← Chapters

မကောင်းတဲ့ မိန်းမ

Vol. 126 Ch. 4.1398

မကောင်းတဲ့ မိန်းမ

Vol. 126 Ch. 4.1398

ထိုအချိန်တွင် လူများစွာမှာ လုရွှမ်ကို ကြည့်နေကြပြီ။ အများစုမှာ ခေါင်းယမ်းကာ စကားမပြောဘဲ စာနာစိတ်ဖြင့် အရိပ်အမြွက် ပြနေကြသည်။ လုရွှမ်စိတ်က ချက်ချင်းပဲ တုံ့ပြန်လိုက်သည်။

ဤမိန်းမပျိုသည် ဤမြို့၌ ထူးကဲသောအဆင့်အတန်းနှင့် နောက်ခံရှိရမည ထို့ကြောင့် သူမက လမ်းမပေါ်မှာ ပြောင်ပြောင်တင်းတင်း လုယက်ဝံ့တာပင်။ သူ့စိတ်ထဲတွင် ဤမိန်းမ သခင်ငယ်အပေါ် ကောင်းသော အထင်ကြီးခြင်း မရှိသောကြောင့် စိတ်မပါစွာ ​ပြောလိုက်သည်။

"သခင်ငယ်လေး... တစ်ခုခုကို ပေါ့ပေါ့တန်တန် မမက်မောတာ ပိုကောင်းမယ်... မဟုတ်ရင် မင်း အဲဒါကို အခွင့်ကောင်းယူပြီးတာနဲ့ ဆုံးရှုံးမှုကြီးကြီးမားမား ခံစားရလိမ့်မယ်"

မိန်းမပျိုက သက်ပြင်းချရင်း "နင်က ဘယ်သူလဲ...ငါ့ကိုဒီစကားမျိုး ပြောရဲတယ်ပေါ့... နင့်ဓားကို ငါ့ဆီ ပစ်ပေးလိုက်စမ်းပါ"

လုရွှမ် အစောင့်နှစ်ယောက်ကို လှောင်ပြောင်ကာ ကြည့်လိုက်သည်။

"မင်းကိုယ်တိုင် လုပ်လိုက်ရင် ပိုကောင်းမယ်ထင်တယ်"

“လာဆိုလည်း လာတာပေါ့” မိန်းမပျိုက လှမ်းအော်သည်။

လုရွှမ် သူ့ကို မတားတော့ပေ။

"ဟမ့် နင့်ကို မျက်မှောက်ရေးရာကို သိတဲ့ ပညာရှိတစ်ယောက်လို့ မှတ်ယူ​ပေးလို့ ရပါတယ်"

လုရွှမ် မကန့်ကွက်ချေ။ လုရွှမ် ရှုံးသွားပြီလို့ ထင်တဲ့ အမျိုးသမီးငယ်က ကျေနပ်စွာ ပြုံးလိုက်သည်။

"ဒါက ဘာလဲဆိုတာ ငါကြည့်ချင်တယ်... နတ်မီးနယ်ပယ်က ဘယ်လိုလက်နက်ကို သယ်လာပါလိမ့်?"

မိန်းကလေးမှာ ဓားကို ဆွဲထုတ်ရန် အပြင်းအထန် ကြိုးစားခဲ့သော်လည်း ခွန်အားကုန်သော်လည်း ချင်ထျန်းဓားကို လုံးဝ မဆွဲထုတ်နိုင်ခဲ့ပေ။

"ဒီဓားက ဘယ်လိုဓား​စုတ်ကြီးလဲ"

ထိုမိန်းကလေး ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

ချွင်း!

ချင်ထျန်းဓားသည် ကောင်းကင်လက်နက် တစ်ခုဖြစ်သောကြောင့် စော်ကားဝံ့သူများကို သဘာဝအတိုင်း သက်ညှာပေးမှာ မဟုတ်။ ၎င်းကအလိုအလျောက် ပျံသန်းသွားစဥ် ထိုမိန်းကလေးရဲ့ ပါးစပ်မှ သွေးများ စီးကျလာ​တော့သည်။

