← Chapters

ဆင်းရဲနေသော နင်းဘော်ငှက်

Vol. 27 Ch. 405

ဆင်းရဲနေသော နင်းဘော်ငှက်

Vol. 27 Ch. 405

ည၈နာရီတွင် ဖုန်းယွီသည် ဒါရိုက်တာစွန်း၏ ဖုန်းခေါ်ဆိုမှုကို ဆိုဖာပေါ်တွင် စောင့်နေသည်။ ဖုန်းသည် မြည်လာသည်။ ဖုန်းယွီက ချက်ခြင်းပင် ကောက်ကိုင်လိုက်သည်။

“ဟယ်လို ဒါရိုက်တာစွန်းလား”

“မန်နေဂျာဖုန်း ကျွန်တော်ပါ။ ကျွန်တော် မန်နေဂျာဖုန်း လိုချင်တဲ့ သတင်းကို ရထားတယ်။ ဖုန်းဟွာဒေသမှာ နင်းဘော်ငှက်ဆိုတဲ့ ကုမ္ပဏီတကယ်ရှိတယ်။ အဲတာက သုတေသန စင်တာလေးပဲ ပြီးတော့ ဒေသအစိုးရနဲ့ ပူးပေါင်းထားတယ်။ ဒါပေမဲ့ ကုမ္ပဏီရဲ့ ကနဦး ရင်းနှီးမြှပ်နှံမှုကတော့ ယွမ် တစ်သိန်းပဲ”

ဟ ရင်းနှီးမြှပ်နှံငွေက ယွမ် တစ်သိန်းပဲလား။ ဒီလောက်တောင် နည်းတာလား။

ဖုန်းယွီသည် ထိုနည်းပညာရှင်များအပေါ် စိတ်ဝင်စားမှုက မြင့်တက်လာသည်။ ကနဦးယွမ် တစ်သိန်း ရင်းနှီးမြှပ်နှံမှုဖြင့် စတင်ခဲ့သော ကုမ္ပဏီသည် အနာဂတ်တွင် တရုတ်နိုင်ငံ၏ ဆက်သွယ်ရေး ပစ္စည်းကဏ္ဍတွင် ခေါင်းဆောင် တစ်ယောက် ဖြစ်လာမည်ပင်။ ထိုပညာရှင်များသည် တကယ်ပင် စွမ်းဆောင်ရည်ရှိသည်ဟု ဝန်ခံရမည်ပင်။ ထိုမျှ နည်းသော ရင်းနှီးမြှပ်နှံငွေဖြင့် သူတို့သည် ပေဂျာ တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ပြီးနောက် သူတို့၏ နည်းပညာသည် တရုတ်နိုင်ငံတွင် အဆင့်အမြင့်ဆုံး ဖြစ်သည်ပင်။

“ဒါရိုက်တာစွန်း ကျွန်တော် သူတို့ဆီကို မေးမြန်းတဲ့အခါ ခင်ဗျားကို ဒုက္ခရောက်စေနိုင်လား။ ကျွန်တော်က အဲ့ဒီကုမ္ပဏီကို ဝယ်ဖို့အတွက် တွေးနေတာ။ သူတို့တွေ စိတ်ဝင်စား/မစားကို ကျွန်တော်ကို ကူပြီး မေးပေးပါလား။ တကယ်လို့ ငါက ကုမ္ပဏီကို ဝယ်ဖို့အတွက် မဖြစ်နိုင်ဘူးဆိုရင်တောင် အဲဒီကုမ္ပဏီမှာ ရင်းနှီးမြှပ်နှံရင်လည်း အဆင်ပြေတယ်။”

“ဒါရိုက်တာစွန်းက အံ့အားသင့်သွားသည်။ မန်နေဂျာဖုန်းက သူ့ကို နောက်နေသည်လော။ မန်နေဂျာဖုန်းက သူ့ကို ထိုကုမ္ပဏီအား စိတ်ဝင်စားကြောင်း ပြောခဲ့သည်။ သူ့အတွေးတွင် ယင်းက ကုမ္ပဏီကြီး တစ်ခုပင်။ သို့သော် စုံစမ်းမှုများ ပြလုပ်ပြီးနောက် ယင်းက မြို့ငယ်လေးအတွင်းရှိ ကုမ္ပဏီသေးလေး တစ်ခုသာ ဖြစ်ပေသည်။

