← Chapters

ကောင်းကင်ရေကန်၏ အကျိုးသက်ရောက်မှုများ

Vol. 126 Ch. 4.1396

ကောင်းကင်ရေကန်၏ အကျိုးသက်ရောက်မှုများ

Vol. 126 Ch. 4.1396

မိစ္ဆာသခင်သည် ပြိုပျက်နေပြီ ဖြစ်သော သူ၏စွမ်းအား အားလုံးကို လုရွှမ်ခန္ဓာကိုယ်သို့ လွှဲပြောင်းပေးခဲ့ပြီ ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်က အလွန်တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ တည်ငြိမ်နေရမည်။ မဟုတ်ဘဲ လွဲချော်ပါက သူအရင်က လုပ်ခဲ့သမျှ အရာအားလုံး အလဟသ ဖြစ်သွားပေမည်။

ပတ်​ဝန်းကျင်​က ​အေးစက်​​နေ​ပေမယ့်​ သူတို့နှစ်​​ယောက်​ပတ်​လည်​မှာ အရမ်းပူ​​လောင်နေသည်​။ လုရွှမ်ရဲ့ နတ်ခန္ဓာကိုယ်သည် အလင်းရောင်ကို ထုတ်လွှတ်နေပြီး နတ်ဘုရားမ၏ နတ်ခန္ဓာကို အမှန်တကယ် စုပ်ယူသွားခဲ့သည်။

ယခု သူသည် နတ်ဘုရားမ၏ ဝိညာဉ်အပိုင်းအစများ အားလုံးကို အတူတကွ ပြန်လည်ပြုပြင်ခဲ့တာ အရာအားလုံးက နဂိုအတိုင်း ပြန်ဖြစ်လာပြီ။ လုပ်စရာတစ်ခုပဲ ကျန်တော့တာက နောက်ဆုံးအဆင့်ပါပဲ။

ဝိညာဉ်ကို အသက်သွင်းပြီးရင် အရာအားလုံး ပြီးသွားပြီ။ ဒါပေမဲ့ ဒီအဆင့်က ပြောဖို့ ရိုးရှင်းပေမယ့် လုပ်ရတာ အလွန်ခက်ခဲပါ၏။

ဤအခိုက်အတန့်တွင် အဆင့်မြင့် အဂ္ဂိရတ်ဆေးနှင့် ကောင်းကင်မြေကြီး၏ ရတနာများအားလုံးကို အရည်အဖြစ် ပြောင်းလဲ၍ လင်းလုံအမေ၏ ခန္ဓာကိုယ်ထဲသို့ သွန်းလောင်းကာ သူမကို လုံးဝ ဖုံးအုပ်ထားလိုက်သည်။

ဤဆေးဖက်ဝင် အရည်များက သူမခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ထိုးဖောက် ဝင်ရောက်နေစဥ် တစ်ဆက်တည်း စိတ်ဝိညာဉ်ကိုလည်း အာဟာရ ဖြစ်စေသည်။ လုရွှမ် နောက်ဆုံးအဆင့်ကို အချိန်အတော်ကြာအောင် မလုပ်ဆောင်ဘဲ ဘယ်လို လုပ်ရမလဲကို တွေးနေမိသည်။

စိတ်လှုပ်ရှားဖွယ်ရာ စိတ်ဝိညာဉ်သည် အလင်းရောင်များဖြင့် လုံးလုံးလျားလျား လင်းထိန်ပြီး စုံလင်စွာ ပေါင်းစပ်နိုင်နေပါပြီ။ ဘယ်သူကမှ စကားမပြောကြ။ လင်းလုံ အလွန်ပင်ပန်းနေသော်လည်း သူမက အဂ္ဂိရတ်ဆေး ဆက်လက်သောက်ရင်း တောင့်ခံနေဆဲ ဖြစ်သည်။

"နတ်ဆိုးသခင်... ခွင့်လွှတ်ပါ ပြီးတော့ အဒေါ်ရဲ့ မျက်ခုံးတွေကို လက်ဖဝါးနဲ့ ထိရလိမ့်မယ်...ကျွန်တော် နည်းလမ်းတစ်ခု စဉ်းစားမိတယ်... အဒေါ်ရဲ့ နတ်မီးလုံးတွေနဲ့ မျှော်စင်ကို တစ်ပြိုင်တည်း လှုံ့ဆော်ပေးနိုင်တယ်... အဲဒါက အဒေါ့်ကို နိုးလာနိုင်အောင်ပါ... သူ့ကိုယ်သူ ပြုစုပျိုးထောင်ပြီး နတ်ဝိညာဥ်ကို ပြန်အသက်သွင်းမယ်... အဲဒီလိုဆိုရင် ဆယ်စုနှစ်များစွာ ကြာပြီးရင် သူမရဲ့ အရည်အချင်းတွေကို အပြည့်အဝ ပြန်ရလာလိမ့်မယ်..."