သူ့ပတ်ဝန်းကျင်က လူတွေအားလုံး တိတ်ဆိတ်သွားသည်။ ဒီအမျိုးသမီးဟာ စိတ်အနှောက်အယှက် ဖြစ်ပေမဲ့ သူမမှာ ခိုင်မာတဲ့ နောက်ခံရှိပြီး အရည်အချင်းကောင်း ရှိမှန်း သိကြသည်။ နောက်ပြီး သူမရဲ့ စွမ်းရည်တွေက မျှော်စင်နယ်ပယ်ရဲ့ တတိယအဆင့်မှာ ရှိနေတယ်လေ။

ဓားအသံသည် သူမလက်ဖဝါးကို ဖြတ်တောက်သွားပုံမှာ ကျားပါးစပ်ကို ကွဲသွားစေသည့် အတိုင်းပင်။ ဒီဓားက တကယ့်ကို ထူးထူးခြားခြားပဲ။

ဒါကို လူတိုင်း မြင်သလို မိန်းမပျိုလည်း ရှင်းရှင်းလင်းလင်း ခံစားရပါ၏။ သူမသည် ဓားကို အလျင်အမြန် ဖမ်းဆုပ်လိုက်သော်လည်း ချင်ထျန်းဓားသည် အလိုအလျောက် လွတ်မြောက်သွားပြီး သူမရဲ့ ဆုပ်ကိုင်မှုကို ရှောင်သွားခဲ့သည်။

"ခွေးကောင် နင်က ဒုက္ခပေးချင်နေတာလား... သူ့ကိုဖမ်းစမ်း!"

အစောင့်နှစ်ယောက်သည် ရှေ့သို့ လျင်မြန်စွာ လျှောက်လာပြီး လုရွှမ်ကို လှမ်းဆွဲလိုက်သည်။ လုရွှမ်ရဲ့ ခန္ဓာကိုယ်က မလှုပ်ရှားသွားဘဲ နှစ်ယောက်သား လုရွှမ်လက်မောင်းကို ထိမိသည်နှင့် ကွဲထွက်သွားသည်။

အစောင့်နှစ်ယောက်၏ အမူအရာများ ဆိုးရွားသွားသည်။ သူတို့ဟာ မျှော်စင်နယ်ပယ် ဆဋ္ဌမအဆင့်တွင် ရှိခဲ့သော်လည်း နတ်မီးနယ်ပယ် ကောင်လေး လက်ဖြင့် လွင့်သွားလေသည်။ ဝိုင်းကြည့်နေကြတဲ့ လူတွေလည်း စကားစပြောလာကြ၏။

"အခုလူက သာမာန်လူတစ်ယောက်လို မဟုတ်ဘူးနော်"

"ဟုတ်တယ် သူဒီကို တစ်ယောက်တည်း လာတာ မြင်လိုက်တယ်... သူ့မှာ ခွန်အား သိပ်မရှိဘဲ တစ်ယောက်တည်း ဒီကိုလာရဲတယ်တဲ့.."

"ကောင်လေးကို ကြည့်ရတာ ပြဿနာကို နှိုးဆော်ဖို့ ကြိုးစားနေပုံပဲ"

လုရွှမ် သူ ဤနေရာသို့ ဝင်ရောက်လာသောအခါတွင် လူသားမြို့ ရောက်ပြီဟူ၍ ဝမ်းသာနေခဲ့၏။ သို့သော် တစ်စုံတစ်ယောက်က သူ့​ဓားကို ခိုးဖို့ ကြံစည်နေမယ်လို့ မထင်ထားချေ။ မိစ္ဆာသားရဲတွေဆီမှာ မကြုံခဲ့ရဘဲ လူသားများ နေရာရောက်မှ ဤမျှ ထူးဆန်းသော အရာများကို ကြုံတွေ့​နေရသည်။

သူ့ဒေါသကို ထုတ်ပစ်ချင်လာသည်။ ထို့အပြင် သူ့ရဲ့ အတိဒုက္ခ ကပ်ဆိုးကြီးသည် နီးကပ်လာနေကြောင်း ခံစား​နေရပြီး ၎င်းကို ထိန်းမနိုင်တော့ချေ။

"ဟမ့် ဒီဓားကို ဆွဲထုတ်လို့ မရဘူးလို့ ငါမယုံဘူး!"

