← Chapters

ဆိုနီ၏ ဒေါသပေါက်ကွဲမှု

Vol. 28 Ch. 409

ဆိုနီ၏ ဒေါသပေါက်ကွဲမှု

Vol. 28 Ch. 409

ဗွီစီဒီစက်ရုံသည် ဆောက်လုပ်နေဆဲ ဖြစ်ကာ ယခုနှစ် နှောင်းပိုင်းတွင် ဖွင့်ရန်အတွက် ရည်ရွယ်ထားသည်။ စက်ရုံ၏ ထုတ်လုပ်မှုသည် လတိုင်း အခုရေ ငါးသိန်းကျော် အထိ ရောက်မည် ဖြစ်၏။

ဗွီစီဒီအောင်မြင်ပြီးနောက် ဖုန်းယွီသည် ဖူကွမ်းကျန်းကို မူပိုင်ခွင့် ကိစ္စအတွက် သတိပေးလိုက်သည်။ ယခု အကြိမ်တွင် သူတို့အနေဖြင့် လက်ဝါးကြီးအုပ်မှုဥပဒေကို စဉ်းစားရပေလိမ့်မည်။

ဖုန်းယွီက ဖူကွမ်းကျန်းအား လေနှင့်မိုးနှင့် အိုက်ဝသည် အတူတူ တွဲလုပ်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ လေနှင့်မိုးက ဗွီစီဒီ နည်းပညာများအား အိုက်ဝကို ပေးမည် ဖြစ်သည်။ အိုက်ဝ အမှတ်တံဆိပ်သည်လည်း ထည့်တွက်ရန် စဉ်းစားရန် မလိုသည့် အမှတ်တံဆိပ်ပင် ဖြစ်ပေမည်။

ယင်းဗွီစီဒီသည် ဇာတ်ကားများအတွက်သာမက ကာရာအိုကေ လုပ်ငန်းကို ပြောင်းလဲပစ်နိုင်မည့် ထုတ်ကုန်လည်း ဖြစ်ပေသည်။ အိုက်ဝသည်လည်း အသံထုတ်ကုန်များတွင် ထင်ရှားသည့် အမှတ်တံဆိပ် ရှိလာပီဲ ဖြစ်သည်။ ယင်းက ဗွီစီဒီ၏ အရောင်းပိုင်းကိုလည်း တိုးမြင့်လာနိုင်ပေလိမ့်မည်။

လက်ရှိတွင် ဖူကွမ်းကျန်းသည် တေးသံသွင် ကုမ္ပဏီ အများစုတွင် မူပိုင်ခွင့်များစွာ ရရှိပြီး ဖြစ်သည်။ တရုတ်နှင့် အင်္ဂလိပ်သီချင်းများသာ မက ဂျပန် ပြင်သစ်နှင့် အခြားဘာသာစကားဖြင့် သီချင်းများ များစွာ ပါဝင်၏။

ဖုန်းယွီက သူတို့အား စက်ရုံ ပြီးစီးသည်နှင့် ဗွီစီဒီအခွေများကို စထုတ်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ အကြောင်းမှာ ဗွီစီဒီခွေ အရောင်းပိုင်းသည် ခွေစက်များထက် ပိုရောင်းအားကောင်းသည့်အတွက် ဖြစ်သည်။

ယင်းက အကောင်းဆုံး အခွင့်အရေးပင်။ ဗွီစီဒီခွေစက်များ မိတ်ဆက်သည်နှင့် မည်သည့် ခိုးကူးခွေမှ ရှိလာမည် ဖြစ်သည်။ ခိုးကူးခွေများ ရှိလာသည့် အခါတွင်လည်း မူရင်းခွေများသည် သိသာထင်ရှားသည့် ရလဒ် တခု ရရှိနေမည် ဖြစ်သည်။

ဖုန်းယွီ၏ အရင်ဘဝတွင် ထို ခိုးကူး ဗွီစီဒီများသည် မူရင်းခွေများထက် ၁၀ဆကျော် များပေ၏။ တရုတ်နိုင်ငံ၏ ခိုးကူးမှုသည်ကား တကမ္ဘာလုံးတွင် နံပါတ်တစ် ဖြစ်ပေ၏။ ဥပမာအနေဖြင့် ဟောင်ကောင်အဆိုတော် တစ်ဦးသည် ဗွီစီဒီခွေကို မိတ်ဆက်ပါက မူရင်းခွေသည် တစ်သောင်းကျော်သာ ရောင်းကောင်းရောင်းနိုင်သည်။ သို့သော် အမှန်တကယ်တွင် လူတစ်သန်းကျော်က ထိုခွေကို ဝယ်ယူကြသည်။ လူများသည် ထိုအဆိုတော်၏ သီချင်းကို နားထောင်ကြသည်။ သို့သော် အဆိုတော် အနေဖြင့် ထိုရောင်းရခြင်းမှ တပြားတချပ်မှ မရပေ။ ထိုငွေအကုန်လုံးကို ခိုးကူးစီးပွားရေးသမားသာ ရသည်ပင်။

