အတိဒုက္ခကို ကျော်လွှားပြီ
Vol. 126 Ch. 4.1400
လုရွှမ် ချောင်းဆိုးပြီး လက်ကို မြှောက်ကာ ကပ်မေးလိုက်သည်။
"အစ်ကို... မင်းပြောနေတဲ့ ပါရမီရှင်စာရင်းက ဘာလဲ မသိဘူး"
သူသည် လူအုပ်ထဲသို့ ရောနှောလိုက်သောအခါ သူ့နောက်ကျောက ချင်ထျန်းဓားကိုလည်း ဖယ်ထားလိုက်ပြီ။ လမ်းတစ်လျှောက်တွင် လူတွေသူ့ကို ညွှန်ပြနေတာမျိုး မလိုချင်ပေ။ လုရွှမ်က နတ်မီးနယ်ပယ်လေးပဲ ရှိနေတာ မြင်လိုက်ရသဖြင့် နှစ်ယောက်စလုံး အနည်းငယ် မာနကြီးသွားသည်။
"အဲဒါကလား!"
လုရွှမ် သူ့စိတ်ထဲမှာ လှောင်ရယ်နေပေမယ့် စားပွဲထိုးကိုတော့ လှမ်းပြောလိုက်သေးသည်။
"ဒီအစ်ကိုကြီးနှစ်ယောက် အတွက် ငါရှင်းပေးမယ်!"
လူနှစ်ယောက်၏ စိတ်ဓာတ်များ ရုတ်တရက်ဆိုသလို ပြောင်းလဲသွားကာ စျေးကြီးသော ဝိုင်တစ်ပုလင်းကို အသီးသီး မှာယူကြတော့သည်။ ထို့နောက် လုရွှမ်ကို အတူတူ ထိုင်ခိုင်းပြီး ရှင်းပြလိုက်သည်။
"ညီလေးရေ... ဒီလိုပဲကွ!"
သူတို့ခေါ်တဲ့ ပါရမီရှင်စာရင်းဟာ လူသားမျိုးနွယ်တစ်ခုလုံးကို သက်ဆိုင်တဲ့ ပါရမီရှင်စာရင်း တစ်ခုလို့ ထွက်ပေါ်လာတဲ့ အရာပဲ ဖြစ်သည်။ စာရင်းထဲရှိလူများ အားလုံးသည် လူသားမျိုးနွယ်၏ ပါရမီရှင်များ ဖြစ်ကြောင်း ထင်ရှားသည်။
သို့သော် ဒီပါရမီစာရင်းကို ဘယ်လို ရွေးချယ်သလဲ၊ လူသားကျင့်ကြံသူတွေရဲ့ အရည်အချင်းများကို ဘယ်လို သိသလဲတော့ မပြောတတ်။ ဒီလူနှစ်ယောက်က သူများတွေပြောတဲ့အတိုင်း လိုက်လုပ်နေကြတာ ထင်ရှားပါ၏။
ဒါပေမဲ့ ပါရမီရှင်စာရင်းမှာ ပါဝင်နိုင်သူတွေကတော့ နာမည်နဲ့ ထိုက်တန်တဲ့ အရည်အချင်းတွေ ရှိကြလေသည်။
ပါရမီရှင်စာရင်းကို အဓိကစာရင်းနှင့် ဒုတိယစာရင်းဟူ၍ ပိုင်းခြားထားသည်။ ဒုတိယစာရင်းသည် အကြွင်းမဲ့ အရည်အချင်းများအပေါ် မူတည်ပြီး အဓိကစာရင်းမှာ ပါရမီရှင်များ၏ တိုက်ခိုက်နိုင်သော ထိရောက်မှုအပေါ် မူတည်ပါသည်။
လုရွှမ်သည် ယခင်က ဒုတိယစာရင်းထဲ ထိပ်ဆုံးဆယ်ဦးသာ စာရင်းဝင်ခဲ့သော်လည်း အဓိကစာရင်းထဲရှိ ကျင့်ကြံသူအယောက် တစ်ထောင်၏ အင်အားစာရင်းတွင် မပါဝင်သေးပေ။ ထိုနေရာတွေက နတ်ခြေလှမ်းနယ်ပယ်နဲ့ မျှော်စင်နယ်ပယ်က ကျင့်ကြံသူတွေသာ ပါဝင်နိုင်ကြောင်း သိလိုက်ရသည်။
