← Chapters

နားမလည်နိုင်သော လိုက်စားမှု

Vol. 126 Ch. 4.1397

နားမလည်နိုင်သော လိုက်စားမှု

Vol. 126 Ch. 4.1397

လုရွှမ် နောက်ထပ် ရက်အနည်းငယ်လောက်အထိ သားရဲတစ်သောင်း မဟာမိတ်တွင် နေထိုင်ခဲ့ပြီး အာကာသသတ္တဝါများ အကြောင်း ဇာတ်လမ်းကို အလုံးစုံ ပြောပြပြီးနောက်တွင်မှ နောက်ဆုံးတွင် ထွက်ခွာရန် ရွေးချယ်ခဲ့သည်။

သူနဲ့ ငှက်အိုကြီးတို့ ယဇ်ပလ္လင်ပေါ် တက်စီးပြီး တယ်လီပို့လိုက်သည်။ ကျန်​နေတဲ့ အကွာအဝေးမှာ ရပ်နေကြတဲ့ လူနှစ်ယောက်ကတော့ နတ်ဘုရားမနဲ့ မိစ္ဆာသခင်ပါပဲ။

"ဒီကလေးက ဆင်းရဲဒုက္ခကနေ လွတ်မြောက်ချင်လို့ ထွက်သွားတာ ဖြစ်နိုင်တယ်... သူက ငါ့ကို မယုံနိုင်သေးတာများလား"

နတ်ဘုရားမက နူးညံ့စွာ ပြုံးပြီး "ရှင် သူ့ကိုသတ်ဖို့ တစ်ခါမှ မတွေးမိ​​စေနဲ့"

"လင်းလုံ​ကြောင့် ကိုယ် စိတ်မဆိုးပါဘူး... သူနဲ့လင်းလုံသာ လင်မယားဖြစ်သွားရင် ကိုယ် စိတ်သက်သာရာရမှာပဲ..."

"မေ့လိုက်ပါတော့... အခု ဆယ်စုနှစ်အတွင်းမှာ ကပ်ဘေးတိုက်တော့မှာမို့ ပြင်ဆင်ထားလိုက်အောင်"

တစ်ဖက်မှာတော့ အလင်းတန်းတစ်ခု လင်းလက်လာပြီး လုရွှမ်နဲ့ ငှက်အိုကြီးတို့ ပေါ်လာသည်။ လုရွှမ်မှာ အနည်းငယ် မူးဝေသွားသလိုတောင် ခံစားလိုက်ရ၏။

"သခင်... ခဏလောက် စိတ်အေးအေးထားရအောင်"

လုရွှမ် ပတ်ဝန်းကျင်ကို လှမ်းကြည့်သော်လည်း တောဆိုတာကလွဲလို့ ဘာမှမရှိနေပေ။

"ဟိုဘက်ကို သွားကြည့်မယ်..."

ဒီပျံသန်းမှုဟာ ဆယ်ရက်ကျော်ကြာပြီး နောက်တော့ သူတို့နှစ်ယောက် တစ်နေရာ အရောက်မှာ တုန်လှုပ်သွားပြီး နောက်ထပ် ရှေ့ဆက်တိုးဖို့ သတ္တိမရှိတော့ချေ။ ဤနေရာတွင် လူနှစ်ယောက် ပြိုင်နေကြသည်။

တကယ်တော့ သူတို့နှစ်ယောက် မလှုပ်ရင်တောင် ပြင်းထန်တဲ့ လူသတ်ရောင်ဝါက အနီးနားက သတ္တဝါ အားလုံးကို ကြောက်လန့် သွားစေမှာ အသေအချာပင်။ ပြီးတော့ သူတို့နှစ်ယောက်က အဲ့အနီးနားကို မတော်တဆ လမ်းလျှောက်သွားမိသွား၏။

"အကြီးအကဲတို့ တကယ် တောင်းပန်ပါတယ်... ဒီနေရာက ဘယ်မှာလဲဆိုတာ ကျွန်​တော်တို့ မသိဘဲ ရောက်လာခဲ့တာပါ... ခွင့်လွှတ်ပါ ကျွန်တော်တို့ အခု ထွက်သွားပါတော့မယ်"

လုရွှမ် ဆိုရင်း ချက်ချင်း လှည့်ထွက်သွားသည်။ ငှက်အိုကြီးကလည်း ကမန်းကတန်း လိုက်သွား၏။ ဒီလူနှစ်ယောက်ရဲ့ လက်ဆတွေက သူ့ထက်သာလွန်ကာ မယှဥ်နိုင်ချေ။

"သားရဲကိုး...ဟမ့် ရောက်လာပြီ ဆိုမှတော့ ထွက်သွားဖို့ မစဥ်းစားနေနဲ့!"