သူက ထိုကုမ္ပဏီကို သေးသည်ဟု တွေးသည်။ ပြီးနောက် ဖုန်းယွီသည် စိတ်မဝင်စားဟု ထင်မိသည်။ သို့သော် ယခုလက်ရှိတွင် သူက ယင်းကုမ္ပဏီကို ဝယ်ယူချင်သည်လော။ ထိုကုမ္ပဏီသေးလေးကို ဝယ်ယူခြင်းဖြင့် မည်သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်နည်း။

စုန့်ကျန်းမော်တော်ဆိုင်ကယ် စတင် ထုတ်လုပ်ချိန်တွင် ဒီဇိုင်းကုမ္ပဏီ သေးသေးလေး တစ်ခုကို ဝယ်ယူခဲ့ဖူးသည်ဟု ဖြန့်ချီသူ အကုန်လုံး ကြားဖူးသည်။ ထိုအချိန်က လူတိုင်း၏ အတွေးတွင် ဖုန်းယွီက ရင်းနှီးမြှပ်နှုံမှု ဆုံးရှုံးလိမ့်မည်ဟု တွေးခဲ့သည်။

သို့သော် ယခုလက်ရှိတွင် လက်တဖဝါးစာ ဝန်ထမ်းရှိသည် ကုမ္ပဏီ သေးသေးလေး တစ်ခုသည် ရှန်ဟိုင်းတွင် နံပါတ်တစ် ဒီဇိုင်းကုမ္ပဏီ ဖြစ်လာသည်ပင်။ နှစ်စဉ် အကျိုးအမြတ်သည်လည်း တစ်သန်းကျော်၏။ ဖုန်းယွီသည် အစပိုင်းတွင် ထိုကုမ္ပဏီကို သောင်းဂဏန်းသာ ရင်းနှီးမြှပ်နှံခဲသည်။

ယခုအချိန်တွင် ဖုန်းယွီသည် ယခုကုမ္ပဏီသေးသေးလေးကို အာရုံစိုက်နေသည်။ ထိုကုမ္ပဏီသေးလေး တစ်ခုအနေဖြင့် ရင်းနှီးမြှပ်နှံရန် ထိုက်တန်သည်လော။ ဒါရိုက်တာစွန်းသည်လည်း ယွမ် တစ်သိန်းတက်နိုင်သည်ပင်။ သို့သော် သူ့အနေဖြင့် ထိုကုမ္ပဏီကို မည်သည့်အခါမှ ရင်းနှီးမြှပ်နှံမှု ပြုလုပ်လိမ့်မည် မဟုတ်ချေ။ အကြောင်းမှာ သူ့အနေဖြင့် ထိုကုမ္ပဏီ အကျိုးအမြတ်ရနိုင်မရနိုင်ကို မမြင်သည့်အတွက်ပင်။ သို့သော် သူသည် ဖုန်းယွီကို ယခုကိစ္စတွင် ကူညီပေးသည်သူ တစ်ယောက် ဖြစ်မည်ပင်။ သူ့အနေဖြင့် ထိုကုမ္ပဏီတွင် ရှယ်ရှာဝင်ချင်ပါက ဖုန်းယွီအနေဖြင့် ငြင်းလိမ့်မည် မဟုတ်ချေ။ သူ့အနေဖြင့် ရှယ်ယာ အချို့အတွက် ယွမ် သုံးသောင်းမှ ငါးသောင်း ရင်းနှီးမြှပ်နှံနိုင်၏။ အကယ်၍ ယင်းကုမ္ပဏီ မအောင်မြင်လျှင်တောင် သူ့အနေဖြင့် အရှုံးကို လက်ခံနိုင်ပေသည်။ သို့သော် ဤကုမ္ပဏီသည် ဒီဇိုင်းကုမ္ပဏီကဲ့သို့ ဖြစ်ပါက သူ့အနေဖြင့် ရင်းနှီးမြှပ်နှံငွေများကို နှစ်နှစ်အတွင်း ပြန်လည် ရရှိနိုင်ပေမည်။

