မင်းက သန်းကြွယ် သူဌေးကြီးတစ်ဦး ဖြစ်လာမှာ
Vol. 28 Ch. 407
သူတို့သည် ဈေးကို အဆုံးသတ်ပြီးနောက် ဖုန်းယွီသည် စာချုပ်ကို ချက်ခြင်းပင် ချုပ်ဆိုလိုက်သည်။ သို့သော် အတွင်းရေးမှူးချန်းက ဖုန်းယွီနှင့် ဒါရိုက်တာစွန်းကို နေ့လည်စာတည့်ခင်းရန်အတွက် ဖိတ်ခေါ်၏။ သူ့အနေဖြင့် ထိုဝယ်ယူမှု၏ အသေးစိတ်အကြောင်းကို ပြောချင်သည်။
နေ့လည်စာ စားသည့်အချိန်တွင် ရွာခေါင်းဆောင် အချို့နှင့် ရှုလီဟွ(မန်နေဂျာ၊ နန်းဘော်ငှက် ကုမ္ပဏီ)က ရှိနေသည်။
ကျေးရွာ အစိုးရသည် ဖုန်းယွီကို သူတို့ ရှယ်ယာများ ရောင်းချလိုက်ပြီး ဖြစ်ကြောင်း သိလိုက်သည့်အခါ သူ အံ့အားမှင်သက်သွားသည်။ ထိုမျှ များပြားသော ရှယ်ယာများကို အဘယ်ကြောင့် မြန်မြန်ဆန်ဆန်ဖြင့် ရောင်းချရန် သဘောတူလိုက်သနည်း။ သူတို့ သုတေသနသည် အောင်မြင်တော့မည် ဖြစ်သည်။ အဘယ်တွက် ကျေးရွာက ကုမ္ပဏီကို ရောင်းချလိုက်သနည်း။
အကယ်၍ ကုမ္ပဏီကို ရောင်းချလိုက်ပါက သူတို့ မည်သို့ ဖြစ်သွားမည်နည်း။
“မန်နေဂျာ ဒီကုမ္ပဏီကို ဝယ်ယူပြီးပြီ ဆိုရင် ဘာဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ။”
ကျေးရွာချောင်းဆောင်ကျန်းက မေးလိုက်သည်။
ရှုလိဟွသည် မူးမေ့ချင်သကဲ့သို ဖြစ်သွား၏။ တခြားလူအနေဖြင့် ကုမ္ပဏီအား မည်သို့ လုပ်မည်မှန်း မသိဘဲနှင့် ရှယ်ယာများကို ရောင်းချလိုက်ရသနည်း။ ပြီးနောက် ကုမ္ပဏီကို မရောင်းချခင် အခြားသူများကို မတိုင်ပင်ရသနည်း။ သူဌေးအသစ်နှင့် တွေ့ရတော့မည်လော။ အခြားသူများသည်လည်း ကုမ္ပဏီ၏ ရှယ်ယာရှင်များပင်။ ကုမ္ပဏီကို ရှယ်ယာများအား မရောင်းချခင် အရင်ဆုံး ဆွေးနွေးသင့်သည်ပင်။
“ကျွန်တော်က မန်နေဂျာရှုနဲ့ တခြားသူတွေ အကြောင်းကို ကြားပြီးပါပြီ။ သူတို့တွေက ဆက်သွယ်ရေးလှိုင်းနှုန်းတွေမှာ ကျွမ်းကျင် ပညာရှင်တွေလေ။ ဒီကုမ္ပဏီက ပေဂျာကို သုတေသန ပြုလုပ်နေတာ မဟုတ်ဘူးလား။ သူတို့တွေ ဒီပရောဂျက်ကို ဆက်ပြီး လုပ်သွားလို့ ရပါတယ်။”
ဖုန်းယွီက ပြန်ပြောလိုက်သည်။
“တကယ်လို့ ဒီသုတေသနက အောင်မြင်တယ်ဆိုရင် ပေဂျာထုတ်လုပ်ဖို့ စက်ရုံကို ဒီမှာ ဆောက်ဖို့ ရည်ရွယ်ထားလား။”
“သေချာတာပေါ့ ကျွန်တော်တို့တွေက ပေဂျာတွေကို အောင်အောင်မြင်မြင်နဲ့ ထုတ်လုပ်နိုင်တယ်ဆိုရင် စက်ရုံ တည်ဆောက်မှာပေါ့။”
