဝမ်၏ စီးပွားရေးသည် တရုတ်နိုင်ငံထက် ပိုကောင်းပေသည်။ ပြီးနောက် ထိုင်ဝမ်စီးပွားရေးသမားများကတောင် တရုတ်နိုင်ငံကို လာပြီး ရင်းနှီးမြှပ်နှံသည်။ မည်သည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်ကမှ ထိုင်ဝမ်ကိုသွားပြီး ရင်းနှီးမြှပ်နှံခြင်း မရှိသေးပေ။ ဖုန်းယွီအနေဖြင့် ထိုင်ဝမ်ကုမ္ပဏီများတွင် ရင်းနှီးမြှပ်နှံမှု လုပ်ရမည်ကား ခက်ခဲမည်ပင်။

သို့သော် ဟောင်ကောင်တွင် ဖုန်းယွီသည် ကုမ္ပဏီ တစ်ခု ရှိသည်။ သူ့အနေဖြင့် ယင်းကုမ္ပဏီကို အသုံးချနိုင်ပေ၏။ သူ အောင်မြင်ပါက အကောင်းဆုံးဖြစ်မည်ပင်။ သူမအောင်မြင်ပါက ကိစ္စမဟုတ်ပေ။ အနည်းဆုံးအနေဖြင့် သူသည် တရုတ်နိုင်ငံတွင် ဖြန့်ဖြူးခွင့်ကိုတော့ ရရှိနိုင်ပေသည်။ မာစတာလူ၏ အကူအညီဖြင့် မည်သည့်ကုမ္ပဏီကမျှ သူနှင့် ယှဉ်ပြိုင်ပြီး ဖြန့်ချီခွင့်ကို ယှဉ်ပြိုင်လိမ့်မည် မဟုတ်ပေ။

ဖုန်းယွီသည် ဂိမ်းကို နှစ်နာရီခန့်ကြအောင် ကစားပြီးနောက် သူပေဂျာသည် မည်လာခဲ့သည်။ ဖူကွမ်းကျန်းက သူ့ကို ပေဂျာပို့ခြင်း ဖြစ်သည်။ သူသည် ဖုန်းယွီ၏ အီးမေးကို လက်ခံရရှိခဲ့သည်။ ဖုန်းယွီသည် မျက်နှာကျက်ကို ကြည့်လိုက်ပြီး ဖူကွမ်းကျန်းသည် သူ့အီးမေးကိုသာ မြင်ရန်သာ မျှော်လင့်နေသည်။ ပြီးနောက် သူ့ မေးပေါက်မှ ထွက်ရန် နှစ်နာရီခန့် ကြာမည် မဟုတ်ပေ။

ယခုလက်ရှိ ကွန်ပြူတာများသည် အလွန်နှေးပေ၏။ ပြီးနောက် ဖုန်းယွီသည် ထိုက်ဟွကုန်သွယ်ရေးတွင် ကွန်ပြူတာများကို တပ်ဆင်မည့် အကြံကို ပြောင်းလိုက်သည်။ Win95 မိတ်ဆက်သည့် အချိန်အထိ စောင့်ဆိုင်းမည် ဖြစ်သည်။ ထိုအချိန်တွင် အင်တာနက်သည်လည်း ပိုမို မြန်ဆန်လာပြီး စီမံခန့်ခွဲရန်လည်း ပိုမိုလွယ်ကူလာမည် ဖြစ်သည်။ ဝူကျီကန်းနှင့် ကျန်သည့် သူများသည်လည်း အင်တာနက်အသုံးပြုရန် ကျွမ်းကျင်မှုကို လိုက်နိုင်လာမည်ပင်။

ထိုကွန်ပြူတာတွင် တရုတ်ဘာသာစကားကဒ်ကို ထည့်သွင်းထားသော်ငြား စနစ်၏ ကွန်းမန့်များသည် အင်္ဂလိပ်စာ ဖြစ်နေဆဲပင်။ ဝူကျီကန်းနှင့် ကျန်သည့် သူများသည် အင်္ဂလိပ်ကိုပါ သင်ရမည်ဆိုပါက ရူးခါသွားပေမည်။ သို့သော် ဘက်ထရီနှင့် စက်ယန္တရားစက်ရုံတွင် ကွန်ပြူတာ အချို့ ရှိပေသည်။ အင်ဂျင်နီယာများသည် သုတေသနလုပ်ရာတွင် လိုအပ်ပြီး ကွန်ပြူတာများသည်လည်း သူတို့ကို အချို့သော နည်းလမ်းမှ တဆင့် ကူညီပေးကြသည်ပင်။

ဖုန်းယွီ အစိုးရိမ်ဆုံးမှာ ထိုအင်ဂျင်နီယာများသည် ကွန်ပြူတာများသည် မည်သို့ အသုံးပြုရမည်ကို မသိခြင်းပင် ဖြစ်သည်။ သူတို့သည် ဂဏန်းတွက်စက်နှင့် စာရွက်များကိုသာ တွက်ချက်မှုများ ပြုလုပ်ရန်အတွက် အသုံးပြုကြသည်။ သူတို့၏ လုပ်ဆောင်မှုကား အလွန်ပင်နှေးပေသည်။

ကွန်ပြူတာကို ပိတ်လိုက်ပြီးနောက် ဖုန်းယွီသည် ပုံးထဲရှိ လီနိုဗိုဆက်သွယ်ကဒ်ကို ကြည့်လိုက်သည်။ သူသည် လီနိုဗိုကို ဆက်သွယ်ချင်သည်။