"ကောင်းပြီ!"

လင်းလုံ: "စလိုက်ပါတော့!"

လုရွှမ်သည် သူ့နောက်က စွမ်းအားတွေ မရှိတော့သလို သူ့ခန္ဓာကိုယ်က ထော့နဲ့နဲ့ ပြုတ်ကျလုမတတ် ခံစားလိုက်ရပေမယ့် သူ့ရဲ့ နတ်ဝိညာဉ်က ကြိုးတစ်ဒါဇင်လောက် အမြန် ခွဲထွက်သွားပြီး နေရာတိုင်းမှာရှိတဲ့ နတ်မီးလုံးတွေကို လှုံ့ဆော်ပေးလိုက်သည်။

ကြီးမားသော အင်အားတစ်ခု ပြေးထွက် ရိုက်ခတ်လာတာကြောင့် လုရွှမ်ပါးစပ်မှ သွေးတစ်လုတ်ကို မှုတ်ထုတ်ရင်း နောက်သို့ လဲကျသွားသည်။ ဒါက တစ်ဖက်လူရဲ့ နတ်ခန္ဓာကို စုပ်ယူထားရာကနေ နတ်ခန္ဓာကိုယ်နှစ်ခု တိုက်မိခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

သို့သော် အချိန်ကာလ တစ်ခုကြာသရွေ့ နတ်ဘုရားမသည် သူမ၏ နတ်ခန္ဓာကို တစ်ဖန်ပြန်လည်ရရှိမှာပင်။

မိစ္ဆာသခင်၏ ခန္ဓာကိုယ်သည်လည်း တုန်ခါသွား၏။ လူနှစ်ယောက်၏ စွမ်းရည်များသည် နတ်ဘုရားမ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကာ သူမ၏ဝိညာဉ် စတင် နိုးထလာချိန်တွင် သဘာဝအတိုင်းပင် ပြင်းထန်သော စွမ်းအားတစ်ခု ရှိနေသည်။

"မေမေ နိုးလာပြီလား"

လင်းလုံ ဝမ်းသာအားရ အော်လိုက်သည်။

"ဖေဖေ အဆင်ပြေရဲ့လား"

"အစ်ကိုလုရွှမ်ရော အဆင်ပြေရဲ့လား"

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး မတ်တပ် ထရပ်လိုက်သည်။ ဤစွမ်းအားသည် အမှန်တကယ်တော့ ကြီးကြီးမားမား မဟုတ်သော်လည်း နတ်ဘုရားမကို ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ၎င်းတို့မှာ စွမ်းအားကို လုံးဝ မတိုးဝံ့ကြပေ။

မိစ္ဆာသခင်သည် သူ့ဇနီးရှေ့သို့ အပြေးအလွှား ရောက်သွားသည်။ ဇနီးကို ကြည့်နေတဲ့ သူ့မျက်လုံးများက ငယ်ရွယ်တုန်းကကဲ့သို့ ဖြူစင်သွားကာ ရုတ်တရက် မျက်ရည်များပင် ဝဲလာသည်။

လင်းလုံအမေ :"ကျွန်မ နိုးနေပြီလား...."

လင်းလုံ: "ဟုတ်တယ် အမေ... အစ်ကိုလုရွှမ် အမေ့ကို ကယ်လိုက်တာ"

"ကျွန်​တော်အဒေါ့်ကို နှုတ်ဆက်ပါတယ်...."

လုရွှမ်ဆိုရင်း နံဘေးက ဆေးလုံးကြီးကို ကိုင်လျက် အာဟာရများ စုပ်ယူလိုက်သည်။ ယခုအခါတွင် သူ့ခန္ဓာကိုယ်က ဗလာနတ္တိ ဖြစ်နေသောကြောင့် ကောင်းကင်ဘုံသခင်ပင်လျှင် သူ့ကို အနိုင်ယူနိုင်လောက်၏။ စွမ်းအင်ကို သန့်ရှင်းစွာ စုပ်ယူနိုင်ပြီးမှ သူ့​ခွန်အားကို ပြန်လည်ရရှိပေမည်။

သုံးယောက်သား ဝမ်းသာအားရ အော်ဟစ်ပြီး ပွေ့ဖက်ထားကြသည်။

လုရွှမ်မှာ ယွမ်ယန်ကျင့်စဥ်က အသက်ဝင်လာပြီးနောက် အမြန်ပြန် ကောင်းလာသော်လည်း သူသည် ယခင်က အခြေအနေသို့ ပြန်လည်ကောင်းမွန်လိုပါက ကောင်းကောင်း အနားယူရမည်။

