သင်ကြားရေးစက်
Vol. 28 Ch. 410
ဖုန်းယွီသည် ဗီဒီယိုဂိမ်းလုပ်ငန်းကို မျက်စိ ကျနေသည်မှာ ကာလကြာပြီ ဖြစ်သည်။ နင်တန်ဒိုကိုတောင် ကြည့်နိုင်ပေ၏။ သူတို့၏ နှစ်စဉ် အကျိုးအမြတ်သည်ကား အမေရိကန်ဒေါ်လာ သန်းရာချီ ရှိသည်ပင်။ ဂိမ်းစက်သည် ဒေါ်လာ ၁၀၀ဝန်းကျင်သာ ရှိကာ ဂိမ်းစက်သည် အခုရေ ရာချီမှာ ထောင်ချီအထိ ရောင်းရပေ၏။
ဖုန်းယွီသည် သုတေသန ပြလုပ်ချက်ပြီးပြီ ဖြစ်သည်။ ယခုလက်ရှိတရုတ်ပြည်တွင် သေးပြီး ရိုးရှင်းသည့် ဗီဒီယိုဂိမ်းစက်များသာ ရှိသည်။ ယွမ် ၁၀၀၀ကျော်တန်ကျေးရှိသည့် နင်တန်ဒို၏ ဗီဒီယိုဂိမ်းစက်များနှင့် ယှဉ်ပါက ယွမ် ၈၀၀အောက်နည်းသော သူတို့ ဗီဒီယိုဂိမ်းစက်များသည် ဈေးချိုပေ၏။
ထိုအရာများ အားလုံးမှာ နတ်ဆိုးလေးကြောင့်ပင် ဖြစ်၏။ သူတို့ မိတ်ဆက်သည့် ဗီဒီယိုဂိမ်းစက်များကား အလွန်ဈေးချိုပြီး နင်တန်ဒို၏ ဂိမ်းခွေများနှင့်လည်း ကိုက်ညီမှု ရှိသည်။ ထိုဂိမ်းခွေများသည်လည်း ခိုးကူးထားသည်များသာ ဖြစ်သည်။ ယင်းသည်ကား နင်တန်ဒို တရုတ်ဈေးကွက်ကို ခြေမချနိုင်ခြင်း၏ အကြောင်းပြချက်များထဲမှ တခုပင် ဖြစ်သည်။ သူတို့၏ ဂိမ်းများကို ဈေးနှုန်းလျော့ချသော်ငြား ဈေးကွက်ကို မဖောက်နိုင်ပေ၏။
ထိုအချိန်က သူတို့ ဂိမ်းစက်များသည်လည်း တရုတ်နိုင်ငံကို တင်ပို့ခွင့် မရကြပေ။
နတ်ဆိုးလေးဂိမ်းစက်သည် ယခုလက်ရှိတွင် တရုတ်၏ ဈေးကွက်ခေါင်းဆောင်ဖြစ်ကာ ဈေးကွက်ရှယ်ယာ ၆၀ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားသည်။ တရုတ်နိုင်ငံရှိ မည်သည့် ကုမ္ပဏီကမျှ သူတို့နှင့် မယှဉ်ပြိုင်နိုင်ပေ.