လူတစ်ယောက်က လှမ်းအော်တာနဲ့ နောက်ထပ် တစ်ယောက်ကလည်း အနောက်က လိုက်အော်သည်။

"ဟုတ်တယ်... ဒီငှက်သားကို စားကြည့်တာပေါ့"

ငှက်အိုကြီးက ချက်ချင်း သူငှက်အသွင်ကို ပြောင်းပစ်လိုက်သည်။ လုရွှမ်လည်း ၎င်းရဲ့ အတောင်ပံများပေါ်သို့ ပေါ့ပါးစွာ ခုန်တက်လိုက်သည်။ ငှက်ကြီးက တိုက်ရိုက် လှည့်ပတ်သွားကာ လူတစ်ဦးနှင့် ငှက်တစ်ကောင် ကောင်းကင်သို့ ပျံတက်သွားသည်။

သေချာပေါက် 'ကံဆိုးပြီ'ဟု စိတ်ထဲမှာ အော်ဟစ်နေလေသည်။

“ဟမ့် ထွက်သွားချင်တယ်ပေါ့?? အိပ်မက်မက်နေလိုက်!”

လူကြီးနှစ်ယောက်က တစ်ပြိုင်နက် လိုက်ဖမ်းကြသည်။

သူတို့ဘာသာ ရန်ဖြစ်နေတုန်းက အနိုင်ရသူကို ရှင်းရှင်းလင်းလင်း မပြောနိုင်သော်လည်း အခုတော့ ငှက်အိုကြီးကို သတ်နိုင်သူက အနိုင်ရသူ ဟူ၍ ပြိုင်ဆိုင်နေကြသည်။ နတ်မီးနယ်ပယ် ကောင်လေး လုရွှမ်ကတော့ သေချာပေါက် အရင်သတ်မှာ ဖြစ်ပြီး ဘယ်သူမှ သူ့အား ဂရုမစိုက်နေချေ။

လုရွှမ် စိတ်ထဲက ကျိန်ဆဲလိုက်သော်လည်း သူဘာမှမတတ်နိုင်သည့် အပြင် ငှက်အိုကြီးကလည်း အရှိန်ကို လွန်ကဲစွာ မြှင့်တင်လိုက်သည်။ နောက်ပြန် လှည့်ကြည့်လိုက်တော့ လူနှစ်ယောက်က အလွန်နှေးကွေးတဲ့ အရှိန်နဲ့ သူတို့နောက်ကို လိုက်နေတုန်းပင်။

အချိန်တိုအတွင်း လိုက်မမီနိုင်ပေမယ့် နောက်ထပ် ဆယ်ရက်ခွဲတွင် လုရွှမ် ကိုယ်တိုင်က တောင့်ခံမထားနိုင်လောက်တော့ချေ။ အကြောင်းမှာ သူ မိုးကြိုးအတိဒုက္ခကို ဖြတ်ကျော်ရတော့မည်။

လက်ရှိအခြေအနေမှာ အတိဒုက္ခ အောင်မြင်သွားရင်တောင် ဒီလူနှစ်ယောက်ရဲ့ လိုက်စား​နေမှုကနေ လွတ်မြောက်နိုင်ပါ့မလား။ မဖြစ်နိုင်သလောက်ပါပဲ။

သူတို့နှစ်ဦး၏ ခွန်အားသည် သားရဲတစ်သောင်း မဟာမိတ်က မိစ္ဆာသခင်ကို မမှီသော်လည်း အနည်းဆုံးတော့ နတ်ခြေလှမ်းနယ်ပယ် တတိယနှင့် စတုတ္ထအဆင့်သို့ တက်လှမ်းထားဆဲ ဖြစ်သည်။ ငှက်အိုကြီးက နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့်သာ ရှိသေး၏။

ဒီလူနှစ်ယောက်ကို မပြောဘဲ ဒုတိယအဆင့်ကို ရောက်သွားတဲ့ သူတစ်ယောက်တောင်မှ ငှက်အိုကြီးအတွက်က ကံဆိုးနေပြီလေ။ ယခုမူကား သူတို့နှစ်ယောက်လုံးသည် သေခြင်းတရားကို ရှာဖွေမိသလို ဖြစ်သွားကြ၏။