“အဲဒီစက်ရုံက ကျွန်တော်တို့ ရွာမှာပဲ ဆောက်မှာလား။”
နောက်ဆုံးတွင် ရွာခေါင်းဆောင် မေးချင်သည့် မေးခွန်းအလှည့် ရောက်လာပြီ ဖြစ်သည်။ အကယ်၍ စက်ရုံသည် သူတို့ ကျေးရွာထဲတွင်သာ ဖြစ်ပါက သူတို့သည် နိုင်ငံရေးအရ အောင်မြင်မှုသည်လည်း သူ့ကြောင့်သာ ဖြစ်ပေမည်။ စက်ရုံ တည်ထောင်သည်နှင့် ရင်းနှီးမြှပ်နှံမှုများ ဝင်ရောက်လာပြီး စက်ပစ္စည်းများ မြေငှားရမ်းမှု လုပ်သား အစရှိသဖြင့် ထိုအရာများအားလုံးသည် ကျေးရွာအတွက် အကျိုးရှိမည့် အရာပင် ဖြစ်ပေမည်။ စက်ရုံ စလည်ပတ်သည်နှင့် သူတို့ကို အခွန်ပေးရမည် ဖြစ်ပေသည်။ ယင်းက စွမ်းဆောင်ရည်ကြောင့်ပင် ဖြစ်ပေမည်။
ဖုန်းယွီက ခေါင်းညိတ်လိုက်သည်။
“အဲ့စက်ရုံက သေချာပေါက် နင်းဘော်မှာ ရှိမယ်။ ဒါပေမဲ့ အဲ့စက်ရုံက ဖုန်းဟွမှာလား ဒါမှမဟုတ်ဘူးဆိုရင် ဘယ်ရွာမှာလဲတော့ မသိသေးဘူး။ အခြေအနေပေါ်မှာ မူတည်တာပေါ့”
နင်းဘော်တွင်လည်း ဆိပ်ကမ်းရှိသည်။ ပြီးနောက် လမ်းကြောင်း အခြေအနေသည်လည်း ကောင်းပေ၏။ အကယ်၍ စက်ရုံသာ ဤနေရာတွင် ဆောက်ပါက ကောင်းပေမည်။ ကျီကျန်းအစိုးရ၏ ပေါ်လစီများသည်လည်း အထူးကောင်းမွန်သည်။ အနာဂတ်တွင် ကွမ်တုံးနှင့် ယှဉ်ပြိုင်နိုင်သည့် ပြည်နယ် တခုသေချာပေါက် ဖြစ်လာမည်ပင်။
ထပ်ပြောရပါက ဤနေရာသည် ဂျပန်နှင့်လည်း နီးပေ၏။ ဖုန်းယွီသည် အိုက်ဝတွင် အလုပ်လုပ်နေသည့် ကျောင်းသားများ တရုတ်ကို ပြန်လာသည့်အခါ ကူညီချင်သည်။ အီလက်ထရောနစ် သုတေသန စင်တာကို ဤနေရာတွင် တည်ဆောက်ခြင်းက ပိုမိုကောင်းမွန်သည့် အကြံ တခု ဖြစ်သည်ပင်။
ကျေးရွာခေါင်းဆောင်ကျန်းသည် ဖုန်းယွီ၏ အဖြေနှင့် ပတ်သက်ပြီး စိတ်ကျေနပ်မှု မရသော်ငြား ကျီကျန်းတွင် စက်ရုံ တည်ဆောက်မည်။ ယင်းက ကိစ္စ မရှိပေ။ သူတို့၏ ရွာနှင့် ဖုန်းဟွသည်လည်း ကျီကျန်း၏ တစိတ်တပိုင်းပင် ဖြစ်သည်။ ပြီးနောက် ခေါင်းဆောင်များသည်လည်း သူတို့၏ ပံ့ပိုးမှုကိုလည်း မြင်နိုင်မည် ဖြစ်သည်။
သို့သော် သူသည် ဖုန်းယွီကို အကောင်းဆုံးတော့ နားချချင်၏။
“မန်နေဂျာဖုန်း ကျွန်တော်တို့ရွာမှာ စက်ရုံ တည်ဆောက်မယ်ဆိုရင် ကျွန်တော် ခင်ဗျားကို အကောင်းဆုံးတွေပဲ ပေးမှာ။ ပြီးတော့ ပိုက်ဆံလည်း ချွေတာနိုင်လိမ့်မယ်”