သူတို့သုံးယောက်ကို နှုတ်ဆက်စကား မပြော​တော့ဘဲ လုရွှမ် အလိုအလျောက် ထွက်ခွာသွားခဲ့သည်။ မိသားစုဝင် သုံးယောက်သည် သာယာသော အိမ်လေးထဲတွင် ရှိနေသယောင် နွေးထွေးစွာ ပွေ့ဖက်ထားကြလေ၏။

လုရွှမ် ယခင်နေထိုင်ရာသို့ ပြန်သွားရာ လမ်းတစ်လျှောက်တွင်ရှိ မိစ္ဆာသားရဲများ အားလုံးသည် မင်းသမီးလေးရဲ့ သူငယ်ချင်းဖြစ်ကြောင်း သိကြသဖြင့် သူ့ကို မတားဆီးနိုင်ခဲ့ကြပေ။

သုံးရက်လောက် ကောင်းကောင်း အနားယူလိုက်သည်။ အိပ်ရာက နိုးလာတဲ့အခါ သားရဲတစ်ကောင်က လုရွှမ်ကို စကားပြောဖို့ တောင်ပေါ်တက်ဖို့ ဖိတ်ခေါ်လာ၏။ လင်းလုံတို့ သုံးယောက်သားက လုရွှမ်ကို စောင့်နေတာ ကြာပြီဟု ဆိုသည်။

ခန်းမကြီး အတွင်းရှိ နတ်ဘုရားမ၏ အနေအထားသည် ပြန်လည် ကောင်းမွန်လုနီးပါးဖြစ်ပေမာ့် သူမ ယခင်ကကဲ့သို့ အားနည်းနေ​သေးသည်။ လုရွှမ်ကို ကြည့်လိုက်သော မျက်လုံးများသည် ကြင်နာမှု အပြည့်ဖြင့်။ သူတို့နှစ်ဦးစလုံးသည် လူသားများ ဖြစ်ကြပြီး ဤအရာမှာ ၎င်းတို့ တူညီသော အရာတစ်ခုသာ ဖြစ်သည်။

လုရွှမ် သူမကို ကယ်တင်ခဲ့တာ ဖြစ်လို့ ပိုတောင် ကျေးဇူးတင်နေခဲ့သည်။ အရင်က လင်းလုံနဲ့ လုရွှမ်တို့ကြားက ဆက်ဆံရေး အကြောင်း အတိအကျ မေးကြည့်ဖူးသည်။ အခုအချိန်မှာတော့ မိစ္ဆာသခင်က လုရွှမ်ကို ဉာဏ်ကြီးရှင်တစ်ယောက်အဖြစ် ခံယူထားရတာ သေချာပါ၏။

ဒီလိုပါရမီရှင်ကိုသာ သားမက်တော်ထားလိုက်ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

လင်းလုံစကားကနေ လုရွှမ်ရဲ့ နှလုံးသားထဲတွင် အခြားတစ်ယောက် ရှိနေပြီကို သိလိုက်ရသဖြင့် စိတ်ပျက်သွားခဲ့သည်။

ဆုချခြင်းအကြောင်း ဆွေးနွေးတာက လုရွှမ် အနှစ်သက်ဆုံး အကြံအစည် ဖြစ်လေသည်။ ထိုသုံးယောက်ကို ထပ်ခါတလဲလဲ ကျေးဇူးတင်ပြီးနောက် ကောင်းကင်ရေကန်ထဲ ဝင်သွားခဲ့သည်။

နတ်ဘုရားမ နိုးလာတော့မှ သူ့မှာ သက်ပြင်းချနိုင်သည်။ မိစ္ဆာသခင်သည် သူ့ပါရမီကို ကြောက်သော်လည်း နတ်ဘုရားမ အနားတွင် ရှိနေရင်တော့ လူသား အနေနဲ့လည်း သူဘေးကင်းလိမ့်မည်။

အခု လုရွှမ် ဒီကနေ အမြန်ဆုံး ထွက်သွားချင်နေပြီ။ မည်သို့ပင်ဆိုစေကာမူ မည်သည့်အထောက်အထားမျှ သို့မဟုတ် နောက်ခံမရှိသော လူသားတစ်ဦးက မိစ္ဆာသားရဲများ ပြည့်နှက်နေသည့်နေရာ၌ ရှိနေတာက အပြစ်မရှိဘူးဟု မဆိုလိုချေ။

