← Chapters

အမဲလိုက်ခြင်း

Vol. 22 Ch. 307

အမဲလိုက်ခြင်း

Vol. 22 Ch. 307

ဝရုန်း…

ရွှေရောင်မူလချီများက ရေကန်၏ အောက်ခြေတွင် ဒေါသထွက်နေသော နဂါးတစ်ကောင် ကဲ့သို့ ထွက်ပေါ်လာခဲ့ပြီး ရေများကို ဆုတ်ဖြဲကာ အန္တရာယ်ပြုရန်လာသော ပေတစ်ရာ ရှည်သည့် ရေနေသားရဲများကို တစ်ကောင်ပြီးတစ်ကောင် အပိုင်းအစများအဖြစ် ဆုတ်ဖြဲလိုက်သည်။

ဇူယွမ်သည် ကောင်းကင်ဘုံ ယွမ်စုတ်တံကို ဆွဲကိုင်ထားလျက် ရှိသည်။ ဆတ်ခနဲ လှုပ်လိုက်သည်နှင့် ငွေရောင် အမျှဉ်များက ဖြန်ကျဲ ငွေရောင်ကြိုးမျှဉ်များ အဖြစ်သို့ ပြောင်းလဲသွားကာ အနီးရှိသားရဲများ၏ ခန္ဓာကိုယ်များအား စည်းနှောင် လိုက်သည်။ ထိုနောက် ကြိုးများက တဖြည်းဖြည်း တင်းကြပ်လာခဲ့ပြီး အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်သွားသည်။

ရေများမှာ ကြမ်းတမ်းစွာ မွေနှောက်ခြင်း ခံနေရပြီး ခဏအကြာ တိုက်ပွဲက ရေဝဲကြီး တစ်ခု အသွင် ဖြစ်လာခဲ့သည် ဇူယွမ်က ထိုရေဝဲ၏ အလယ်တွင် ရပ်နေခဲ့ပြီး ရေနေသားရဲများကို တစ်ကောင်ပြီး တစ်ကောင် သတ်ဖြတ်နေခဲ့သည်။

အသက်ရှိုက်စာ ဒါဇင်အချို့ အကြာတွင် ရေပြင်က တဖြည်းဖြည်း ပြန်လည် ငြိမ်သက် လာခဲ့သည်။

ဇူယွမ်က ထိုနေရာတွင်ပင် ရပ်လျက်ရှိပြီး သူ၏ လက်မောင်းအိုးကို ဝှေ့ယမ်း လိုက်သည်နှင့် ဒါဇင်နှင့်ချီသည့် ရွှေရောင် မူလနဂါး အဆီအနှစ်များက သူထံသို့ ပျံသန်းလာခဲ့ပြီး သူလက်ဖြင့် ဖမ်းလိုက်သည်။

အစောပိုင်းက သူ့ကို ဝိုင်းဝန်း တိုက်ခိုက်ခဲ့သော ရေနေသားရဲ အားလုံးမှာ ပေတစ်ရာ အရှည် ရှိကြပေသည်။ သူတို့အားလုံးမှာ လွန်စွာများပြားသော်လည်း တစ်ကောင်ချင်းဆီမှာ မူလစဦး ပထမ အဆင့်တွင်သာ ရှိနေကြသဖြင့် ဇူယွမ်အတွက် ကြီးမားသော ခြိမ်းခြောက်မှုကို မဖြစ်ပေါ်စေခဲ့ပေ။

ထိုကြောင့် ဇူယွမ်က သူ၏ စွမ်းရည်ကို အနည်းငယ်သာ ထုတ်ပြခဲ့ရပြီး အားလုံးကို သတ်ဖြတ်နိုင်ခဲ့ကာ မူလနဂါးအဆီအနှစ်များစွာကို လက်ဆောင်အဖြစ် ရလိုက်ပေသည်။

