← Chapters

အဘိုးကြီးရှန်းရွှေ

Vol. 126 Ch. 4.1401

အဘိုးကြီးရှန်းရွှေ

Vol. 126 Ch. 4.1401

ဘေးဆိုးတိမ်တိုက်များ ပျောက်ကွယ်သွားပြီး ကမ္ဘာကြီးတစ်ခုလုံး ရှင်းသွားသည်။ လုရွှမ်သည် အဖြူရောင် အဝတ်အစားများဖြင့် လတ်ဆတ်သော ကောင်းကင်အထက်၌ အရင်ကထက် ပိုမိုတောက်ပလျက် ရှိသည်။

"အားလုံးပဲ အဆင်ပြေကြရဲ့လား!"

လုရွှမ် ကျောက်စိမ်းကဲ့သို့ ကြွယ်ဝသော အပြုံဖြင့် ပြုံးပြလိုက်သည်။

"သခင်လေး မင်္ဂလာပါ... ကျုပ် ဖူထူမြို့မှာ နှစ်အတော်ကြာအောင် နေထိုင်ခဲ့ပေမယ့် အချိန်ကို နေ့တိုင်း ဖြုန်းတီးနေတတ်တယ်... စိတ်က ဖုန်မှုန့်တွေ ဖုံးလွှမ်းနေပြီး မျက်စိမှုန်နေမိလို့ တစ်ခါတလေ ရှက်မိပါရဲ့..."

အဘိုးအိုတစ်ဦး ပျံသန်းလာသည်။ မုတ်ဆိတ်ဖြူ၊ ခပ်ရဲရဲ မျက်နှာနဲ့ ထိုအဘိုးကြီးက ဆံပင်ဖြူနေသော ကလေး အသွင်အပြင် ရှိ​လေသည်။ လုရွှမ် အဘိုးအိုကို တစ်ချက် ကြည့်လိုက်တဲ့အခါ နတ်ခြေလှမ်းနယ်ပယ် အဆင့်မှာ ရှိနေတာ တွေ့လိုက်ရသည်။

ယခုကဲ့သို့ နှိမ့်ချမှုမျိုး အဘိုးအိုအား ချက်ချင်း အထင်ကြီးသွားစေသည်။ လုရွှမ် လက်ကို အလျင်အမြန် မြှောက်လိုက်ပြီး ခါးကိုင်းလိုက်သည်။

"အကြီးအကဲက ချီးကျူးနေပါပြီ... ဒီစကားက ကျွန်တော်နဲ့ မထိုက်တန်ပါဘူး...အငယ်တန်းက လုရွှမ်ပါ... အကြီးအကဲကို ဘယ်လိုခေါ်ရမလဲဗျ"

အဘိုးအို၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားကာ သူ့အတွင်းစိတ်က အလင်းတန်းများဖြင့် လင်းထိန်သွားသည်။

"လုရွှမ်?" သူက ဟိုဟိုဒီဒီ ကြည့်လိုက်ပြီး။

"အဲဒီနေ့က ဒုတိယ ပါရမီရှင်စာရင်းမှာ ပဉ္စမအဆင့်ရှိတဲ့ သခင်လေးလုရွှမ်??"

"ကျွန်တော်ပါ"

အဘိုးအိုက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး "မထူးဆန်းပါဘူး...အံ့သြစရာလည်း မဟုတ်ဘူး! လတ်စသတ်တော့ သခင်လေးလုရွှမ် ရောက်လာတာကိုး ငါဒီမှာ အေးအေးဆေးဆေး နေနေတာ ကြာပါပြီ။ အတိတ်ကို မေ့ပြီး ကိုယ့်ကိုကိုယ် ရှုခင်းတွေရဲ့ ပျင်းရိသူလို့ ခေါ်တာကြာပြီပေါ့... မင်း စိတ်မရှိဘူးဆိုရင် ငါချက်ထားတဲ့ ပိလော့သေရည်ကို မြည်းစမ်းဖို့ မိုးနတ်မျှော်စင်ကို ဖိတ်ခေါ်ချင်ပါတယ်"

လုရွှမ် ပြုံးကာ: "ကျွန်​တော့်မှာ ဆန္ဒရှိပါတယ်... အကြီးအကဲ ကြွပါ..."

"ဟားဟား မိတ်ဆွေလေးလည်း ကြွပါ..."

