ဟွာလင့်
Vol. 126 Ch. 4.1402
မြို့သခင်၏ တတိယမြောက် သခင်မလေးကို သတ်လိုက်သော အချိန်တွင် သူ့ရှေ့က အရာအားလုံးကို ကြိုမြင်ထားပြီးသား ဖြစ်သည်။
ဒါပေမဲ့ ဘာဖြစ်လဲ?
လုရွှမ်ရဲ့ မကြောက်မရွံ့ လျစ်လျူရှုမှုကို မြင်လိုက်ရသော လူများသည် သူတို့စိတ်ထဲ၌ အားရပါးရ ချီးကျူးနေကြလေသည်။
"ဟေ့ ဒီတစ်ခါ အဖွဲ့ကို ဦးဆောင်တဲ့လူက ဟွာလင်ပဲဟ! သူက မြို့သခင်ရဲ့ ဒုတိယ တာဝန်ခံပါ... သူက လူတစ်သောင်းအထက်က လူတစ်ယောက်ဆို... ဖူထူမြို့က တခြားမိသားစုတွေတောင် သူ့ကို မငှားနိုင်ဘူး...အခုသူက တကယ်ကြီး အဖွဲ့ကို ကိုယ်တိုင် ဦးဆောင်နေတာလား"
"မြို့သခင်နဲ့ ဒီပါရမီရှင် လူငယ်သခင်နဲ့က ဆန့်ကျင်နေပြီပဲ"
"ဟူး... သနားစရာပဲ ဒီပါရမီရှင်က ဒီလိုနဲ့ ပြုတ်ကျမှာကို ငါတောင် ကြောက်လာပြီ"
"ဟမ့် မြို့သခင်ကို သွားတိုက်တာက တကယ်ကို သေဖို့ တောင်းတာပဲလေ... လူတစ်ယောက်က ဘယ်လောက်ပဲ သန်မာနေပါစေ သူ့ရဲ့ ခွန်အားက အကန့်အသတ် ရှိတယ်ကွ.. ကောင်းကင်ကြီးက ဘယ်လောက်မြင့်လဲ မသိရင် ပြုတ်ကျပြီး သေတတ်တယ်!"
"ဟုတ်တယ်..."
လူတိုင်းက တိတ်ဆိတ် ငြိမ်သက်စွာ ရပ်ရင်း ပြောနေကြရာ သူတို့စကားကြောင့် လုရွှမ်ပင် လူသေတစ်ယောက်အဖြစ် ရုတ်တရက် ဘဝပြောင်းသွားသည်။ တခြားသူတွေကို မပြောဘဲ ဟွာလင့်လို့ ခေါ်တဲ့ လူဟာ အရက်စက်ဆုံးလူပင်။ သူ့ကို စော်ကားတဲ့သူတိုင်းကတော့ သေချာပေါက် ကောင်းတဲ့အဆုံးသတ် မရကြချေ။
ယခုမူ ဟွာလင့်ကိုယ်တိုင်ကိုယ်ကျ ထွက်လာပြီ။ လုရွှမ်က သူနှင့် ရန်ငြိုးဖွဲ့ထားပြီဟု လူအများက သဘောပေါက်သွားပြီ ဖြစ်သည်။ လုရွှမ် မလှုပ်မယှက် ဖြစ်နေသော်လည်း သူ့ပတ်ဝန်းကျင်ရှိ လူများ၏ အမူအရာကို ကြည့်ကာ သူ့မျက်လုံးများက ပျံသန်းနေသော ဟွာလင့်ကို အာရုံစိုက်နေသည်။
ထိုသူ၏ ရောင်ဝါသည် အုံ့မှိုင်းနေပြီး ပြင်းထန်သော လူသတ်ရောင်ဝါဖြင့် ဖုံးလွှမ်းထားသည်။ အထူးသဖြင့် သူ့ပါးပြင်တွင် ဆယ်စင်တီမီတာနီးပါးရှိ အမာရွတ်တစ်ခုက အပေါ်နှင့်အောက် ပါးပြင်ကို ပိုင်းခြားလုနီးပါး ဖြစ်နေသောကြောင့် သူ့ကို ပို၍ပင် အားကောင်းစေသည်။
၎င်းက နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့် ဖြစ်သည်။
နီးကပ်လာလည်း လုရွှမ် မျက်လုံးမမှိတ်ဘဲ မလှုပ်မယှက်ဘဲ ဟွာလင့်ဆီသို့ တည့်တည့် ကြည့်နေသည်။ ဟွာလင့် ခန္ဓာကိုယ်ပေါ်က မကောင်းသော အငွေ့အသက်များ နီးကပ်လာသည်နှင့် အမျှ သူသည် ဆိုးရွားသော လေစီးကြောင်းကို ထုတ်လွှတ်လိုက်ရာ လုရွှမ်ရဲ့ အဝတ်စများကို လှုပ်ခတ်သွားစေလေ၏။
လုရွှမ် အမူအရာက ယခင်အတိုင်းပင်။
"ဟား ဟား ဟား!"