“မန်နေဂျာဖုန်း ဒီကိစ္စကို ကျွန်တော်ဆီပဲ ထားခဲ့လိုက်ပါ။ ကျွန်တော် ဒီနေ့ပဲ ဖုန်းဟွာကို သွားမယ်။ ပြီးတော့ မနက်ဖြန်ကျ ကုမ္ပဏီနဲ့ စကားပြောကြည့်မယ်။ ကျွန်တော် မနက်ဖြန်ညနေခင်းကိုတော့ အကြောင်းပြန်ပေးနိုင်မှာပါ။”

“ဟုတ်ပြီလေ ဒါရိုက်တာစွန်း တကယ်လို့ ဒီကုမ္ပဏီကို အောင်အောင်မြင်မြင်နဲ့ ဝယ်ယူနိုင်ခဲ့မယ်ဆိုရင် ငါက မင်းကို မမေ့ပါဘူး”

“ဟားဟားဟား ကျေးဇူးတင်ပါတယ်”

ဖုန်းယွီသည် ဖုန်းချပြီးနောက် ကွန်ပြူတားဂိမ်းကို တဖန်ပြန်ကစားတော့သည်။ သူသည် ကွန်ပြူတာရှိ နင်တန်ဒို၏ ဂိမ်းများကို အမှတ်ရနေမိသည်။ သူသည် ကျုံးကွမ်းချန်သို့ တဖန် ခရီးထွက်သွားရမည်ပင်။ ယခုကွန်ပြူတာသည် ယခုလက်ရှိတွင် ဂိမ်းတစ်ခုတည်းသာ ကစားနိုင်ပေသည်။ ဖုန်းချလိုက်ပြီးနောက် ဒါရိုက်တာစွန်းသည် ချက်ခြင်းပင် ဖုန်းဟွာသို့ Volskwagen Sentana ကားဖြင့် မောင်းသွားတော့သည်။ ယင်းက မန်နေဂျာဖုန်းနှင့် ရင်းနှီးရန်အတွက် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်ပေသည်။ ပြီးနောက် သူသည် ယင်းကို လက်လွတ်ခံမည် မဟုတ်ပေ။ အကယ်၍ သူသာ ထိုက်ဟွကုန်သွယ်ရေးကို ဖက်တီးဟွမ်ကဲ့သို့ ရင်းနှီးမှုတိုးမြင့်နိုင်ပါက သူ့ကုမ္ပဏီ အနာဂတ်သည်လည်း ဖက်တီးဟွမ်ထက်တော့ နိမ့်လိမ့်မည် မဟုတ်ချေ။

ဖက်တီးဟွမ် အောင်မြင်လာရသည့် အကြောင်းအရင်းသည် ကမ်းရိုးတန်းဒေသတွင် ရှိနေသည့်အတွက် ဖြစ်သည်။ ငါတို့ရဲ့ ကျီကျန်းဒေသကလည်း ကွမ်တုံးကို မရှုံးပါဘူး။ ငါတို့ရဲ့ မြို့တော်ကလည်း တခါးဖွင့်တဲ့အခါ စမ်းသပ်မြို့တော်တွေထဲက တစ်ခုပဲလေ။

နှစ်နာရီခွဲကြာပြီးနောက် ဒါရိုက်တာစွန်းသည်။ ဖုန်းဟွာရှိ သူ့မိဘအိမ်သို့ ရောက်လာခဲ့သည်။

“ဘာလို့ ဒီအချိန်မှာ ရောက်လာတာလဲ။ တခုခု ဖြစ်လို့လား”

