သူက ဘာလို့ ဆေးရောင်းချင်နေတာပါလိမ့်
Vol. 28 Ch. 411
“မန်နေဂျာဖုန်း။ မာတီဗိုက်တာမင် ဆေးရဲ့ သုသေတနရကော ပြီးသွားပြီ။ အခုတော့ ငါတို့တွေ ဗိုက်တာမင် အချို့ကို ဆေးလုံး အဖြစ်စုပေါင်းပြီး ထုတ်လုပ်နိုင်ပြီ။”
ပါမောက္ခကျောက်က ဖုန်းယွီကို နမူနာ ဆေးလုံးကို ပြလိုက်သည်။
ဖုန်းယွီက ပြောစရာ စကားမဲ့သွားခဲ့သည်။ ဒီလောက်ကြီးတဲ့ ဆေးလုံး။ ဒီလောက်ကြီးတဲ့ ဆေးလုံးကို တကယ်ပဲ လူတွေကို သောက်စေချင်တာလား။
“ဒီဆေးလုံးထဲမှာ ဗိုက်တာမင် ဘယ်နှစ်မျိုးပါလဲ။ ပြီးတော့ ဗိုက်တာမင်တွေရဲ့ ပါဝင်တဲ့ အချိုးအစားကရော ဘယ်လောက်လဲ။”
“ဒီထဲမှာ ဗိုက်တာမင် အမျိုးနှစ်ဆယ်ခန့် ပါဝင်တယ်။ ဗိုက်တာမင် တခုစီမှာ ၂ဂရမ်ဆီပါတယ်။”
“အဲ့တာဆိုရင် ပါမောက္ခကျောက် လူတစ်ယောက်က နေ့တိုင်း ဗိုက်တာမင် ဘယ်လောက် လိုအပ်သလဲဆိုတာ သိလား။”
ဖုန်းယွီက စိတ်ရှည်ရှည်ဖြင့် မေးလိုက်သည်။ ဒီဆေးက ၄၀ဂရမ်ကျော်တယ် ဒီလောက်ကြီးတာ အံ့ဩစရာ မရှိဘူး။
မည်သူက ထိုမျှ ကြီးမားသည့် ဆေးလုံးကို နေ့တိုင်း သောက်မည်နည်း။ တစ်ယောက်ယောက်အနေဖြင့် သူမသောက်ခင် ဆေးကို ဝါးရန် လိုအပ်ပေသည်။ပြီးမှ မျိုချမည် ဖြစ်သည်။ ဗိုက်တာမင် ဆေးလုံးများကား မျိုချရမည်သာ ဖြစ်ကာ ဝါရန် မသင့်တော်ပေ။
ပါမောက္ခကျောက်က ချက်ခြင်းပင် နားလည်သွားခဲ့သည်။ ယင်းဆေးသည် တပတ်စာ လိုအပ်သည့် ဗိုက်တာမင်ထက် ပိုပါနေပေ၏။ ဖုန်းယွီက သူ့ကို ပြောသည်ကား ကျန်းမာရေး ဖြည့်စွက်စာသာ ဖြစ်သည်။ ဆေးဝါးအဖြစ် မဟုတ်ပေ။ ယင်းဆေးသောက်လျှင် လူတစ်ယောက်၏ ခန္ဓာကိုယ်အတွက် ကောင်းပေမည်။ သို့သော် ယင်းဆေးမသောက်လျှင်လည်း မသေနိုင်ပေ။ ပါမောက္ခကျောက်သည် ထိုဆေးကို ဆေးဝါး တခု အဖြစ် ထုတ်လုပ်ခဲ့သည်။
“ငါတို့တွေ အနေနဲ့ ဒီဆေးလုံးကို သေးသေးလေး ဖြစ်အောင် လုပ်လို့ရတယ်။ တစ်လုံးကို ငါးဂရမ် ဖြစ်အောင်ပဲ လုပ်ကြမယ်။ ဒါက လူတယောက် တနေ့လိုအပ်တဲ့ ဗိုက်တာမင် လုံလောက်တယ်။”
“လူတွေက တခြား အစားအစာတွေကို မစားသောက်ဘူးလို့ မပြောနဲ့နော်။ သူတို့ သောက်တဲ့ အစားအစာတွေမှာလည်း ဗိုက်တာမင် မပါဘူးလား။ ၁ဂရမ် ၂ဂရမ်လောက်ရှိတဲ့ ဆေးပဲ လုပ်လိုက်ပါ။ ပြီးတော့ အဲ့ဆေးကို ခန္ဓာကိုယ်က မြန်မြန် စုပ်ယူနိုင်ရမယ်နော်။ လူတစ်ယောက် ဘယ်လောက် ဗိုက်တာမင် စုပ်ယူနိုင်မလဲဆိုတဲ့ အတိုင်းအဆကိုပဲ ကြည့်ရမှာ။ ပါမောက္ခအနေနဲ့ ဗိုက်တာမင် အကုန်လုံးကို အတူတူ လုပ်လို့ မရဘူး.”
