ယောင်းကျီး
Vol. 126 Ch. 4.1406
သူ့မျက်လုံးတွေက သူ့သမီးငယ်၊ ကိုးယောက်မြောက် သူ့အချစ်ဆုံး သမီးလေးကို ကြည့်လိုက်သည်။ သို့သော်။
"ဖေဖေက အသက်ကြီးနေပါပြီ... ဘာလို့ စိတ်ရှုပ်ခံနေတာလဲ... မြန်မြန်ထွက်သွားတော့လေ... ပိုဝေးလေကောင်းလေပဲ"
"ဟားဟားဟားဟား ဟားဟားဟားဟား ကောင်းတယ် ဒါပဲပေါ့... မင်းတို့ဒီလို လုပ်ချင်စိတ် ရှိတယ် ဆိုမှတော့ လုပ်ရအောင်လေ... လင့်ဖုန်းကို လွှတ်လိုက်ပါ... သူက ငါနဲ့ ဒီအစီအစဥ်ကို ချထားတဲ့သူပဲ မင်းတို့လိုချင်ရင် ယူလိုက်... မင်းတို့က မင်းတို့ရဲ့ ပြဒါးလမ်းကို လျှောက်...ငါတို့ကတော့ သံလမ်းကိုပဲ သွားကြမယ်!"
ရှစ်ထျန်းယွင်သည် အသက်ကြီးသော်လည်း သူ့အရှိန်အဝါက ဆန်းပြားနေသေးသည်။ လင့်ဖုန်းသည် လုရွှမ်ကို နှုတ်ဆက်ပြီးနောက် တိုက်ပွဲကို စောင့်ကြည့်နေခဲ့သော်လည်း အကြောင်း တစ်ခုခုကြောင့် သူရုတ်တရက် ပျောက်သွားခဲ့သည်။
သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ဆို သူ့ကို ထိန်းချုပ်နိုင်တဲ့သူ မရှိ။ သူ့အနီးနားမှာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာကလွဲလို့။
"အဖေ ကျွန်တော်တို့ ဦးလေးလင့်ကို မကြံစည်ဝံ့ပါဘူး... ဒီအတိုင်း အဖေက အသက်ကြီးပြီး မသင့်တော်တော့တာပါ..."
အကြီးဆုံး သားဖြစ်သူ ရှစ်ယိရှုံက မျက်မှောင်ကြုတ်ကာ ပြောသည်။ နောက်ထပ် လူတစ်ဦးကလည်း လက်ဝှေ့ယမ်းပြီး ဆက်ပြောသည်။
“အဖေနဲ့ ဦးလေးလင့်က အသက်ကြီးပြီလေ... ဒီလိုပုံစံနဲ့ ကျင့်သားရလာပြီ... အခုတောင် နတ်မီးနယ်ပယ်က ကောင်လေးတစ်ယောက်အပေါ် ယဉ်ကျေးလွန်းနေတယ်... ဘာလို့ ယဉ်ကျေးနေရတာလဲ...ဒါကချမ်းသာတဲ့ မိသားစုပုံစံလား?"
"ရှစ်မိသားစုကို ကြီးပွားတိုးတက်ပြီး ကျော်ကြားတဲ့ မိသားစုကြီး ဖြစ်လာစေချင်ပါတယ်... ဝေးလံခေါင်သီတဲ့ အရပ်က မြေပိုင်ရှင်လေးတွေထက် နှစ်ထောင်ပေါင်းများစွာ ဒါမှမဟုတ် နှစ်ပေါင်း တစ်သောင်းလောက် အမွေဆက်ခံနိုင်တဲ့ မိသားစုကြီး ဖြစ်လာစေချင်တယ်"
ရှစ်ထျန်းယွင်: "အဲ့ဒီအပိုစကားတွေ ငါ့ကိုမပြောနဲ့! မင်းက အသက်သုံးနှစ်နဲ့ ရှစ်နှစ်သား အရွယ်ကို အသက်ကြီးနေပြီလို့ ထင်နေတယ်ပေါ့လေ... မင်းဘယ်သူလဲဆိုတာ ငါ မသိသေးဘူး ထင်နေလား... မင်းဘယ်သူ့ပေါင်ကို သွားဖက်ထားလဲ? ပြောစမ်း!!"
ရှစ်ယိရှုံမျက်နှာက အနည်းငယ် မှောင်သွားသည်
"အဖေထင်သလို မဟုတ်ဘူး!"