ဇူယွမ်က သလင်းကျောက်များကို သိမ်းဆည်းလိုက်ပြီး သူ၏ မျက်ခုံးများ ထိစပ်လုမတတ် မျက်မှောင်ကြုတ် လိုက်သည်။ အစောပိုင်းက သူ့ကို တိုက်ခိုက်ခဲ့သော သားရဲများ၏ ရူးသွပ်မှုနှင့် ကြမ်းတမ်းမှုများမှာ ပုံမှန်မဟုတ်ပေ။ ဇူထိုက်က သူ့အား ပြောပြခဲ့သည်မှာ မူလရေကန်တွင် ရင်ဆိုင်ရမည့် အဓိက ပြသာနာမှာ ရေအတွင်းရှိ ဖိအားများကို မူလချီများအား လည်ပတ်ကာ ရင်ဆိုင်ရခြင်းနှင့် လွန်စွာ အပုန်းကောင်းသော ရေနေသားရဲများကို ရှာဖွေရန် ခက်ခဲခြင်းတို့ ဖြစ်သည်။ သို့သော်လည်း အခုသူကြုံနေရသည်က မည်သည့် ရေနေ သတ္တဝါမဆို ပုန်းကွယ်နေခြင်း မရှိပဲ သူ့ထံသို့ ရောက်လာခြင်းပင် ဖြစ်သည်….

ထိုအရာက ဇူထိုက် သူ့အားပြောခဲ့သည်နှင့် ကိုက်ညီမှု မရှိပေ။

“ဒါပေမယ့် ကြည့်ရတာ ဒါလဲ ကောင်းတဲ့ အရာပဲမလား။ သည်ရေနေ သားရဲတွေက သူတို့ဘာသာ ပုန်းကွယ်မနေပဲ ငါ့ကို လာတိုက်ခိုက်တာက တစ်နေ့ထဲမှာပဲ ငါများများ အမဲလိုက်လို့ ရတာပေါ့။”

ဇူယွမ်က မိမိဘာသာ ရေရွတ်လိုက်သည်။

အနည်းဆုံးတော့ သူ၏ ရိတ်သိမ်းမှုက အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။

ထိုကြောင့် သူက ထိုကိစ္စနှင့် ပတ်သက်ပြီး အနည်းငယ် စဉ်းစားခဲ့ပြီးနောက် သူ၏ မူလချီများကို ရေထဲသို့ ထပ်မံ၍ တွန်းပို့လိုက်သည်။ သည်တစ်ကြိမ်တွင်တော့ သူ၏လက်တွင် ကောင်းကင်ဘုံယွမ် စုတ်တံအား တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့ပြီး သူ၏ အမူအရာကလည်း ယခင်ကထက် သတိသထား ရှိနေခဲ့သည်။

အတော်ကြာသည်အထိ သွားလာပြီးနောက်တွင် ဇူယွမ်မှာ မည်သည့် လှုပ်ရှားမှုကိုမှ မတွေ့ရှိခဲ့ပေ။ ဇူယွမ်မှာ အနည်းငယ် သက်သောင့်သက်သာ ဖြစ်လာခဲ့သည်။ ကြည့်ရသည်မှာ အစောပိုင်းက ရေနေသတ္တဝါ အုပ်စုကို သူ့အနေဖြင့် မတော်တဆ ခလုတ်တိုက်၍ တွေ့ရှိခဲ့ခြင်းလား…

“အမ်…”

သို့သော်လည်း ဇူယွမ်က ထိုအရာကို အပြည့်အ၀ ယုံကြည်မိခါနီးတွင် သူ၏ အမူအရာမှာ ရုတ်တရက် တုန်ခါသွားခဲ့သည်။ သူခန္ဓကိုယ်ထဲမှ မူလချီများကို စတင် လှည့်ပတ်လိုက်ပြီး သူ၏ မျက်လုံးတွင် ဖုံးသွားပြီး အရှေ့သို့ လှမ်းကြည့်လိုက်သည်။