လူတိုင်းက ဟွာလင့် တွယ်တော့မယ်လို့ တွေးလိုက်သောအခါ ရုတ်တရက် ဆိုးရွားသော အငွေ့အသက်များ လျော့ပါးသွားကာ ထိုလူက ရယ်မောချလိုက်တော့သည်။
"ကောင်းပြီ... အေးဆေးတည်ငြိမ်ပြီး မတုန်လှုပ်ဘူး.. ငါ့တစ်သက်မှာ ဘယ်သူ့ကိုမှ မယုံကြည်ဖူးပေမယ့် ဒီသခင်လေးကတော့ ငါ့မျက်လုံးတွေကို တောက်ပစေတယ်... မင်းကို ငါလေးစားတယ် သဘောလည်းကျတယ်"
ပရိသတ်အားလုံး အံသြသွားကြသည်။ လုရွှမ်ကိုယ်တိုင် အနည်းငယ် အံ့သြသွားသော်လည်း ပြုံးသာ ပြုံးလိုက်မိသည်။
"မဝံ့ရဲပါဘူး"
ဟွာလင့်၏ အသက်ရှုသံက အေးစက်သော်လည်း ပြုံးလိုက်သောအခါတွင် နားမလည်နိုင်လောက်အောင် သူရဲကောင်းဆန်သည်။ သူ့အသံကလည်း ကြမ်းတမ်းပြီး ကျယ်လောင်သည်။
"တတိယသခင်မက သူ့အဆင့်အတန်းကို အားကိုးပြီး လူတွေကို မျက်လုံးထဲ မထည့်ဘူး... ဒီအတိုင်း သေသွားရတာကလည်း ဒါက သူ့အပြစ်ပဲ"
"တတိယသခင်မက လူတွေကို ဒေါသထွက်အောင် လုပ်နေပြီဆိုတာ သိပေမယ့် ဘယ်သူမှ မတ်တပ်မရပ်ဖူးဘူး... ဒါက သူ့ကို ပိုလို့တောင် မောက်မာစေတယ်... ဒါပေမဲ့ သခင်ငယ်လေးရဲ့ ထူးခြားမှုက မီးမောင်းထိုးပြသွားတယ်...မင်းကတော့ ထူးခြားတဲ့လူပဲ...."
ထိုအဖြစ်အပျက်ကို ဟွာလင့်က ဖျောက်ဖျက်နိုင်သောကြောင့် လုရွှမ်လည်း ပြုံးနေသော လူကို လှမ်း၍မတိုက်တော့ပေ။ သူက သဘာဝအတိုင်း ပြန်နှုတ်ဆက်ရင်း။
"အကြီးအကဲ အကြံဥာဏ်တွေများ ပေးစရာ ရှိသေးလား?"