သူတို့နှစ်ယောက်သည် မြို့ထဲသို့ ပြေးဝင်ကာ ကြီးကျယ်ခမ်းနားသော စားသောက်ဆိုင်တစ်ခုသို့ ရောက်သွားသည်။

“အဘိုး ပြန်လာပြီလား”

အလွန်ချောမော လှပတာမျိုး မဟုတ်ပေမယ့် စိတ်ထားသန့်စင်တဲ့ ကျင့်ကြံသူ မိန်းကလေးတစ်ယောက်က သူတို့ကို လာနှုတ်ဆက်လေသည်။

"ရော့ရှီး နှစ်သုံးရာသက်တမ်းရှိ ပိလော့သေရည်ကို သွားယူလာခဲ့...ငါ ဒီနေ့ သခင်လေးလုရွှမ်ကို ဖိတ်ခေါ်လာတယ်"

မိန်းကလေး၏ မျက်လုံးများသည် လုရွှမ်ခန္ဓာကိုယ်ကို စိုက်ကြည့်ကာ ထူးထူးခြားခြား ပျော်ရွှင်သွားလေသည်။

"သခင်လေးလုရွှမ် မင်္ဂလာပါ...အဘိုးနဲ့ သခင်လေး ခဏစောင့်ပါ.... ကျွန်မ ပိလော့နတ်သေရည်ကို မြန်မြန်လေး လာပို့ပေးပါ့မယ်"

မိန်းကလေးက နှုတ်ဆက်ပြီး ပျံသန်းသွားသည်။

လုရွှမ်: "ပိလော့နတ်သေရည်? အကြီးအကဲ ဒါက?"

"ဟားဟား ကိစ္စမရှိပါဘူး... ဂုဏ်သရေရှိ ဧည့်သည်တွေနဲ့ နတ်သေရည်ကို မြည်းစမ်းကြည့်ဖို့ လိုတယ်လေ...ရိုးရိုးသားသား ပြောရရင် ပိလော့သေရည်ကို ငါတန်ဖိုးထားခဲ့တာ နှစ်ပေါင်းသုံးရာကျော်ပြီ ဒါပေမဲ့ ထုတ်ယူဖို့ အခွင့်မသာခဲ့ဘူး ဒီနေ့တော့ မင်းက ထူးထူးခြားခြား အရည်အချင်းတွေ ရှိတာ ငါမြင်ခဲ့ရတယ်... နောက်ဆုံးတော့ အဲဒီပိလော့နတ်သေရည် ပေါ်လာဖို့ အချိန်ရောက်ပြီလေ"

မကြာခင်မှာပဲ လူတစ်ယောက်က လက်နှစ်ဘက်နဲ့ ဝိုင်အိုးကို တလေးတစား ကိုင်ကာ သယ်လာတော့သည်။ အဘိုးကြီးက ခွက်နှစ်ခွက်ကို ထုတ်ကာ ပေါ့ပေါ့ပါးပါး လောင်းချပြီး သူ့ဘေးမှာ ရပ်လိုက်၏။

"လာ... သုံးဆောင်ကြည့်ပါဦး!"

သေရည်အိုးကို ဖွင့်စဥ်က အမွှေးအကြိုင် အနည်းငယ်ကို မခံစားနိုင်သော်လည်း ခွက်ထဲသို့ လောင်းထည့်လိုက်သောအခါ အနံ့က သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။

သေရည်၏ ရွှေရောင်သည် နှစ်ပေါင်း မရေမတွက်နိုင်အောင် စုဆောင်းထားပုံနှင့် တူကာ လွန်ခဲ့သည့်အချိန်ကို တံဆိပ်ခတ်ထားဟန် ရှိသည်။ ရနံ့က ချိုမြိန်တာကြောင့် တစ်ချက်တည်းနဲ့ စိတ်ကြွဆေးတွေ စားနေရသကဲ့သို့ ခံစားရစေသည်။

ခွက်ကို ညင်သာစွာ ခါလိုက်သည်နှင့် နောက်ထပ် အနံ့တစ်ခု ထွက်ပေါ်လာပြီး သေချာစွာ တစ်ငုံသောက်လိုက်သည်။ အေးမြသော သေရည်က တောင်နွေဦးပေါက်ကဲ့သို့ပင်။ ပေါ့ပါးပြီး လန်းဆန်းစေကာ၊ ချိုမြိန်ပြီး လန်းဆန်းစေကာ အစာအိမ်ထဲသို့ မြစ်တစ်စင်းလို ဝင်ရောက်သွားသည်။

တစ်ခဏချင်းမှာပဲ နွေးထွေးတဲ့ လေစီးကြောင်းတွေအဖြစ် ပြောင်းလဲသွားပြီး အတွင်းအင်္ဂါတွေထဲကို လွင့်မျောလာကာ ခြေလက်တွေကို စိုစွတ်သွားစေ၏။