ရေများမှာ တုန်ခါသွားပြီး ဒါဇင်ချီသည့် ရေနေသားရဲများ တစ်ကောင်ပြီး တစ်ကောင် ပေါ်လာခဲ့သည်။ ထိုအုပ်စုကို ဦးဆောင်နေသည့် ရေနေသားရဲများ နှစ်ကောင်မှာ ပေသုံးရာကျော် ရှည်လျားပြီး သူ၏ အနောက်က ကောင်များမှာ ခန့်မှန်းချေ ပေနှစ်ရာမျှ ရှည်လျားပေသည်။

ထိုအကောင်မျာကား မူလစဦး တတိယ အဆင့်များနှင့် နှိုင်းယှဉ်နိုင်ပေသည်။

ထိုအခိုက်တွင် ထိုမူလသားရဲ အားလုံးမှာ ဇူယွမ်အား စားသောက် ချင်စိတ်များဖြင့် ပြည့်နှက်နေသော မျက်လုံးကြီးများဖြင့် ကြည့်နေခဲ့ကြသည်။

ဇူယွမ်မှာ ဖြေညင်းစွာ သက်ပြင်း ချလိုက်ပြီးနောက် သူ၏ နှလုံးသားတွင် သံသယ ကင်းစင် သွားသည်။ သည်အရာက တိုက်ဆိုင်မှု မဟုတ်ပေ။ သူအပေါ်တွင် ရှိနေသော တစ်စုံတစ်ခုက ထိုသားရဲများကို ဆွဲဆောင်နေပုံ ပေါ်ပေသည်။

“အဲ့တာက ဘာများလဲ”  ဇူယွမ်က တွေးတောလိုက်သည်။

အစာအိမ်များ၏ တဂွီဂွီမြည်သံများ ထွက်ပေါ်လာခဲ့သည်။

ရေနေသားရဲများက သိသာစွာပင် သူ့အား စဉ်းစားရန် အခွင့်အရေး မပေးပေ။ သူတို့က ထူးဆန်းသော မြည်သံများ ထွက်ပေါ်လာခဲ့ပြီး သူတို့၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ရေထုကို ဖြတ်ကာ ဇူယွမ်ထံသို့ တိုးဝင်လာကြတော့သည်။

“သန်းချီသော ဝေလငါး မှော်စာလုံး…”

ကြီးမားသော အနက်ရောင်စုတ်တံကြီးမှာ ရွှေရောင်များ လင်းလက်လျင် စွမ်းအား ပြည့်စွာဖြင့် အောက်သို့ ဝှေ့ယမ်း လိုက်သည်နှင့် မသဲကွဲသော ရှေးဟောင်းဝေလငါး ပုံရိပ်ကြီး ပေါ်လာခဲ့သည်။ ထိုထိတ်လန့် တုန်လှုပ်ဖွယ်စွမ်းအားက ရေနေသားရဲအုပ်၏ ရှေ့ဆုံးက ပေသုံးရာ အရှည်ရှိ မူလသားရဲ၏ ဦးခေါင်းကို ပေါက်ကွဲသွားစေခဲ့သည်။

ဘုန်း…

စုတ်တံ ရောက်ရှိသွားသည်နှင့် မူလချီလှိုင်း တစ်ခုက ပေါက်ကွဲသွားခဲ့သည် ရေထဲတွင် ပေတစ်ထောင် အတွင်း လှုပ်ခတ်သွားပေသည်။

ထိုအခိုက်မှာပဲ မူလစဦးတတိယအဆင့်နှင့် နှိုင်းယှဉ်နိုင်သော ရေနေသားရဲတစ်ကောင်က အပိုင်းပိုင်း အစစများအဖြစ် ပေါက်ကွဲသွားခဲ့သည်။