ထိုမိန်းကလေး အော်ဟစ်နေစဥ် လုရွှမ် ရှေ့သို့ လှမ်းတက်ကာ သူ့လက်ဖဝါးကို ဆန့်တန်း၍ ချင်ထျန်းဓားကို ပြင်းထန်စွာ ဆွဲထုတ်လိုက်လေသည်။ အေးစက်သော အလင်းတန်းတစ်ခု လင်းလက်လာပြီး ဓားက လူတိုင်းရှေ့တွင် ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် အမျိုးသမီး၏ ဦးခေါင်းမှာ ပျံတက်သွားသည်။ လုရွှမ် ခုန်တက်လာပြီး ထိုခေါင်းကို ကန်ထုတ်လိုက်ရာ ခေါင်းက တစ်ချက်တည်းနဲ့ ပေါက်ကွဲသွား၏။

သွေးများက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသလို အသားအပိုင်းအစများ နေရာတိုင်းတွင် ရှိနေသည်။

လုရွှမ် အစောင့်နှစ်ယောက်ကို ကြည့်လိုက်တဲ့အခါ နှစ်ယောက်သားက အလွန်ထိတ်လန့်သွားကာ အမြန်ပဲ ထွက်ပြေးသွား၏။ လုရွှမ်ကတော့ သူ့ဓားကို တိုက်ရိုက် ဝေ့ယမ်း၍ ၎င်းတို့နှစ်ဦးကို ပျင်းရိစွာ သတ်ပစ်ခဲ့ရာ အနီးနားရှိလူများ ထိတ်လန့်သွားကြသည်။

လုရွှမ် လူသတ်သွားသော နည်းလမ်းများက အလွန်ကြမ်းတမ်းလွန်းသဖြင့် ဘယ်သူကမှ အသံမထွက်နိုင်တော့။ သူက အမျိုးသမီးကို ခေါင်းဖြတ်ပြီး ကန်ထုတ်ပစ်လိုက်သေးသည်။

"အဲဒါက ကောင်းကင်လက်နက်လား"

နောက်ဆုံးတွင် လူတစ်ယောက်သည် လက်နက်ကို မြင်ပြီး အော်ဟစ်လိုက်သည်။

တစ်ဖက်မှာတော့ လုရွှမ်က သူ့လက်ဖဝါးကို ပေါ့ပေါ့တန်တန် လှည့်ကာ ကောင်းကင် မီးလုံးကြီးတစ်ခုဖြင့် အမျိုးသမီး၏ ခန္ဓာကိုယ်ကို ပြာချပေးလိုက်သည်။

"အဲဒါ ကောင်းကင်မီးပဲ... ဘုရားရေ တကယ်ပဲ ကောင်းကင်မီးပဲဟ"

လုရွှမ် နောက်ထပ် မီးတောက်တစ်ခုကို ပစ်ခတ်လိုက်ရာ အစောင့်တစ်ဦး၏ ခန္ဓာကိုယ်ကို ထိမှန်သွားသည်။

"မြေမီး၊ အဲဒါ မြေမီး!"

နောက်ထပ် မီးတောက်တစ်ခု ထွက်ပေါ်လာ​ပြမ်သည်။

"အမလေး... အဲဒါ ဖီးနစ်နတ်မီး!"

အသံများ တစ်သံပြီးတစ်သံ အော်ဟစ်နေချိန်တွင် လုရွှမ် ချင်ထျန်းဓားကို သိမ်းပစ်လိုက်ပြီ။ သူသည် သူ့ပတ်ဝန်းကျင်ရှိ လူများကို အေးစက်စွာ စိုက်ကြည့်ကာ မြို့တံခါးဆီသို့ လျှောက်သွားခဲ့သည်။

လုရွှမ်နောက်ကျောက ဝေးကွာသွားသည့်တိုင်အောင် ပတ်ဝန်းကျင် တစ်ခုလုံးက ဆူညံနေကာ လူတိုင်း၏ အသံများကလည်း မရပ်ကြသေးချေ။

"အခု ဖူထူမြို့က အရမ်းအသက်ဝင်နေပြီပဲ!"