ကံကောင်းထောက်မစွာ ၎င်းသည် ပျံသန်းနေသော သားရဲတစ်ကောင် ဖြစ်​နေခဲ့သည်။ မဟုတ်ပါက ဤလူသားနှစ်ဦးဆီမှာ အဖမ်းခံလိုက်ရမှာ သေချာသည်။

ဒီကမ္ဘာက ဘယ်လိုမျိုး လူသားတွေ ရှိနေတာလဲ။ ဘာလို့ မိစ္ဆာသားရဲ တစ်ကောင်ကိုမှ မမြင်ရတာလဲ။ သူတို့ မြောက်ဖက်ဒေသကနေ ထွက်သွားမိတာ ဖြစ်နိုင်လား။ ဒါပေမဲ့ တခြားနေရာတွေမှာ မိစ္ဆာသားရဲတွေ အများကြီး ရှိတယ် မဟုတ်ဘူးလား။

လုရွှမ်: "တောထဲကို သွား!"

ငှက်အိုကြီးလည်း လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။ လုရွှမ်ရဲ့ ခြေရာအတိုင်း လိုက်ကာ သူ့ခန္ဓာကိုယ်သည် သေးငယ်သော ငှက်ကလေးအသွင် ပြောင်းလဲသွားကာ ရေတံခွန်ထဲသို့ တိုက်ရိုက် ထိုးဆင်းသွားခဲ့သည်။

ရေထဲတွင် နှစ်မြှုပ်ပြီးနောက် လုရွှမ် ငါးငယ်တစ်ကောင်ဆီ တိုက်ရိုက် ကူးခတ်သွားသည်။ တစ်ဆက်တည်း သူ့​​ခန္ဓာကိုယ်ကို ကျောက်စိမ်းပြားထဲ ထည့်ကာ ငါးသေးသေးလေး၏ ပါးစပ်ထဲသို့ ဝင်ပုန်းနေလိုက်၏။

ဤအချိန်၌ ကျွန်ုပ်တို့သည် အန္တရာယ်ကို ရှောင်ရှားနိုင်မလားက ကောင်းကင်ရဲ့ အလိုပေါ် မူတည်သွားပြီ။ နတ်ခြေလှမ်းနယ်ပယ် လူနှစ်ယောက်သည် တောအုပ်ကို ဖြတ်သွားကာ သူတို့ရှေ့တွင် ရေတံခွန်တစ်ခုကို တွေ့သော်လည်း လုရွှမ်နဲ့ ငှက်အိုကြီးရဲ့ ခြေရာလက်ရာက မရှိပေ။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီကောင်လေးက အဲဒီဘက်ကို ပြေးသွားတာလား"

"အားလုံး မင်းအပြစ်ပဲ!"

"ဘာလဲ... မင်းက တိုက်ချင်တာလား"

"တိုက်ချင်ရင် တိုက်မယ်ဟေ့!"

နှစ်ယောက်သား ရန်ဖြစ်ကြပြန်သော်လည်း လုရွှမ်သည် သူ့ဝိညာဉ်စွမ်းအင်ကို လုံးဝ မလွှတ်ဝံ့သောကြောင့် ငြိမ်နေရသည်။ ငှက်အိုကြီးလည်း သူရောက်နေသော ဤကမ္ဘာကြီးကို မယုံကြည်နိုင်စွာ ကြည့်ကာ ဒါက သခင့်ရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက် ဖြစ်ရမည်ဟု စိတ်ထဲတွင် နားလည်သွားသည်။

ဒါပေမဲ့ အခုမှသာ တကယ်သိသွားခဲ့တာ သေချာပါ၏။ လက်ရှိ အနေအထားအရ သူ့ကို ပြောပြဖို့ဆိုတာ မဖြစ်နိုင်မှန်း နားလည်ပါသည်။ သို့သော် သခင်က စိတ်ထဲတွင် တက်ကြွသောရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။

ဆယ်ရက်အကြာတွင် လုရွှမ်တို့ ငါးဝမ်းထဲမှ ထွက်လာခဲ့သည်။ ဤငါးကို သူ၏ ကယ်တင်ရှင်လို့ သတ်မှတ်လိုက်တာကြောင့် လုရွှမ် ထိုငါးငယ်ကို ကျောက်စိမ်း​ပြားထဲသို့ ပို့လိုက်သည်။ ယခု ချောင်းငယ်က ထိုနှစ်ယောက်ရဲ့ စစ်မြေပြင်နှင့် အလှမ်းဝေးနေတာ ထင်ရှားပါသည်။