သို့သော် သံသယ ရှိစရာ မလိုဘဲ ဗွီစီဒီ ပေါ်ပေါက်လာခြင်းက ဂီတဈေးကွက်ကို တဖန် လှုံ့ဆွလာစေမည်။ ပရိသတ်များသည်လည်း သူတို့၏ အဆိုတော်များ ဖျော်ဖြေသည်ကို ကြည့်ရှုနိုင်ပေမည်။ သီချင်းများစွာသည် သူတို့၏ သီချင်းဗီဒီယိုများကြောင့် အောင်မြင်ခြင်း ဖြစ်သည်။

ဖုန်းယွီကို ယင်းသို့ မြန်နိုင်သမျှ မြန်မြန် ဖြစ်စေချင်၏။ သီချင်းဗီဒီယိုများ ထွက်လာသည့်အခါ လူများစွာက ဗွီစီဒီခွေစက်များအား ဝယ်ယူကြမည် ဖြစ်သည်။ ပြီးနောက် သူသည်လည်း ဝင်ငွေများ တိုးလာမည်ပင်။

အိုက်ဝနှင့် နည်းပညာများ ဖလှယ်ခြင်း အဓိပ္ပာယ်ကား လေနှင့်မိုးသည်လည်း သူ့ကိုယ်ပိုင် နားကြပ်ကပ်စက် သို့မဟုတ် စီဒီကို မကြာခင်တွင် မိတ်ဆက်မည်ဟု ဆိုလိုခြင်းပင်။

ဟေတရိုနာကဂျီးမသည် ဖုန်းယွီ၏ ညွှန်ကြားချက်အတိုင်း နားကြပ်ကပ်ဆက်နှင့် စီဒီစက်များကို ဆက်လက် တိုးတက်အောင် ပြုလုပ်သည်။ စီဒီနှင့် ဗွီစီဒီတွင် တူညီသည့် နည်းပညာမျိုး ရှိပေ၏။ ထိုကုမ္ပဏီနှစ်ခု နည်းပညာများကို ဖလှယ်ပြီးနောက် ကုမ္ပဏီနှစ်ခုလုံးသည်လည်း ကြီးမားသော အကျိုးအမြတ်များ ရရှိမည် ဖြစ်သည်။

အမှန်တကဘ်တွင် အိုက်ဝသည် ယခုတွင် စီဒီစက်များအား စတင် ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။ သို့သော်ငြား သူတို့ နည်းပညာများသည် ဆိုနီ၏ နောက်တွင် ရှိနေဆဲ ဖြစ်သည်။ အကယ်၍ အိုက်ဝအနေဖြင့်သာ လက်ရှိတွင် စီဒီစက်များကို ဈေးကွက်ထဲကို တင်ပို့လိုက်ပါက သူတို့အနေဖြင့် အကျိုးအမြတ်များစွာ မရသည့်အပြင် များစွာသော ဆုံးရှုံးမှု စသည့် နာမည်ဆိုးများ ရရှိလိမ့်မည် ဖြစ်သည်။

ယခုလက်ရှိတွင် အိုက်ဝသည် နားကြပ်ကပ်ဆက် ဈေးကွက်၌ အကောင်းဆုံး ထုတ်လုပ်သူပင် ဖြစ်သည်။ ဆိုနီသည် BEE နည်းပညာကို သူတို့၏ နားကြပ်ကပ်စပ်ထဲတွင် အသုံးပြုသည့်အခါ အသံအရည်အသွေးကောင်းမွန်စွာ ရရှိသော်ငြား သူတို့ အတုခိုးသည်ဟု အမည်တပ်ခံရသည်။

ဆိုနီက မှားယွင်းနေသည်ဟု ခံစားနေရသည်။ သူတို့တွင် ယင်းနည်းပညာကို လွန်ခဲ့သည့် အချိန်ကတည်းက ရှိပြီ ဖြစ်သည်။ သူတို့သည် ယင်းနည်းပညာကို မမိတ်ဆက်ရသေးခြင်းသာ ဖြစ်သည်။ နိုရီယိုအိုဂသည် စိတ်တိုသွားခဲ့သည်။ ပြီးနောက် သူသည် အရင်က အိုက်ဝ၏ တာဝန်ရှိသူလည်း ဖြစ်ခဲ့သည်။