“ကောင်းပြီလေ။ အဲ့တာဆို ကျေးဇူးအရမ်းတင်ပါတယ်”
နေ့လည်စာစားချိန်တွင် ကုမ္ပဏီကို သွားရောက်လည်ပတ်ချင်သည်ဟု အကြောင်းပြချက် ပေးကာ အရက်သောက်ရန် ငြင်းဆိုလိုက်သည်။ သူသည် အစိုးရအရာရှိများ အကုန်လုံး ကောင်းကောင်း သောက်နိုင်ကြောင်း သိပေ၏။
ဖုန်းယွီ၏ သွင်ပြင်သည် ဒါရိုက်တာစွန်း ကုမ္ပဏီ၏ ရုံးခန်းကို မြင်သည့်အခါကထက် ပိုပြီး အံ့အားသင့်နေသည်။ ဒါရိုက်တာစွန်းသည် သူ့စီးပွားရေး စတင်သည့်အချိန်က သူသည် ပင်ပန်းမှုဒဏ်ကို သည်းခံခဲ့သည်။ သူသည် နောက်ဆုံးတွင် အောင်မြင်မှုကို ရခဲ့သည်။ သို့သော် ဖုန်းယွီ သူ့စီးပွားရေးအား စတင်သည့်အချိန်က ကြီးမားသည့် သိုလှောင်ရုံ တစ်ခုကို ငှားရမ်းခဲ့သည်။ ယင်းက ကျယ်ဝန်းပြီး အဆင်ပြေ၏။
ထို ပြိုလုဆဲ အဆောက်အဦးသည် နံရံပေါ်တွင် အင်္ဂတေများတောင် ကွာကျနေသည်။ ယင်းနေရာကို ရုံးဟု ခေါ်ဆိုနိုင်သည်လော။ ဒီနေရာက တကယ်ပဲ တရုတ်နိုင်ငံရဲ့ ဆက်သွယ်ရေး ပစ္စည်းရဲ့ အနာဂတ်ခေါင်းဆောင် ရုံးခန်း တကယ်ပဲလား။
ယနေ့ခေတ်တွင် နင်းဘော်ငှက်၏ နည်းပညာရှင်များအားလုံးက ရှိနေဆဲပင် ဖြစ်သည်။ သူတို့သည်လည်း ကုမ္ပဏီ၏ ရှယ်ယာရှင်များ ဖြစ်နေဆဲပင်။ ဖုန်းယွီသည် မကြာမီတွင် ကုမ္ပဏီ၏ အကြီးဆုံး ရှယ်ယာရှင် ဖြစ်လာမည်ပင်။ ပြီးနောက် သူသည် လူတိုင်းကို အစည်းအဝေးလုပ်ရန် ခေါ်လိုက်သည်။
သူတို့ အကုန်လုံး ဖုန်းယွီကို မြင်သည့်အခါ မျက်နှာအားလုံးက စိတ်ဝင်စားနေကြသည်။ ငါတို့ရဲ့ ကုမ္ပဏီကို ဒီလူငယ်လေးက ဝယ်ယူလိုက်တာလား။ သူက အသက်နှစ်ဆယ်တောင် ရှိသေးရဲ့လား။ သူက ငါတို့ရဲ့ သူဌေးလား။
“ဒီမှာ ရောက်နေတဲ့ သူတွေ အကုန်လုံးက ဒီကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေပဲ ငါကြေညာမယ်။ ငါ ဒီကုမ္ပဏီကို ယွမ် တစ်သန်း ရင်းနှီးမြှပ်နှံမယ်။ မင်းတို့တွေ အကုန်လုံးကလည်း ရှယ်ယာအချိုးအလိုက် ရင်းနှီးမြှပ်နှံနိုင်တယ်။ မဟုတ်ရင်တော့ မင်းတို့ ရှယ်ယာတွေ လျော့ချခြင်းကို ခံရလိမ့်မယ်။”
ဖုန်းယွီက ကြေညာလိုက်သည်။
“ဘာ ယွမ် တစ်သန်းထည့်ဝင်မှာလား။ ကုမ္ပဏီရဲ့ ကနဦး ရင်းနှီးမြှပ်နှံငွေက ယွမ် တစ်သိန်းပဲ ရှိတာလေ။ တကယ်လို့ ယွမ် တစ်သန်းသာ ထည့်ဝင်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ရှယ်ယာတွေ အလျော့ခံရမှာက ပုံမှန်ထက်ကို ဆယ်ပုံပုံ တစ်ပုံ လျော့နည်းသွားမှာပဲ။”