"ဟာဟား ကျုပ်က အကြံဥာဏ်ကို လေးလေးနက်နက် မပေးရဲပါဘူး... မြို့တော်သခင်က ပါရမီရှင် ပြိုင်ပွဲကို တက်ရောက်ဖို့အတွက် သခင်လေးကို ဖိတ်ခေါ်လိုက်ပါတယ်"
အမြဲတမ်း မာနကြီးပြီး အစွမ်းထက်တဲ့ မြို့အုပ်ကြီးရဲ့ နန်းတော်က မည်းမှောင်နေတဲ့ မျက်နှာကြီး ဟွာလင့်ဟာ လုရွှမ်ကို ပြုံးပြပြီး နှုတ်ဆက်လာတဲ့အပြင် ပါရမီရှင် ပြိုင်ပွဲအတွက်ပါ ဖိတ်သွားသည်။
လုရွှမ်မှာ အဲဒီအရည်အချင်း ရှိတာတော့ အမှန်ပါပဲ။
လုရွှမ်ရဲ့ အတိဒုက္ခကို ကြည့်ပြီးနောက် မည်သူမဆို ကြောက်ရွံ့ရုံသာမက အထိတ်တလန့်လည်း ခံစားရလိမ့်မည်။ ယခုလို ထက်မြက်သော ပုဂ္ဂိုလ်နှင့် ပြိုင်ဆိုင်ရန် ရည်မှန်းထားသော လူများစွာကလည်း အစောကတည်းက နောက်ဆုတ်သွားကြပြီ။
သို့သော် သူ့အတိဒုက္ခကို တစ်ခါမှ မမြင်ဖူးသော ကျင့်ကြံသူများကတော့ တွန့်ဆုတ် တွန့်ဆုတ်ဖြင့် တုံ့ဆိုင်းသွားကြသည်။
ဒီလိုအခြေအနေမျိုးမှာ လူအများစုဟာ ပါရမီတိုက်ပွဲမှာ ဘယ်သူက ပထမ ဖြစ်မယ်ဆိုတာ သိပြီးသားပါ။ မြို့သခင်ဟာ သူ့အတွက် အကျိုးအမြတ် လိုချင်ပါက လုရွှမ်ကို ဆက်သွယ်ရမှာက မလွဲမသွေပင်။
အမှားအမှန် မရှိ၊ တရားမျှတမှု သို့မဟုတ် အဆိုးမရှိ အကျိုးစီးပွားကသာ ဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်က မောင်းနှင်အား ဖြစ်လေသည်။ ဒါနဲ့ယှဥ်ရင် သမီးတစ်ယောက်က ဘာမှမဟုတ်တော့ချေ။
ထို့ကြောင့် အချိန်တိုလေး ကြာပြီးနောက်၊ မြို့တော်သခင်၏ စံအိမ်တွင်သာ အမြဲနေထိုင်ခဲ့သော မြို့တော်သခင်သည် လုရွှမ်ကို ဆက်သွယ်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။
အားလုံးနီးပါးက လုရွှမ်ကိုကြည့်ပြီး သူ့အဖြေကို စောင့်နေကြ၏။
ကျားတွင်းထဲကို တကယ် နက်နက်ရှိုင်းရှိုင်း ဝင်ဝံ့သလား။ ဒါမှမဟုတ် ငြင်းပယ်ဖို့ သင့်လျော်တဲ့ အကြောင်းပြချက် ပေးမှာလား။ ဟွာလင့်နဲ့ တိုက်ခိုက်မှာလား။
ခိုက်ရန်ဖြစ်ပွားပြီးသည်နှင့် ဤပါရမီရှင်သည် ဘေးကင်းစွာ လွတ်မြောက်နိုင်မလား၊ ပြင်းထန်သော ဒဏ်ရာများဖြင့် လွတ်မြောက်သွားမလား၊ သို့မဟုတ် ဒီနေရာမှာပဲ အသက်ဆုံးရှုံးသွားမလား မသိ။
ခဏလောက်တော့ တစ်ကမ္ဘာလုံးက စိတ်ဓာတ်ကျနေသလို တိတ်ဆိတ်နေကြသည်။
လုရွှမ်သည် အမြဲပြောင်းလဲနေသော အတုအယောင် အပြုံးများဖြင့် ဟွာလင့်၏ အုံ့မှိုင်းနေသော မျက်လုံးများကို စိုက်ကြည့်ကာ နူးညံ့စွာ ပြုံးလိုက်သည်။
"အခု ခင်ဗျားကိုယ်တိုင် ရောက်လာတယ် ဆိုတော့ ငြိမ်းချမ်းရေး ယူလိုက်ကြရအောင်... မြို့တော်သခင်က စိတ်နှလုံးအကြွင်းမဲ့ ကြိုဆိုနေမှတော့ ကျွန်တော် ငြင်းလို့ ဘယ်ကောင်းပါ့မလဲ?"
အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ သူတို့ပါးစပ်ဖျားက ပါရမီရှင်သခင်လေးဟာ အားလုံးကို အံ့သြသွားအောင် ထပ်လုပ်နေပြန်၏။
မြို့သခင် အိမ်ထဲသို့ သူတစ်ယောက်တည်း ဝင်လိုက်လျှင် တစ်စုံတစ်ယောက်သော သူက သူ့ကို ရန်ဘက်ပြုလျှင် အန္တရာယ်ရှိမည်။ သေမလား ရှင်မလားတောင် ဘယ်သူမှ သိလိုက်မည် မဟုတ်။
ဟွာလင့်လည်း အံ့အားသင့်သွားပြီး အကျယ်ကြီး အော်ရယ်လိုက်လေ၏။
"ကောင်းပြီ... မင်းမှာ သတ္တိရှိသားပဲ! ငါ ကြိုက်တယ်!...စကားမစပ် မင်းကို ဘယ်လိုခေါ်ရမလဲ မသိဘူး"
"လုရွှမ်"
"လုရွှမ်...သခင်လေးလု အယ် .. လုရွှမ်လား ?"
အသံတချို့ ထွက်လာပြီး လုရွှမ်ကို စိုက်ကြည့်နေသည်။
"လုရွှမ်" ဟူသော စကားလုံးသည် လူတိုင်းနားထဲသို့ ရောက်ရှိလာပြီး နာမည်မှာ အနည်းငယ်ရင်းနှီးနေပုံရသော်လည်း ဘယ်သူဘယ်ဝါဆိုတာ ခဏအတွင်း မမှတ်မိကြချေ။
သို့သော် ဟွာလင့်၏ စူးစူးရှရှ အသံအောက်တွင် ညကောင်းကင်ယံက လျှပ်စီးများ လင်းလက်သွားသည်။ မိုးကြိုးတစ်ချက် ပစ်ချလိုက်သလို လူတိုင်းရဲ့စိတ်များ ကြည်လင်လာကာ လျင်လျင်မြန်မြန် တုံ့ပြန်ကြသည်။
ဒုတိယ ပါရမီရှင်စာရင်းထဲတွင် လုရွှမ် ဟူသော အမည်ပါသည်။ ဟွာလင့်၏ သူငယ်အိမ်များ လျော့ပါးသွားကာ သူ့မျက်နှာပေါ်တွင် အဆင်မပြေသော အပြုံးတစ်ခု ပေါ်လာပြီး ရှေ့သို့ အနည်းငယ် လှမ်းလာသည်။
"လတ်စသတ်တော့ သခင်လေးလုရွှမ်ကိုး... ဒီလို အရည်အချင်းမျိုး ရှိနေတာ မဆန်းပါဘူး ... ဂုဏ်သတင်းနဲ့ ထိုက်တတ်ပါတယ်.. ကျေးဇူးပြုပြီး ကြွပါ!"
လုရွှမ်ကို လူချင်းတွေ့ပြီး လုရွှမ်ရဲ့ နာမည်ကို မလေ့လာခဲ့ဘူးဆိုရင် ဒီကောင်လေး ဟုတ်သလားဆိုတာ သံသယ ဖြစ်ကောင်း ဖြစ်မိနိုင်ပါသည်။ သူသည် လုရွှမ်ခွန်အားကို လူကိုယ်တိုင်ပင် ချိန်ဆရသေးသည်။
သို့သော် လုရွှမ် ယခင်အမူအရာ၊ မနှိမ့်ချမှု၊ သည်းမခံနိုင်မှု၊ တည်တည်ငြိမ်ငြိမ်နှင့် ခပ်တည်တည် ရှိသော အမူအရာသည် သူ့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲနေခဲ့သည်။
အရည်အချင်း ရှိတဲ့သူတွေက ရဲရင့်ကြတာလား။ မဟုတ်ဘူး။ ဒါဟာ ကောင်းကင်ယံက အနီရောင် နေလုံးလိုမျိုး ဘုန်းအာနုဘော်က သဘာဝအတိုင်း အစွမ်းထက်ကာ ဘယ်နတ်ဆိုးကိုမှ မကြောက်တဲ့သူပဲ။
လုရွှမ်: "အကြီးအကဲဟွာ... အရှေ့ကကြွပါ"
"သခင်လေးလုရွှမ် ကျေးဇူးပြုပြီး ကြွပါ!"
လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "အကြီးအကဲ... ကျွန်တော်တို့ ဘေးချင်းကပ်ပြီးပဲ လမ်းလျှောက်သွားရအောင်!"