← Chapters

လျင်လျင်မြန်မြန်ဖြင့် ဝယ်ယူခြင်း

Vol. 28 Ch. 406

လျင်လျင်မြန်မြန်ဖြင့် ဝယ်ယူခြင်း

Vol. 28 Ch. 406

နောက်တနေ့ ညနေခင်းတွင် ဖုန်းယွီသည် ဟန်ကျိုးလေဆိပ်မှ လမ်းလျှောက်ထွက်လာပြီး ဒါရိုက်တာစွန်း သူ့ကို ဆိုင်းဘုတ်တစ်ခုနှင့် စောင့်နေသည်ကို တွေ့လိုက်ရသည်။

“ဒါရိုက်တာစွန်း ခင်ဗျား ဘယ်လိုလုပ် ဟန်ကျိုးကို ရောက်နေတာလဲ။ ကျွန်တော်က ခင်ဗျားကို ဖုန်းဟွာမျာပဲ ရှိမယ်လို့ တွေးနေတာ။”

“ကျွန်တော်ရဲ့ ဇနီးနဲ့ ကလေးတွေနဲ့ အချိန် အတူတူ ကုန်ပေးရဦးမယ်လေ။ ဒါကြောင့် ကျွန်တော် ပြန်ခဲ့တာ။ မန်နေဂျာဖုန်း ဒီနေ့ ဖုန်းဟွာကို သွားမှာလား ဒါမှ မဟုတ် မနက်ဖြန်မှ သွားမှာလား။"

သူ့မိသားစုနှင့် အချိန် ကုန်ဆုံးချင်သည်လော။ ယင်းက ဤနေရာကို လာရောက် ကြိုဆိုချင်ကြောင်း သိသာလွန်းပေသည်။ ဒီဒါရိုက်တာစွန်းက အလွန်ပင် စဉ်းစားဉာဏ် ကောင်းပေ၏။

“ကျွန်တော် မနက်ဖြန်မှ သွားမယ်။ အခု ကျွန်တော်ကို တည်းဖို့အတွက် ဟိုတယ် ရှာပေးပါဦး။”

“ကျွန်တော် မန်နေဂျာဖုန်းအတွက် ဟိုတယ် အခန်းကို ကြိုတင် ဘိုကင် လုပ်ထားပါတယ်။ ဒီခရီးဆောင်အိတ်ကို ကျွန်တော်ကို ပေးပါ။ ကျွန်တော်တို့တွေ အရင်ဆုံး ညစာ စားရအောင်လေ။ ပြီးတော့ ကျွန်တော် ဟိုတယ်ကို လိုက်ပို့ပေးမယ်။”

အရှေ့မြောက်ပိုင်း စားသောက်ဆိုင် ဖြစ်သည်။ ဒါရိုက်တာစွန်းသည် ယခုစားသောက်ဆိုင်အား ရွေးချယ်ထားခြင်းမှာ ယခုဖုန်းယွီ အတွက်ကြောင့် ဖြစ်သည်။

“အလုပ်မစခင်တော့။ရင်းနှီးတဲ့ နေရာကို စားရတာတော့ အကောင်းဆုံးပေါ့။ ဒီကုမ္ပဏီကို အောင်အောင်မြင်မြင်နဲ့ ဝယ်ယူနိုင်မယ်ဆိုရင် ကျွန်တော် ကျီကျန်းမှာ ရှိတဲ့ အကောင်းဆုံး အစားအစာတွေကို ကျွန်တော် ခင်ဗျားကို ကျွေးမယ်။”

ညစာစားပြီးနောက် ဒါရိုက်တာစွန်းသည် ဖုန်းယွီကို ဟိုတယ်ကို လိုက်ပို့ပြီး သူ့အခန်းထဲတွင် ခရီးဆောင်အိတ်ကို ထားခဲ့သည်။ အခန်းထဲမှ မထွက်ခင် ဒါရိုက်တာစွန်းသည် အခန်းထဲရှိ ဖုန်းနှင့် အလုပ်ရှုပ်နေသည်။ သူက ဖုန်းယွီကို နေ့လည်မတိုင်ခင် ဖုန်းဟွာကို သွားရန် လာကြိုမည် ဖြစ်ကြောင်း ပြောခဲ့သည်။ သူသည် တခါတည်း သူ့မိဘထံ သွားရောက် လည်ပတ်နိုင်ပေ၏။

ဒါရိုက်တာစွန်းသည် ဖုန်းဟွာမှ ယနေ့ပြန်ခဲ့သည်။ ပြီးနောက် မနက်ဖြန်တွင် ပြန်သွားမည်လော။ မည်သူက မိဘဆီကို ယခုကဲ့သို့ ပုံစံမျိုးနှင့် သွားမည်နည်း။ သူသည် ဖုန်းယွီကို ကြိုရန်အတွက် ဟန်ကျိုးကို ဖုန်းဟွာမှာ တဆင့် တမင်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဆွေးနွေးမှုသည် ချောချောမွေ့မွေ့ဖြစ်ပါက သူတို့သည် နင်းဘော်ငှက်ကို အောင်အောင်မြင်မြင်ဖြင့် စည်းရုံးနိုင်မည် ဖြစ်သည်။ သူသည် ဒါရိုက်တာစွန်းကို ထိုကုမ္ပဏီတွင် ရင်းနှီးမြှပ်နှံခွင့် ပေးမည် ဖြစ်သည်။ ယင်းက သူ့အကူအညီအတွက် သူ့ဆီမှ ပြန်ပေးသည့် အရာပင်။

ဒါရိုက်တာစွန်း ထွက်သွားပြီးနောက် ဖုန်းယွီသည် ဖုန်းနားသို့ လမ်းလျှောက်လာပြီး တခုခု သူ့ကို စိတ်အနှောက်အယှက် ဖြစ်စေနိုင်သည့် အရာကို တွေ့လိုက်ရသည်။ ယင်းက သူ့အား အမှန်တကယ် အံ့အား သင့်စေသည်ပင်။

ယင်းက ကဒ်တစ်ကဒ် ဖြစ်ပြီး ဆွဲဆောင်မှု ရှိသော အမျိုးသမီး တစ်ယောက်ပုံကို ရိုက်နှိပ်ထားသည်။ မက်ဆေ့ဆိုသော စာသားကို ရိုက်နှိပ်ထားကာ တယ်လီဖုန်းနံပါတ်လည်း ပါရှိသည်။

ဖုန်းယွီသည် ထိုကဒ်ကို အမှိုက်ပုံးထဲကို ပြစ်လိုက်သည်။ သူသည် ငယ်ကောင်း ငယ်နိုင်မည်။ သို့သော် ယင်းက သူသည် ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ထပ်ပြောရပါက ဖုန်းယွီသည်လည်း မိန်းမများနှင့် ပျော်မွေ့သည့်သူ မဟုတ်ပေ။

ဒီလူကြီးစွန်းကတော့ အင်း....

မနက်စာစားပြီးနောက် ဖုန်းယွီသည် ခဏသာ အနားယူရန်အတွက် သူ့အခန်းကို ပြန်သွားသည်။ ပြီးနောက် ဒါရိုက်တာစွန်းက ပြန်လာသည်။ ဖုန်းယွီသည် သူ့အချိန် မည်မျှ တိကျမှန်း မသိပေ။

သူတို့ နှစ်ယောက်စလုံး ဒါရိုက်တာစွန်း၏ ကားထဲကို ဝင်သွားကြသည်။ ပြီးနောက် ဖုန်းဟွာ ဒေသကို မောင်းသွားသည်။ တာ့ချင် ရွာရှိ အစိုးရရုံးသို့ ဖြစ်သည်။

“နင်းဘော်ငှက်ရဲ့ အကြီးဆုံး ရှယ်ယာပိုင်ရှင်က ဒီရွာရဲ့ အစိုးရလေ။ တကယ်လို့ ကျွန်တော်တို့တွေက သူတို့တွေကို နားချနိုင်မယ်ဆိုရင်။ ဒီကုမ္ပဏီကို ဝယ်ဖို့အတွက် ပြဿနာ ရှိမှာ မဟုတ်ဘူး။ ကျန်တဲ့ ရှယ်ယာရှင်တွေကလည်း ဒီကုမ္ပဏီအတွက် ပိုက်ဆံ တပြားမှ မစိုက်ထုတ်ထားဘူးလေ။”

ယမန်နေ့ နေ့လည်ခင်းက ဒါရိုက်တာစွန်းသည်။ ရှုလီဟွနှင့် ကျန်သည့် သူများနှင့် စကားပြောပြီး ဖြစ်သည်။ သူသည် ဒေသ အစိုးရက ထိုကုမ္ပဏီ စတင်ရန်အတွက် ကနဦး ရင်းနှီးငွေ ယွမ် တစ်သိန်း ထုပ်ပေးခဲ့သူ ဖြစ်ကြောင်း သိသည်။ ထိုနည်းပညာရှင်များသည် ရင်းနှီးမြှပ်နှံမှု မလုပ်နိုင်ကာ သူတို့သည် ဆင်းရဲသည်ပင်။

ယင်းကုမ္ပဏီသည် ပေဂျာများကို သုတေသန ပြုလုပ်နေသည်ကိုလည်း သူသဘောပေါက်မိသည်။ ယင်းက စိတ်ဝင်စားစရာ ကောင်းပေ၏။ ယွမ် တစ်သိန်းဖြင့် ပေဂျာကို ထုတ်နိုင်မည်လော။ ရေဒီယိုက ပိုမိုကောင်းမွန်သည့် ရွေးချယ်မှုပင်။ အကယ်၍ ထိုမျှ ရိုးရှင်းပါက နေရာတိုင်းတွင် ပေဂျာစက်ရုံများ ရှိမည်ပင်။

ဒါရိုက်တာ စွန်းသည်။ ထိုလူများကို အစက အထင်သေးခဲ့သည်။ သို့သော် ဖုန်းယွီသည် ထိုကုမ္ပဏီကို ဝယ်ယူချင်ကြောင်း သူအမှတ်ရခဲ့သည်။ သူသည် သံသယ ရှိလာခဲသည်။ ဖုန်းယွီက ဒီလူတွေကို အောင်မြင်မယ်လို့ ထင်နေတာလား။

ဒါ မဖြစ်နိုင်ဘူး။ မြို့တော်တွေမှာ ရှိတဲ့ အင်ဂျင်နီယာ ကြီးတွေတောင်မှ ဒီဟာကို အောင်မြင်တာမှ မဟုတ်တာ။ ဘယ်လိုလုပ် ဒီလူငယ်တွေက စွမ်းဆောင်နိုင်မှာလဲ။

အဆုံးတွင် ဒါရိုက်တာစွန်းသည်။ များများစားစား မတွေးတော့ပေ။ ပြီးနောက် သူသည် ဖုန်းယွီကို ကူညီခြင်း ဖြစ်သည်။ ထိုလူအချို့သည်လည်း သူတို့ အနေဖြင့် ကုမ္ပဏီ၏ ရှယ်ယာများကို ကျွမ်းကျင်သည့် အတွက်ကြောင့်ပဲ ဖြစ်ပေမည်။ သူတို့သည်လည်း ကုမ္ပဏီ၏ ရှယ်ယာရှင်များပင်....။ သူတို့သည် ကုမ္ပဏီတွင် ဆုံးဖြတ်ချက် ချနိုင်သည့် သူများ မဟုတ်ပေ။ အစိုးရသည်သာ အာဏာ ရှိပေသည်။ ဒါရိုက်တာစွန်းသည်လည်း ကျေးရွာအစိုးရကို ဆက်သွယ်ပြီး ဖြစ်သည်။ ကျေးရွာ အစိုးရသည်။ တစုံ တယောက်က နင်းဘော်ငှက် ကုမ္ပဏီကို ဝယ်ယူရန် စိတ်ဝင်စားသည် ဆိုကတည်းက သူတို့သည် ပျော်ရွှင်နေကြသည်။ ကျေးရွာအစိုးရသည် ထိုရင်းနှီးမြှပ်နှံမှုကို လောင်းကစားအဖြစ်သာ သတ်မှတ်ခဲ့သည်။ သူတို့အနေဖြင့် ထို လူငယ်လူရွယ်များသည် ရည်မှန်းချက် ကြီးပြီး သူတို့ကို အခွင့်အရေးတကြိမ်ပေးသင့်သည်ဟု ခံစားမိသည်။ သို့သော် အစိုးရက သူတို့ အောင်မြင်မည် မအောင်မြင်ကိုတော့ မသေချာပေ။ သူတို့သည် ထိုကုမ္ပဏီကို ကြေးမြင့်မြင့်ဖြင့် ရောင်းချမည် ဆိုပါက ယင်းက သူတို့သည် ထိုလောင်းကြေးတွင် အနိုင်ရခြင်းပင် ဖြစ်မည်။

ကျေးရွာခေါင်းဆောင်နှင့် အတွင်းရေးမှုးက ဝယ်ယူသူ ရောက်လာတော့မည်ဟု ကြားသောအခါ သူတို့သည် ရောက်နှင့်ပြီး ဖြစ်သည်။ သူတို့အနေဖြင့် ထိုကုမ္ပဏီကို ဈေးမြင့်မြင့်ဖြင့် ရောင်းချနိုင်မည် ဆိုပါက သူတို့ အတွက် အောင်မြင်မှုပင် ဖြစ်ပေမည်။

“ဒါရိုက်တာစွန်း ရောက်လာပြီးပဲ။ ဒီကို လာပြီးထိုင်ပါဦး။ သူက ဘယ်သူလဲ။”

“အတွင်းရေးမှုးချန် ကျေးရွာခေါင်းဆောင်ကျန်း ဒါက ကျွန်တော် ပြောတဲ့သူပါ မန်နေဂျာဖုန်း။ သူက နင်းဘော်ငှက် ကုမ္ပဏီကို ဝယ်ယူဖို့ စိတ်ဝင်စားနေတာ။”

အတွင်းရေးမှုးချန်းနှင့် ရွာခေါင်းဆောင် ကျန်းတို့သည် အချင်းချင်း ကြည့်လိုက်ကြသည်။ ထိုလူငယ်လေးက သူဌေးကြီလား။ သူတို့တွေက လိမ်နေတာလား။ ဒါပေမဲ့ ဒီဒါရိုက်တာစွန်းက ဟန်ကျိုးမှာ ကုမ္ပဏီ တစ်ခု ပိုင်တယ်။ ပြီးတော့ ဖုန်းဟွာကလည်း သူ့မွေးရပ်မြေလေ။ သူက Santa ကိုတောင် မောင်းနေတာ။ သူရဲ့ ဝတ်စားဆင်ယင်ပုံအရာ သူက လူလိမ်တစ်ယောက်နဲ့တော့ မတူဘူး။

ဒီမန်နေဂျာဖုန်းက တကယ်ပဲ သူဌေးကြီးလား။ သူရဲ့ အဖေက ချမ်းသာတာ ဖြစ်ရင် ဖြစ်ရမယ်။

“မင်္ဂလာပါ မန်နေဂျာဖုန်း ထိုင်ပါဦး။ ဒါက လုံကျန်း လက်ဖက်ရည်ပါ။”

“ကျေးဇူးတင်ပါတယ်။ အတွင်းရေးမှူးချန်း”

ဖုန်းယွီက ပြန်ပြောလိုက်သည်။

အတွင်းရေးမှူးချန်း မရယ် မပြုံးလျက်

“ကျွန်တော်က ကျေးရွာခေါင်းဆောင်ပါ ဒါက ကျွန်တော်တို့ရဲ့ အတွင်းရေးမှူးပါ။”

“မင်္ဂလာပါ အတွင်းရေးမှူးကျန်း”

ဖုန်းယွီ၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အမူအရာ တစွန်းတဆမျှ မပေါ်ပေ။ ဤသို့ ရောက်လာချိန်တွင် သူသည် ဒါရိုက်တာစွန်းနှင့် ဆွေးနွေးပြီး ဖြစ်သည်။ သူ့အနေဖြင့် ခက်ထန်သော သူဌေးကြီး တစ်ယောက်ကဲ့သို့ ပြုမူရမည်ပင်။ ယင်းက သူ့ကို ထိလွယ်ရှလွယ်သည့် သူ ဖြစ်ကြောင်း ဖန်တီးနိုင်မည်ပင်။

ဒါရိုက်တာစွန်းသည်လည်း ဖုန်းယွီ ယခုကဲ့သို့ ဘာကြောင့်လုပ်မှန်း မသိပေ။ ကျေးရွာသူကြီးသည် ငွေများများလိုချင်သည်။ သို့သော် ဖုန်းယွီသည် ယခုအရောင်းအဝယ်ကို မြန်နိုင်သမျှ မြန်မြန် ဖြစ်စေချင်သည်လော။ သူမသိပေ။ အကယ်၍ ထိုနည်းပညာရှင်များသာ သူတို့၏ သုတေသန ပြုချက် အောင်မြင်သွားပါက သူတို့ ကြေးမြင့်မြင့် ကမ်းလှမ်းလျှင်တောင် ကျေးရွာအစိုးရအနေဖြင့် ယင်းကို ရောင်းချလိမ့်မည် မဟုတ်ပေ။

“မန်နေဂျာဖုန်းက တကယ်ကို ငယ်တာပဲ။ လေသံ အရဆိုရင် မြောက်ပိုင်းကပဲမလား။”

“ကျွန်တော် အခု ဘေကျင်းမှာ နေနေပါတယ်။”

ကျေးရွာခေါင်းဆောင်ကျန်းနှင့် အတွင်းရေမှူးချန်းက အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ဘေကျင်းမှာ နေတာလား။ ဒီလူက ခေါင်းဆောင် အချို့ရဲ့ သားများ ဖြစ်နေမလား။ သူတို့သည် အဆင့်နိမ့် အစိုးရ အရာရှိများသာ ဖြစ်ပြီး ဖုန်းမျိုးရိုး ပါရှိသော အဆင့်မြင့် အရာရှိများကို မသိပေ။ သို့သော် တခု သေချာသည်ကား သူတို့သည် အရာရှိများကို ခွန်းတုံ့ မပြန်နိုင်ပေ။

“ဒါရိုက်တာစွန်းရဲ့ ပြောစကားအရ မန်နေဂျာဖုန်းက ကျွန်တော်တို့ရဲ့ နင်းဘော်ငှက်ကို စိတ်ဝင်စားတယ်လို့ ပြောတယ်။ ဒီကုမ္ပဏီမှာ ရင်းနှီးမြှပ်နှံမလို့လား။”

ကျေးရွာခေါင်းဆောင်ကျန်းက မေးလိုက်သည်။

“ရင်းနှီးမြှပ်နှံမှာလား။ ကျွန်တော်အထင်တော့ ဒါရိုက်တာစွန်းက ကိစ္စကို ရှင်းရှင်းလင်းလင်း မလုပ်ထားဘူးနဲ့ တူတယ်။ ကျွန်တော် ဒီကုမ္ပဏီကို ဝယ်ချင်တာ။ ကျွန်တော်က အရာအားလုံးကို ဝယ်ချင်တာ။ ကျွန်တော်က ဒီကုမ္ပဏီကို အပြည့်အဝ ထိန်းချုပ်ခွင့် ရချင်တယ်။ ကျွန်တော်က ရှယ်ယာရှင် တယောက် မဖြစ်ချင်ဘူး။”

အတွင်းရေးမှူးချန်းသည် စိတ်ထဲတွင် တွေးနေမိသည်။ ထိုလူက အလွန်ပင် ခက်ထန်လွန်းသည်။ သူသည် ဒုတိယ မျိုးဆက်၏ အသုံးမဝင်သည့် သား ဖြစ်မည်ပင်။ သို့သော် ယခုပုံစံအရ သူတို့အနေဖြင့် ကုမ္ပဏီကို ကြေးမြင့်မြင့်ဖြင့် ရောင်းချနိုင်မည်ပင်။

“မန်နေဂျာဖုန်း ဒီကုမ္ပဏီက တည်ထောင်ထားတာ မကြာသေးဘူး။ ပြီးတော့ ကျွန်တော်က ဒီကုမ္ပဏီကို ရောင်းနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို ပြည်သူနဲ့ အထက်အရာရှိကိုလည်း ဖွင့်ပြောဖို့ လိုသေးတယ်လေ။”

သူတို့သည် အဆင့်မြင့် အရာရှိများကို ပြန်မဖြေနိုင်မည်ကို စိုးရိမ်နေမှန်း ဖုန်းယွီ သိနေသည်။ ထိုခေတ်အခါက အစိုးရအနေဖြင့် အများပြည်သူကို ရှင်းပြရန် မလိုအပ်ပေ။

“ယွမ် နှစ်သိန်း.. ဒီကုမ္ပဏီက ယွမ် တစ်သိန်းနဲ့ပဲ စပြီး ရင်းနှီးမြှပ်နှံခဲ့တယ်ဆိုတာ သိတယ်။ ဒီကုမ္ပဏီအတွက် ခင်ဗျားတို့ ရွာကို ယွမ် နှစ်သိန်း ပေးမယ်။”