နတ်မီးနယ်ပယ် ကိုးအဆင့်တွင် ရှိနေဆဲဖြစ်သော နယ်မြေခြား ကျင့်ကြံသူသည် နာမည်ဆိုးဖြင့် ကျော်ကြားသော မြို့သခင်၏ တတိယမြောက် သမီးပျိုကို အမှန်တကယ် သတ်ပစ်လိုက်သည်။

ထိုသတင်းသည် တခဏချင်းတွင် ဖူထူမြို့တော်တစ်ခုလုံး ပျံ့နှံ့သွားပြီး လူအားလုံးက လုရွှမ် အကြောင်း ပြောဆိုလာကြသည်။ အထူးသဖြင့် ကောင်းကင်မီး၊ မြေမီးနှင့် ဖီးနစ်နတ်မီးတို့အပြင် အလိုအလျောက် သတ်နိုင်သော ကောင်းကင်လက်နက် အကြောင်းလည်း ပါ၏။

ဒီလူကို ဒုက္ခပေးဖို့ သီးသန့်လာခဲ့တာလို့ ပြောကြပေမယ့် သူကတော့ တခြားသူတွေရဲ့ ကဲ့ရဲ့စကားတွေသာ ခံနေရသည်။ သို့သော် တတိယသခင်မလေးနဲ့ ပတ်သက်ပြီးတော့ တစ်မြို့လုံး မသိသူမရှိ။

နောက်ဆုံးတော့ တစ်ယောက်ယောက်ကတော့ သတ်ပစ်မယ်လို့ မျှော်လင့်သူတွေ၊ ဒီခွေးမကို တိတ်တဆိတ် ကျိန်ဆဲနေတဲ့သူတွေ ဘယ်လောက်ရှိလဲ မသိပေမယ့် အခုတော့ ဒီလိုသတ်တဲ့လူက ပေါ်လာပါပြီ။

လုရွှမ်၏ မူလဇစ်မြစ်အကြောင်း ဆွေးနွေးနေသော လူများစွာက သူဟာ ဤနေရာသို့ ပါရမီရှင်များအတွက် ယှဉ်ပြိုင်ဖို့အတွက်သာ လာခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဆိုလေ၏။ ဒီကိုရောက်တာနဲ့ မြို့သခင်ရဲ့ သမီးကို စော်ကားတာက ပညာရှိလုပ်ရပ် တစ်ခုတော့ ဟုတ်မနေပေ။

လုရွှမ်သည် သူ့ပတ်ဝန်းကျင်ရှိ လူများ၏ မှတ်ချက်များကို လျစ်လျူရှုကာ ရွှေကျီးကန်း လိုအပ်သော ပစ္စည်းများကို ဝယ်ယူရန် ဆေးဆိုင် အသီးသီးသို့ တန်းတန်းမတ်မတ် သွားနေသည်။ သူ့အဆိုအရ ပြန်လည်မွေးဖွားခြင်း သေရည်သည် သန့်စင်ရန် အဆင်သင့် ဖြစ်လုနီးပါး ဖြစ်နေပြီ။

မွေးဖွားခြင်း ရေရှိလျှင် လုရွှမ် ဘယ်လောက်ပဲ ဒဏ်ရာရထားပါစေ တစ်ငုံသောက်လိုက်တာနဲ့ ခွန်အားတွေ ပြန်ပြည့်လာနိုင်သည်။

သုံးကြိမ်ဆိုပါက အသက်ကယ်ဆေးဟု ခေါ်ဆိုနိုင်သည်။ ဒါပေမဲ့ အဲဒါက နောက်ထပ် ဘဝသုံးမျိုးနဲ့ ညီမျှနေပြီ။ ရွှေကျီးကန်းရဲ့ စကားအရ သူသည် နိဗ္ဗာနသစ်သီးနှင့် မှော်အတက်အဆင်း အမျိုးမျိုးကို တိုက်ရိုက် ရရှိနိုင်လောက်အောင် ကံကောင်းခဲ့သည်။

သူသည် ပထမဆုံး စုဆောင်းရမည့် အခက်ခဲဆုံး အရာများကို ရရှိခဲ့သည်။ နောက်ထပ် ရှာရမယ့် အရာတွေကတော့ အလွန်ရိုးရှင်းပါသည်။

"ဆန့်ကျင်သစ်သီးလေ... အဲဒါကို တစ်ခါမှ မကြားဖူးဘူးလား"

လုရွှမ် ဆေးဆိုင်တိုင်းသို့ သွားသော်လည်း ၎င်းသည် ပြန်လည်မွေးဖွားခြင်း၏ နောက်ဆုံးရေကို သန့်စင်ရန်အတွက် ဖြစ်နေပြီဖြစ်သည့် ဆန့်ကျင်သစ်သီး ဟုခေါ်သော ဆေးဖက်ဝင်ပစ္စည်းကို မတွေ့ပေ။

All Chapters