နိရီယိုအိုကကို ဟေတရိုနာကဂျီမက လှည့်စားခဲ့သည်။ အကယ်၍ နိုရီယိုအိုဂသည် အိုက်ဝ၏ နည်းပညာများ အလွန် အဆင့်မြင့်မှန်းသိပါက သူသည် အိုက်ဝ၏ ရှယ်ယာများကို ရောင်းချလိမ့်မည် မဟုတ်ချေ။ ဆိုနီ၏ လုပ်ငန်းနှင့်ဆိုပါက သူတို့သည် အိုက်ဝ၏ အကြွေးများကို ပြေလည်အောင် လုပ်ပေးနိုင်ပေသည်။

ဆိုနီသည် ကိုလံဘီယာ ရုပ်ရှင်ထုတ်လုပ်ရေးကို ဝယ်ယူခဲ့ပြီးနောက် သူတို့သည် နှစ်တိုင်း ငွေများ ဆုံးရှုံးခဲ့သည်။ သူတို့ ဆုံးရှုံးသည့် ငွေပမာဏက အိုက်ဝကို အကြိမ်များစွာ ဝယ်ယူနိုင်ပေ၏။

အိုက်ဝသည် ယခုနှစ်တွင် သူတို့ အကြွေးများကို ဆိုနီကို သေချာပေါက် ပေးမည်ပင်။ အိုက်ဝသည် သူတို့ အကြွေးများကို ပေးဆပ်ပြီးနောက် သူတို့အနေဖြင့် ဆိုနီနှင့် မည့်သည့် ဆက်ဆံရေးမျိုး ရှိတော့မည် မဟုတ်ပေ။ ဆိုနီသည်လည်း သူတို့၏ အရင်က ညီငယ်လေးကို သူတို့ထက် ကြီးမားလာသည်ကို မမြင်လိုပေ။

သို့သော်ငြား ဆိုနီသည် ကံမကောင်းဆဲပင်။ သူတို့သည် ပိုမိုကောင်းမွန်သည့် နားကြပ်ကပ်ဆက်ကို မိတ်ဆက်သော်ငြား သူတို့သည် အိုက်ဝကို ရှုံးနေဆဲပင်။ အကယ်၍ ထိုသို့သာ ဆက်ဖြစ်ပါက ယခုနှစ်တွင် အိုက်ဝသည် ဆိုနီ၏ နေရာကို ယူကာ နားကြပ်ကပ်ဆပ်ဈေးကွက်တွင် ကမ္ဘာ့သရဖူ ဆောင်းနိုင်မည် ဖြစ်သည်။

အဘယ်တွက် ဆိုနီက တုပသည်ဟု အမည်တပ်ခံရခဲ့သနည်း။ ထိုအကြောင်းအားလုံးသည် ဖုန်းယွီကြောင့်ပင်။ ဖုန်းယွီသည် အနောက်နိုင်ငံများတွင် ငွေများစွာ သုံးကာ မီဒီယာများတွင် ဆိုနီသည် အိုက်ဝကို ကူးယူထားကြောင်း ရေးသားစေခဲ့သည်။ သူသည် မီဒီယာမျာတွက် အချက်လက် ကျကျဖြင့်တောင် တင်ပြခဲ့ပေသည်.

ဥပမာအနေဖြင့် ဆိုနီ၏ နောက်ဆုံးပေါ် မော်ဒယ် တစ်ခုတွင် အဆင့်အမြင့်ဆုံးနည်းပညာနဲ့ ကြည့်ရှု၍ အကောင်းဆုံး ဒီဇိုင်း။ အိုက်ဝက ချက်ခြင်းပင် အရောင်၊နည်းပညာများက ဆိုနီ သူတို့ထံမှ ကူးယူထားခြင်း ဖြစ်ကြောင်းကို ထောက်ပြလိုက်သည်။