နတ်ဆိုးလေးသည် သက်သာသည့် ဈေးနှုန်းဖြင့် ဝယ်ယူသူများကို ဆွဲဆောင်ပေ၏။ သို့သော် ဂိမ်းစက်တခုသည် ယွမ် ၁၀၀ရှိနေဆဲပင်။ ထိုဂိမ်းစက်များ၏ တန်ဖိုးသည် ယွမ် ၄၀ထိ ကျသွားသည်ကို အမှတ်ရမိသေးသည်။ အကယ်၍ ဖြန့်ချိသူများနှင့် သယ်ယူစရိတ် မပါလျှင် ဂိမ်းစက်တစ်ခု၏ ထုတ်လုပ်စရိတ်သည် ယွမ် ၃၀ထက် နည်းပေ၏။
နတ်ဆိုးလေးသည် စီစီတီဗွီတွင် ကြော်ငြာနှင့် ကံစမ်းမဲများအပေါ် သူတို့၏ နာမည်ကျော်ကြားမှုအတွက် မှီခိုရပေသည်။ သို့သော် အိုက်ဝ သို့မဟုတ် လေနှင့်မိုး အမှတ်တံဆိပ်သည် ဗွီဒီယို ဂိမ်းစက်များအား စတင် မိတ်ဆက်သည့်အခါ ဝယ်ယူသူများအနေဖြင့် လေနှင့်မိုး၏ အမှတ်တံဆိပ်ကြောင့် နတ်ဆိုးဂိမ်းစက်ကို ကျော်ကာ ဝယ်ဘူရမည် ဖြစ်သည်။
အိုက်ဝ သို့မဟုတ် လေနှင့်မိုး၏ ရင်ဆိုင်နေရသည့် ပြဿနာကား သူတို့အနေဖြင့် ဂိမ်းစက်ကို မိတ်စက်ပါက သူတို့၏ ဈေးကို နတ်ဆိုးလေးအောက် မလျော့ချနိုင်သည်အချက်ပင် ဖြစ်သည်။ ထိုအမှတ်တံဆိပ် နှစ်ခုလုံးသည် အဆင့်မြင့် အမှတ်တံဆိပ်များ ဖြစ်ကာ သူတို့၏ ထုတ်ကုန်များသည် အခြားအမှတ်တံဆိပ်များနှင့် တူညီသည့် လုပ်ဆောင်ချက်များ ရှိသော်ငြား သူတို့ ဈေးနှုန်းကား မြင့်ပေ၏။ အကယ်၍ သူတို့သည် ဂိမ်းစက်ကို ယွမ် အနည်းငယ်လောက်နှင့်သာ မိတ်ဆက်ပါက သူတို့က ဝယ်ယူသူများ၏ စိတ်ကို အဆင့်နိမ့် ထုတ်ကုန်များထုတ်လုပ်သည့် အမြင်ကို မြင်လာကြမည် ဖြစ်သည်။ ယင်းက နားကြပ်ကပ်ဆက် သို့မဟုတ် စူပါပန်ကာ၏ ရောင်းအားကိုပင် ထိခိုက်မည် ဖြစ်သည်။
သို့သော် ဖုန်းယွီသည် ယင်းပြဿနာကို ဖြေရှင်းရန်အတွက် နည်းလမ်း မရှိသည်တော့ မဟုတ်ပေ။ သူ့အရင်ဘဝတွင် နတ်ဆိုးလေး၏ အကျိုအမြတ် အဖြစ်ဆံဒး ထုတ်ကုန်သည် မည်သည့်ထုတ်ကုန်နည်း။ ဂိမ်းစက်လော။ မဟုတ်ပေ။ ယင်းက နတ်ဆိုးလေး သင်ကြားစက် ဖြစ်သည်။
သင်ကြားစက်သည်ကား မည်သို့ပုံစံနည်း။ ယင်းစက်သည် ကီးဘုတ်ပါသည့် စက်ငယ် တခု ဖြစ်ပြီး ၄၈၆ ကွန်ပြူတာနှင့် ဆင်တူပေ၏။ သင်ယူသူ တစ်ယောက်သည် ရိုးရှင်းသည့် ပရိုဂရမ်းမင်းဘာသာစကား၊ လက်ကွက်လေ့ကျင့်ခြင်း၊ ဘာသာစကားနှင့် နိုင်ငံခြား ဘာသာစကားများတောင် သင်ယူနိုင်ပေသည်။ ထိုအရာများအတွက် သင့်တော်သည့် ခွေရှိနေရမည်ပင်။