လုရွှမ်၏ ပါးပြင်များ အနည်းငယ် နီမြန်းလာသည်။ မျက်လုံးများ ပြန်လည်ပွင့်လာပြီး အကြောင်းပြချက်မရှိဘဲ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ အဘိုးကြီးရှန်းရွှေရဲ့ မြေး၊ မိန်းကလေးကို သူ့ရှေ့တွင် မြင်လိုက်ရသည်။

စိတ်နေစိတ်ထားက အတူတူပါပဲ။ ဒါပေမဲ့ ပါးပြင်တွေက လုံးဝကို ကွဲပြားသွားပြီ။ အေးစက်တဲ့ ကြွက်သားတွေက ကျောက်စိမ်းအရိုးတွေလို၊ မျက်လုံးတွေက သွက်လက် လှပပြီး တကယ့် နတ်သမီးလိုပင်။ ဘယ်လိုမိန်းကလေးက နတ်သမီးလဲ ဆိုရင် ဒီသေရည်သောက်ပြီး မြင်နေရတဲ့ ပုံစံပဲလို့ ပြောမိမှာ အမှန်ပဲ။

သို့သော် ကောင်းကင်က မြေကြီးပေါ် ပြန်ရောက်လာသလိုပဲ ခံစားချက်က ခဏတာ ပျောက်ကွယ်သွားသည်။

မျက်လုံးများထဲ ရှင်းရှင်းလင်းလင်း ဖြစ်သွားစဥ် ဘေးက မိန်းကလေးကို ကြည့်ကာ ခဏလောက် စဉ်းစားနေသော်လည်း သူ့စိတ်ထဲက သံသယများကို မမေးသေးပေ။ ခဏတာ နားလည်မှုလွဲတာ ဖြစ်နိုင်သလို အရက်သောက်ပြီး ရုတ်တရက် သိလိုက်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်၏။

"သေရည်ကောင်းပဲ!"

အဘိုးကြီးရှန်းရွှေက သူ့မျက်နှာကို ပြုံးပြီး ကြည့်နေသည်။

"သခင်လေးက သေရည်အကြောင်း နားလည်တာပဲ....သေရည်အပေါ် နားလည်တဲ့သူနဲ့ သောက်ရတာ ပျော်စရာကောင်းတယ်!"

ဒီတစ်ခါတော့ နှစ်ယောက်စလုံး တစ်ကျိုက်တည်း သောက်လိုက်သည်။ ထို့နောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခွက်ကို ဇောက်ထိုးချရင်း တစ်ချိန်တည်း ရယ်မောကြသည်။

ပုလင်းထဲမှာ သိပ်မရှိတာကြောင့် နှစ်ယောက်သား အမြန်သောက်ပစ်ကြသည်။ ရော့ရှီးကတော့ ဘေးနားက ချိုချိုသာသာ ပြုံးပြီး စောင့်နေပေးသည်။

သူတို့နှစ်ယောက်မှာ ထူးထူးခြားခြား ကျင့်ကြံမှုတွေ ရှိသည်။ ပိလော့နတ်သေရည်မှာ အဖိုးတန် ရှားပါးတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေ အများကြီးပါရှိသည်။ သက်လုံအပြည့်နဲ့ သူတို့နှစ်ယောက်ရဲ့ မျက်နှာတွေ နီရဲနေတာက မူးနေတာလား မမူးတာလား မပြောတတ်။

"ညီလေး...ငါက ငါ့အရည်အချင်းတွေကို ပြဖို့ အသက်ကြီးတာကို အားကိုးလို့ ရတော့တာ မဟုတ်ဘူး... ဒါပေမဲ့ ငါ နှစ်ပေါင်းများစွာ လေ့ကျင့်ပြီး အတွေ့အကြုံတွေလည်း ရှိတယ်...ငါ့မှာ ပြောလို့ ရမလား မသိတဲ့ စကားတစ်ခွန်း ရှိတယ်"

လုရွှမ် မြန်မြန် ပြန်ပြောလိုက်သည်။

"လူကြီးမင်းက ယဉ်ကျေးလွန်းနေတာပဲ... ကျွန်တော့်ကို ပြောလို့ရပါတယ်"

"အလယ်ပိုင်း​ဒေသရဲ့ အဓိက အချက်အချာက ကျုံးကျိုးပဲ... အဲဒီနေရာက မြေကမ္ဘာ တစ်ခုလုံးရဲ့ ကောင်းချီးမင်္ဂလာတွေကို ခံစားရတဲ့ နေရာလို့ ပြောလို့ရတယ်... ကောင်းကင်ကမ္ဘာက တကယ်ရှိတယ်လို့ ပြောရင် ကျုံးကျိုးက ကောင်းကင်ကမ္ဘာနဲ့ သိပ်ကွာမှာ မဟုတ်ဘူး"

