ပထမမြို့
Vol. 126 Ch. 4.1410
ရော့ရှီး: "ရှင်သိထားတာ ကောင်းတယ်... ကျုံးကျိုးထဲကို ဝင်ပြီးရင် ငါတို့ ခွဲထွက်သင့်တယ်"
"ဘာလို့လဲ"
လုရွှမ် တခြားအရာကို မတွေးမိသေးချေ။ ရိုးရိုးသားသား ပြောရရင် သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် သိပ်မရင်းနှီးကြချေ။ သူတို့သည် လိုအပ်ချိန်များတွင် ကူညီရမညိ့ အသိအကျွမ်းမဟုတ်၊ သူငယ်ချင်းလည်းမဟုတ်၊ သူတို့ဘဝအတွက်သာ ပြေးနေရသူများသာ ဖြစ်သည်။
ရော့ရှီး လုရွှမ်ကို မျက်လုံးပြူးကြည့်လိုက်ပြီး။
"ရှင်တကယ် နားမလည်တာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလား ကျွန်မတို့ ခန္ဓာကိုယ်တွေက တစ်ယောက်ကိုတစ်ယောက် ဆွဲဆောင်နေတာ... ကျွန်မ ခံစားလို့ရတယ် ရှင် ခံစားရရင် တခြားလူတွေလည်း ခံစားရမှာပဲ...ဒီမှာ ထက်မြက်တဲ့သူတွေ အများကြီးရှိတယ် မင်းစဉ်းစားနိုင်ရင် တခြားသူတွေကလည်း တွေးနိုင်တယ် ဒါကြောင့် အခွင့်အရေးတွေ မယူနဲ့... မဟုတ်ရင် သေလိမ့်မယ်"
လုရွှမ်သည် ဤရော့ရှီးသည် အနည်းငယ် အဆိုးမြင်သည်ဟု ခံစားမိသော်လည်း သူတို့နှစ်ဦးသည် ခင်မင်ရင်းနှီးမှု မရှိသောကြောင့် ဒီစကားတွေက သာမန်ပင်။
ပထမအကြိမ် တွေ့တုန်းက သူမက အရမ်းနူးညံ့သိမ်မွေ့ပြီး နွေဦးလေညင်းလို လူတွေကို ခံစားချက်တွေပေးရင်း ရင်းနှီးချင်လာအောင် လုပ်နိုင်သည်။ ဒါပေမဲ့ အခုအချိန်မှာတော့ သူမရဲ့ အဘိုးဆုံးပါးမှုက သူမကို ပြင်းထန်စွာ ထိခိုက်စေတယ်ဆိုတာ ထင်ရှားပါ၏။
လုရွှမ်သည် သူမစရိုက်ကို သိသိသာသာ ပြောင်းလဲသွားအောင် ဆွဲဆောင်ချင်သော်လည်း မတတ်နိုင်ပေ။ ရော့ရှီးက အပြင်ဘက်တွင် ပျော့ညံ့ပုံရသည်။ သို့သော် သူမစိတ် အတွင်းပိုင်းတွင် အလွန်အားကောင်းနေတာ သိသာသည်။ သူမက ဖုံးကွယ်ထားရုံသာ။
လုရွှမ်: "ကောင်းပြီ ငါနားလည်ပါတယ် သတိပေးချက်အတွက် ကျေးဇူးတင်တယ်"
ရော့ရှီးက လုရွှမ်ကို လေးလေးနက်နက် ကြည့်ပြီး ထပ်ပြောသည်။
"ဟုတ်ပြီ ဟိုကို သွားကြရအောင် ဒီအခြေအနေမှာ ရှင်ဘယ်လောက်ပဲ သတိထား သတိထား အနည်းဆုံးတော့ ပြဿနာ မရှာရင်ပြီးတာပဲ... ကျွန်မ ရှင်နဲ့ မနေချင်ဘူး တစ်ဖက်က ဒုက္ခရောက်နေတဲ့ အခြေအနေကို တွေ့နေရမှာ”
လုရွှမ် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသလို ခံစားလိုက်ရသည်။ သူ အဆင်မပြေစွာ ပြုံးလိုက်သော်လည်း ရော့ရှီးက ဂရုမစိုက်ဘဲ သူ့ဘာသာသူ ရှေ့သို့ ပျံသန်းနေပြီ ဖြစ်သည်။
'ဟူး... မိန်းမတွေကို နားကို မလည်တော့ဘူး...'
