← Chapters

သူပုန်များ

Vol. 126 Ch. 4.1405

သူပုန်များ

Vol. 126 Ch. 4.1405

အဲဒါက ဘယ်လို လက်အကာအကွယ်လဲ။

နတ်ဓားကို ဖမ်းပြီး ဓားစွမ်းအင်ကို ခုခံနိုင်လျှင် အနည်းဆုံးတော့ နတ်လက်နက်တစ်ခုသာ ဖြစ်ရမည်။ လူတိုင်းသည် အလွန်ပြင်းထန်သော ပျက်စီးခြင်း အရှိန်အဝါ ပါရှိသော ရက်စက်ကြမ်းကြုတ်သည့် ရောင်ဝါကို ခံစားလိုက်ရသည်။

ထန်း!

ဘာလဲ?

လူတိုင်း ရှစ်လျန်းဖန်ရဲ့ နတ်ဓားကို အာရုံစိုက်ထားကြသည်။ အသံကတော့ သူတို့နှစ်ယောက်ရဲ့ ခွန်အားကို မခံနိုင်တဲ့ နတ်ဓားသံပဲ ဖြစ်လေ၏။ ပင့်ကူပုံစံ အက်ကြောင်းများက နတ်ဓားပေါ်တွင် အမှန်တကယ် ထွန်းတောက်လာခဲ့သည်။

ပင့်ကူလိုပုံစံ အက်ကြောင်းများ တစ်ကြောင်းပြီး တစ်ကြောင်း ပေါ်လာကာ နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ ပေါက်ကွဲသံနဲ့အတူ နတ်ဓား ကျိုးသွားတော့၏။

ကံကောင်းထောက်မစွာဖြင့် နတ်ဓားတစ်ချောင်း ကျိုးသွားသော်လည်း ပိုင်ရှင်လက်ထဲ၌ တစ်ပိုင်း ကျန်နေသေးသည်။ မဟုတ်ပါက သေးငယ်သော ဓားစများသာ ပေါက်ကွဲသွားခဲ့လျှင် ပြင်းထန်စွာ ဒဏ်ရာရသွား​လောက်​ပြီ။

ရှစ်လျန်းဖန် ပါးစပ်မှ သွေးများ ထွက်ကျလာသည်။ နတ်ဓားကို သူ့နှလုံးသားနှင့် ချိတ်ဆက်ကာ နှစ်ပေါင်းများစွာ ကျွေးမွေးခဲ့သော နတ်လက်နက် ကျိုးသွားသလို သူ့စိတ်ဝိညာဥ်ကလည်း လအနည်းငယ်ဖြင့် ပြန်ကောင်းလာရန် မဖြစ်နိုင်တော့ပေ။

"အား!"

ရုတ်​တရက်​ လူတစ်​​ယောက်​က စိတ်​လှုပ်​ရှားစွာ ​အော်​လိုက်​သည်​။ သူမသည် လုရွှမ်လက်ကို လက်ညိုးထိုးပြပြီး။

"အဲဒီနေရာက လှုပ်နေတယ်!"

ရွှံ့ဗွက်အိုင်ကဲ့သို့ မြေပြင်ပေါ်သို့ လဲကျသွားသော ရှစ်လျန်းဖန်ထံမှ ချက်ချင်းပင် လုရွှမ်လက်မောင်းဆီ အာရုံစိုက်လာကြသည်။ အမှန်ပင်။ ထိုအနက်ရောင် လက်မောင်းသည် ပိုကြောက်စရာ ကောင်းလာပြီး ပျက်စီးခြင်း ရောင်ဝါတွေလည်း ထွက်ပေါ်လာသည်။

ဝုန်း!

ရုတ်တရတ် မိုးခြိမ်းသံက ကောင်းကင်မှ ပေါက်ကွဲသွား၏။ မိုးကြိုးတစ်ချက် လုရွှမ်ရဲ့ ညာလက်မောင်းဆီသို့ ပစ်ခတ်လာသည်။

သူတို့ပတ်ဝန်းကျင်က လူတွေ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ဒီမိုးခြိမ်းသံက အတိဒုက္ခမိုးကြိုး မဟုတ်ပေမယ့် မိုးခြိမ်းသံကို ကြောက်တာက သက်ရှိသတ္တဝါတွေရဲ့ ဗီဇပါပဲ။

"ဒါဟာ အရမ်းဆိုးရွားတဲ့ တစ်ခုခုပဲ ဖြစ်ရမယ်... အဲဒါကြောင့် ကောင်းကင်က မိုးခြိမ်းသံကိုတောင် စွဲဆောင်သွားတာ..."