ဖုန်းယွီက သက်ပြင်းချလိုက်သည်။ ယင်းပါမောက္ခကြောက်သည် တစ်လမ်းတည်းသမားပင်။ အကယ်၍ ယင်းကျန်းမာရေး ဖြည့်စွက်စာကို ဆေးအဖြစ် ထုတ်လုပ်ပါက မည်သူ ဝယ်မည်နည်း။ ပြီးနောက် မည်သည့်ဈေးဖြင့် ရောင်းချမည်နည်း။ ယင်းကို ကျန်းမာရေး ဖြည့်စွက်စာအဖြစ် ရောင်းပါက ဈေးသည် အဆများစွာ မြင့်ပေလိမ့်မည်။
ပိုအရေးကြီးသည်လည်း ယင်းက သုံးစွဲသူများကို ဆေးတစ်လုံးက နေ့စဉ်သူတို့ လိုအပ်သည့် ဗိုက်တာမင် ပမာဏ ပြည့်မှီသည်ဟု တွေးကြပေမည်။ သူတို့အနေဖြင့် ကျန်းမာရေး ဖြည့်စွက်စာများကို သုံးစွဲရခြင်းက တန်သည်ဟု ယုံကြည်ကြမည် ဖြစ်သည်။
ယင်းအတွေးက သုံးစွဲသူများကို ဈေးနှုန်းကြီးမြင့်မှုအား လက်ခံနိုင်ပေလိမ့်မည်။
“ဒါက ကိစ္စမရှိပါဘူး။ အဲ့ဆေးကို ပုံစံပြောင်းဖို့အတွက် တစ်ပတ် အချိန်ပေးပါ။မန်နေဂျာဖုန်း ဒီထုတ်ကုန်အတွက် ဈေးကွက်ကော ရှိရဲ့လား။”
“သေချာတာပေါ့။ တကယ်ကို ကြီးမားတဲ့ ဈေးကွက်ကြီး။ ပါမောက္ခအနေနဲ့ တိုင်းပြည်ကို ကြီးမားတဲ့ ထောက်ပံ့မှုကြီး ဖြစ်စေမှာ။ ကျွန်တော်လည်း ပါမောက္ခကို လိုအပ်တဲ့ ရန်ပုံငွေ မှန်သမျှပေးမယ်”
ဖုန်းယွီက အလေးအနက်ဖြင့် ပြောလိုက်၏။
ဝါးဟဟဟ ဒီလိုမျိုး ကျန်းမာရေး ဖြည့်စွက်စာမျိုးကို ထွင်ဖို့က အရမ်းကို ရိုးရှင်းတယ်။ ဖုန်းယွီသည် ထိုမာတီဗိုက်တာမင်ဆေးကို ထုတ်လုပ်စရိတ်၏ ၅ဆအဖြစ် သတ်မှတ်ရန် စဉ်းစားထားသည်။ ဟမ်း... ငါ့ကို ယုံကြည်အားကိုးလို့ ရတယ်လို့ စဉ်းစားလို့ ရနိုင်သေးတယ်။ အနည်းဆုံးတော ရွှေလက်တွဲဖော် ကုမ္ပဏီလောက်တော့ ဈေးကို အဆတရာလောက် မတင်ထားဘူး။
သုသေတန ပြုလုပ်ရန်အတွက် ယွမ်တစ်သန်းသာ ဖြစ်သည်။ ပြန်ရသည့် ပမာနသည် သူရင်းနှီးမြှပ်နှံသည်ထက် အဆများစွာပင်။ ဖုန်းယွီအနေဖြင့် အဘယ်တွက် မပျော်ရွှင်ဘဲ နေမည်နည်း။