နတ်ဆိုးလေးက ယခုကဲ့သို့သော သင်ကြားစက်ကို မိတ်ဆက်ရခြင်းမှာ တရုတ်နိုင်ငံသည် ဗီဒီယိုဂိမ်းစက်များကို တင်သွင်းရန် ခွင့်ပြုခဲ့သည့်အတွက်ကြောင့်ပင် ဖြစ်သည်။ နင်တန်ဒိုသည် တရုတ်ဈေးကွက်ကို ဝင်လာမည် ဖြစ်ကာ နတ်ဆိုးလေး ဂိမ်းစက်များသည်လည်း နင်တန်ဒိုကို ခိုးကူးထားခြင်းမျိုးသာ ဖြစ်သည်။ နင်တန်ဒိုတွင် မူပိုင်ခွင့် ရှိသည်။ နတ်ဆိုးလေးသည် သူတို့၏ မူပိုင်ခွင့်ကို ထိပါးခြင်း ဖြစ်သည်။ သူတို့စီစီတီဗွီတွင် ကြော်ညာထားသည်များအား တရားမဝင်ဟု စဉ်းစား၍ ရနိုင်ပေ၏။
နင်တန်ဒို၏ ထုတ်ကုန်များသည် တရုတ်နိုင်ငံတွင် ရောင်းချနိုင်ခြင်းမရှိပေ။ အကြောင်းမှာထိုချိန်က တရုတ်နိုင်ငံသည် ဂိမ်းစက်မှန်သမျှ တင်ပို့ခွင့်အား ပိတ်ပင်ထားသည့်အတွက်ပင် ဖြစ်၏။ အချို့သောသူများ တရုတ်နိုင်ငံကို ပြန်လာစဉ် ဝယ်ယူလာသူ အချို့မှ လွဲပြီး တရုတ်တွင် ရောင်းချသည့် နင်တန်ဒိုဂိမ်းစက်များသည် ပျက်စီးပစ္စည်းများကဲ့သို့ပင် ဖြစ်သည်။
တရုတ်နိုင်ငံ၏ ပေါ်လစီက နတ်ဆိုးလေးတိုးတက်စေရန်အတွက် အခွင့်အရေးကို ပေး၏။ သေချာသည်မှာ တရုတ်နိုင်ငံရှိ အချို့သော စက်ရုံများသည်လည်း ထိုကဲ့သို့သော အရာမျိုးကို လုပ်၏။ သို့သော် နတ်ဆိုးလေးသည် တရုတ်ဈေးကွက်တွင် အအောင်မြင်ဆုံးနှင့် ဈေးကွက် ခေါင်းဆောင် ဖြစ်သည်။
နတ်ဆိုးလေးသည်လည်း သူတို့က နင်တန်ဒိုကို တုပပြီး မူပိုင်ခွင့်ကို နားလည်ခြင်း မရှိပေ။ သေချာသည်မှာ သူတို့ သိပေမည်။ သို့သော် ထိုခေတ်အခါက တရုတ်သည် မူပိုင်ခွင့်များကို ဂရုမစိုက်ပေ။ ထိုက်ဟွ ကုန်သွယ်ရေးကဲ့သို့ လက်တဆုတ်စာ ကုမ္ပဏီများသာ သူတို့ ထုတ်ကုန်များအတွက် မူပိုင်ခွင့် တင်ကြသည်။
မည်သို့ပင် ဖြစ်စေ လူတိုင်းသည် ယခုကဲ့သို့ လုပ်နေသည်ပင်။ ပြီးနောက် အစိုးရသည်လည်း သူတို့အား အရေးယူမှုများ မပြုလုပ်ပေ။ နင်တန်ဒိုသည်လည်း သူတို့အား တရားမစွဲဆိုနိုင်ပေ။ သူတို့သ်ည ကြီးထွားရန်အတွက်သာ အခွင့်အရေး ရပေမည်။ လွန်ခဲ့သည့် နှစ်ဆန်းပိုင်းကာ နတ်ဆိုးလေးတွင် အကြွေး ယွမ် ၂သန်းရှိသည်။
သို့သော် ယခုနှစ်တွင် နတ်ဆိုးလေး၏ ပိုင်ဆိုင်မှုသည် ယွမ် ၁၀သန်းကျော် ရှိလာပြီ ဖြစ်သည်။ ယင်းက လျင်လျင်မြန်မြန်ဖြင့် တိုးတက်ခြင်းပင်။
နတ်ဆိုးလေး၏ တိုးတက်မှုသည် ယခုလက်ရှိတွင် အဆုံးသတ်ကို ရောက်ရှိပြီ ဖြစ်သည်။ အိုက်ဝနှင့် နင်တန်ဒိုသည် ထုတ်ကုန်အသစ်ကို အတူတကွ ပူးပေါင်းထုတ်လုပ်မည် ဖြစ်သည်။ ယင်းက သင်ကြားစက် ဖြစ်ပြီး ဖုန်းယွီ၏ အရင်ဘဝတွင် နတ်ဆိုးလေး ထုတ်လုပ်ခဲ့သည့် ထုတ်ကုန် ဖြစ်သည်။