"ဟုတ်တယ်...လုရွှမ်က အစ်ကိုလျန်းဖန်ကို လှည့်စားပြီး အတင်းအကြပ် နည်းလမ်းတွေ သုံးနေတာပဲ ဖြစ်ရမယ်.... ဒါက မတရားဘူး အစ်ကိုလျန်းဖန်အတွက် ကောင်းကင်ကတောင် မကျေမနပ် ဖြစ်နေပြီ"

လုရွှမ်သည် ခေါင်းကိုအသာ မော့ပြီး ရိုးရှင်းသော မိုးခြိမ်းသံတစ်ခုနှင့် ဆွဲဆောင်မှုရှိသော လျှပ်စီးကြောင်းကို ကြည့်လိုက်သည်။

ရှစ်မိသားစုကသာ သူ့အတွေးတွေကို သိရင် သူတို့ တစ်ယောက်ပြီးတစ်ယောက် သေတဲ့အထိ ထိုင်ငို​နေကြလိမ့်မည်။ သူ့အတွက် ဒီမိုးခြိမ်းသံက ရိုးရိုးတမ်းတမ်းခြိမ်းတဲ့ မိုးခြိမ်းသံ တစ်ခုလို ဖြစ်နေပြီ။ မိုးခြိမ်းသံအောက်မှာ ဖူထူမြို့တော်ကြီး တစ်ခုလုံးမှာ နတ်သားရဲတွေ ဘယ်လောက်များ ဆိတ်ဆိတ်နေပြီး ကောင်းကင်ကြီးကို ကြည့်နေလဲ မသိ။

လုရွှမ်လက်မောင်းက လူတိုင်းထင်ထားသည့် အနက်ရောင် လက်က ဖျက်ကနဲ လှုပ်ရှားသွားသည်။

တကယ်တော့ သူ့လက်ထိပ်၌ ပါးစပ်ကြီးလို တွင်းကြီး သူ့အလိုလို ဖြစ်လာပြီး ပြင်းပြင်းထန်ထန် ထိမှန်လာတဲ့ မိုးကြိုးကို မျိုချပစ်လိုက်သည်။ ထို့နောက် ၎င်းသည် လုရွှမ်လက်ထဲသို့ ပေါင်းစပ်သွားပြီး လက်မောင်းက ယခင်အရောင်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

လုရွှမ်သည် ရှစ်လျန်းဖန်ကို တစ်ချက် ကြည့်လိုက်၏။ သူသည် ဤကောင်လေးကို သူ့မျက်လုံးထဲသို့ ဘယ်တုန်းကမှ မထည့်ထားခဲ့ဖူးပေ။ ၎င်းသည် ဘာကိုမှမသိ၊ နည်းစနစ်များကို နားလည် သဘောပေါက်ခြင်း မရှိ၊ သူ့စိတ်ထဲ ရှိတဲ့အတိုင်း လိုက်လျှောက်နေသူ ဖြစ်သည်။

ဒါက သူလာခဲ့တဲ့ အနောက်တိုင်းဒေသ ပြင်ပက ကျင့်ကြံသူလား။ ကမ္ဘာကြီးက ဘယ်လောက်ကြီးမှန်း မသိတဲ့ ရေတွင်းထဲက ဖားတစ်ကောင်သာသာပဲ။

လုရွှမ် ရှစ်ထျန်းယွင်ထံ လက်ခုပ်ဆုပ်ပြီး လှည့်ကာ ထွက်ခွာသွားခဲ့သည်။ ရှစ်ထျန်းယွင်မှာလည်း သက်ပြင်းချလျက်။ သူ့မြေးလုပ်ရပ်က တော်တော် ရှက်စရာကောင်းသွားပြီ။ လုရွှမ် ထွက်ခွာသွားပြီးနောက် လေထုက ချက်ချင်း ရှင်းထွက်သွားသည်။