ကျန်းမာရေး ဖြည့်စွက်စာ တစ်ခုတည်းတာ တီထွင်နိုင်သည်မဟုတ်ပေ။ ဇင့်ဂလူဂိုနိတ်နှင့် ကယ်လစီယမ် ဂလူဂိုနိတ်စသည့် အရည်ကျန်းမာရေး ဖြည့်စွက်စာများကိုလည်း ထုတ်လုပ်နိုင်ခဲ့သည်။ အမှန်တကယ်တွင် ထိုကဲ့သို့သော အရည် ဖြည့်စွက်စာများ ထုတ်လုပ်ရန်အတွက် ကြိုးပမ်းအားထုတ်ရန်ပင် မလိုပေ။ သို့သော် မည်သူမှ လုပ်ခြင်းမရှိပေ။ အကြောင်းမှာ တရုတ်လူမျိုးများသည် သူတို့ ဇင့်နှင့် ကယ်လစီရမ် စားသုံးမှုအပေါ် သံသယ မရှိသည့်အတွက်ပင်။
အစောဆုံး ဇင့်နှင့် ကယ်လစီယမ် ဖြည့်စွက်စာများတွင် တရုတ်နိုင်ငံ၏ ဖြည့်စွက်ဟာ လုပ်ငန်းတွင် သံဓာတ်၊ ကယ်လစီယမ်နှင့် အစရှိသည့် ဓာတ်ပေါင်းစု ပါဝင်သည့် ဆေးများသည် တီထွင်ပြီး ဖြ်စသည်။ လူတို့၏ သွေးလည်ပတ်မှု၊ အိပ်စက်မှုနှင့် အခြားသော ရောဂါများအတွက် ကောင်းစေသည့် ဗိုက်တာမင် ဆေးလုံးများသည်လည်း ရှိနေပြီ ဖြစ်သည်။ ထိုသို့သော ကျန်းမာရေး ဖြည့်စွက်စာများတွင် အချို့က ကျားကျန်းမာရေးကို တိုးစေ၏။
ထိုကဲ့သို့သော အကြံဉာဏ်များအား နိုင်ငံခြား ဆေးဝါးကုမ္ပဏီများမှ ရခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ကျန်းမာရေး ဖြည့်စွက်စာများအား အစောဆုံး ထုတ်လုပ်သည့် သူများထဲမှ တဦးပင် ဖြစ်သည်။သို့သော်ငြား နိုင်ငံခြားသားများသည် ကယ်လစီယမ် ဖြည့်စွက်စာများကို အသုံးပြုဖို့ လိုအပ်သည်ကား ရှားပေသည်။ ကယ်လစီယမ်ဆေးများက ပထမနေရာတွင် ထားကာ ဆေးဝါးအဖြစ် မိတ်ဆက်၏။
သို့သော်ငြား ဆေးဝါးကုမ္ပဏီများသည် ထိုကယ်လစီယမ် ဆေးများကိုဆေးဝါးအဖြစ် ရောင်းမကောင်းသည်ကို မြင်၏။ သူတို့သည် မကြာခင်တွင် တရုတ်ဈေးကွက်ကို တွေ့ရှိခဲ့ကြသည်။ တရုတ်နိုင်ငံ၏ လူနေမှု အဆင့်အတန်း တိုးတက်လာသည်နှင့်အမျှ သူတို့၏ ကျန်းမာရေးကိုလည်း ဂရုပြုလာကြသည်။ ကုမ္ပဏီများသည် တရုတ်နိုင်ငံကို သူတို့ ကယ်လစီယမ်များကို မိတ်ဆက်ရန်အတွက် တွေးလာကြသည်။
ယင်းအတွက်ကြောင့် တခြားကုမ္ပဏီမျာသည် အခြားသော ကျန်းမာရေး ဖြည့်စွက်စာများကို မမိတ်ဆက်ခင် ကယ်လစီယမ် ဖြည့်စွက်စာများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