လုရွှမ် ရုတ်တရက် ပို၍ စိတ်ဝင်စားလာသည်။

ဤသူ၏ ယခင်စကားများနှင့် အကျင့်များမှ ဤအဘိုးအိုသည် အေးချမ်းသော စိတ်ရှိပြီး အရာရာကို မြင်နိုင်စွမ်း ရှိကြောင်း ထင်ထားပြီးသားပါ။

"မင်းရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ဆို သွားသင့်တယ်... ကမ္ဘာပေါ်က ထူးချွန်သူတွေနဲ့ တွေ့ဆုံတာက မင်းရဲ့ ကမ္ဘာမြေကြီးကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ တိုးတက်လာအောင် ကူညီပေးလိမ့်မယ်... အနာဂတ်က တုန်လှုပ် ချောက်ချားစရာ ကောင်းတယ်...မင်းက ကြီးကျယ်တဲ့ တာဝန်တွေကို ထမ်းဆောင်ရမယ့် မျိုးဆက်ရဲ့ ပါရမီရှင်ပဲ"

"အဘိုး မူးနေပြီ"

ရော့ရှီးက ပိုးပဝါကိုထုတ်ပြီး အဘိုးရဲ့ ပါးစပ်ထောင့်တွေကို ညင်သာစွာ သုတ်​ပေးလိုက်သည်။ အဘိုးအိုက ရှိုက်ကြီးတငင် ပြုံးကာ။

"မိတ်ဆွေလေးကို တောင်းပန်ပါတယ်... အသက်ကြီးလာတော့ အမှတ်ရစရာတွေကို အမြဲတမ်း သဘောကျတယ်လေ...ငါ မူးနေ​ပြီ ထင်တယ်... သခင်လေး မင်း သွားလို့ရပြီ ဒီနေ့ မင်းကို ကောင်းကောင်း မဧည့်ခံနိုင်တော့ဘူး... တစ်နေ့ကျရင် ပြန်ဆုံဖို့ ရည်မှန်းထားရင်တော့ အတူတူ သောက်ကြတာပေါ့"

"အကြီးအကဲကို လုရွှမ် နှုတ်ဆက်လိုက်ပါတယ်"

ရော့ရှီးသည် အဘိုးကို ထောက်ခံပြီး စားသောက်ဆိုင်မှ တိုက်ရိုက် ထွက်ခွာသွားသည်။

လုရွှမ်လည်း လေးနက်သော နှလုံးသားဖြင့် လူနှစ်ယောက်၏ နောက်ပြန်ဆုတ်သွားသော ရုပ်ပုံများကို ကြည့်လိုက်သည်။ အဘိုးကြီးက ဘာကို စိုးရိမ်နေတာလဲ။ ရော့ရှီးကရော သူ့ကိုဘာလို့ ဝင်တားလိုက်တာလဲ။

ကျုံးကျိုး?

အဲ့ကို တကယ်သွားသင့်တာ ဖြစ်နိုင်တယ်။

စားသောက်ဆိုင်မှ ပြေးထွက်လာပြီး သူ့ပတ်ဝန်းကျင်ရှိ လူနေမှုပုံစံ အမျိုးမျိုးကို ကြည့်လိုက်သည်။ ဒီကို စဝင်လိုက်တော့ လူတွေကသူ့ကို ဟာသတွေ ကြည့်နေသလိုမျိုး အပျော်သဘောနဲ့ပင်။

အခုအချိန်မှာတော့ လူတိုင်းရဲ့ မျက်လုံးတွေက လေးစား ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေပြီး အဝေးမှာ သွားပုန်းအောင်းဖို့တောင် မစောင့်နိုင်တော့ချေ။

"ထွက်သွား... လမ်းပေါ်က ဖယ်စမ်း!"

ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူတစ်စုသည် ကျယ်လောင်စွာ အော်ဟစ်ကာ လူအုပ်ကြားထဲ ပြေးဝင်ရင်း လုရွှမ်ထံ ရောက်လာသည်။ စံပြုထားသော ချပ်ဝတ်တန်ဆာနှင့် ထက်မြက်သော ဓားရှည်များကို ကြည့်လျှင် ဤလူအုပ်စုသည် မြို့သခင် အိမ်တော်ကပဲ ဆိုတာ သိသာ၏။

လုရွှမ်၏ မျက်လုံးများက ဘာမှမထူးခြား ပြန်ကြည့်နေသည်။ သူက ထိုလူတွေအား တိတ်တဆိတ် ကြည့်ရင်း လေထဲတွင် မလှုပ်မယှက် ပျံဝဲလျက် ရှိသည်။

All Chapters