“ဒါရိုက်တာစွန်း၏ မိခင်က စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

“ဘာမှ မဖြစ်ပါဘူးအမေ။ သွားအိပ်တော့။ မနက်ဖြန်ကျ ကျွန်တော် သာ့ချောင်ကို အလုပ်ကိစ္စနဲ့ သွားရဦးမယ်”

“ချွေးမနဲ့ မင်းစကားများလာတာလား။”

“မဟုတ်ပါဘူး။ အမေ သွားအနားယူလိုက်တော့။ ဒါတကယ်ပဲ အလုပ်ကိစ္စ။ မနက်ဖြန် ကျွန်တော် စောစော မထွက်နိုင်မှာ စိုးရိမ်တယ်။ တခြားကိစ္စတွေ ဒီမှာထားလိုက်တော့။ အဖေနဲ့ အမေလည်း ဒီဟင်းပွဲကို မသိုးခင် စားသင့်တယ်နော်။”

ဒါရိုက်တာစွန်းသည် လွန်ခဲ့သည့် နှစ်နှစ်က ငွေများစွာ ရှာနိုင်ခဲ့သော်ငြား သူသည် အတော်လေး သုံးစွဲမိသည်။ သူသည် ဟန်ကျိုးတွင် အိမ်တစ်လုံးနှင့် ကားတစီးဝယ်ခဲ့သည်။ သို့သော် သူ့အိမ်သည် အလွန်သေးသည်။ ပြီးနောက် သူ့တွင် ကလေးများလည်း ရှိပေ၏။ သူ့အနေဖြင့် မိဘများကို သူ့အိမ်ခေါ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ယခုအခေါက် ဖုန်းယွီနှင့်အတူ ယခုကုမ္ပဏီကို ရင်းနှီးမြှပ်နှံပြီး ငွေရရှိပါက နောက်နှစ်တွင် သူတို့သည် အိမ်ကြီးကြီး တစ်ခုသို့ ရွှေ့ပြောင်းခြင်း သို့မဟုတ် အိမ်တစ်လုံး ဝယ်ယူခြင်း ပြုလုပ်နိုင်မည် ဖြစ်ပေသည်။

နောက်တစ်နေ့မနက်တွင် ဒါရိုက်တာစွန်းသည် မနက်စာစားပြီးနောက် ချက်ခြင်းပင် ထွက်သွားသည်။ သူသည် ယခုကိစ္စကို မြန်နိုင်သမျှ မြန်မြန် ပြီးချင်သည်။ သူသည် ဖုန်းယွီထံတွင် ပုံရိပ်ကောင်း တစ်ခုသာ ကျန်စေချင်၏။ ဖုန်းယွီသည် စွမ်းဆောင်ရည်ရှိပြီး လုပ်နိုင်စွမ်းရှိသည့် သူများကို သဘောကျမှန်း သိပေ၏။

....

“မင်္ဂလာပါက ဒါက ဖုန်းဟွာနင်းဘော်ငှက် ကုမ္ပဏီလားဗျ။ ဒါရိုက်တာစွန်းက နောက်ဆုံးတွင် နင်းဘော်ငှက်၏ ရုံးကို တစ်ယောက်စကား တစ်ယောက်မှတဆင့် တွေ့ရှိသွားခဲ့သည်။

“ဟုတ်ပါတယ်။ ဘယ်သူကို လာရှာတာလဲ။”

“ကျွန်တော်တို့က ခင်ဗျားတို့ရဲ့ မန်နေဂျာကို လာရှာတာပါ”

“ကျွန်တော်တို့ မန်နေဂျာက အခု သုတေသန စင်တာမှာ အလုပ်ရှုပ်နေတယ်။ အခုကုမ္ပဏီမှာ ကျွန်တော် တစ်ယောက်တည်း ရှိတယ်။ ဘာကူညီပေးရမှာလဲ။”