အနာဂတ်တွင် အချို့သော နိုင်ငံခြားသားများက တရုတ်နိုင်ငံသားများကို ကယ်လစီယမ် ချို့တည့်သည့်အတွက် ဟာသ အဖြစ် လုပ်ကြပေသည်။ ကယ်လစီယမ်ကို အဟာရ မျှတသည့် အစားအစာများမှ ရရှိနိုင်သည်။ နေရောင်ခြည်အောက်အောက်တွင်လည်း ရရှိနိုင်ပေ၏။ တရုတ်နိုင်ငံတွင်တော့ ကျန်းမာရေး ဖြည့်စွက်စာအဖြစ် ရောင်းချပေ၏။
ထိုဆေးဝါးကုမ္ပဏီများသည် တရုတ်နိုင်ငံသားများ၏ အတွေးများဖြစ်သည့် အသက်ရှည်ပြီး ကလေးများအပေါ် အကောင်းဆုံး ဖြစ်စေလိုသည့် ဆန္ဒများကို အသုံးပြုကာ သူတို့ ကယ်လစီယမ်ဆေးများအား ရောင်းချခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ဆေးများကို အရိုးပွခြင်းမှ ကာကွယ်ရန်နှင့် ကလေးငယ်များ အရပ်ရှည်ရန် စသဖြင့် ကြော်ငြာခဲ့ကြခြင်း ဖြစ်သည်။
သူတို့၏ ဈေးကွက်နည်းဗျူာကောင် တရုတ်နိုင်ငံသည် အနာဂတ်တွင် ကယ်လစီယမ် ကျန်းမာရေး ဖြည့်စွက်စွာ အများဆုံး တင်သွင်းသည့် နိုင်ငံ ဖြစ်လာခဲ့သည်။
ယင်းကုမ္ပဏီများသည် အမှန်ကို ပြောသည်လော။ တချို့သော ကိစ္စများကိုတော့ ပြောရမည်ပင်။ ကယ်လစီယမ် ဆေးဝါးများသည် အိုမင်းသည့် လူများ အရိုးပွခြင်းကို ကာကွယ်ရန်ငြား မစွမ်းသာပေ။ အရိုးပွရောဂါ ဖြစ်သည့် အကြောင်းပြချက် များစွာ ရှိသည်။ ကယ်လစီယမ်ဆေးမည်မျှ သောက်သုံးစေ သို့မဟုတ် ခန္ဓာကိုယ်က မည်မျှ စုပ်ယူနိုင်ပါစေ မှန်ကန်သည့် ကုသမှုမျိုး မရှိပါက အသုံးမဝင်ပေ။ ပြီးနောက် ကလေး၏ ဖွံ့ဖြိုးမှုကို သက်ရောက်မှု ရှိနိုင်သည့် အကြောင်းပြချက် မျိုးစုံလည်း ရှိပေသည်။ ကယ်လစီယမ်သည် ထိုအကြောင်းပြချက်ထဲမှ တခုသာ ဖြစ်ပေသည်။
အခြား နိုင်ငံမှ ကုမ္ပဏီများကို ငွေများရှာရန် ခွင့်ပြုပေးခြင်းထက် ဖုန်းယွီသည် သူကိုယ်တိုင် ငွေများ ရှာမည်ပင်။
သို့သော်ငြား ဖုန်းယွီသည် ထိုဆေးဝါးများကို မထုတ်လုပ်ခင် ဆေးဝါးစက်ရုံ တစ်ရုံလိုအပ်ပေသည်။ ဖုန်းယွီသည် ဘင်းမြို့တော်ရှိ ဆေးဝါးစက်ရုံ၏ တိုးတက်မှုကို အမှတ်ရလိုက်သည်။ ယင်းစက်ရုံ အောင်မြင်ရသည်မှာ ဇင့်ဂလူဂိုနိတ်နှင့် ကယ်လစီယမ် ဂလူဂိုနိတ် အရည်ဖြည့်စွက်စာများကြောင့်ပင် ဖြစ်သည်.