ငှက်အိုကြီးကိုလည်း ကျောက်စိမ်းပြားထဲမှာပဲ ထည့်ထားလိုက်သည်။ ဒါဟာ လူသားတွေရဲ့ နယ်မြေဖြစ်ပုံရပြီး မိစ္ဆာသားရဲ တစ်ကောင် ပေါ်လာတာက မကောင်းနိုင်ချေ။ ငှက်အိုကြီး အမြင်မှာတော့ လုရွှမ်၏ စွမ်းအားအဆင့်ကို ကြည့်လျှင် တခြားသူများကို အနိုင်ကျင့်ရန် သူ့အဆင့်ကို အားကိုးနိုင်သည်။

လုရွှမ် သူ့ဘာသာသူ ထွက်လာတော့မှ ဒီပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ ဆိုတာ သိလိုက်ရသည်။ အမှန်တော့ ဒီနေရာမှာ လူသားတွေ နယ်မြေတစ်ခုကို သိမ်းပိုက်နိုင်တာကို တွေ့ရတာ အရမ်းဝမ်းသာစရာ ကောင်းနေလေ၏။

နောက်ထပ်နှစ်ရက် ပျံသန်းပြီးနောက် လုရွှမ်သည် လူသားမြို့တော် ဖြစ်လာသည့် နေရာအား စိတ်လှုပ်ရှားစွာ ပျံသန်းလာခဲ့​လေသည်။

"သူ့ကိုဖမ်း... သူခိုးကို ဖမ်း!"

လုရွှမ် တုန်လှုပ်ခြောက်ခြားစွာဖြင့် ပြန်ကြည့်လိုက်တော့ အနီးနားတွင် သူခိုးဟု အမည်တပ်ခံရသူမှာ သူကိုယ်တိုင် ဖြစ်နေတာ တွေ့လိုက်ရသည်။ စစ်သားနှစ်ယောက် ပြေးလာပြီး လက်ထဲမှာရှိတဲ့ လှံထိပ်က အေးစက်တဲ့ အလင်းရောင်နဲ့အတူ လုရွှမ်ကို တားလိုက်သည်။

လုရွှမ်၏ ဝိညာဉ်စွမ်းအားသည် တုန်လှုပ်ခြောက်ခြားမှု မရှိဘဲ ပတ်ဝန်းကျင် တစ်ခုလုံးကို လျင်မြန်စွာ ဖြတ်ကျော်သွားကာ။

"မင်းတို့နှစ်ယောက်ကို ငါမေးလို့ရမလား... ဒါက ဘယ်​နေရာလဲ?"

လူတစ်ဦး၏ မျက်လုံးက သနားခြင်း အရိပ်အယောင်ကို ပြသနေချိန်တွင် အခြားလူ၏ မျက်လုံးများက လှောင်ပြောင်မှု အပြည့်ရှိသည်။ ထိုအချိန်တွင် သူခိုးဟု အော်ခဲ့သော လူ ရောက်လာ၏။ ၎င်းက မိန်းကလေး ဖြစ်သော်လည်း လူငယ်ကဲ့သို့ ၀တ်ဆင်ထားသည်။

သူမက ပျော်ရွှင်စွာ ပြေးထွက်လာကာ လုရွှမ်ကျောနောက်က ချင်ထျန်းဓားကို ဆွဲကိုင်လိုက်သည်။ လုရွှမ်ဆီက လေသံ တိုးတိုးလေးနဲ့အတူ စွမ်းအားတွေ တဟုန်ထိုး တက်လာပြီး ထိုအမျိုးသမီးကို မောင်းထုတ်ပစ်လိုက်သည်။

"သခင်မလေး... ကျေးဇူးပြုပြီး တခြားလူရဲ့လက်နက်ကို လက်လွှတ်စပယ် မထိနဲ့ ဟုတ်​ပြီလား"

"ဟမ့် ဘာနင့်လက်နက်လဲ? အဲဒါသေချာပေါက် ငါ့လက်နက်ပဲ! နင်က ခိုးသွားပြီးတော့ နင့်ရဲ့ လက်နက်ပါလို့ ပြောဖို့ သတ္တိရှိသွားပြီပေါ့လေ... တကယ်ကို အရှက်မရှိဘူး...စစ်သည်နှစ်ယောက် သူ့ကို ဖမ်းလိုက်! "

All Chapters