ဆိုနီသည် အပြစ်မရှိသကဲ့သို့ ခံစားနေရသည်။ ထိုနည်းပညာများသည် အတူတူနီးပါးပင်။ မည်သည့် နားကြပ်ကပ်ဆပ်က သံလိုက်ခေါင်း မပါဘဲ နေမည်နည်း။ အရောင်ပိုင်းတွင် စွဲချက်သည်လည်း အဓိပ္ပာယ် မရှိပေ။ ဒီကမ္ဘာပေါ်တွင် အရောင် မည်မျှ ရှိသနည်း။ အိုက်ဝသည် အရှက်မရှိဘဲ အရောင်မျိုးစုံကို မိတ်ဆက်ခဲ့သည်။ ဆိုနီ မည်သည့် အရောင်ဖြင့် မိတ်ဆက်စေကာမူ အတူတူပင် ဖြစ်ပေမည်။

တူညီခြင်းက အတုခိုးခြင်းမျိုး မဟုတ်ပေ။

အပြင်ပိုင်းဒီဇိုင်းသည်လည်း ပြောဖွယ်ရန် မရှိပေ။ နားကြပ်ကပ်ဆက် အများစုသည် ထောင့်မှန်စတုဂံပုံ ဖြစ်သည်။ ဆိုနီအနေဖြင့် နားကြပ်ကပ်ဆက်များကို စီဒီစက်များကဲ့သို့ ဝိုင်းဝိုင်းကလေး လုပ်ရမည်လော။ အကယ်၍ ထောင့်မှန်စတုဂံပုံသည် အိုက်ဝထံမှ ခိုးယူထားသည် ဆိုပါက ကမ္ဘာပေါ်ရှိ နားကြပ်ကပ်ဆက် အကုန်လုံး အိုက်ဝကို ခိုးကူးထားသည်ပင်။

မည်သို့ပင် ဖြစ်စေ ဆိုနီ၏ နာမည်သည် သက်ရောက်မှု ရှိခဲ့သည်။ သူတို့၏ အခြားထုတ်ကုန်ပိုင်း၏ အရောင်းပိုင်းတွင်တောင် ကျဆင်းခဲ့သည်။

နားကြပ်ကပ်ဆက်သည် ဆိုနီ၏ အမှတ်တံဆိပ် တန်ဖိုးအပေါ် သက်ရောက်မှု ရှိစေခဲ့သည်။

တဖန် နိုရီယိုအိုဂကို ဘုတ်အဖွဲ့ဝင်များက အပြစ်တင်ကြသည်။ သို့သော် ကံကောင်းချင်တော့ သူ့ပြိုင်ဖက်က သူ့အား အလွတ်မပေးပေ။

အကြောင်းမှာ နင်တန်ဒိုက ဆိုနီနှင့် မိတ်ဖက်စာချုပ်ကို ဖျက်သိမ်းလိုက်ခြင်းပင်။

ထိုအချိန်ကာလအတွင်း ဆိုနီ၏ အာရုံစိုက်မှုသည် ဂိမ်းလုပ်ငန်း ဖြစ်သည်။ လူများ၏ ဘဝက ပိုပိုကောင်းမွန်လာကာ သူတို့သည် ဖိအားများနှင့်လည်း ရင်ဆိုင်လာရသည်။ ဗွီဒီယိုဂိမ်းများသည် သူတို့၏ ဖိအားများကို ဖြေလျော့ရန်အတွက် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။ ယင်းအတွင် ထိုလုပ်ငန်းကို ကြိုးပမ်းရမည် ဖြစ်သည်။

ဆိုနီသည် ထိုလုပ်ငန်းကို စွန့်စားပြီး ဝင်ချင်သော်ငြား နင်တန်ဒိုက ဆိုနီကို ရုတ်တရက် လက်လွှတ်ိလုက်သည်။ ယင်းက ဆိုနီ ယခင်က အိုက်ဝကို လုပ်ဆောင်ခဲ့သည့် ပုံစံမျိုးပင်။

ဆိုနီသည် နောက်ဆုံးတွင် သစ္စာဖောက်မှု၏ အတွေ့အကြုံကို အပြည့်အဝ ခံစားမိပြီ ဖြစ်သည်။

သူသည် လူ့စွမ်းအား အရင်းအမြစ်များစွာ၊ ငွေကြေးများစွာကို ဗွီဒီယိုဂိမ်းလုပ်ငန်းတွင် မြှပ်နှံခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူတို့သည် SEGAကို အနိုင်သိမ်းနိုင်သည့် အချိန်တွင် သူ့တို့အား နင်တန်ဒိုက ကန်ကျောက်ခဲ့တော့၏။

အမှန်တရားသည်ကား နင်တန်ဒိုသည် ဗွီဒီယိုဂိမ်းလုပ်ငန်းတွင် ဈေးကွက် ခေါင်းဆောင် ဖြစ်သည်။ ဆိုနီ မရှိဘဲနှင့်တောင် နင်တန်ဒိုသည် ကမ္ဘာပေါ်ရှိ ဂိမ်းလုပ်ငန်းတွင် နံပါတ်တစ် ရှိနေမည်ပင်။