တောင်တံတိုင်းရှေ့သို့ ရောက်လာသောအခါ တောင်နံရံမှ ပြင်းထန်သော စုပ်ယူမှု အလွှာတစ်ခု ရှိနေသလို ခံစားလိုက်ရသည်။ ရော့ရှီးက သူ့ကို လေးလေးနက်နက် အကြည့်ဖြင့် ပြန်ကြည့်ကာ လျင်မြန်စွာ ပြေးထွက်သွားသည်။
လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ ဒါက သူ့ကို စမ်းသပ်တာလား။ ဒါမှမဟုတ် ဒီနေရာက မရိုးရှင်းဘူး ဆိုတာကို မှတ်မိစေချင်တာလား။
လုရွှမ်သည် ရော့ရှီး၏ လုပ်ရပ်များနှင့် ထပ်ခါတလဲလဲ ဟောပြောချက်များအား လုံး၀ စိတ်မ၀င်စားပေ။ သူမသည် မျက်နှာထား အေးစက်ပြီး နွေးထွေးသော သူတစ်ယောက် ဖြစ်ပေသည်။
ယွမ်ယန်စွမ်းအင် အနည်းငယ်ကို ထုတ်လွှတ်လိုက်တဲ့အခါ တောင်နံရံရဲ့ ဖိအားက ဘာမှမဟုတ်တော့သလို ပေါ့ပါးသွားကာ သူမ နောက်ကို အလျင်အမြန် လိုက်လာနိုင်ခဲ့သည်။ သူတို့နှစ်ယောက်သည် တိမ်ဖြူများ ထူထပ်သော ကန့်လန့်ကာကို ဖြတ်ကျော်ပြီး နောက်ဆုံး တောင်ပေါ်ကို တက်ခဲ့ကြသည်။
"ဒီနေရာက တမင် ဖန်တီးထားတာလား"
လုရွှမ် အဝေးကို လှမ်းကြည့်လိုက်တော့ သူ့ပတ်ဝန်းကျင် တစ်ခုလုံးကို ဝိုင်းရံထားတဲ့ တံတိုင်းကြီး တစ်ခုကို တွေ့လိုက်ရလေ၏။
"အင်း...ဒါဘယ်သူ့ လက်ရာလဲဆိုတာ ကျွန်မ မသိပေမယ့် မှော်အတတ်တွေ အများကြီးပါနေတဲ့ ဒီနံရံကြောင့် ကာကွယ်ရေး အခင်းအကျင်းက ခိုင်ခံ့နေတာ ဖြစ်နိုင်တယ်.... ဆင်းကြရအောင်"
နှစ်ယောက်သား ပြေးဆင်းသွားကြသည်။
လုရွှမ်: "ဒီနေရာက ရောင်နဲ့ ဖိအားတွေက မတူဘူးမလား?"
ရော့ရှီး၏ မျက်ခုံးများ လှုပ်ယမ်းသွားသည်။
"ရှင် ခံစားရလား?"
လုရွှမ် ခေါင်းညိတ်လိုက်သည်။ ထိုအခါ ရော့ရှီးက သနားစရာကောင်းတဲ့ အမူအယာကို တွေးတောလေ၏။
"ဒီနေရာက အံ့သြစရာကောင်းတယ်... ဘယ်လောက်တောင် အံ့သြစရာကောင်းလဲ ဆိုရင် ဘယ်သူမှ မသိနိုင်တဲ့အထိပဲ"
ဘယ်သူမှ မသိဘူးလား?
"ဒါပေမဲ့ ဒဏ္ဍာရီမှာတော့ အလယ်ပိုင်းမြို့က ဝိညာဉ် သားရဲတွေ သိမ်းပိုက်ထားတဲ့ တောင်ပိုင်းဒေသလို မဟုတ်ဘဲ မြေကမ္ဘာ တစ်ခုလုံးရဲ့ ဗဟိုချက်လို့ ကောလဟာလ တစ်ခု ရှိခဲ့ဖူးတယ်... ကျုံးက ထာဝရတည်ရှိပြီး အဆုံးမရှိ ကျက်သရေရှိနေတယ်လို့ ကောလဟာလတွေလည်း ရှိတယ်... နောက်ဆုံးတော့ အလယ်ပိုင်းမြို့က ဘယ်ကို ပျံ့နှံ့သွားမယ်ဆိုတာ ဘယ်သူမှ မသိဘူး”
"ဒီနေရာက မသေနိုင်တဲ့အဆင့်ကို တက်ဖို့ လမ်းစပဲတဲ့... အဲဒါကလည်း အမြဲတမ်း ဒဏ္ဍာရီပဲ နတ်ခြေလှမ်းနယ်ပယ်တွေတောင် ကျုံးကျိုးရဲ့ အနက်ရှိုင်းဆုံး အပိုင်းကို ထိနိုင်တယ်လို့ ဘယ်သူမှ မပြောရဲဘူး... ကျွန်မတို့ဝင်လို့ရတဲ့ နေရာ မရှိဘူး နဂါးနဲ့ ဖီးနစ်တွေတောင် ကြောက်ပြေးရတယ်... "
"ရှင်ရဲ့ ခွန်အားကို မြှင့်တင်ချင်ရင် ဆက်ပြီး အနက်ရှိုင်းဆုံးနေရာကို သွားလိုက်ပါ... ဒါပေမဲ့ ရှင်သန်ချင်ရင် လုံလောက်တဲ့ အနေအထားမှာပဲ ရပ်လိုက်...မဟုတ်ရင်... "
လုရွှမ်: "မဟုတ်ရင် သေလိမ့်မယ်"
ရော့ရှီးက မပြုံးဘဲ "အဲဒါက တကယ်သေလိမ့်မယ်" ဟု တည်ငြိမ်စွာ ပြောသည်။
လုရွှမ် ပခုံးတွန့်ကာ ဘာမှ ဆက်မပြောတော့ပေ။ ရော့ရှီးသည် သိုလှောင်လက်စွပ်ထဲက လက်ကောက်တစ်ကွင်းကို ထုတ်ယူပြီး သူ့လက်ပေါ် တင်ပေးလာသည်။
"ဒါက ကျုံးကျိုးထဲကို ဝင်ရမယ့် လမ်းကြောင်းပဲ... အောက်က မြို့ကို မြင်လား...ဖြတ်ကျော်ပြီးရင် ရှေ့ကို ဆက်သွား... မဟုတ်ရင် မင်း အသတ်ခံရမယ် လုယက်ခံရမယ်... ကောင်းပြီ ဒီမှာ နှုတ်ဆက်ရအောင်..."
လုရွှမ်: "မင်းရဲ့ ခွန်အားကို အမြန်ဆုံး မြှင့်တင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်... မင်းရဲ့အဘိုးအတွက် လက်စားချေပြီး မင်းရဲ့ အရင်ပုံစံအတိုင်း မင်းရသင့်ရထိုက်တဲ့ ပျော်ရွှင်မှုဆီ ပြန်သွားနိုင်ဖို့လည်း မျှော်လင့်တယ်"
ရော့ရှီးက ထိုစကား မကြားသလိုပဲ ရပ်တန့်မှုမရှိ အဝေးကို ပြေးထွက်သွားခဲ့သည်။
အောက်ဘက်သို့ ဆက်လက် ကျဆင်းသွားသည်နှင့်အမျှ အောက်ခြေတွင် သလင်းကျောက်တွင်း အလွှာများ မြှုပ်ထားသကဲ့သို့ ဝိညာဉ်စွမ်းအင်များ ပိုမိုကြွယ်ဝလာတာကို လုရွှမ် ခံစားမိသည်။
နောက်ဆုံး မြေပြင်ပေါ်သို့ ဆင်းသက်သောအခါ လေထဲတွင် ရှိနေစဉ်က တွေ့ခဲ့သော ကြီးမားသော မြို့ကြီးကို မြင်လိုက်ရသည်။ ယခုအချိန်တွင် ဤမြို့သည် သူမြင်ဖူးသမျှ အခြားမြို့များထက် များစွာကြီးမားနေ၏။
မြို့တစ်ခုလုံးကို ကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး ကြီးကျယ်ခမ်းနားသော မြို့တံခါးတွင် အလွန်ရိုးရှင်းသော စာတန်းပါသော ကမ္ဗည်းပြားကြီး တစ်ခုရှိသည်။
ဒါဟာ မြေကမ္ဘာပေါ်မှာ ပထမဆုံး ပေါ်ထွက်လာတာမလို့ ပထမဆုံးမြို့လို့ ခေါ်တာလား။ ရော့ရှီးကတော့ ဒါကအခုမှ အစဟု ဆိုခဲ့သည်။ ဤသည်မှာ ပထမဆုံးမြို့ကို ဆိုလိုခြင်းသာ ဖြစ်ပေမည်။
မြို့အပြင်ဘက်မှာ ရွာတွေစုပြီး တည်ထားကာ ကျင့်ကြံသူတွေလည်း ရှိနေကြသည်။ သူတို့ အသီးသီးမှာ ထူးထူးခြားခြား ကျင့်ကြံမှုတွေ ရှိကြလေ၏။
အခုအချိန်မှာတော့ မြို့တံခါးတွေကို ပိတ်ထားကာ အရမ်းတင်းကြပ်နေသည်။ လုရွှမ် ထိုလူများကို တစ်ချက် ကြည့်လိုက်သော် ထိုလူများက သူ့ကို စိုက်ကြည့်နေကြပြီး အများစုမှာ မနာလိုသော မျက်လုံးများ ရှိနေကြသည်။
"ကောင်လေး... ဒီနေရာက မင်းလာသင့်တဲ့နေရာမဟုတ်ဘူး... မင်းရဲ့အသက်အရွယ်၊ မင်းရဲ့ အဆင့်နဲ့ဆို အိမ်ပြန်သွားပြီး မင်းအမေကိုပဲ ပြုစုသင့်တယ်"
အသံတစ်သံက အစပျိုးလိုက်တာနဲ့ ပတ်ဝန်းကျင်က လူတွေအားလုံး ရယ်မောကုန်ကြသည်။
လုရွှမ် ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သည်။ ဤလူများ အားလုံးမှာ ထူးထူးခြားခြား ကျင့်ကြံမှုအဆင့် ရှိသည့် လူလတ်ပိုင်း အများစု ဖြစ်သည်။ လူငယ်တွေက မျှော်စင်နယ်ပယ် အနိမ့်ဆုံး ဖြစ်သည်။ သူက နတ်မီးနယ်ပယ် ဖြစ်လို့ အငယ်တန်းတစ်ယောက်လို ခံစားရသည်။
လုရွှမ်ရဲ့ မျက်လုံးများသည် နတ်သမီးတစ်ပါးဆီ လှည့်သွားသည်။ သူမသည် မြင့်မားသောအဆင့်ရှိသူ မဟုတ်သော်လည်း သူမရဲ့ ရောင်ဝါက သာလွန်တာကြောင့် သခင်တစ်ဦး ဖြစ်မှာ သေချာပါသည်။
"ကျွန်တော် ဒီကနတ်သမီးကို နှုတ်ဆက်ပါတယ်... ဒီမြို့က သတ်မှတ်ထားတဲ့ အချိန်မှာပဲ ဖွင့်တာလားလို့ သိခွင့်ရှိမလား..."
ထိုမိန်းကလေးက ရယ်မောကာ အခြားသူများကို လက်ညှိုးထိုးပြလိုက်တဲ့
"ရှင် သူတို့ရဲ့ဒေါသကို အရင်ခံစားသင့်တာ မဟုတ်ဘူးလား"