← Chapters

ရှုပ်ထွေးမှုများ

Vol. 126 Ch. 4.1407

ရှုပ်ထွေးမှုများ

Vol. 126 Ch. 4.1407

လာတဲ့သူတွေက ဟွာလင့်တို့ သုံးယောက်ကလွဲလို့ တခြားသူတွေ မဟုတ်ချေ။

လူသုံးယောက်ဟာ သူတို့ကိုယ်သူတို့ အနိုင်နိုင် ထောက်ကူရင်း လာနေကြသည်။ လုရွှမ် အဆောက်အဦး အထက်က ပြေးဆင်းလာခဲ့ပြီး လူသုံးယောက်ရဲ့ အသွင်အပြင်ကို မြင်လိုက်တာနဲ့ တကယ်ကို အံ့သြသွားရ၏။ သူသည် သူတို့သုံးယောက်ကို အမြန်ကူညီခဲ့ပြီး မထိန်းနိုင်စွာ မေးလိုက်သည်။

"အကြီးအကဲ ဘာဖြစ်သွားတာလဲ"

"ပြောဖို့ နောက်ကျသွားပြီ...သခင်လေးလုရွှမ် မင်း ဒုက္ခအကြီးအကျယ် ရောက်တော့မယ် ဒါက ငါ့သမီး ရှန်ရှန်း ... ဒါက ငါ့ရဲ့ သိုလှောင်လက်စွပ်ပါ မင်းကို ပေးမယ်! မင်းကို တစ်ခုပဲ တောင်းဆိုချင်တယ်... ငါ့သမီးကို ခေါ်သွားပေးပါ... အကြောင်းပြချက်ကို ငါ့သမီး ရှင်းပြလိမ့်မယ်... မြန်မြန်သွား!”

ဟွာလင့်ကလည်း သူ့ သိုလှောင်လက်စွပ်ကို ထုတ်ပေးလိုက်သည်။

“မြန်မြန်သွား!!”

လုရွှမ် ဒဏ်ရာရနေသော အမျိုးသမီးကို ကြည့်လိုက်သည်။ သူမက ရှစ်ထျန်းယွင်၏ မြေးနှင့် အသက်အရွယ် မကွာပေ။ ခွန်အားက သိပ်မမြင့်သော မျှော်စင်နယ်ပယ် ဒုတိယအဆင့်မှာသာ ရှိကာ အခုဒဏ်ရာ အပြင်းအထန် ရထားတော့ အငွေ့အသက်က ကျဆင်းနေသည်။

"ဖေဖေ... သမီး မသွားဘူး... အဖေနဲ့အတူ အသက်ရှင်ပြီး အတူတူသေမယ်!"

ရှစ်ထျန်းယွင်ကတော့ သူမကို ရုတ်တရက် သတိလစ်သွားအောင် ရိုက်ပစ်လိုက်ကာ လုရွှမ် ရင်ခွင်ထဲသို့ တွန်းထုတ်လိုက်သည်။

"မြန်မြန်ထွက်သွား"

ဘာတွေဖြစ်နေတာလဲ။

ရှစ်မိသားစုသည် ဖူထူမြို့တော်တွင် ထိုက်တန်သော အုပ်စိုးရှင် မဟုတ်ပါလား။ ဘယ်သူကများ အနိုင်ကျင့်ရဲတာလဲ။

လုရွှမ်သည် ဤအရာအားလုံးကို မကြိုမြင်ထားသကဲ့သို့ ရော့ရှီးကို ကြည့်လိုက်သည်။

"ရှင်စောင့်ရမယ့် လူက ဒီကိုရောက်ပြီ.. ကျွန်မတို့ သွားရအောင်"

လုရွှမ် ပိုလို့တောင် စိတ်ရှုပ်သွားပေမယ့် သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားတဲ့ ရော့ရှီးက ထွက်သွားဖို့ တိုက်တွန်းနေသည်။ ရုတ်တရက် ပြင်းထန်သော စွမ်းအားကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ကို ဆွဲထုတ်သွားတာကြောင့် ရော့ရှီးဟာ အလွန်အစွမ်း ထက်လှကြောင်း ဝန်ခံလိုက်ရတော့သည်။

"လမ်းမှာ အားလုံးကို ရှင်းပြမယ်!"