နောက်ဆုံးတော့ ကောင်းကင် ရေကန်ထဲကို ရောက်လာမှ လုရွှမ် စိတ်အေးချမ်းသာသာနဲ့ ပျော်မွေ့လာခဲ့သည်။ ၎င်းက ရိုးရှင်းသော ရေကူးကန်နှင့် တူသည်။ အလွန်လည်း တိတ်ဆိတ်ဆိတ်ငြိမ်သည်။ ဒါက အစွမ်းထက်တဲ့ ရေကန်လားလို့ မခွဲနိုင်လောက်အောင်ပင်။

သို့သော် အထဲဝင်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲသို့ အံ့ဖွယ်စွမ်းအင် တစ်ခု တိုးဝင်လာတာကို ခံစားလိုက်ရသည်။ သူ့ရဲ့နတ်ခန္ဓာကိုယ်က တောက်ပလာကာ စုပ်ယူထားသည့် နတ်ဘုရားမ၏ နတ်ခန္ဓာကိုယ် အစိတ်အပိုင်းများကလည်း တဖြည်းဖြည်း ပေါင်းစပ်သွားသည်။

နတ်ခန္ဓာကိုယ်က သူ့ခန္ဓာကိုယ်ထဲကို ဝင်သွားကာ အံဝင်ခွင်ကျ ဖြစ်သွား၏။

ရေကန်ထဲက ရေတွေ သူ့ခေါင်းကို ဖုံးလွှမ်းသွားတဲ့အခါ သလင်းကျောက်တွင်းက ရလာတဲ့ စိတ်ဝိညာဉ်ဟာ တဖြည်းဖြည်း ပြောင်းလဲလာပေမယ့် သူ့ကိုယ်ပိုင် ဝိညာဉ်စွမ်းအားအဖြစ် ဆက်လက် ပြောင်းလဲသွားတာ ခံစားလာရသည်။

နောက်တစ်နေ့ မိုးလင်းတော့ လုရွှမ် ရေထဲက ခုန်ထွက်လာခဲ့သည်။ နတ်ခန္ဓာကိုယ်က အရင်ကထက်ကို ပိုတောက်ပလာနေ၏။ ဒါဟာ ဖော်ပြလို့မရနိုင်တဲ့ ခံစားချက်တစ်ခု ဖြစ်ပေမယ့် အရင်ကနဲ့ မတူတာကိုတော့ သတိထားမိနိုင်သေးသည်။

ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ ပိုလွယ်လာသည်။

"ဟာဟား...ကောင်လေးက သူ့ခွန်အားတွေ အများကြီး တိုးလာပုံရတယ်"

မိစ္ဆာသခင်ရဲ့ အသံ ထွက်ပေါ်လာပြီး သူ့အနားတွင် နတ်ဘုရားမနှင့် လင်းလုံတို့ ရှိနေသည်။ လုရွှမ် သူတို့သုံးယောက်ဆီ ပျံသန်းသွားပြီး ဂါဂရပြု၍ စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်စကား ပြောလိုက်သည်။

"ကောင်လေး... မင်းမှာ ဘာအစီအစဉ်ရှိလဲ"

မိစ္ဆာသခင်က မေးလာသည်။ သူ့မျက်လုံးတွေက လုရွှမ်ရဲ့အစီအစဉ်ကို နားလည်ထားပြီးသားလို့ ပြောနေသယောင်ပင်။

"ဒီငယ်သားက ခွန်အားကို မြှင့်တင်ရမှာပါ... နှစ်ပေါင်း တစ်ရာကျော်ကြာပြီးရင် ရောက်လာမယ့် အာကာသ သတ္တဝါတွေရဲ့ ကျူးကျော်မှု အတွက် ပြင်ဆင်ဖို့ တခြား ​​ဒေသ​ကြီးတွေကို သွားရမယ်..."

"အာကာသသားရဲတွေရဲ့ ကျူးကျော်မှုလား?"

လုရွှမ်သည် မိစ္ဆာသားရဲများ ရှင်းရှင်းလင်းလင်း သိစေရန်အတွက် အာကာသမှ သားရဲများအကြောင်း တမင်တကာ ထုတ်ပြောခဲ့သည်။

ယခု သူသည် အာကာသသတ္တဝါများ၏ ကျူးကျော်မှုကို အသေးစိတ် ပြောပြလိုက်တဲ့အခါ နတ်ဘုရားမ၏ အမူအရာ ပြောင်းလဲသွားကာ မိစ္ဆာသခင်၏ အမူအရာမှာ ပို၍ပင် ဆိုးရွားလာသည်။

အာကာသ သတ္တဝါများ ကျူးကျော်ဝင်ရောက်ပြီးသည်နှင့် လူသားတို့၏ အနောက်ဖက်ဒေသကို သာမက မြေကမ္ဘာ တစ်ခုလုံးကိုပါ သိမ်းပိုက်ပစ်မှာ ဖြစ်သည်။

All Chapters