ယင်းမတော်တဆမှုကြောင့် ဆိုနီသည် အရေးပါသော ဆုံးဖြတ်ချက် တခုကို ချရတော့မည်။ သူတို့ကိုယ်ပိုင် ဂိမ်းစက်ကို ထုတ်လုပ်မည် ဖြစ်သည်။ သူတို့တွင် နည်းပညာ ရှိသည်။ သေချာပေါက် ဈေးကွက်ဝေစု ရမည်ပင်။

သို့သော် ယခု တကြိမ်တွင် နင်တန်ဒိုက ကြေညာချက် တခုကို ထုတ်ပြန်လိုက်သည်။ သူတို့သည် ဂိမ်းစက်ကို တိုးတက်မှုများ ဆောင်ကြည်းပေးရန်အတွက် အိုက်ဝနှင့် အလုပ်အတူတူ တွဲလုပ်မည် ဖြစ်ကြောင်းပင်။

ဆိုနီက ရူးချင်သွားတော့သည်။ အိုက်ဝက သူတို့နှင့် ယဉ်နိုင်သည့် အဆင့် ရောက်နေသည်လော။ နင်တန်ဒိုက သူတို့နှင့် အလုပ် အတူတူ လုပ်သည်ကို ရပ်ဆိုင်းကာ အိုက်ဝ နှင့် အလုပ်လုပ်နေသည်လော။

ဆိုနီသည် နင်တန်ဒိုနှင့် ဆွေးနွေးရန်အတွက် လမ်းဆ မရှိသည့် အကြောင်းအရင်းကို ရှာတွေ့ခဲ့သည်။ သူတို့ နောက်ကွယ်တွင် အိုက်ဝ ရှိနေသည့် အတွက်ပင်။

အဘယ်ကြောင့် နင်တန်ဒိုသ် အိုက်ဝနှင့် အတူပူးပေါင်းဆောင်ရွက်ခဲ့သနည်း။ အကြောင်းမှာ တရုတ်ဈေးကွက်ကြောင့်ပင်။ တရုတ်ဈေးကွက် ကြီးမားရသည့် အကြောင်းအရင်းမှာ သူတို့၏ လူဦးရေကြောင့် ဖြစ်သည်။ သူတို့၏ အသုံးပြုနိုင်သည့် အင်အားသည်လည်း လျင်မြန်လာသည်ပင်။ ယင်းက သူတို့အတွက် အကျိုးအမြတ်ရစေမည်ပင်။

အိုက်ဝ၏ တရုတ်နာမည်အဓိပ္ပာယ်သည် “ချစ်ခင်ရသော တရုတ် ဖြစ်ကာ ယင်းက ယခုလက်ရှိ တရုတ်ပြည်တွင် အလွန် နာမည် ကြီးပေသည်။ နားကြပ်ကပ်ဆက် ဈေးကွက်တွင် ၉၀ရာခိုင်နှုန်းသော ရှယ်ဘာ ရရှိထားသည်.

ပြီးနောက် တရုတ်နိုင်ငံတွင်လည်း ဗွီဒီယိုဂိမ်းစက်များစွာ ရှိနေပြီ ဖြစ်သည်။ နင်တန်ဒိုအနေဖြင့် တရုတ်ဈေးကွက်ကို ဝင်ရန်အတွက် နည်းလမ်း မရှိပေ။ သူတို့သည် အိုက်ဝ၏ ဖြန့်ချိရေးလမ်းကြောင်းများကို အသုံးပြုကာ တရုတ်ဈေးကွက်ကို ဝင်ရောက်နိုင်ပေ၏။ ယင်းက နင်တန်ဒိုအတွက် အရေးကြီးပေသည်။ ထပ်ပြောရပါက အိုက်ဝတွင် အင်ဂျင်နီယာကောင်းများနှင့် မတူကွဲပြားသော အရောင်းချန်နယ်များ ရှိသည်။ အိုက်ဝသည် နင်တန်ဒိုကို ဆိုနီနှင့် သူတို့ ပူးပေါင်းဆောင်ရွက်မှု ဖျက်သည့် လျော်ကြေးငွေများကို ရှာပေးနိုင်ပေ၏။

အိုက်ဝသည် ဗွီဒီယို ဂိမ်းဈေးကွက်ကို ဝင်ရောက်လာပြီး ဖြစ်သည်။

All Chapters