"ရှင်းပြ!"
ထိုအခိုက်အတန့်တွင် အဝေးမှ အသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ အရိပ်တစ်ခု လျင်မြန်စွာ ပြေးချလာကာ ဟွာလင့်ရဲ့ပါးကို ရိုက်လိုက်သည်။
ဖြောင်း!
ဟွာလင့်ခန္ဓာကိုယ်သည် နောက်ပြန် ဆုတ်သွားရကာ သူ့ပါးပြင်ပေါ် မြင့်တက်လာသော အင်အားကြောင့် ရုတ်တရတ် တုန်လှုပ်သွားရလေ၏။ ထို့နောက် လေထုထဲမှ ထွက်ပေါ်လာသော အမျိုးသမီးကို မော့ကြည့်လိုက်သည်။
အမျိုးသမီးက မျက်နှာနဲ့ ပါးပြင်များကို ဖုံးအုပ်ထားသည်။ သို့သော် ရောင်ဝါက အလွန်ကြောက်စရာ ကောင်းသောကြောင့် ရှစ်ထျန်းယွင်လည်း ဤအမျိုးသမီးသည် အနည်းဆုံး နတ်ခြေလှမ်းနယ်ပယ် အဆင့်၇ အထိ ရောက်နေနိုင်တာလဲလို့ တွေးနေမိသည်။
ဒီလောက်ဝေးလံခေါင်သီတဲ့ အရပ်မှာ ဒီလိုမိန်းမမျိုး ဘယ်လိုလုပ်များ ပေါ်လာနိုင်တာလဲ။
"ခင်ဗျားက ဘယ်သူလဲ"
ရှစ်ထျန်းယွင်သည် ဟွာလင့်ကို တွဲထူရင်း သူ့မျက်နှာမှာလည်း ထိတ်လန့်တကြား ဖြစ်နေသည်။ ဒါက နတ်ဆိုးတစ်ကောင်ကို တွေ့ရသလို ခံစားနေရ၏။ သွေးသုံးလုတ် ဆက်တိုက် အန်ပြီးနောက်မှ ဟွာလင့် နောက်ဆုံးတွင် သတိပြန်လည်လာသည်။
အမျိုးသမီးက “နင်က ငါ့သားကို ရိုက်ရဲတယ်ပေါ့... ဟမ့် နင် နှစ်ရာနဲ့ချီပြီး ကြိုးကြိုးစားစား လုပ်လာတာကို မမြင်ဖူးခဲ့ရင် ပါးရိုက်ပြီး သတ်ပစ်ပြီ! နင်က ငါ့ကို ရှင်းရှင်းလင်းလင်း မမှတ်မိသေးဘူးပေါ့...နင်က ငါ့သားကို သွားခိုးတဲ့သူလေ!!"
ဟွာလင့်နဲ့ ရှစ်ထျန်းယွင်တို့၏ အမူအရာများသည် တစ်ချိန်တည်းတွင် သိသိသာသာ ပြောင်းလဲသွားကာ တစ်ပြိုင်နက်တည်း အော်လိုက်၏။
"ယောင်းကျီး!"
“ဟမ့်!”
အမျိုးသမီးက ကြိမ်းမောင်းပြီးတာနဲ့ လူနှစ်ယောက်က ကောင်းကင်ယံမှာ ရုတ်တရက် လက်ဝါးချင်း တိုက်လိုက်ကြသည်။ နှစ်ယောက်သား တစ်ပြိုင်တည်း လွင့်သွားကာ သွေးတွေ ရွှဲရွှဲစိုကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
ထိုစဥ် လူအုပ်ထဲမှ အမျိုးသမီး တစ်ဦး ပြေးထွက်သွားပြီး သူတို့နှစ်ဦးကို အမြန်ထောက်လိုက်သည်။
"အဖေ... ဦးလေးလင့်!"
၎င်းက ရှစ်ထျန်းယွင်ရဲ့ အငယ်ဆုံးသမီး ရှစ်ရှန်ရှန်းပင်။
"ဟမ့်!"
အမျိုးသမီးကြီး၏ ပါးစပ်မှ နူးညံ့သော ညည်းသံတစ်ခု ထွက်ပေါ်လာပြီး လေလှိုင်းတစ်ချက် လွင့်သွားသည်။ ရှစ်ရှန်ရှန်းက နောက်သို့ လွင့်သွားလေရာ သုံးယောက်လုံး မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
ရှစ်ထျန်းယွင် ချက်ချင်း တုံ့ပြန်လိုက်သည်။
"ရှန်ရှန်း... သတိထားဦး!"
ရှစ်ထျန်းယွင် သူ့သမီး၏ ခန္ဓာကိုယ်ထဲသို့ သူ့စွမ်းအားကို အမြန်ထိုးသွင်းလိုက်မှ တစ်ဖက်လူလည်း လန့်နိုးလာသည်။ သူတို့ နှစ်ယောက်ကို မြင်တော့ သူမပါးစပ်က သွေးတွေကို ထွေးထုတ်ရင်း။
"ဖေဖေနဲ့ ဦးလေး အဆင်ပြေရဲ့လား"
ဟွာလင့်: "ငါတို့ အဆင်ပြေတယ် မင်းအဆင်ပြေလား"
ရှစ်ထျန်းယွင်: "နတ်သမီးယောင်း မင်းဘာလို့ အငယ်တန်းတွေကို တိုက်ခိုက်ရတာလဲ..."
အမျိုးသမီးက တိုးတိုးလေး ဟစ်အော်ပြီး
"ခွေးတစ်ကောင်ကများ... ငါနင့်ကို ရိုက်ရင်ရော ဘယ်သူက ကန့်ကွက်ရဲလဲ?"
"အမေ!"
ရှစ်ယိရှုံ တိုးတိုးလေး အော်လိုက်တော့ အမျိုးသမီးသည် သူမအရှိန်ကို ထိန်းကာ ရှစ်ယိရှုံခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ရှစ်ယိရှုံမျက်နှာသည် နီရဲလာကာ အလွန်အမင်း ရှက်သွားသော်လည်း သူ မလှုပ်ဝံ့ဘဲ ပွတ်သပ်ခံလိုက်သည်။
"သားလေး မွေးပြီး သိပ်မကြာခင်မှာပဲ ဒီလူယုတ်မာ နှစ်ယောက်ရဲ့ ခိုးယူတာကို ခံလိုက်ရတာ... မင်းအမေကို တစ်သက်လုံး ထားခဲ့တာ... နှစ်တွေကြာသွားပြီ... ဒီအမေက မင်းကိုရှာဖို့ ကမ္ဘာအနှံ့ ခရီးထွက်ခဲ့ပြီး အခုနောက်ဆုံးတော့ ပြန်တွေ့ပြီ...နှစ်တွေအကြာကြီး မင်းကိုငါပေးသင့်ခဲ့တဲ့ အချစ်တွေ အားလုံးကို ငါဖြည့်ဆည်းပေးမယ်... မင်းကိုဘယ်သူမှ ထပ်ပြီး အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး..."
ရှစ်ထျန်းယွင်နဲ့ ဟွာလင့်တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ထိတ်လန့်သွားကြ၏။ ရှစ်ထျန်းယွင်၏ မျက်လုံးများသည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းများဖြင့် ပြည့်နှက်နေသည်။ ထိုအချိန်က အဖြစ်အပျက်ဟောင်း တစ်ခုသာ ဖြစ်ပေမယ့် ဒီနေ့ အကျိုးဆက်မျိုး ရှိလာမယ်လို့ ဘယ်သူက ထင်မှာလဲ။
"ကောင်းပြီ ငါ့သားအတွက် ဒီနေ့ မင်းကို ငါချမ်းသာပေးလိုက်မယ်... မင်းကို ငါ့မျက်စိရှေ့က ထွက်သွားဖို့ တစ်နာရီလောက် အချိန်ပေးမယ်... မဟုတ်ရင် မင်းကို နောက်တစ်ကြိမ်တွေ့ရင် အပိုင်းပိုင်း ဖြတ်ပစ်မယ် !"
ရှစ်ထျန်းယွင် သူ့လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပေမယ့် ဟွာလင့်က ဝင်ပြောလိုက်သည်။
"ငါတို့နှစ်ယောက်က ကိစ္စမရှိပါဘူး.. ရှန်ရှန်း... သွားကြရအောင်!"
ရှစ်ရှန်ရှန်းလည်း သက်ပြင်းချကာ ရှစ်ထျန်းယွင်ကို ဆွဲထူလိုက်သည်။ ထို့နောက် သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ထောက်ကာ ရှစ်မိသားစုမှ ထွက်ခွာသွားကြသည်။
"ဖေဖေ ဘယ်သွားမလို့လဲ"
"ဒီအမျိုးသမီးက အရမ်းရက်စက်ပြီး အကြင်နာမဲ့မှန်း ငါ သိတယ်... ငါတို့ကို လွှတ်ထားမှာ မဟုတ်ဘူး...ဒါက ကြောင်က ကြွက်ကို လွှတ်လိုက်သလိုမျိုး သူမရဲ့ ပုံမှန်မဟုတ်တဲ့ စိတ်ပညာကို ကျေနပ်စေမယ့် ကစားနည်းတစ်ခုပဲ”
ရှစ်ရှန်ရှန်း နားမလည်ပေ။
"သမီးလား? အဖေနဲ့ဦးလေးလင့်ကကော"
ဟွာလင့် ရှိုက်ကြီးတငင် ပြုံးလိုက်ပြီး "ငါတို့ မလွတ်မြောက်နိုင်ဘူး...ယိရှုံကို ငါတို့ ခိုးယူလိုက်တဲ့ အချိန်ကနည်း ငါတို့ကို သူ နာမည်ပျက်စာရင်း သွင်းပြီးသွားပြီ... ငါတို့ ပြာကျသွားတဲ့အထိ ငါတို့ကို လွှတ်မှာ မဟုတ်ဘူး။"
ရှစ်ထျန်းယွင်: "ရှောင်လင့် မင်းဘယ်သူ့ကို တွေးနေတာလဲ...ငါနဲ့အတူတူပဲလား"
ဟွာလင့်က ခေါင်းညိတ်ပြသည်။
"ဒီအချိန်မှာ သူတစ်ယောက်တည်းပဲ ကျန်တော့တယ်... ပြီးတော့ သူက အဲ့အရူးမရဲ့ မြေးဖြစ်တဲ့ ယိရှုံရဲ့ သမီးငယ်ကို သတ်လိုက်တာလေ... သူ့ကိုလည်း ဘယ်တော့မှ လွှတ်မှာ မဟုတ်ဘူး!"
"ဒါဆို လုရွှမ် ဘယ်မှာလဲ"
"အရင်က စားသောက်ဆိုင်မှာ သောက်နေတာ တွေ့ဖူးတယ်"
"သူ့ကို သွားရှာရအောင် ငါတို့မှာ တစ်နာရီလောက်ပဲ အချိန် ရှိတော့တယ်... သူ ဝေးဝေးမသွားသေးဘူးလို့ မျှော်လင့်တယ်"
တစ်ဖက်မှာတော့ လုရွှမ်သည် ရှစ်အိမ်မှ ထွက်လာပြီးနောက် ဤနေရာမှ တိုက်ရိုက် ထွက်ခွာရန် စီစဉ်ခဲ့သော်လည်း ရုတ်တရက် သူသည် ယခင်သောက်ခဲ့တဲ့ အရက်ကို သတိရသွားကာ ထိုနေရာသို့ ပြန်သွားခဲ့သည်။
အံ့အားသင့်သွားတာက သူ့ကို စောင့်နေတဲ့ပုံပေါက်တဲ့ ရော့ရှီးကို မြင်လိုက်ရခြင်းပါပဲ။
"မိန်းကလေးရော့ရှီးက ကျွန်တော် လာမယ်ဆိုတာကို သိနေတာလား"
"ရှင်က သွေးထွက်သံယို အတိဒုက္ခကို ခံစားခဲ့ရပြီး သေခြင်းတရား လမ်းကျဉ်းကျဉ်းလေးကနေ လွတ်မြောက်ခဲ့တယ်မလား... အဘိုးက ရှင့်အတွက်တင်မကဘဲ တခြားလူအတွက်ပါ ဒီမှာစောင့်နေဖို့ တောင်းဆိုထားတာ!"
လုရွှမ် အံ့အားသင့်သွားပြီး။
"ဘာဖြစ်တာလဲ သိချင်ပါရဲ့"
"သခင်လေးလုရွှမ် သခင်လေးလုရွှမ်.... မင်း ဒီမှာရှိလား.."
ထိုစဥ် အောက်ဖက်တွင် ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
ရော့ရှီး မတ်တပ် ထရပ်လိုက်၏။ သူမ၏ လှုပ်ရှားမှုများသည် နူးညံ့သိမ်မွေ့ပြီး သူမလေသံက သဘာဝအတိုင်း အေးအေးချမ်းချမ်းပင်။
"ကျွန်မတို့ စောင့်နေတဲ့လူက အဲဒီမှာပဲ"