ရှုလီဟွက ပြောလိုက်သည်။
“ငါမင်းတို့ အကုန်လုံးကို ပြောတာက မင်းတို့အနေနဲ့ ရှယ်ယာ အချိုးအစားလိုက် ရင်းနှီးမြှပ်နှံနိုင်မယ်။ ဒါက ပုံမှန်ပဲလေ။ ရှယ်ယာပမာဏအတိုင်း ပုံမှန်အတိုင်း ကိုင်ထားမယ်ဆိုရင်တော့ ငွေက ထည့်ဝင်ရမှာပဲ။ ဒါက ပုံမှန်ပဲလေ။ ဒီကုမ္ပဏီ စတင်တဲ့အချိန်တုန်းက ကနဦး ရင်းနှီးမြှပ်နှံမှုက ယွမ် တစ်သိန်းပဲ ရှိခဲ့တာ။ မင်းတို့တွေ အကုန်လုံးက ၄၉ရာခိုင်နှုန်း ရှယ်ယာကို ပိုင်ဆိုင်ကြတယ်။ အဲ့တာက ယွမ် လေးသောင်းကိုးထောင်ပဲ။ အခုလက်ရှိတော့ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုက ယွမ် တစ်သန်းအထိ တိုးသွားတယ်။ ပြီးတော့ အခုလက်ရှိမင်းတို့တွေရဲ့ ရှယ်ယာရဲ့ တန်ဖိုးကလည်း ယွမ် လေးသောင်းကိုးထောင်ပဲ ရှိနေတုန်းပဲ ဒါ ပြောင်းလဲတာမှ မဟုတ်တာ။”
ဒါရိုက်တာစွန်းက မျက်မှောင်ကျုံ့သွားသည်။ မန်နေဂျာဖုန်းက ပထမက ယွမ်ငါးသိန်းနဲ့ ဝယ်ခဲ့တယ်။ သူက ဒီ ကျေးရွာ အစိုးရဆီကနေပြီးတော့ ရှယ်ယာ အများကြီးကို ငွေအများကြီး သုံးပြီး ဝယ်ခဲ့တယ်။ အခုသူက ဒီကုမ္ပဏီကို ယွမ် တစ်သန်းထပ်ထည့်ပြန်ပြီ။ ဒီကုမ္ပဏီက လူတွေက တကယ်ပဲ ပေဂျာကို ထုတ်လုပ်နိုင်မှာ မို့လို့လား။
ထိုသူများသည် ပထမဆုံးအနေဖြင့် ငွေရင်းနှီးမြှပ်နှံရန် လိုအပ်ပေ၏။ ရှုလီဟွနှင့် ကျန်သည့် သူများက အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့၏ မျက်နှာထက်တွင် ခက်ခဲသည့် ပုံစံမျိုး ပြနေလေ၏။
သူတို့၏ ရှယ်ယာများ မလျော့ချခံရရန်အတွက် သူတို့အနေဖြင့် ယွမ် တစ်သန်းနီးပါး ရင်းနှီးမြှပ်နှံရန် လိုအပ်ပေသည်။ အကယ်၍ သူတို့သည် ယွမ် တစ်သန်းရင်းနှီးမြှပ်နှံပါက သူတို့သည် အစိုးရထံမှ ကနဦး ရင်းနှီးမြှပ်နှံမှုများ လိုအပ်လိမ့်မည် မဟုတ်ပေ။
ပိုပြီး စိတ်တိုစရာ အကောင်းဆုံး အချက်ကား ဖုန်းယွီသည် ကျေးရွာအစိုးရဆီမှ ရှယ်ယာများအတွက် ယွမ် ငါးသိန်းသုံးကာ ဝယ်ခဲ့သည်။ သို့သော် စာချုပ်ထဲတွင် ယွမ် ငါးသောင်း တစ်ထောင်ဟုသာ ဖော်ပြထားသည်။ ကျန်သည့် လေးသိန်းလေးသောင်းကိုးထောင်ကိုတော့ ကျေးရွာအစိုးရအတွက် လှူဒါန်းခြင်းဟု ဖော်ပြထားသည်။ ဤနည်းလမ်းဖြင့် သူတို့ ရှယ်ယာများသည်လည်း ယွမ် လေးသောင်းအတိုင်းသာ ရှိနေသည်။ အကယ်၍ စာချုပ်သည် ယွမ် ငါးသိန်းဟု ဖော်ပြပါ သူတို့၏ ရှယ်ယာများသည်လည်း ယွမ် ငါးသိန်းနီးပါးသို့ တိုးလာမည်ပင်။
“မန်နေဂျာဖုန်း ကျွန်တော်တို့တွေက ဒီလောက်ပိုက်ဆံ အများကြီး မတက်နိုင်ဘူး။”
ရှယ်ယာရှင်များအားလုံးကို ကိုယ်စားပြုသော ရှုလီဟွက ပြောလိုက်သည်။
ဖုန်းယွီကလည်း နားလည်သည့် ပုံစံဖြင့်
“အိုး... ငါသိပြီ မင်းတို့တွေ ဘယ်လောက် တက်နိုင်လဲ။”
“ကျွန်တော်တို့ အားလုံးအနေနဲ့ ယွမ် ငါးသောင်းတောင်မှ မတက််နိုင်ပါဘူး။”
ရှုလီဟွက ပြန်ပြောလိုက်သည်။ တချိန်တည်းတွင် သူက ရှုလီဟွက ကျေးရွာအစိုးရအား ရှယ်ယာများကို အလွယ်တကူ ရောင်းချသည့်အတွက် ကျိန်ဆဲမိသည်။
ဖုန်းယွီသည် ဒါရိုက်တာ စွန်းဖက်ကို လှည့်ကာ
“ဒါရိုက်တာ စွန်း ခင်ဗျားရင်းနှီးမြှပ်နှံဖို့ စိတ်ဝင်စားလား။"
ဒါရိုက်တာ စွန်းက ကြက်သေသေသွားသည်။
ဒီ ပြိုလဲတော့မဲ့ ကုမ္ပဏီကို ရင်းနှီးမြှပ်နှံရမှာလား။ ငါ့ရဲ့ ပိုက်ဆံတွေကို ရေမြောင်းထဲ ပစ်လိုက်တာနဲ့ အတူတူပဲလေ။
သို့သော် ဖုန်းယွီက သူ့ကို ရင်းနှီးမြှပ်နှံရန်အတွက် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်မှန်း သူပြောနိုင်ပေသည်။ ဒီကုမ္ပဏီက တကယ်ပဲ ငွေရှာနိုင်တာလား။ ဒါရိုက်တာစွန်းက အံ့ကြိတ်လိုက်ကာ လောင်းလိုက်မယ်ကွာ။
“မန်နေဂျာဖုန်း ကျွန်တော် ဘယ်လောက် ရင်းနှီးမြှပ်နှံနိုင်လဲ။”
“မင်းဘယ်လောက် ရင်းနှီးမြှပ်နှံချင်လဲ။”
“ကျွန်တော် ယွမ် တစ်သိန်း ရင်းနှီးမြှပ်နှံချင်ပါတယ်။ ကျွန်တော်မှာပေါ့ အပိုငွေ များများစားစား မရှိဘူး။ ကျွန်တော် ငွေအကုန်လုံးကို ဒီမှာပဲ ရင်းနှီးမြှပ်နှံလိုက်မယ်ဆိုရင် ကျွန်တော် နောက်လအတွက် ငွေပေးချေမှုအတွက် လောက်မှာ မဟုတ်ဘူး။”
“ကောင်းပြီလေ ယွမ် တစ်သိန်းပေါ့။ ငါမင်းကို ရှယ်ယာ တစ်ဆယ်ရာခိုင်နှုန်းပေးမယ်။”
အဲတာက ၈.၃ ရာခိုင်နှုန်း ဖြစ်သင့်တာ မဟုတ်ဘူးလား။ ဖုန်းယွွီက ရှယ်ယာ အများကြီး ပေးတာပဲ။ ဒါက သူ့ကို ကျေးဇူးတင်နေတာလား။
“မန်နေဂျာဖုန်း ဒါ အရမ်းများပါတယ်။”