ယင်းအကြံကို ဖုန်းယွီအသုံးပြုခြင်း ဖြစ်သည်ပြီးနောက် ယင်းကို အိုက်ဝ သင်ကြားစက်ဟု ခေါ်ဆိုမည် ဖြစ်သည်။ ယင်းကို တရုတ်ဈေးကွက်တွင်သာ ရောင်းချမည် ဖြစ်သည်။ ယင်းကို အိုက်ဝက အကြံပြုခဲသည့်ပြီးနောက် အိုက်ဝ ထုတ်ကုန်များသည်လည်း တရုတ်နိုင်ငံတွင် နာမည်ကြီးသည်။ အိုက်ဝသည် အကျိုးအမြတ်၏ ၇၀ရာခိုင်နှုန်းကို ရရှိမည် ဖြစ်ကာ ထိုစဉ် နင်တန်ဒိုသည် ၃၀ရာခိုင်နှုန်းသာ ရရှိပေမည်။
နင်တန်ဒို၏ တစ်ခုတည်းသော ရည်ရွယ်ချက်သည် တရုတ်ဈေးကွက်ထဲ ထိုးဖောက်ရန်သာ ဖြစ်သည်။ ထို့ကြောင့် အိုက်ဝ၏ တရုတ် အရောင်းလမ်းကြောင်းများကို အခမဲ့ အသုံးပြုခါင့်ပင် ဖြစ်သည်။ သူတို့ထုတ်ကုန်များသည် တရုတ်နိုင်ငံတွင် ခြေကုပ်ရယူနိုင်ပြီး ဈေးကွက်ကို သိမ်းပိုက်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ သူတို့က သင်ယူစက်များ၏ အကျိုးအမြတ်ကို လျစ်လျူ ရှုနိုင်ပေ၏။ နင်တန်ဒို လုပ်သည့် လမ်းကြောင်းမျိုးလည်း မဟုတ်ပေ။
ဂုဏ်ယူနေသည့် နင်တန်ဒို၏ အတွေးတွင် သူတို့သည် ဗီဒီယိုဂိမ်းလောကတွင် ထိပ်ဆုံးမှ ရပ်နေနိုင်ပြီ ဖြစ်သည်။ သူတို့သည် SEGAကိုတောင် အနိုင်ယူပြီး ဖြစ်သည်။ မည်သူက သူတို့အား ယှဉ်ပြိုင်နိုင်ဦးမည်နည်း။
တရုတ်နိုင်ငံ၏ ဈေးကွက်သည် ကြီးပေ၏။ သူတို့ ယုံကြည်ထားသည်ကား သူတို့ ထုတ်ကုန်များသည် အမေရိကန်နှင့် ဥရောပကဲ့သို့ လွယ်လွယ်ကူကူနှင့် ထိုးဖောက်နိုင်မည်ပင်။ သို့သော် သူတို့ လုံးဝ မမျှော်လင့်ထားသည်ကား အနာဂတ်တွင် ကွန်ပြူတာဂိမ်းများက အစားထိုးသွားမည် ဖြစ်ဆိုသည့် အချက်ပင်။ ကွန်ပြူတာများက ဂိမ်းစက်များအား ဖြည်းဖြည်းချင်း အစားထိုးသွားမည် ဖြစ်၏။
နင်တန်ဒို၏ နည်းပညာများသည် မည်မျှ ရှုပ်ထွေးပြီး အဆင့်မြင့်စေကာမူ သူတို့ ဂိမ်းစက်၏ ကျဆင်းသွားပေလိမ့်မည်။ ယင်းက အနာဂတ်နှစ်များအတွင်း ပေါ်ပေါက်လာမည့် အရာများပင်။
အိုက်ဝနှင့် နင်တန်ဒို၏ ပူးပေါင်းဆောင်ရွက်မှုသည် လျင်လျင်မြန်မြန်ဖြင့် တိုးတက်နေလေ၏။ တလပြီးအချိန်တွင် သူတို့၏ သင်ကြားစက် နမူနာ ပုံစံသည် အဆင်သင့် ဖြစ်ပြီ ဖြစ်သည်။ ဇူလိုင်လတွင် သူတို့သည် တရုတ်ဈေးကွက်အတွက် ပမာဏ များများ ထုတ်လုပ်တော့မည် ဖြစ်သည်။
နင်တန်ဒိုကို အိုက်ဝနှင့် အလုပ် အတူတွဲလုပ်ရန် ဆွဲဆောင်သည့်အခါက ဖုန်းယွီသည် တရုတ်နိုင်ငံကို ဗွီဒီယိုဂိမ်း တင်ပို့ခွင့်ရရန်အတွက် မာစတာလူကို အကူအညီ တောင်းခံခဲ့သည်။ ဖုန်းယွီသည် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြား ဂိမ်းစက်များကို တရုတ်နိုင်ငံကို တင်သွင်းခွင့် ပြုသော်ငြား ရောင်းမကောင်းကြောင်း သိပေသည်။
နတ်ဆိုးလေးနှင့် အခြားသော တန်ဖိုးနည်းဂိမ်းစက်များသည် တရုတ်နိုင်ငံ ဈေးကွက်ကို ဝင်ပြီး ဖြစ်ကာ ဈေးကွက်ကိုလည်း ထိန်းချုပ်ပြီး ဖြစ်သည်။ အိုက်ဝ၏ သင်ကြားစက်သည် နင်တန်ဒို၏ ဂိမ်းစက်များနှင့် ဈေးနှုန်းတူညီကာ နိုင်ငံခြားမှ တင်သွင်းသည့် ဂိမ်းစက်များထက် ပိုပြီး ရောင်းအား ကောင်းမည်ပင်။
ဈေးနှုန်းအတူတူတွင် သင်ကြားရေးစက်သည် သင်ကြားရေးကို ပိုအားပေးသည်။ တချိန်တည်းတွင် ပျော်ရွှင်စရာလည်း ကောင်းသည်။ ဗီဒီယိုဂိမ်းစက်များသည် ဂိမ်းဆော့ရန်သာ အသုံးပြုနိုင်ပေ၏။ဘယ်မိဘက သူတို့ ကလေးများအတွက် ဝယ်ယူပေးမည်နည်း။ ဘယ်မိဘက သူတို့ ကလေး စာကောင်းကောင်း သင်ကြားမှုကို အလိုမရှိသနည်း။ မည်သည့်မိဘက သူ့ကလေးကို အချိန်ပြည့် ကစားစေချင်မည်နည်း။ နာမည် တခုလေးဖြင့်တောင် ရောင်းအားကို တိုးတက်စေနိုင်ပေ၏။
ဖုန်းယွီ မျှော်မှန်းထားသည်ထက် နင်တန်ဒိုသည် ရောင်းအားကောင်းပါက ဖုန်းယွီက နောက်ထပ် တရုတ်ထုတ်ကုန်များကို အားပေးရန် လှုံ့ဆော်မှုကို စတင်မည် ဖြစ်သည်။ အကယ်၍ ယင်းက ဆိုနီအတွက် ပြဿနာ ဖြစ်စေခဲ့လျှင် နင်တန်ဒိုအတွက်လည်း အတူတူပင် ဖြစ်ပေမည်။
ဖုန်းယွီသည် နိုင်ငံခြားကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီများအတွက်ပါ ကြိုတင် စီစဉ်မှုကို ပြုလပ်ထားသည်။ နတ်ဆိုလေးသည် သူတို့၏ သင်ကြားစက်ကို ယခုနှစ်ကုန်တွင် စတင် မိတ်ဆက်မည် ဖြစ်သည်။ သို့သော် ဖုန်းယွီက သူတို့ကို အခွင့်အရေး ပေးလိမ့်မည် မဟုတ်။ သူသည် အချိန်မှန်ရောက်သည့်အခါ လျို့ဝှက်နည်းဗျူဟာ ထုတ်သုံးရမည်ကို သိပေ၏။
“ကောင်းပြီ မန်နေဂျာဖုန်း ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါပြီ။ ကျွန်တော် အဲ့အမှတ်တံဆိပ်ကို မှတ်ပုံတင်ထားပါ့မယ်။”’
ဖုန်းချလိုက်ပြီးနောက် ဝူကျီကန်းက ချက်ခြင်းပင် ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဗျူရိုကို သွားကာ “သင်ကြားစက်” မူပိုင်လက္ခဏာ တင်တော့၏။ ယင်းအဓိပ္ပာယ်က အခြားသော ထုတ်ကုန်များအနေဖြင့် အနာဂတ်တွင် သင်ကြားစက်ဟု ခေါ်ယူနိုင်တော့မည် မဟုတ်ပေ။ ယင်းနာမည်ကို အိုက်ဝကသာ ပိုင်ဆိုင်ပေ၏။
ဖုန်းချလိုက်ပြီးနောက် ဖုန်းယွီက ပြုံးလိုက်သည်။ သင်ကြားစက် မရှိဘဲနှင့် နတ်ဆိုလေးက သူ့ကို မည်သို့ ယှဉ်ပြိုင်မည်ကို သိချင်မိသည်။ နတ်ဆိုးလေးသည်လည်း မကြာခင်တွင် သူ့လက်ထဲကို ရောက်လာတော့မည်ပင်။