ဒါရိုက်တာစွန်းသည် ကုမ္ပဏီရုံးခန်းကို ကြည့်လိုက်သည်။ ဤနေရာကို အဘယ်အတွက် ရုံးတစ်ရုံးဟု ခေါ်ဆိုနိုင်မည်နည်း။ ယင်းက လူနေအိမ်နှင့် တူသည်။ တစ်ထပ်သာ ရှိသော တိုက်ခန်း ဖြစ်ပြီး အလွန်မှောင်၏။ ထိုနေရာတွင် သင့်လျှော်သည့် ပရိဘောက ပစ္စည်းများတောင် မရှိပေ။ ဒါက မန်နေဂျာဖုန်း လိုချင်နေတဲ့ ကုမ္ပဏီလား။

“ဒီကုမ္ပဏီကို စိတ်ဝင်စားတဲ့ ကျွန်တော် မိတ်ဆွေ တစ်ယောက်ရှိတယ်။ ပြီးတော့ သူက ဒီကုမ္ပဏီကို ဝယ်ချင်တယ်။ မန်နေဂျာကို ဒီကို ခေါ်လို့ ရမလား”

ဒါရိုက်တာစွန်းသည် ရှုပ်ပွနေသော ရုံးခန်းထဲကို မဝင်ပေ။ သူသည် ကားထဲတွင် စောင့်နေခြင်းက ပိုကောင်းပေ၏။

“ဘာငါတို့ရဲ့ ကုမ္ပဏီကို ဝယ်မှာလား။”

ရှုရှီးကွမ်က ဒါရိုက်တာစွန်းကို ကြည့်လိုက်သည်။ ပြီးနောက် အပြင်ဖက်တွင် ရပ်ထားသည့် Volkswagen Sentana ကို မြင်လိုက်ရသည်။ သူ့အနေဖြင့် ထိုပုဂ္ဂိုလ်သည် သူဌေးကြီး တစ်ယောက် ဖြစ်မည်မှန်းသိသည်။

“ခဏတော့ စောင့်ပါဦး။ ကျွန်တော်သွား ခေါ်လိုက်ဦးမယ်”

ရှုရှီးကွမ်သည် ကုမ္ပဏီ၏ တံခါးကို သော့ပိတ်ပြီးနောက် အဆောက်အဦးနောက်မှ စက်ဘီးတစ်စီးကို တွန်းထုတ်လာသည်။ ဒါရိုက်တာစွန်းက ရူးချင်စိတ်ပေါက်သွားသည်။ ဒီကုမ္ပဏီက ဘယ်လိုကြီးလဲ။ ဖုန်းလိုင်းလဲ မရှိဘူး။ ပြီးတော့ တစ်ယောက်ကိုခေါ်ဖို့အတွက် စက်ဘီးကို အသုံးပြုနေတာလား။ မင်းပြန်လာဖို့ ဘယ်လောက်တောင် ကြာမှာလဲ။

“ကိစ္စမရှိပါဘူး။ ကားထဲဝင်ခဲ့ပါလား။ လမ်းညွှန်ပေးပေါ့။ ပြီးတော့ မန်နေဂျာကို အတူတူပဲ သွားတွေ့ရအောင်။”

ရှုရှီကွမ်းသည် ထိုကမ်းလှမ်းမှုကို မငြင်းဆိုပေ။ ပြီးနောက် ကားပေါ်သို့ တက်လိုက်သည်။ သူသည် ကားကို အားကျစွာဖြင့် ကြည့်နေ၏။ သူသည် ကားထဲရှိ အရာအားလုံးကို ထိတွေ့ချင်သည်။ သို့သော်ငြား သူက အပွန်းအပဲ့ ဖြစ်မှာကိုလည်း ကြောက်ရွံ့နေမိ၏။