ရှစ်မိသားစုမှ လူအားလုံးသည်လည်း အရှက်မိုးများ မိုးသည်းထန်စွာ ရွာနေသဖြင့် အားလုံး ထိတ်လန့်သွားပြီး စကားမပြောရဲကြပေ။ ရှစ်ထျန်းယွင် ခန္ဓာကိုယ်မှ ပြင်းထန်သော မကောင်းဆိုးဝါး စွမ်းအင်များက လူကို သတ်လိုသော ဆူနာမီ လှိုင်းလုံးကြီး ကဲ့သို့ ပြင်းထန်လှသည်။

"အားလုံးက မိုက်မဲတဲ့ကောင်တွေချည်းပဲ... မိုက်မဲလိုက်ကြတာမှ ဘာမှကို နားမလည်ဘူး ဘာမှလည်း မသိဘူး.. မာနကြီးပြီး ကောင်းကင်ကို ကြည့်ဖို့ပဲ သိတယ်... ငါ လုံးဝ အရှက်ကွဲသွားပြီ မင်းဆီကနေကွ!"

"သခင်လေးလုရွှမ် အခုနက သုံးသွားတဲ့ ဓားချက်အကြောင်း ဘယ်သူသိလဲ?"

"အခုမှ သူ့လှုပ်ရှားမှုတွေ ဘယ်လိုပြောင်းသွားလဲ ဘယ်သူသိလဲ!"

"အသုံးမကျတဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကို ဖမ်းမိသွားတဲ့ သူ့လက်မောင်းက ဘယ်လိုမှော်အစွမ်းမျိုး ဘယ်သူသိ​ကြလဲ?"

"ငါတို့အားလုံး အရင်က စကားအသေ ပြော​နေကြတာ မဟုတ်ဘူးလား... အခု မင်းတို့အားလုံး ဆွံ့အသွားပြီလား!!"

ရှစ်ထျန်းယွင် အဆက်မပြတ် ကျိန်ဆဲပြီး မေးလိုက်သည်။ အရှိန်အဟုန်က ပြင်းလွန်းသဖြင့် သားစဉ်မြေးဆက်များ အလွန်ထိတ်လန့်သွားကာ စကားမပြောဝံ့၊ အသက်မရှုဝံ့သည့် ငုံးများကဲ့သို့ပင် ကျုံ့သွားကြ၏။

လူငယ်​တွေနဲ့ အချိန်အများစုကို တိတ်တိတ်ဆိတ်ဆိတ်နေခဲ့ရတဲ့ အဘိုးကြီးဟာ ဒေါသဖြစ်တဲ့အခါ အရမ်းကြောက်ဖို့ကောင်းပေသည်။

"ဒီအရှုံးသမားရဲ့ ဒဏ်ရာတွေကို ကုပြီး အနှစ်တစ်ရာကျော် တံခါးပိတ်ထားလိုက်... မပြည့်မချင်း အပြင်မထွက်လာစေနဲ့!"

ရှစ်လျန်းဖန်ခမျာ ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး ထိတ်လန့်တုန်လှုပ်နေတဲ့ အသံနဲ့ ဟစ်အော်လိုက်လေသည်။

"မဟုတ်ဘူး... ကျွန်တော် မယုံဘူး အဲဒါ မတရားဘူး... အဲဒီကောင် မိစ္ဆာစွမ်းအင်ကို သုံးနေတာ အသိသာကြီး!"

ဖြောင်း!

စူးရှသော အသံနှင့်အတူ ရှစ်လျန်းဖန်တစ်ယောက် မျက်နှာကို အရိုက်ခံလိုက်ရရာ နောက်ပြန်လဲကျပြီး သွေးတစ်လုတ် အန်လိုက်ရတော့၏။

"အရူး!! အမှိုက်!! ငါ ရှစ်ထျန်းယွင်က မင်းကို ရေတွင်းထဲမှာ ထိုင်ပြီး ကောင်းကင်ကို မော့ကြည့်ခိုင်းမိတာပဲကွ!"