လုရွှမ်လည်း ရှစ်ရှန်ရှန်းကို လက်တစ်ဖက်က ပွေ့ဖက်ထားပြီး သူမနောက်ကို အမြန်လိုက်ရန်မှတပါး ရွေးချယ်စရာ မရှိ​တော့ပေ။

"သတိထား!!"

လုရွှမ်ရဲ့ အံ့သြစွာ အော်ဟစ်သံနဲ့အတူ ဓားမီးတစ်ဖျပ်ဖျပ် တောက်သွားပြီး ရော့ရှီးရှေ့မှာ ခုတ်ထစ်ပစ်လိုက်သည်။ တကယ်လို့သာ ရော့ရှီး ရှေ့ကို ခြေတစ်လှမ်း ထပ်လှမ်းခဲ့မယ်ဆိုရင် သူမရဲ့ ခန္ဓာကိုယ်နဲ့ ဦးခေါင်း ပျောက်ဆုံးသွားပါလိမ့်မည်။

အမြဲတမ်း ငြိမ်သက်နေခဲ့သော ရော့ရှီးပင်လျှင် အနည်းငယ် တုန်လှုပ်သွားသည်။

"ဟမ့်!"

ခပ်တိုးတိုးလေး ဟစ်အော်သံက ထွက်လာသည်။

"မဆိုးပါဘူး... ထျန်းယွမ်နတ်မီးလုံးက နှိုးဆော်လိုက်တာပဲ... ဓားသိုင်းကို ဒီလောက် နားလည်နိုင်တာ အံ့သြစရာတော့ မရှိပါဘူး...ကောင်လေး အရမ်းကောင်းတယ်...မင်းက အရမ်းချောသားပဲ... ဟားဟားဟား"

ပို့ဆောင်ခြင်းအစီအရင် လင်းလတ်သွားသလိုမျိုး သူတို့ရှေ့မှာ အမျိုးသမီးတစ်ယောက် ရုတ်တရက် ပေါ်လာ၏။

သူမမျက်နှာကို ပါဝဖြင့် ဖုံးအုပ်ထားသော်လည်း တစ်ချက် ကြည့်လိုက်ရုံဖြင့် ဤအမျိုးသမီးသည် နတ်ခြေလှမ်းနယ်ပယ်နဲ့ စုန်းမတစ်ယောက်လို အလွန်လှပပြီး သူမကို ​မြင်မိသူတိုင်းအား နားမလည်နိုင်တဲ့ ဆွဲဆောင်မှုတစ်ခုကို ခံစားရ​စေသည်။

သူ့စိတ်က ခဏတာ ဗလာဖြစ်သွားပြီး ဒီမိန်းမနဲ့ ရင်းနှီးဖို့၊ သူမကို ကျေနပ်ဖို့၊ လက်မြှောက်ဖို့ သူ့ခန္ဓာကိုယ်ရဲ့ ဗီဇကို ချန်ထားခဲ့နိုင်တဲ့ အတွေးက စက္ကန့်ပိုင်းမျှ ဝင်လာလေသည်။

ထိုအခိုက် လုရွှမ်၏ နောက်ကွယ်တွင် အနီရောင် နေလုံး​ကြီးတစ်ခု ရုတ်တရက် နိုးထလာ၏။ ၎င်း၏ အလင်းရောင်သည် မိုးကုပ်စက်ဝိုင်းပေါ်ရှိ တိမ်များ နောက်ကွယ်တွင် ပုန်းအောင်းနေသော အနီရောင် နေရောင်ထက် တစ်ခဏတာပင် ပို၍ တောက်ပနေလေသည်။

တောက်လောင်နေသော အလင်းရောင်က လုရွှမ်၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသောအခါ လုရွှမ်တစ်ကိုယ်လုံး လှိုင်းတစ်ခု ရိုက်ခတ်သွားပြီ၏ သူ့မျက်လုံးများလည်း ရုတ်တရက် ကြည်လင်သွားတော့သည်။