သူတို့၏ အမြင့်ဆုံးအချိန်တွင် ရောင်းအားသည် အခြားကုမ္ပဏီများထက် နှစ်ဆ ဖြစ်ပေ၏။
အနာဂတ်တွင် အချို့သော ချမ်းသာသည့် စီးပွားရေးသမားများသည် ဆေးဝါးဈေးကွက်ထဲကို ဝင်လာကြသည်။ သူတို့၏ ကုမ္ပဏီအများစုသည် နိုင်ငံခြားနှင့် စပ်တူ ကုမ္ပဏီများ ဖြစ်ကြပေသည်။ နိုင်ငံခြားသား ကုမ္ပဏီများသည် ထိုလုပ်ငန်းမှ ကံကောင်းမှုကို ရှာနိုင်ပေ၏။
သို့သော် ယခုဘဝတွင်တော့ ထိုကဲ့သို့သော အဖြစ်အပျက်မျိုးက မည်သည့်အခါမျှ ဖြစ်လာတော့မည် မဟုတ်ပေ။ တရုတ်နိုင်ငံ၏ ဆေးဝါးလုပ်ငန်းသည် ကျန်းမာရေး ဖြည့်စွက်စာကို ခေတ်ရေစီးကြောင်းအဖြစ် ပထမဆုံး အနေဖြင့် စတင်ဝင်တော့မည် ဖြစ်သည်။ ယင်းခေတ်ရေစီးကြောင်းကို ဘင်းမြို့တော်၏ ဆေးဝါးစက်ရုံဖြင့် စတင်မည်ပင်။
.....
“မင်းဘာပြောလိုက်တာလဲ။ မင်းက ဘင်းမြို့တော် ဆေးဝါးစက်ရုံမှာ ရင်းနှီးမြှပ်နှံချင်တာလား။”
ကျန်းရွေ့ချင်က ဖုန်းယွီကို အံ့အားသင့်စွာဖြင့်ကြည့်လိုက်သည်။ ဖုန်းယွီ၏ အခြားစီးပွားရေး လုပ်ငန်းများသည် ကောင်းမွန်စွာ လည်ပတ်နေသည့်တိုင် သူ ဆေးဝါးထုတ်လုပ်ချင်သည်ကို နားမလည်နိုင် ဖြစ်နေ၏။
ကျန်းရွေ့ချင်သည် လယ်သမားများ၏ မြေရိုင်းများကို ပြန်လည်အပ်နှံသည့် ကိစ္စနှင့် ပတ်သက်ပြီး အထက်ကို တင်ပြရန်အတွက် ဘေကျင်းကို ရောက်ရှိနေခြင်း ဖြစ်သည်။ အစိုးရသည် လယ်သမားများကို လျော်ကြေားငွေ အချို့ ပေးအပ်သည်။ လယ်သမားများအား ပြည်ပပို့ခြင်းက တရုတ်နိုင်ငံတွက် အကျိုးကျေးဇူး ရသည်ပင်။ ယင်းအချက်သည် တရုတ်နိုင်ငံတွင် လယ်သမားများစွာ ရှိပြီး စိုက်ပျိုးမြေ မလုံလောက်ကြောင်း ညွှန်ပြနေခြင်း ဖြစ်သည်။ ယင်းက ထိုပြဿနာကို ဖြေရှင်းရန်အတွက် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။
ကျန်းရွေ့ချင်သည် ထိုပရောဂျက် နှစ်ခုအတွက် အဓိက တာဝန် ရှိသူ ဖြစ်ကာ သူသည် ဝန်ကြီးအဖြစ် ထမ်းဆောင်ရန် အခွင့်အရေးကိုလည်း လက်လွှတ်ခဲ့သည်။ သူ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲမည်ဟု ဟောချက်ထုတ်စဉ်က အထက်အရာရှိများက သူအား ရည်မှန်းချက် ကြီးစွာ ထားခဲံကြသည်။ သို့သော်လည်း ထိုပရောဂျက်များ၏ အဓိက တာဝန်ရှိသူ တစ်ယောက်အနေဖြင့် သူသည် ဝန်ကြီးဌာနကို ချက်ခြင်းပင် ပြောင်းရွေ့နိုင်ပေသည်။ ထို့ကြောင့် ဘင်းမြို့တော်၏ ပါတီ အတွင်းရေးမှူးသည် နိုင်ငံခြားရေးဝန်ကြီးဌာနကို ပြောင်းရွေ့ခဲ့ခြင်း ဖြစ်သည်။ သူသည် ယင်းဌာနတွင် အဆင့်၃ ