ဗွီစီဒီစက် နမူနာ ပုံစံ
Vol. 28 Ch. 408
ဘေကျင်းကို ပြန်ရောက်သည့်အခါ ကျောင်းပြန်ဖွင့်ပြီ ဖြစ်သည်။ ဖုန်းယွီသည်လည်း သူ့ပျော်ရွှင်စရာ ကောင်းသည့် ကျောင်းသားဘဝကို ကျေကျေနပ်နပ်ကြီး ခံစားနေ၏။ သူသည် စာဖတ်ခြင်းနှင့် အတန်းပြီးနောက် သူငယ်ချင်းများနှင့် ဘက်စကတ်ဘော ကစားခြင်းကို ပြုလုပ်သည်။ ယင်းက သာယာပြီး နှစ်လိုဖွယ်ကောင်းသည့် ဘဝပင်။
စာသင်ချိန်အတွင်း ဖုန်းယွီ ပေဂျာ တုန်လာသည်မှာ ပုံမှန်အတိုင်းသာ ဖြစ်နေတော့၏။ သူက တချက် လှည့်ကြည့်လိုက်ကာ ယင်းသည် အရေးကြီး ကိစ္စ မဟုတ်ပေ။ သူသည် အတန်းကို ပြီးအောင် တက်ပြီးနောက် ရေအိမ်ကို သွား၏။ သူသည် ဆိုနီဇက်ဝမ်း အသစ်စက်စက်ကို ဝဘ်ထားသည်။
“မင်္ဂလာပါ ကျွန်တော်က ဖုန်းယွီပါ။”
“မန်နေဂျာဖုန်း ဗွီစီဒီစက် နမူနာပုံစံ အဆင်သင့် ဖြစ်ပါပြီ”
ကျန်းဝမ်မန်က စိတ်လှုပ်ရှားစွာဖြင့် ဖုန်းထဲမှ အော်လိုက်သည်။
နမူနာ ပုံစံတီထွင်တာ စောလှချည်လား။ ဖုန်းယွီ၏ နှုတ်ခမ်းသည် အထက်သို့ ပင့်သက်သွားတော့၏။ နောက်ထပ် ငွေဝင်ပေါက် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
“မန်နေဂျာဖူကိုကော အကြောင်းကြာ့းပြီးပြီလား။”
“ကျွန်တော် သူ့ကို ခေါ်ပြီးပါပြီ။ သူက မနက်ဖြန်ကျ သူ့လူတွေနဲ့ ရောက်မယ်လို့ ပြောတယ်”
“မန်နေဂျာဖုန်း ဘယ်အချိန်လာမှာလဲ။”
“မနက်ဖြန်ပေါ့ ငါ နမူနာပုံစံကို ကြည့်ဖို့ မစောင့်နိုင်တော့ဘူး”
အတန်းထဲသို့ ပြန်သွားလိုက်သည်။ ဖုန်းယွီက ထျန်လေ့ကို နှစ်ရက်ခွင့်တိုင်ပေးရန် အကူအညီ တောင်းသည်။ သူသည် ယနေ့တွင် ဟယ်ဖေးမြို့တော်ကို သွားရန် လိုအပ်ပေသည်။ အစောဆုံးသူလာနိုင်သည်မှာ မနက်ဖြန် ညနေခင်းတွင် ဖြစ်သည်။ ထျန်လေ့သည် ဖုန်းယွီ မည်သည်ကို သွားမှန်း မမေးပေ။ သူက ဖုန်းယွီကို ကိစ္စ အားလုံး ငါ့ဆီ ထားခဲ့ဟုသာ ပြန်ပြောခဲ့၏။
နေ့လည်ခင်းတွင် ဖုန်းခေါ်ဆိုမှု အချို့ ပြုလုပ်ပြီးနောက် ဖုန်းယွီသည် ဟေဖေးမြို့တော်ကို ညနေ သုံးနာရီ လေယဉ်ဖြင့် ထွက်ခွာသွားခဲ့သည်။ ထို့ကြောင့် သူသည် နေ့လည်ခင်း အတန်းများကို ပျက်ပြီး တခါတည်း လေဆိပ်ကို သွားခဲ့ရသည်။
ဖုန်းယွီသည် ဟေးဖေးမြို့တော်ကို ငါးနာရီခန့်တွင် ရောက်ခဲ့သည်။ သူ လေဆိပ်မှ ဆင်းလိုက်သည်နှင့် ကျန်းဝမ်မန်က တစုံတယောက်အား သူ့ကို ကြိုဆိုရန် စေလွှတ်ထားသည်။ ထိုသူသည် ဆိုက်ရောက်ခန်းမတွင် သူ့အား ကဒ်ပြားထောင်ကာ စောင့်နေသည်။ သူ အသုံးပြုသည့် ကားသည် ကားသည် အိုဟောင်းနေသော ဗင်ကားပင် ဖြစ်သည်။
ဖုန်းယွီက ကျေနပ်သွားခဲ့သည်။ ကျန်းဝမ်မန်သည် ဇိမ်ခံပစ္စည်းများတွင် သူ့ငွေကို အသုံးပြုသည့်သူ မဟုတ်မှန်းသိပေသည်။ သူက ရသမျှ ရန်ပုံငွေများ အားလုံးကို သုတေသနတွင်သာ အသုံးပြုသည်။ ကျန်းဝမ်မန်ကို ရှယ်ရာများ ပေးသည်မှာ သင့်တော်ပေ၏။
“မန်နေဂျာဖူ ရောက်ပြီလား”
“မန်နေဂျာဖူက ဒီနေ့ညကျ ရောက်မှာပါ။ သူက ချန်ဒူးထျန်းဖူ လေဆိပ်မှာ လေယဉ်ပြောင်းစီးရဦးမှာ။"
ထိုခေတ်အခါက ဟေးဖေးနှင့် ဟောင်ကောင်ကို တိုက်ရိုက်ဆက်သွယ်သည့် လေကြောင်းလိုင်းများ မရှိသေးပေ။ ရှန်ကျန်းနှင့် ဟေဖေးတွင် မနက်လေယဉ်တစ်စီးသာ ရှိသည်။ ပြီးနောက် ထိုလေယဉ်သည်လည်း ရှန်ဟိုင်းတွင် ခရီးတခေါက်နားလေသည်။
ထိုညနေခင်းတွင် ဖုန်းယွီက သူ့ဟိုတယ် အခန်းတွင်သာ နေသည်။ သို့သော် သူ အိပ်မပျော်နိုင်သေးပေ။ ဗွီစီဒီဒါက ကမ္ဘာကြီးကို ပြောင်းလဲနိုင်တဲ့ ထုတ်ကုန် တခုပဲ။ ဗီဒီယိုတိပ်နှင့် လေဆာခွေများအား ဗွီစီဒီက အစားထိုးပေလိမ့်မည်။ ချုံ့သည့် နည်းပညာ ပေါ်ပေါက်လာပါက စူပါဗွီစီဒီနှင့် ဒီဗွီဒီ နောက်ပိုင်းတွင် ပေါ်လာမည် ဖြစ်သည်။ ထိုထုတ်ကုန်များ အားလုံးသည် ဈေးကွက်အား တစ်ဦးတည်း လက်ဝါးကြီး အုပ်ထားနိုင်ပေ၏။
သို့သော် ယခုအချိန်တွင် ဖုန်းယွီသည် လေနှင့်မိုး ဗွီစီဒီကို ကြေညာမည် သာမက သူသည် အိုက်ဝ ဗွီစီဒီကိုလည်း ကြေညာမည် ဖြစ်သည်။ ကုမ္ပဏီ နှစ်ခုလုံး၏ အသုံးပြုသည့် နည်းပညာမှာ အနည်းငယ် ကွဲပြားခြားနားသော်ငြား ကုမ္ပဏီနှစ်ခုလုံးကား ပြိုင်ဖက်များ ဖြစ်ကြပေမည်။ ယင်းက ဈေးကွက်လက်ဝါးကြီးအုပ်မှု တရားစွဲဆိုခြင်းခံရခြင်းမှ ကာကွယ်ရန် ဖြစ်သည်။
အကယ်၍ လူများက လေနှင့်မိုး အမှတ်တံဆိပ်နှင့် အိုက်ဝ ကုမ္ပဏီကို တစ်ဦးတည်းသာ ပိုင်ဆိုင်သည်ဟု သိပါက ဖုန်းယွီအနေဖြင့် ယင်းနည်းပညာကို လီနိုဗိုနှင့် တွဲကာ အလုပ် အတူတူ တွဲလုပ်နိုင်ပေသည်။ သူ့အနေဖြင့် ကွန်ပြူတာများတွင် floopy ခွေများအစား သူ့ခွေများကို အစားထိုးမည် ဖြစ်သည်။
ဖုန်းယွီသည် နောက်ဆုံးတွင် လီနိုဗိုကို ဆက်သွယ်နိုင်ခဲ့သည်။ သို့သော် ရလဒ်အနေဖြင့် စိတ်ပျက်စရာပင်။ ယခုလက်ရှိ လီနိုဗီသည် ပြန်လည် ဖွဲ့စည်းခြင်းမျိုး မပြုလုပ်ရသေးပေ။ ယင်းကုမ္ပဏီသည် ရှယ်ယာ လုပ်ငန်းစု မဟုတ်သေးပေ။ လျိုချွမ်းကျီသည်လည်း ကုမ္ပဏီတွင် ရှယ်ယာ တစ်ခုလေးတောင်မှ မပိုင်ဆိုင်ပေ။
ဖုန်းယွီက လျိုကျီချွမ်းနှင့် သူ့လူများကို သူနှင့် လာပြီး ပူးပေါင်းရန် ဖိတ်ခေါ်သည့်အခါ သူက ငြင်းဆိုခဲ့သည်။ အကြောင်းမှာ ကွန်ပြူတာ သုတေသန စင်တာက ကုမ္ပဏီသည် ရှယ်ယာ စနစ်သို့ ပြောထားသည့်အတွက်ကြောင့်ပင် ဖြစ်သည်။
ကုမ္ပဏီသည် အစုရှယ်ယာ ကုမ္ပဏီအဖြစ် ပြောင်းလဲ ဖွဲ့စည်းပါက လျိုချွမ်းကျီနှင့် အခြားသော ဦးဆောင်ဝန်ထမ်းများအနေဖြင့် ရှယ်ယာ အချို့ ရကြမည် ဖြစ်သည်။ အံ့အားသင့်စရာ မလိုဘဲ လျိုကျွမ်းချီသည် ကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ အဖြစ် ဆက်ရှိနေမည် ဖြစ်သည်။ ပြီးနောက် အဆင့်မြင့် အရာရှိများက လျိုကျွမ်းချိီက ဥက္ကဋ္ဌတောင် ဖြစ်မည်ဟု ပြောထားသည်ပင်။
ကျေးရွာတွင် ပထမ ရောမတွင် ဒုတိယ နှစ်ခုလုံး ရွေးချယ်သည်ကား မကောင်းသည်တော့ မဟုတ်ပေ။ နှစ်ခုစလုံး ရွေးချယ်မှုများက ကောင်းသည့် ရွေးချယ်မှုများပင် ဖြစ်သည်။ နိုင်ငံကို ထောက်ပံ့ပေးနိုင်သည်။ လျိုကျွမ်းချီက တရုတ်တွင် သာမက တကမ္ဘာလုံးတွင်တောင် အကောင်းဆုံး ဖြစ်မည်ဟု ခံစားမိသည်။
ဖုန်းယွီက သူ့ကို ရှယ်ယာများပေးပြီး ရင်းနှီးမြှပ်နှံမည်ဟု ကတိပေးသော်ငြား ဖုန်းယွီသည် ကုမ္ပဏီအကုန်လုံးနှင့် အာဏာအကုန်လုံးကို ကိုင်ဆွဲထားမည် ဖြစ်သည်။
လျိုကျွမ်းချီက သူ့အား ငြင်းသည့်အတွက် ဖုန်းယွီ စိတ်ပျက်မိသည်။ သို့သော် လီနိုဗို ပြန်လည် ဖွဲ့စည်းပြီးနောက် အချို့သော ကုမ္ပဏီများကို ရှယ်ယာများ ရောင်းချသည်ကိုတော့ သူအမှတ်ရမိသည်။ ထိုဝယ်ယူသည့် ကုမ္ပဏီများသည် ပုဂ္ဂလိကပိုင် ကုမ္ပဏီများ ဖြစ်ကြသည်။ ထို့အတွက်ကြောင့်ပင် လီနိုဗိုသည် ပုဂ္ဂလိက လုပ်ငန်းဖြစ်လာမည်ပင်။ အကြောင်းမှာ အစိုးရသည် ရှယ်ယာ၏ သုံးဆယ်ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားသည့် အတွက်ကြောင့်သာ ဖြစ်၏။
လျိုချွမ်းကျီသည် ဖုန်းယွီ၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ကာ လီနိုဗိုတွင်သာ ဆက်လက်နေလိုပြီး ဖုန်းယွီ၏ လီနိုဗိုမှ ရှယ်ယာများကို ရယူလိုခြင်းကိုတော့ မဟန့်တားလိုပေ။ အကယ်၍ လီနိုဗီုသည် တိုးတက်မှုမြန်ဆန်ချင်ပါက ငွေကြေးအရင်းအနှီးလိုအပ်ပေသည်။ ဖုန်းယွီ၏ အရင်ဘဝတွင် လီနိုဗိုသည် ထိုနည်းဗျူဟာကို အသုံးပြုကာ သူတို့၏ တိုးတက်မှုကို ကြီးထွားအောင် လုပ်ခဲ့သည်။ ထို နည်းဗျူဟာကား ကြီးထွားရန်အတွက် အကန့်အသတ်တော့ ရှိသည်။
၁၉၉၆ ခုနှစ်တိုင်အောင် လီနိုဗိုသည် ဈေးကွက် ပြိုင်ဆိုင်မှုတွင် ဘဏ္ဍာငွေ လုံလောက်မှုရှိသည်။ ယင်းအချိန်က တရုတ်နိုင်ငံတွင် လီနိုဗိုသည် နံပါတ်တစ် ကုမ္ပဏီ ဖြစ်လာသည့် အချိန်လည်း ဖြစ်သည်။ နှစ်အနည်းငယ် ကြာပြီးနောက် သူတို့သည် ကမ္ဘာ့ဈေးကွက်ကို ယှဉ်ပြိုင်ပြီး ကမ္ဘာပေါ်တွင် ထိပ်တန်းကွန်ပြူတာ ကုမ္ပဏီ ဖြစ်ရန်အတွက် လုံလောက်သော ငွေကြေးများ စုဆောင်းနိုင်ခဲ့သည်။
ဖုန်းယွီသာ လျိုကျွမ်းချီကိုသာ မဆွေးနွေးနိုင်ပါက နောင်တွင် ဖုန်းယွီသည် လီနိုဗိုတွင် ရင်းနှီးမြှပ်နှံတော့မည်လော။ ငါးရှစ်ခြောက်ကွန်ပြူတာများ နောက်နှစ်တွင် ပေါ်ပေါက်လာပါက ကွန်ပြူတာ၏ ကြီးထွား တိုးတက်မှုနှုန်းသည် မြန်ဆန်လာမည် ဖြစ်သည်။ နိုင်ငံခြား ထုတ်ကုန်များက တရုတ်နိုင်ငံကို ဝင်လာမည်ပင်။
သူ့အနေဖြင့် ထိုအချိန်တွင် လီနိုဗိုကို ရင်းနှီးမြှပ်နှံလိုသည့်အခါ သူတို့ ဖုန်းယွီကို မငြင်းသည်ကို မယုံနိုင်တော့ပေ။ ကွန်ပြူတာ သုတေသန စင်တာ၏ ရန်ပုံငွေသည် အစိုးရထံမှ ရရှိသည်။ သူတို့အနေဖြင့် သုတေသနများ ဆက်လုပ်ရန် ငွေများ မလိုအပ်မည်လော။
ဗွီစီဒီသည် နောက်နှစ်တွင် ဈေးကွက်ထဲသို့ ဝင်လာသည့်အခါ လေနှင့်မိုးသည်လည်း လူသုံးလျှပ်စစ် ကုန်ပစ္စည်းများတွင် စူပါပါဝါ ဖြစ်လာမည်ပင်။ ဖုန်းယွီသည် သူ့ရှယ်ယာများကို လီနိုဗိုနှင့် လဲနိုင်ပေသည်။
ဖုန်းယွီသည် ညနက်မှ အိပ်ပျော်သွားခဲ့သည်။ နောက်တနေ့မနက်တွင် သူမနက်စာ စားရန် ဆင်းလာသည့်အခါ ဖူကွမ်းကျန်း မနက်စာ စားနေသည်ကို တွေ့လိုက်ရသည်။ ယမန်နေ့ညက ညနက်မှ ရောက်သည်။ သူက ဖုန်းယွီကို မနိုးခဲ့ပေ။ မနက်စာစားပြီးနောက် သူတို့သည် သုတေသန စင်တာကို သွားခဲ့သည်။ ကျန်းဝမ်မန်က သူတို့ကို စောင့်နေ၏။
“ဒါကို တချက်ကြည့်ပါ ဒါက ငါတို့ တီထွင်ထားတဲ့ ဗီစီဒီစက် နမူနာ ပုံစံပဲ။”
ကျန်းဝမ်မန်က အနီရောင် အဝတ်စကို လှစ်ဟလိုက်ကာ အောက်တွင် စက်တစ်လုံး ရှိနေသည်။
ယင်းစက်သည် နှစ်ဆယ်စင်တီမီတာ ထူပြီး ငါးဆယ် စင်တီမီတာ ရှိ၏။ အကျယ်သည် လေးဆယ်စင်တီမီတာ ရှိသည်။ ယင်းက ဖုန်းယွီမှန်းထားသည်ထက် ပိုလေးပေ၏။ အပြင်ပိုင်းကို သတ္တုနှင့် လုပ်ထားသည့်အတွက် လေးပုံပေါ်၏။
“မန်နေဂျာကျန်း ဒီနမူနာ ပစ္စည်းက ဘယ်လောက်လေးလဲ။”
“ဆယ့်သုံးကီလိုဂရမ်လောက်ပါ”
“ဆယ့်သုံးကီလိုဂရမ်လား ဒါ အရမ်းလေးတာပေါ့။ ဗီဒီယိုကတ်ဆက်တွေတောင်မှ ၅ကီလိုဂရမ်ပဲ ရှိတာ။”
ဖုန်းယွီသည် ယခင်က ဗီဒီယိုကတ်စက်များသည် ဗွီစီဒီစက်များထက် ပို၍ပေါ့ကြောင်း အမှတ်ရမိသည်။
“မန်နေဂျာကျန်း ဒီစက်ကို သေးပြီး ပေါ့အောင် လုပ်လို့ မရဘူးလား”
ဖုန်းယွီက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
“ပြဿနာတော့ မရှိပါဘူး။ ဒါပေမဲ့ ဒါက နမူနာ ပုံစံပဲလေ။ ဒီဟာမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေကို ပလက်စတစ်နဲ့ အစားထိုးလို့ရတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်တော့ တိုးလာလိမ့်မယ်.”