မိနှစ်နှစ်ဆယ်ခန့်ကားမောင်းပြီးနောက် သူသည် နင်းဘော်ငှက် သုတေသနစင်တာဟု ဆိုင်းဘုတ်ရှိသည့် နေရာ တစ်နေရာသို့ ရောက်လာခဲ့သည်။ ဒါရိုက်တာစွန်းသည်။ ထိုနေရာသို့ ကားမောင်းခဲ့သည့်အတွက် ဝမ်းသာမိသည်။ အကယ်၍ သူသည် ထိုစက်ဘီးဖြင့်သူကို စောင့်ပါက အနည်းဆုံး နှစ်နာရီခန့် ကြာမည်ပင်။ ဒီကုမ္ပဏီဘယ်လိုလဲ။ ရုံးကလည်း ဟောင်းပြီးတော့ ဖြိုချတော့မယ့် အဆောက်အဦးလိုပဲ။ ပြီးတော့ သုတေသနစင်တာကလဲ အဝေးကြီးပဲ။ ဒါရိုက်တာစွန်းသည် တထပ် အဆောက်အဦးကို ဒေသ အစိုးရပေးထားသည်မှန်း မသိပေ။ ရုံးအနီးအနားတွင် သုတေသန စင်တာအဖြစ် သုံးရန်အတွက် သူတို့အတွက် နေရာလည်း မရှိပေ။ သူတို့သည် ငှားရန်သာ တက်နိုင်ပေသည်။

သုတေသန စင်တာထဲသို့ ဝင်သွားပြီးနောက် ဒါရိုက်တာစွန်းက စိတ်သက်သာရာရသွားသည်။ အနည်းဆုံးတော့ သူ့အနေဖြင့် နည်းပညာဖြင့် ပစ္စည်းများကို မြင့်တွေ့လာသည်။ အနည်းဆုံး ယင်းက တန်ပေ၏။

မျက်မှန်ထူထူဖြင့် ရှုပ်ပွနေသော ဆံပင်နှင့် တစ်ကိုယ်လုံး ညစ်ပတ်နေသော လူသည် ထွက်လာပြီး ဒါရိုက်တာစွန်းကို လက်စွဲ နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ။ ကျွန်တော်က နင်းဘော်ငှက်ရဲ့ ဒါရိုက်တာ ရှုလီဟွာပါ”

ဒါရိုက်တာစွန်းသည် ရှုလီဟွာ၏ ညစ်ပေသောလက်ကို ကြည့်လိုက်သည်။ သို့သော် သူသည် လက်ဆွဲနှုတ်ဆက်ဆဲ ဖြစ်သည်။ သူစီးပွားရေးလုပ်သည့်အခါ သူ့အနေဖြင့် ရှုလီဟွာလောက် မကောင်းပေ။

“မန်နေဂျာရှုက အဆင်ပြေရဲ့လား။ ကျွန်တော်က စွန်းလီကျဲပါ။ ကျွန်တော်က ဟန်ကျိုးလီကျဲ ကုန်သွယ်ရေးကုမ္ပဏီရဲ့ ပိုင်ရှင်ပါ။"

ရှုလီဟွာက စွန်းလီကျဲကို မသိသည့်ပုံဖြင့် ကြည့်လိုက်သည်။ လီကျဲကုန်သွယ်ရေးလား ဒီကုမ္ပဏီကို အရင်က ဘာလို့ မကြားဖူးပါလိမ့်။

“ကျွန်တော်ကုမ္ပဏီနာမည်ကို မသိလဲ ကိစ္စမရှိပါဘူး။ ကျွန်တော်က စုန့်ကျန်းမော်တော်ဆိုင်ကယ်ရဲ့ ပြည်နယ်ကိုယ်စားလှယ်ပါ။ ကျွန်တော်မိတ်ဆွေက နင်းဘော်ငှက်ကုမ္ပဏီကို ဝယ်ယူချင်နေတယ်။”

ရှုလီဟွာသည် စုန့်ကျန်းမော်တော်ဆိုင်ကယ် အကြောင်းကို ကြားသည့်အခါ ထိတ်လန့်သွားသည်။ ထိုသူသည် အမှန်ပင် သူဌေးကြီး တစ်ယောက် ဖြစ်မည်ပင်။

ဘာသူ့မိတ်ဆွေက ငါတို့ရဲ့ ကုမ္ပဏီကို ဝယ်ယူချင်တာလား။

All Chapters