“မင်းရသင့်ပါက ဒါကသင့်တော်တဲ့ ပမာဏပါ။ မန်နေဂျာရှုနဲ့ ကျန်တဲ့သူတွေရဲ့ ရှယ်ယာကို ၄.၁ ရာခိုင်နှုန်းအထိ လျော့ချခံရမယ်။ ဒါပေမဲ့ ဒီကုမ္ပဏီမှာ ရှိတဲ့ နည်းပညာရှင်တွေရဲ့ အရေးပါမှုကို ငါသိတယ်။ ဒီအတွက်ကြောင့်မို့ မင်းတို့ အကုန်လုံးအတွက် ရှယ်ယာ ၁၀ရာခိုင်နှုန်းပေးမယ်။ ပြီးတော့ မင်းတို့ ဘယ်လိုမျိုး ခွဲကြမလဲတော့ မင်းတို့ဘာ မင်းတို့ လုပ်ကြပေါ့။”
ရှုလီဟွနှင့် ကျန်သည့် သူများက ဖုန်းယွီအနေဖြင့် သူတို့အား ရှယ်ယာများ ပေးလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။ ယင်းက သူတို့၏ စိတ်ခံစားချက်ကို ကောင်းစေ၏။
“မန်နေဂျာဖုန်း ကျွန်တော်တို့ တကယ်ပဲ အောင်မြင်မယ်လို့ တွေးတာလား။”
“မင်းတို့တွေ အောင်မြင်မယ်လို့ ယုံကြည်သမျှ ငါမင်းတို့ကို ယုံကြည်တယ်။ ငါက မင်းတို့ကို အရိုးသားဆုံး ပြောတာပဲ။ ငါ ဒီကုမ္ပဏီကို ဝယ်လိုက်တာက မင်းတို့ အားလုံးကြောင့် ဒါက မင်းတို့လူငယ်တွေရဲ့ ရဲရင့်ဖြတ်လတ်တဲ့ စိတ်ဓာတ်ကြမှုနဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် အဲ့တာက ငါတို့နိုင်ငံရဲ့ ပေဂျာလုပ်ငန်းမှာ နိုင်ငံခြားကုမ္ပဏီတွေ လက်ဝါးကြီး အုပ်မှုကို ကာကွယ်နိုင်တယ်။”
ကုန်သွယ်ရေးနှင့် စက်မှုလက်မှု ဗျူရိုမှ ထွက်ခွာပြီးနောက် နင်းဘော်ငှက် ကုမ္ပဏီသည် အိုက်ဝလျှပ်စစ်ကုမ္ပဏီအဖြစ် တရားဝင် အမည် ပြောင်းလဲလိုက်သည်။ သူတို့ အကုန်လုံးသည် ရုတ်ချည်းဆိုသလို ဖုန်းယွီသည် ဂျပန် အိုက်ဝကို ဝယ်ယူခဲ့သည့် လျှို့ဝှက်သည့်သူ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ဖုန်းယွီသည် ထိုကုမ္ပဏီ၏ တရားဝင် ကိုယ်စားလှယ်ဖြစ်သည်။ ပြီးနောက် ရှုလီဟွသည် အထွေထွေ မန်နေဂျာ ရာထူးတွင် ရှိနေဆဲ ဖြစ်သည်။ ဒါရိုက်တာစွန်းသည် လက်ထောက် အထွေထွေ မန်နေဂျာ ဖြစ်ပြီး ဘဏ္ဍာရေး ဒါရိုက်တာလဲ ဖြစ်ခဲ့သည်။
ဒါရိုက်တာစွန်းသည် ဖုန်းယွီကို သိချင်စိတ်ဖြင့် မေးလိုက်၏။
“ဒီကုမ္ပဏီက တကယ်ပဲ ငွေရှာနိုင်မှာလား။ ပြီးတော့ ဒီကုမ္ပဏီက သူတို့ကိုယ်ပိုင် ပေဂျာတွေကို ထုတ်လုပ်နိုင်မှာလား။”
ဖုန်းယွီက ဒါရိုက်တာစွန်းကို အလေးအနက်ဖြင့် ကြည့်လိုက်ကာ
“ဒါရိုက်တာစွန်း ခင်ဗျား ငါးနှစ်အတွင်းကို သန်းပေါင်းများစွာ ချမ်းသာတဲ့ သန်းကြွယ် သူဌေး ဖြစ်လာမယ်လို့ အာမခံတယ်”