ထိုအချိန်တွင် လီနိုဗိုကုမ္ပဏီသည် နှစ်ပိုင်းကွဲနေပြီး တစ်ခုသည် ဟောင်ကောင်လီနိုဗို ဖြစ်ပြီး နောက်တစ်ခုသည် ဘေကျင်းလီနိုဗို ဖြစ်သည်။ သေချာသည်မှာ တာဝန်ရှိသူသည် လျိုကျွမ်းချီနှင့် သူ့လူများပင် ဖြစ်သည်။

ပြောစရာ မလိုဘဲ ထိုခေတ်အခါက အကြီးကြီး လုပ်သူများသည် မရိုးရှင်းပေ။ အထူးသဖြင့် ထိုနည်းပညာကဏ္ဍတွင် ဖြစ်၏။ သူတို့ အကုန်လုံးတွင် တောင့်တင်းသော နောက်ခံ ရှိကြသည်။ ထိုခေတ်အခါက နောက်ခံ ကြီးကြီးမားမား မရှိသော သူများအဖို့ နည်းပညာကဏ္ဍသို့ ဝင်ရန် မဖြစ်နိုင်ပေ။ အကယ်၍ သူတို့ ဝင်ရောက်နိုင်ခဲ့လျှင်တောင် သူတို့သည် သုတေသန ပညာရှင် သို့မဟုတ် အင်ဂျင်နီယာသာ ဖြစ်မည်ပင်။ သူတို့အနေဖြင့် မည်သည့်အခါမျှ ခေါင်းဆောင် တစ်ယောက် ဖြစ်လာမည် မဟုတ်ပေ။

လျိုချွမ်းကျီ၏ အဖေသည် တရုတ်နိုင်ငံ၏ နာမည်ကြီး အင်ဂျင်နီယာ တစ်ယောက် ဖြစ်ကာ တရုတ်နိုင်ငံတွင် မူပိုင်ခွင့် ဥပဒေကို ရေးဆွဲသူများမှ ရှေ့ပြေးတယောက်လည်း ဖြစ်သည်။

ထိုအချိန်တွင် လျိုကျွမ်းချီ၏ အဖေကို မူပိုင်ခွင့်ကွန်းဆက်များစွာဖြင့် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ လူအများက ယင်းက နောက်ပြန်တွေးခြင်းဟု တွေးခဲ့သည်။ တစုံတယောက် အနေဖြင့် သူတို့၏ သုတေသနရလဒ်များဖြင့် နိုင်ငံကို မည်သည့် ဆုချီးမြင့်မှုမှ မပါဘဲ လုပ်ဆောင်ရမည်ပင်။ နိုင်ငံသည် အသိအမှတ်ပြုခြင်း ပေးမည်ပင်။ အကျိုးအမြတ်သည်လော။ အကျိုးအမြတ်စကားပြောသည်နည်း။ သင်က အရင်းရှင်စနစ်လော။

တိုင်းပြည်ကို ကောင်းကျိုးပြုသည်ဟု စဉ်းစားရမည်ပင်။

သူတို့၏ တီထွင်မှုများစွာ နိုင်ငံခြားမှ ခိုးကူးပြီး သူတို့မူပိုင်ခွင့်ဟု ပြုလုပ်ကြသည်။ ထိုအခါ တရုတ်နိုင်ငံသည် ဆုံးရှုံးမှုများစွာ ခံစားခဲ့ရသည်။ ထိုအခါ ထိုအသံများ ပျောက်ကွယ်သွားသည်။ တရုတ်နိုင်ငံသည် မူပိုင်ခွင့် ကိစ္စကို အာရုံစစိုက်လာခဲ့သည်။

လျိုချွမ်းကျီ၏ အဖေကို အစိုးရက ဟောင်ကောင်တွင် ကုမ္ပဏီ တစ်ခု မှတ်ပုံတင်စေသည်။ သူ့ကုမ္ပဏီသည် တရုတ်နိုင်ငံအစားနိုင်ငံတကာ မူပိုင်ခွင့် ကိစ္စများကို ဆောင်ရွက်ရသည်။ သူသည် တရုတ်နိုင်ငံ၏ မူပိုင်ခွင့်ရုံးနှင့် မူပိုင်ခွင့် ကာကွယ်ရေးအသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်ပေသည်။နိုင်ငံအဆင့်အဖွဲ့အစည်းတွင် ဥက္ကဋ္ဌတစ်ယောက် ဖြစ်ခြင်းက လွယ်ကူသည်တော့ မဟုတ်ပေ။ ထို့အတွက်ကြောင့် လျိုချွမ်းကျီသည် လီနိုဗို၏ အထွေထွေ မန်နေဂျာ ဖြစ်လာခြင်း ဖြစ်သည်။ ထိုအရာများအားလုံးသည် သူ့အဖေကြောင့် ဖြစ်သည်။ လျိုချွမ်းကျီသည် နည်းပညာနှင့် ပတ်သက်ပြီး တစ်ကမ္ဘာလုံး တိုးတက်မှုနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိသည်။

ဖုန်းယွီသည် လျိုကျွမ်းချီ၏ တန်ဖိုးများသည် နိုင်ငံကို ပံ့ပိုးမှုမျိုး မဖြစ်စေဟုသာ မျှော်လင့်နေရသည်။

All Chapters