သို့သော် ယခုတစ်ကြိမ်တွင် ဖူထူမြို့၌ ပါရမီရှင်များအတွက် ပြိုင်ပွဲ ကျင်းပခြင်းသည် ကောင်းကင်စာအုပ် တစ်အုပ်၏ အမိန့်တော် ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်။ ငါးရိုးကျောက်ပြား တစ်ချပ် မွေးဖွားတော့မည် ဖြစ်ပြီး ၎င်းကို ဖမ်းယူရန် ပါရမီရှင်တစ်ဦး လိုအပ်သည်။
ထို့ကြောင့် လွန်ခဲ့သည့် လအနည်းငယ်မှ စတင်၍ ပါရမီရှင်များသည် ဤဖူထူမြို့သို့ ရောက်ရှိလာကြပြီး ထိုပါရမီအဆင့်အတွက် ယှဉ်ပြိုင်ရန်၊ ကောင်းကင်စာအုပ် ရရှိရန် အခွင့်အလမ်းကို မျှော်လင့်လျက် ရှိသည်။
လုရွှမ်လည်း မယုံနိုင်လောက်အောင်ပင် အံ့သြသွားသည်။ ဤအချိန်တိုင်း ပျောက်ဆုံးနေသော ကောင်းကင်စာအုပ်က ဤနေရာတွင် အမှန်တကယ် ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဖူထူမြို့သည် အလယ်ပိုင်းဒေသတွင် တည်ရှိ၏။ မြေကမ္ဘာ တစ်ခုလုံး၏ အကြီးဆုံးဒေသလည်း ဖြစ်သည်။ ဖူထူမြို့တော်က အလယ်ပိုင်းဒေသတွင် တည်ရှိသော်လည်း ၎င်း၏တည်နေရာသည် အလယ်ဒေသနှင့် အနည်းငယ် ဝေးနေသေးသည်။
သူတို့အမြင်အရတော့ တခြားဒေသတွေက အရှေ့ပိုင်းဒေသကို ပိုကြိုက်ကြသည်။ အလယ်ပိုင်းဒေသတွင် ချမ်းသာသော နေရာဖြစ်သည့် သားသတ်မြို့ကိုတောင် ကျေးလက်ဒေသငယ် တစ်ခုအဖြစ်သာ မှတ်ယူကြသည်။
အလယ်ပိုင်းဒေသနဲ့ ဝေးကွာနေတဲ့ ဒီနေရာက ပေါ်လွင်နေနိုင်ခြင်းကြောင့်သာ မဟုတ်လျှင် ဤနေရာကို ကျင့်ကြံသူများစွာက ရွေးချယ်လိမ့်မည် မဟုတ်ပေ။
လုရွှမ် နားထောင်ရင်း သူ့စိတ်ထဲတွင် နားလည်သွားသော်လည်း ဤရွေးချယ်မှုကို ဘယ်သူက ဦးစီးနေသလဲ ဆိုတာတော့ မသိခဲ့။
သူ ဤကိစ္စအပေါ် စိတ်ဝင်စားမှု ရုတ်တရက် ကျဆင်းသွားခဲ့ပြီး စကားအနည်းငယ် ထပ်ပြောပြီးနောက် နှုတ်ဆက်ကာ ထွက်ခွာခဲ့သည်။
ရွှေကျီးကန်းသည် ပြန်လည်မွေးဖွား ရေစင်ကို သန့်စင်နေပြီ ဖြစ်သည်။ လုရွှမ် တစ်ရက်တာ အနားယူပြီးနောက် သူသည် အတိဒုက္ခကို ကျော်လွှားပြီး သူ့ခွန်အားကို မြှင့်တင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ အချိန်အတော်ကြာအောင် ဖိနှိပ်ထားခဲ့ပြီးပြီမလို့ ဘယ်လောက်ပဲ ဖိနှိပ်နေပါစေ ဖိနှိပ်လို့ မရတော့ချေ။
လုရွှမ် မြို့ထဲကနေ တစ်ယောက်တည်း ထွက်သွားခဲ့သည်။ သူ တမင်တကာ ဝေးလံခေါင်သီသော အရပ်ကို ရွေးချယ်ထား၏။