ဇူယွမ်၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်းချင်း ဒြပ်မဲ့ အခြေအနေသို့ ပြောင်းလဲသွားပြီး အရိပ်အသွင်ဖြင့် အရှေ့သို့ ပြေးတက် သွားခဲ့သည်။ ရေနေသားရဲများမှာ ခုခံနိုင်ခြင်း မရှိတော့ပဲ တစ်ကောင်ပြီး တစ်ကောင် ပေါက်ကွဲ သွားတော့သည်။

တိုက်ပွဲက လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။ ဇူယွမ်၏ လက်ရှိသန်မာမှုမှာ မူလစဦး ပဉ္စမအဆင့် တစ်ယောက်ကို မျက်နှာချင်းဆိုင် တိုက်ခိုက်နိုင်နေပြီ ဖြစ်သည်။ သည်ကဲ့သို့ တတိယ အဆင့်နှင့် ညီမျှငော ရေနေသားရဲများမှာ သူ့အား ရပ်တန့်နိုင်ခြင်း မရှိပေ။

တိုက်ပွဲပြီးသွားသည်နှင့် ဇူယွမ်မှာ မူလနဂါးအဆီအနှစ်များကို စုဆောင်းလိုက်သည်။ သူ၏ ကောင်းကင်ဘုံယွမ် စုတ်တံကို ဝှေ့ယမ်းလိုက်သည်နှင့် ရေများမှာ လှိုင်းဂယက်များ ထသွားတော့သည်။ သူက အေးစက်စက် ရယ်မောကာ ပြောလိုက်သည် “ငါ့အိမ်ရှေ့တံခါးဆီ ရောက်လာတဲ့ မူလနဂါး အဆီအနှစ်တွေကို တစ်ခုမှ လက်မလွတ်စေရဘူး။ မင်းတို့ငါ့ကို လက်ဆောင် ဘယ်လောက်များများ ပေးနိုင်မလဲ ကြည့်မယ်။”

သူ၏ အသံမှာ တိုးညင်းစွာ ပျောက်ကွယ်သွားပြီးနောက်တွင် ဇူယွမ်က တက်ကြွစွာဖြင့် အရှေ့သို့ တက်လှမ်း သွားခဲ့သည်။

သူတွင် ဒီကိစ္စနှင့် ပတ်သက်ပြီး စဉ်းစားပြီးသွားပြီ ဖြစ်သည်။ သည်ရေနေသားရဲတွေ ဘာကြောင့် ငါ့ဆီလာလဲ ငါမသိဘူး ဒါပေမယ့် ငါ့ရဲ့ အထူးရည်မှန်းချက်က မူလနဂါးအဆီအနှစ်ပဲ။ သူတို့ များများလာလေ ငါ့အတွက်ပိုကောင်းလေပဲ။

သည်လိုနှင့် နောက်ထပ် တစ်နာရီအတွင်းမှာပဲ ဇူယွမ်က အခြား မူလသားရဲ အုပ်စုငါးခုနှင့် တွေ့ဆုံပြီး ဖြစ်သည်။ တိုက်ပွဲမှာ အလွန်အမင်း ပြင်းထန်ခဲ့ပြီး ဇူယွမ်မှာ စွမ်းအားအပြည့် အသုံးပြုခဲ့ရပေသည်။ သူ၏ ပတ်ဝန်းကျင်ရှိ ရေများမှာ ဂယက်ထကာ တုန်ခါနေခဲ့ပြီး ပေါ်လာသမျှ ရေနေ သတ္တဝါများ အားလုံး အသတ်ခံရ သည်ချည်းသာ ဖြစ်သည်။ ထိုအရာက အပြည့်အ၀ ရိတ်သိမ်းခြင်း ဖြစ်ပြီး သူ၏ မျက်နှာပေါ်တွင် ထိုသို့ အမဲလိုက်ရမှုကြောင့် စိတ်လှုပ်ရှားမှုများ ပေါ်နေပေသည်။

“နဂါးကိုးကောင်၊ ပဉ္စမမြောက် နဂါး။”

မူလချီသားရဲ ငါးကောင်သည် ဟိန်းဟောက်လိုက်ပြီး ၎င်းတို့၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ပေလေးရာ နီပါးရှိသည့် ရေနေသားရဲကြီးမှာ အပိုင်းပိုင်းအစစ အဖြစ် ကွဲထွက်သွားသည်။ လက်သီးဆုပ်အရွယ် မူလနဂါး အဆီအနှစ်သာ ထိုအကောင်ထံမှာ ကျန်ခဲ့ပြီး ဇူယွမ်က ဖမ်းဆုပ်လိုက်သည်။

“ထပ်လာဦးမလားကွ…”

ဇူယွမ်မှာ အားပါးတရ ရယ်မောလိုက်သည်။ ဆက်လက် အမဲလိုက်ရင်းမှ ရေနေ သားရဲများက သူအား အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော ပမာဏအထိ မူလနဂါးအဆီအနှစ်များ လှူဒါန်းနေသောကြောင့် သူ့စိတ်များမှာ ပိုမို တက်ကြွလာခဲ့သည်။ သူ၏ ခန့်မှန်းချက်အရ သူစုဆောင်းထားသော သလင်းကျောက် အရေအတွက်မှာ နဂါးလေးကောင် ကောင်းချီးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သည်အချိန်တွင်နှစ်နာရီခန့်သာ ကြာမြင့်ပေသေးသည်။

ထို အဖြစ်အပျက်များကြောင့် ဇူယွမ်မှာ ယခုထိ စိတ်လှုပ်ရှားဆဲ ဖြစ်သည်။

ဇူယွမ်က ကောင်းကင်ဘုံ ယွမ်စုတ်တံအား ဆုပ်ကိုင်လျက် ကြွေးကြော် လိုက်သည်။ “မင်းတို့ကောင်တွေ ဘယ်လောက်ပဲလာပါစေ မင်းတို့အားလုံးကို ငါသတ်ပေးမယ်။”

သို့သော်လည်း သူ့အသံထွက်လာချိန်တွင် သူ့အရှေ့ရေထုမှာ တုန်ခါသွားပြီး ပေငါးရာ ရှည်လျားသော ရေနေသားရဲများက ထိတ်လန့်ဖွယ် အမြန်နှုန်းနှင့် တစ်ကောင်ပြီး တစ်ကောင် ပေါ်လာခဲ့သည်။

ပထမဆုံးရှစ်ကောင်မှာ ပေငါးရာအထိ ရှည်လျားပြီး ကျန်ရှိနေသည့် ဒါဇင်ချီသော ရေနေသားရဲများမှာ ပေလေးရာအထိ ရှည်လျားပြီး သူ့ကြုံတွေ့ခဲ့သည် များထက် သန်မာပေသည်။

ဇူယွမ်၏ အမူအရာမှာ တောင့်တင်း သွားခဲ့သည်။ ပေငါးရာရှည်သည့် သားရဲ ရှစ်ကောင်တဲ့လား။ တစ်ကောင်ချင်းတိုက်ခိုက်ပါက သူ့တွင် ယုံကြည်မှု ရှိသော်လည်းပဲ ထိုအုပ်စုနှင့် တိုက်ခိုက်ရန် သူ့တွင် ယုံကြည်ချက် မရှိပေ။ မူလစဦး ဆဋ္ဌမ အဆင့်ပင် ထိုသို့ လုပ်နိုင်မည် မဟုတ်ပေ။

ဇူယွမ်က သူထံသို့ လာနေသည့် ရေနေသားရဲများကို ကြည့်ကာ အံကြိတ်ပြီး ပြောလိုက်သည်။

“ကောင်းပြီ…မင်းတို့နိုင်တယ်။”

ထိုနောက် သူက ကောင်းကင်ဘုံ ယွမ်စုတ်တံကို သိမ်းလိုက်ကာ ထွက်ပြေးတော့သည်။

All Chapters