ကျန်းဝမ်မန်က ပြောလိုက်သည်။
“အဲတာက အရည်အသွေးကို ထိခိုက်နိုင်လား”
“မဖြစ်နိုင်တာ။ ဗွီဒီယို ကွာလတီက ဒီစက်ရဲ့ အရေးကြီးဆုံး နည်းပညာပဲလေ။ ကျွန်တော်တို့တွေ အနေနဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီးတော့ သံသယ ရှိစရာ မလိုပါဘူး။ ဒါက နမူတာ ပစ္စည်းတခုပဲလေ။ ကျွန်တော်တို့အနေနဲ့ တလအတွင်းကို ရှစ်ကီလိုဂရမ်အောက် ရောက်အောင် လျော့ချနိုင်ပါတယ်။ ကျွန်တော်တို့တွေ အစိတ်အပိုင်း အချို့ကို ပြောင်းလဲမယ်။ဥပမာ ပြောရရင် ခလုပ်တွေကို ပလက်စတစ် အနေနဲ့ပေါ့။ ပြီးတော့ အရည်အသွေးကလည်း ထိခိုက်မှာ မဟုတ်ပါဘူး။”
ရှစ်ကီလိုဂရမ်က လက်ခံနိုင်ရုံသာ ရှိသည်။ အနာဂတ်နှစ်များတွင် LCD တီဗွီများသည်လည်း ၁၀မှ ၁၂ကီလိုဂရမ်အထိ လေးသည်။ ပိုပြီး လေးသော ထုတ်ကုန်များကို ဝယ်ယူသူများက ပိုကောင်းသည့် အရည်အသွေးရှိသည်ဟု တွေးကြသည်။ အကယ်၍ ထုတ်ကုန် တခုက အလွန်ပေါ့နေပါက ဝယ်ယူသူများက ဘာမှ မပါသည့် သေတ္တာတစ်လုံးဟု တွေးကြမည်ပင်။
“ကောင်းပြီလေ။ ဒါဆိုရင် ဗွီစီဒီခွေကော ရှိပြီလား။ ဖွင့်ကြည့်ရအောင် ငါ ဓာတ်ပုံ အရည်အသွေးကိုလည်း ကြည့်ချင်တယ်။”
ကျန်းဝမ်မန်သည် တီဗွီနောက်မှ အင်တာနာတိုင်ကို ဖြုတ်လိုက်ပြီး ဗွီစီဒီစက်နှင့် တပ်ဆင်လိုက်သည်။ သူက တီဗွီဖွင့်လိုက်ပြီး ခွေကို စက်ထဲကို ထည့်လိုက်သည်။ ပြီးနောက် ဗွီစီဒီစက်သည် စတင် လည်ပတ်လာခဲ့သည်။
တီဗွီက နှစ်သစ်ကူး ဆုချီးမြင့်ပွဲ အခမ်းအနားကို ပြသနေပေ၏။ အစီအစဉ်မှူး၏ ပုံရိပ်ကို တီဗွီပေါ်တွင် ရှင်းရှင်းလင်းလင်း မြင်ရသည်။ ပြီးနောက် အသံအရည်အသွေးသည်လည်း ကြည်လင် ပြတ်သားပေ၏။
ပထမသီချင်း ဖျော်ဖြေသည့်အခါ ဖုန်းယွီက နန်ကော၏ အသံကို ကြားရသည်။ သူက ခေါင်းညိတ်ကာ အတည်ပြုကြောင်း ပြောလိုက်သည်။
“အစ်ကိုဖူ ဘယ်လိုထင်လဲ။”
ဖူကွမ်းကျန်းက လက်ခုပ်တီးပြီး ခေါင်းညိတ်လိုက်သည်။
“ကံကောင်းချင်တော့ ငါ ဒီကုမ္ပဏီမှာ ရင်းနှီးမြှပ်နှံနိုင်ခဲ့ပြီလေ။ ဒီ ဗွီစီဒီက ဗွီဒီယို ကတ်စက်တွေကို သေချာပေါက် အလဲထိုးနိုင်ပြီး တကမ္ဘာလုံးကို မုန်တိုင်းထန်စေမဲ့ ထုတ်ကုန်ပဲ။”
ဖူကွမ်းကျန်းသည် အပျော်လွန်သွားသည်။ သူသည် ဖုန်းယွီနောက်လိုက်ပြီး စီးပွားရေးလုပ်သည့်အခါ မည်သည့်အခါမျှ မရှုံးပေ။
ကံကောင်းချင်တော့ ဖုန်းယွီက သူ့မိတ်ဆွေ ဖြစ်နေခြင်းပင်။