"ပြောကြည့်... ဒီကလေး မြို့ထဲက ထွက်သွားတာ ဘာလုပ်ချင်လို့လဲ"
“သူဘာပဲလုပ်လုပ် သေချင်နေရင်တော့ သေရမှာပဲ... မြို့ထဲက ထွက်ပြီဆိုတော့ ငါတို့ သူ့ကိုသတ်လိုက်ကြတာပေါ့”
လုရွှမ် တောင်ထိပ်တစ်ခုကို ရွေးချယ်ပြီးနောက် ခန္ဓာကိုယ်ထဲက ချုပ်တည်းမှုများကို တိုက်ရိုက် လွှတ်ချလိုက်သည်။ လိုက်လာသူတွေခမျာ ခဏတာတော့ ထိတ်လန့်ကာ ငြိမ်ကျသွား၏။
လုရွှမ်က အတိဒုက္ခကို ကျော်လွှားဖို့ ထွက်လာတာမှန်း သူတို့ မသိခဲ့ကြဘူးလေ။
လုရွှမ်ခန္ဓာကိုယ်မှ ပြင်းထန်သော ရောင်ဝါ သည် ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်ဝင်ရောက်သွားသည်။ အရင်က ကောင်းကင်ဟာ တိမ်ကင်းစင်ခဲ့ပေမယ့် တခဏအတွင်းမှာတော့ တိမ်ထူထူတွေနဲ့ ဖုံးလွှမ်းသွားသည်။
ပြီးတော့ တိမ်တိုက်များသည် မှောင်မိုက်သော တိမ်များအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကာ နတ်မိုးခြိမ်းသံက ကျယ်ပြောလှသောကောင်းကင်ကြီးကို တိုက်ရိုက် ဖုံးလွှမ်းသွားခဲ့သည်။ အသံက ကြီးမားလွန်းသဖြင့် ဖူထူမြို့တော်ကိုပင် လွှမ်းခြုံပစ်ခဲ့သည်။
မြို့ထဲက လူတွေအားလုံးလည်း ထိတ်လန့်တကြားနဲ့ ပြေးထွက်လာကြသည်။ ကောင်းကင်မှာ တိမ်တွေ လှုပ်ရှားနေတာကို ကြည့်ပြီး တစ်ယောက်ယောက်ကတော့ အတိဒုက္ခကို ကျော်လွှားဖို့ ကြိုးစားနေတာမှန်း သဘောပေါက်သွား၏။
"တစ်ယောက်ယောက်က နတ်ခြေလှမ်းနယ်ပယ် တက်တော့မှာများလား?"
"ဖြစ်နိုင်တယ်... ငါလည်း နတ်ခြေလှမ်းနယ်ပယ် တက်ထားတဲ့ သခင်တစ်ယောက်က သူ့ရဲ့အဆင့်ကို မြှင့်တင်နေသလို ခံစားရတယ်"
"ကောင်းကင်လက်နက် မွေးဖွားတော့မှာများလား?"
လူတိုင်းတွင် ကိုယ်ပိုင်မှန်းဆချက် အသီးသီး ရှိနေကြသည်။ ထို့နောက် ၎င်းတို့သည် အတိဒုက္ခကို ကျော်လွှားရမည့် နေရာကို အရူးအမူး ပြေးထွက်လာကြသည်။ ဒါပေမဲ့ သိပ်အနီးကပ်လည်း မနေရဲတော့ချေ။ သူတို့ထက်အရင် စောင့်နေတဲ့ လူတွေ အများကြီး ရှိနေပြီ။
"နတ်မီးနယ်ပယ်က သခင်တစ်ယောက် အတိဒုက္ခကို ဖြတ်ကျော်နေတာဟ!"
"ဟုတ်တယ်... သူ့စွမ်းအင်တွေကို စွန့်လွှတ်လိုက်လို့ ကောင်းကင်တစ်ခုလုံး အရောင်ပြောင်းသွားတာပဲ"
"အရမ်းကြောက်စရာ ကောင်းတာပဲ... အမေ့ဆီပဲ ပြန်သွားတော့မယ်...."