ရှစ်ထျန်းယွင် ရှေ့ကို တိုးလာပြီး သူ့ကို နောက်တစ်ကြိမ် ကန်ထုတ်လိုက်တာကြောင့် ရှစ်လျန်းဖန်လည်း သစ်ပင်ကြီးတစ်ပင်ပေါ်ကို ပျံတက်သွားလေသည်။

"အနှစ်နှစ်ရာ ပိတ်ထား...အဲ့ကောင်ကို ဒီနေရာကနေ ခေါ်သွားစမ်း!"

ရှစ်ထျန်းယွင် ဟောက်လိုက်သော်လည်း ဘယ်သူမှ ရှေ့တိုးမလာခဲ့။

"ဘာလဲ.. ငါပြောတာကိုတောင် နားမထောင်ဘူးပေါ့ အဟမ်း မင်းတို့ရဲ့ အတောင်ပံတွေက တအားကို ကြီးထွားလာနေပြီ​ပေါ့ ဟုတ်လား... ဟွာလင့် ဟွာလင် ဘယ်မှာလဲ"

ရှစ်ထျန်းယွင် လှမ်းအော်လိုက်သော်လည်း ဟွာလင့်ကို အရိပ်အယောင်ပင် မတွေ့ရ​တော့ပေ။

"အဟမ်း!"

ချောင်းဆိုးသံ ကြားလို့ သူ့ခေါင်းကို ရုတ်တရက် လှည့်လိုက်တော့ သူ့သားအကြီးဆုံးပဲ ဖြစ်နေသည်။

"အဖေ အသက်ကြီးပြီနော် မိသားစုကိစ္စတွေကို ဖယ်ထားပြီးသားလေ... ဘာလို့ အခုမှ ပတ်သက်နေတာလဲ ပြီးတော့ လုရွှမ်က ကျွန်တော့်သမီးအရင်း ဖြစ်တဲ့ အ​ဖေ့ရဲ့မြေးလေးကို သတ်ပစ်လိုက်ပေမယ့် အဖေက လုံးဝ အလေးအနက်မထားဘူး...."

"အဲဒီကောင်လေးက ကျွန်တော်တို့ ဖူထူမြို့မှာ မာနလာကြီးနေတာ...ဟမ့် သေမင်းကို တွေ့ချင်နေတာပဲ! သူ့ကို လွှတ်ပေးလိုက်ရင် ကျွန်တော်တို့ သမိုင်းမှာ မိသားစု ဂုဏ်သိက္ခာကို ဘယ်နားသွားထားရမလဲ?"

ရှစ်ထျန်းယွင် လူတိုင်းကို မယုံကြည်နိုင်စွာ ကြည့်ပြီး ရယ်မောလိုက်မိသည်။ သူ့မျက်နှာက ရယ်မောနေသော်လည်း နှလုံးသားကတော့ နာကျင်မှုများဖြင့် ပြည့်နှက်နေပါ၏။

"အားလုံးရော ဘယ်လိုထင်လဲ? သမိုင်းရဲ့ ဂုဏ်သိက္ခာကို နင်းချေလို့ မရဘူး...ငါတို့ သမိုင်းကို ထိရဲသူတိုင်း သေရမယ်!"

နောက်ထပ် လူလတ်ပိုင်း အဘိုးအိုတစ်ယောက် ထွက်လာသည်။

"ဖေဖေ... အသက်ကြီးလာပြီ ဆိုတော့ အရင်ကလို လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး လေ့ကျင့်​နေတာပဲ အရမ်းကောင်းလိမ့်မယ်...အဖေ ဘာလို့ ဒီရွှံ့ရေထဲ ထပ်ပြီး ဝင်လာရမှာလဲ မဟုတ်ဘူးလား?"

"ဒုတိယအစ်ကို... မင်းရော?"

"ဖေဖေ... ကျွန်တော်ရောပဲ!"

နောက်ထပ် လူအနည်းငယ်က သူတို့၏ မျက်လုံးများက ကြောက်ရွံ့မှု အရိပ်အမြွက် ပြသံဖြင့် ထွက်လာသော်လည်း သားရှစ်ယောက်က တန်းစီကာ ဆန့်ကျင်ဘက် ဖြစ်နေတာကြောင့် ရှစ်ထျန်းယွင်လည်း ရုတ်တရက် အလွန်အထီးကျန်သွားသလို ခံစားလိုက်ရ​လေသည်။

All Chapters