ရော့ရှီးက သူ့ကို နောက်ကနေ ပြင်းပြင်းထန်ထန် ဆွဲထုတ်လိုက်ပေမယ့် သူက ဆက်ပြီး လွင့်နေ၏။ ရှစ်ရှန်ရှန်းက သူ့ရင်ခွင်ထဲမှ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်ပြီး သူ့နောက်မှ ရှစ်ထျန်းယွင်က ပွေ့ဖက်ထားသည်။

အမျိုးသမီးဆီမှာ အဖမ်းခံလိုက်ရရင် လောလောဆယ် သူသေဦးမှာ မဟုတ်ပေမယ့် ဒဏ်ရာက ပိုရလာပါလိမ့်မည်။

ရှစ်ထျန်းယွင်: "ယောင်းကျီး... မင်း! တစ်နာရီတောင် မကျော်သေးဘူး... မင်းစကားကို မစောင့်ထိန်းဘူး"

"တစ်နာရီ မကျော်သေးဘူး!" ယောင်းကျီးက လှောင်ပြောင်သည်။

"ဒါပေမဲ့ ငါ့မြေးကိုသတ်တဲ့ ရန်သူကို ရှာဖို့ ထွက်လာတာလေ... သနားစရာပဲ ဟမ့် မင်းလိုလူအတွက် ငါပေးထားတဲ့ ကတိကို ငါစောင့်စရာမလိုဘူး"

မြေး?

လုရွှမ် အံ့အားသင့်သွားသည်။ ဒီအမျိုးသမီးက ရှစ်ထျန်းယွင်ရဲ့ ဇနီး ဖြစ်နိုင်ပါလား။ နတ်ဆိုးနဲ့ နည်းနည်း ဆင်တူနေသလိုပဲ။ ထိုစဉ် ယောင်းကျီးက ရှစ်ထျန်းယွင်ကို လျစ်လျူရှုပြီး လုရွှမ်ကိုကြည့်ကာ သူမ၏ မျက်နှာဖုံးကို ဆွဲချလိုက်​လေသည်။

ရှစ်ထျန်းယွင်: "သူ့မျက်နှာကို မကြည့်နဲ့!! မင်း...."

သူ့အသံက ရုတ်တရက် ရပ်သွားပြီ။ အကြောင်းမှာ လုရွှမ်က ယောင်းကျီးကို တည့်တည့် စိုက်ကြည့်နေတာကို မြင်လိုက်ရပြီး မျက်လုံးတွေက ကြည်လင်နေသည်။

လုရွှမ်: "တူညီတဲ့ လှည့်ကွက်နဲ့ ငါ့ကိုလှည့်စားရင် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး"

"ဟားဟား ဟားဟား"

"ဟားဟား"

အသံများသည် ထူးထူးခြားခြား တစ်စုံတစ်ခုကို နှစ်သက်သွားသလို ရုတ်တရက် ရောက်ရှိလာသူ အားလုံးက တခြားသူများရဲ့ စိတ်နှလုံးကို တုန်လှုပ်စေသည်။ ယောက်ျားသားတို့ဟာ အရပ်ရပ်မှ ပျံဝဲလာကုန်ကာ ပိုးဖလံများကဲ့သို့ ကာမဂုဏ်မီးသို့ ပြေးထွက်သွားကုန်၏။

သူတို့၏ မျက်လုံးများသည် မှုန်ကုပ်နေကာ တပ်မက်မှုများဖြင့် လျှံထွက်နေသည်။ သူတို့ ခန္ဓာကိုယ်က နီရဲနေသည့် အပူဒဏ်ကို ခံစားနေသလိုပင်။

ရှစ်ထျန်းယွင်နဲ့ ဟွာလင်တို့ နှစ်ယောက်စလုံးကတော့ မျက်လုံးများကို ငြိမ်သက်စွာ မှိတ်ထားကြသည်။ ဒါပေမဲ့ သူ့မျက်နှာက သွေးရောင်လို နီနေသေးတော့ ထိုစွမ်းအင်ကို တင်းတင်းကြပ်ကြပ် တောင့်ခံနေကြတာ သိသာပါ၏။

ယောက်ျားတို့သည် အရှေ့သို့ ပျံသွား၍ လက်ဝှေ့ယမ်းလျက် သပ်သပ်ရပ်ရပ် စီတန်းလျက် ရှိသည်။ နတ်မီးနယ်ပယ်၊ မျှော်စင်နယ်ပယ်နဲ့ နတ်ခြေလှမ်းနယ်ပယ် အပါအဝင် လူပေါင်း သုံးဆယ်ထက် မနည်း ရှိသည်။

ဆံပင်ဖြူ၊ မုတ်ဆိတ်မွေး ဖြူဖွေးတဲ့ လူတွေ၊ လူငယ်၊ လူလတ်ပိုင်းတွေ၊ သက်ကြီးရွယ်အိုတွေတောင် ရှိကြပြီး အားလုံးက သူတို့ရဲ့ မျက်လုံးထဲမှာ စိတ်အားထက်သန်စွာ အမိန့်နာခံကြဖို့ အသင့်ဖြစ်နေကြသည်။

"သွား... သူ့ကိုခေါ်လာခဲ့!"

ဤလူအုပ်စုသည် လှောင်အိမ်ထဲမှ ခွေးကောင်များကဲ့သို့ ဟောက်ပြီး လုရွှမ်ဆီကို ပြေးလာကြတော့၏။

"လူသားက မြေကြီးကို လိုက်နေချိန် မြေက ကောင်းကင်က လိုက်နေတယ်... ကောင်းကင်က တောက်ကျင့်စဥ် နိယာမကလည်း သဘာဝအတိုင်း လိုက်လာလိမ့်မယ်..." ဆိုတဲ့ အသံက လျှို့ဝှက်ဆန်းကြယ်တဲ့ အသံတစ်ခုလို ရုတ်တရက် ထွက်ပေါ်လာပြီး တစ်ခဏအတွင်းမှာတော့ တစ်ကမ္ဘာလုံးက အဲဒီအသံတွေနဲ့ ပြည့်လေ၏။

အသံတစ်သံက အဝေးမှ ပျံ့လွင့်လာသည်။ ပြေးလာသော ယောက်ျားတွေတိုင်း တုန်လှုပ်သွားကြကာ လှုပ်ရှားမှုတွေလည်း နှေးကွေးကုန်သည်။

ထို့နောက် အဘိုးအိုတစ်ယောက်က လုရွှမ်နဲ့ ရော့ရှီးရှေ့မှာ ဆင်းသက်လိုက်သည်။

ရော့ရှီး: "အဘိုး!"

လာသူသည် သူ့ကိုယ်သူ အဘိုးကြီးရှန်းရွှေဟု ခေါ်သော ရော့ရှီး၏ အဘိုးကလွဲလို့ အခြားသူမဟုတ်ပေ။

(TN - ရှန်းရွှေ = တောတောင်ရေမြေ)

"အကြီးအကဲကို ကျေးဇူး အများကြီးတင်ပါတယ်"

လုရွှမ် သူ့ကို မြန်မြန်ဆန်ဆန် ဂါဝရပြုလိုက်သည်။

"ရော့ရှီးနဲ့ အဲဒီကောင်မလေးကို ခေါ်သွားပြီး မြန်မြန်ထွက်သွားလိုက်ပါ.... ငါတို့ ဒီမှာ စောင့်နေမယ်"

အဘိုးကြီးရှန်းရွှေက ပြောပါ၏။

"အဘိုး!" ရော့ရှီးက ရုတ်တရက် ငို​တော့သည်။

"အရူးမလေး... သွားကြတော့ ကံတရားက အဆုံးအဖြတ် ပေးနေပြီ... ဒီနေ့က ငါ့ရဲ့ အရူးဓားနဲ့ အသတ်ခံရမယ့်နေ့ပဲ... ဘာလို့ စိတ်မကောင်းဖြစ်နေတာလဲ... သွားကြတော့"

အဘိုးကြီးရှန်းရွှေက သူ့လက်ဖဝါးကို ဝေ့ယမ်းလိုက်တဲ့အခါ ကောင်းကင်အဆင့် ဓားတစ်စင်း သူ့လက်ထဲ ပေါ်လာသည်။ လေထုက သူ့အလိုလို တုန်ခါသွားကာ လူသတ်သမားဆန်သော ရောင်ဝါသည် ပြင်းထန်စွာ ထွက်ပေါ်လာကာ ကမ္ဘာကြီးကို တုန်လှုပ်သွားစေပြီး အေးစက်သောလေထုနှင့် ပြည့်နှက်သွားသည်။

ယောင်းကျီးကတော့ တစ်ခုခုကို သဘောပေါက်လိုက်သလို သက်ပြင်းတစ်ချက် ချလိုက်သည်။

"အဲဒီတုန်းက ဒုတိယ ပါရမီရှင်စာရင်းမှာ ပထမအဆင့်ရခဲ့တဲ့ ​ပြိုင်ဘက်ကင်းကောင်းကင်ဓားက ဒီရောက်နေ​တာကိုး...နှစ်တွေကြာသွားပြီ. ..ငါလည်း ကျင့်ကြံမှုတွေ ပြန်ကောင်းလာပေမယ့် တစ်ချိန်က ငါရှိခဲ့ဖူးတဲ့ ပါရမီရှင်တွေကတော့ ယုတ်လျော့သွားတာ သနားစရာပဲ...ဟူး... အဲဒါက ဒီကျွန်ရဲ့ အပြစ်ပါပဲ ... ငါနင့်ကို ခမ်းခြောက်တဲ့အထိ မစုပ်ယူခဲ့သင့်ဘူး ဟားဟားဟား!"

ဒီစကားကို ကြားရသောအခါ လူတိုင်း အလွန်အံ့သြသွားကြသည်။

အဘိုးကြီးရှန်းရွှေက ပါရမီရှင်စာရင်းတွင် နံပါတ်တစ် ဖြစ်ခဲ့ဖူးတာ ကြားရတော့ လုရွှမ် အံ့သြသွား၏။ သို့သော် သူသည် ပါရမီရှင် လေ့ကျင့်မှုအတွင်း နစ်မြုပ်သွားခဲ့ပြီး ယခု သူ၏ ကျွမ်းကျင်မှုမှာ လုံးဝ အသုံးမဝင်တော့အောင် ဖြစ်သွားခဲ့သည်။ သူ ထပ်မံ လေ့ကျင့်ပြီးမှသာ လက်ရှိ အနေအထားသို့ တစ်ဖန် ရောက်ရှိခဲ့တာ ဖြစ်မည်။

ဒါဆို ဒီကံကြမ္မာအတိုင်းဆို အဘိုးအိုက အသက်ဘယ်လောက် ရှိပြီလဲ။ သူမရဲ့ ကျင့်ကြံမှုကရော ဘယ်လောက်တောင် အစွမ်းထက်​နေ​ပြီလဲ။

ပြီးတော့ ဒီအမျိုးသမီးက ရှစ်ထျန်းယွင်နဲ့ ကလေးတစ်ယောက် ရခဲ့တယ် ဆိုရင်။ တွေးရင်း လုရွှမ် အရမ်းကို ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။

"ယောင်းကျီး... ဒီစကားပြောဖို့က အသုံးမဝင်ဘူးလေ... မင်းဘာလို့ မတိုက်တာလဲ... ဒီနှစ်တွေထဲ မင်းအများကြီး မတိုးတက်လာဘူး ထင်တာပဲ... အခုထိ နတ်ခြေလှမ်းနယ်ပယ် အဆင့်၈မှာ ရှိနေတုန်းပဲ... မင်းရဲ့လေ့ကျင့်မှုမှာ တစ်ခုခုမှားသွားလို့ အနာဂတ်လမ်းက ပျက်စီးနေပြီတာမလား?"

All Chapters