လူအများ၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားသည်။ နတ်မီးနယ်ပယ် ကျင့်ကြံသူက ဘယ်လိုလုပ် ကောင်းကင်ကို ဒီလောက်တောင် ပြောင်းလဲသွားစေရတာလဲ။ နတ်မီးနယ်ပယ် အဆင့်၉နဲ့ နတ်ခြေလှမ်းနယ်ပယ်နဲ့ ကိုက်ညီတဲ့ ကျင့်ကြံမှု အဆင့် ရှိပြီးသားလား။
ဘယ်သူမှ မယုံရဲသလို ဘယ်သူမှလည်း မယုံချင်ကြချေ။ အံ့ဩစရာတွေ ကြုံရတိုင်း မယုံချင်တဲ့သူတွေ အမြဲရှိကြတယ် မဟုတ်လား။
ကောင်းကင်အထက်က အလင်းရောင်ဟာ ပို၍ပို၍ပြင်းထန်စွာ ထွန်းတောက်လာကာ နောက်ဆုံးတွင် နတ်မိုးခြိမ်းသံကြီး ကျရောက်လာခဲ့သည်။
ဝုန်း
လူတိုင်း အံ့သြတုန်လှုပ်သွားသည်။
ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်တော့မလို နတ်မိုးခြိမ်းသံသည် တရစပ် ကျဆင်းလာသည်။ အဲဒီနတ်မိုးကြိုး အောက်မှသာ ရပ်နေခဲ့လျှင် အသက်ဖို့ အခွင့်အရေး အနည်းငယ်မျှပင် ရှိတော့မည် မဟုတ်။
သို့သော် မိုးခြိမ်းသံသည် ဖုံးကွယ်၍ မရနိုင်လောက်အောင် တောက်ပနေသဖြင့် မိုးခြိမ်းသံ၏ အလယ်ဗဟိုတွင်ရှိသော လူသားသည်လည်း မိုင်ထောင်ချီအထိ ပြင်းထန်သော အလင်းရောင်ကို ထုတ်လွှတ်နေသည်။
အထဲမှ လူရဲ့ လှုပ်ရှားမှုတွေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေမယ့် အတွင်းမှာရှိတဲ့ အရာတွေက တုနှိုင်းမရတဲ့ ခန္ဓာကိုယ်ရှိနေသည်။ နတ်မိုးခြိမ်းသံကြားမှာ မတုန်မလှုပ် ဖြစ်တည်နေတဲ့ စိတ်ဓာတ်မျိုး ရှိနေတယ်လို့လည်း လူတွေကို ခံစားရစေနိုင်၏။
နတ်မိုးခြိမ်းသံသည် တစ်နာရီနီးပါး ကြာအောင် တိုက်ခတ်သွားသော်လည်း လုရွှမ်ခန္ဓာကိုယ်က မလှုပ်ရှားပေ။
နောက်ဆုံးတွင် လုရွှမ် နတ်မိုးခြိမ်းသံတစ်ခုလုံးကို သူ့ပါးစပ်ထဲသို့ တိုက်ရိုက် စုပ်နေတာ တွေ့လိုက်သောအခါ လူတိုင်း ပါးစပ်ပိတ်သွားကြသည်။ တစ်ချိန်တည်းမှာပဲ အစပိုင်းတွင် လူသတ်ရန် ကြံရွယ်ထားသည့် လူတစ်စုလည်း တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
မြို့သခင်ရဲ့ လူတွေလည်း အပါအဝင်ပင်။ ဤသည်မှာ ယုတ္တိမရှိသော ပါရမီရှင် ဖြစ်သည်။ မြို့သခင်က သမီးတစ်ဦးကို ဆုံးရှုံးနိုင်သော်လည်း နှစ်ရာဂဏန်းတိုင်းတွင် တစ်ကြိမ်သာ ပေါ်လာသည့် ပါရမီရှင်တစ်ဦးကိုတော့ သူတို့ မစော်ကားနိုင်ပါ။
ဒါပေမဲ့ ဒီအချိန်မှာ လူတွေက ဒီလူက ဘယ်လို ပါရမီရှင်လဲ ဆိုတာ သူတို့ ဘယ်တုန်းကမှ မမေးခဲ့ဖူးကြောင်း သတိရသွားလေသည်။