ဖုန်းယွီက လက်နှစ်ချောင်း ထောင်ပြလိုက်သည်။

“အား... မန်နေဂျာဖုန်း ဒီကုမ္ပဏီက ကျေးရွာက အပြည့်အဝ ထိန်းချုပ်ထားတာ မဟုတ်ဘူး။ အဲ့ဒီက အင်ဂျင်နီယာတွေကလည်း ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်ထားတယ်။ ငါတို့တွေက ကုမ္ပဏီရဲ့ ငါးဆယ့်တစ်ရာခိုင်နှုန်းပဲ ပိုင်ဆိုင်တာ။”

“ယွမ်သုံးသိန်း ငါး ဆယ့်တစ်ရာခိုင်နှုန်း ရှယ်ယာတွေကို ဝယ်မယ်။ အဲ့အကြောင်းကို ပြီးတော့မှ ပြောတာပေါ့။”

ဖုန်းယွီက လက်သုံးချောင်း ထောင်ပြလိုက်သည်။

ကျေးရွာခေါင်းဆောင်ကျန်းက အံ့အားသင့်သွားသည်။ သူက စာကြောင်းတစ်ကြောင်းပြောတိုင်း ဖုန်းယွီက ယွမ် တစ်သိန်း တိုးပေးသည်ပင်။ အကယ်၍ သူသာ စာကြောင်းအချို့ ပြောမည် ဆိုပါက သူ့အနေဖြင့် ထပ်တိုးပေးမည်လော။

“မန်နေဂျာဖုန်း ကျွန်တော်တို့ရဲ့ ဖုန်းဟွာနဲ့ နင်းဘော်ငှက်က ဒီအဆင့်မြင့် နည်းပညာကုမ္ပဏီအတွက် မျှော်လင့်ချက် ကြီးကြီးထားတာ။ တကယ်လို့ ကျွန်တော်တို့အနေနဲ့ ဒီကုမ္ပဏီကို ယွမ် သုံးသိန်းနဲ့ ထားလိုက်မယ်ဆိုရင်.....”

“ယွမ်ငါးသိန်း ဒါက ကျုပ်ရဲ့ နောက်ဆုံး ကမ်းလှမ်းမှုပဲ။"

ဖုန်းယွီက စိတ်မရှည်သည့် ပုံစံဖြင့် ပြောလိုက်သည်။

“တကယ်လို့ မင်းတို့တွေက အဲ့တာကို မရောင်းချင်ဘူးဆိုရင်လည်း ဒီအနီးအနားမှာ ရှိတဲ့ ကုမ္ပဏီတွေကို ငါရှာလို့ ရတယ်လေ။ ဘာပဲ ဖြစ်ဖြစ် ဒီကုမ္ပဏီတွေက ဘေကျင်းနဲ့ ရှန်ဟိုင်း သာမကဘူး ဟန်ကျိုးလို နေရာမျိုးမှာတောင် ကုမ္ပဏီ ပုံစံသူတွေ ရှိတယ်။”

ဖုန်းယွီသည် ကြေးမြင့်ပြီး ကုမ္ပဏီကို ဝယ်ယူခြင်း လုပ်ဆောင်ချက်မျိုးကို လုပ်ဆောင်လိုက်သည်။ နောက်ထပ် အကြောင်းချက် တခုမှာ သူတို့အနေဖြင့် အစိုးရ၏ အကျိုးအမြတ်ကို ရယူနိုင်ခြင်း ဖြစ်သည်။ သူသည် ယွမ် တစ်သိန်းဖြင့် စခဲ့သည့် ၅၁ရာခိုင်နှုန်း ရှိသည့် ရှယ်ယာကို ယွမ်ငါးသိန်းဖြင့် ဝယ်ယူခဲ့သည်။ ယင်းက အစိုးရကို အသာစီးယူသည်ဟု စဉ်းစားနိုင်သည်လော သူသည် ကုမ္ပဏီ၏ တန်ဖိုးထက် အစများစာ ပေးခဲ့သည်ပင်။ အနာဂတ်တွင် မည်သူက ဘာပြောနိုင်မည်နည်း။

အတွင်းရေးမှူးချန်းနှင့် ရွာခေါင်းဆောင် ကျန်းတို့က အချင်းချင်း ကြည့်လိုက်ကာ မတ်တပ်ထရပ်လိုက်ပြီး ဖုန်းယွီကို လက်ဆွဲ နှုတ်ဆက်လိုက်သည်။

“မန်နေဂျာဖုန်းက တကယ်ကို တော်တော်ကို စွမ်းဆောင်ရည်ရှိတဲ့သူပဲ သဘောတူတယ်။”

All Chapters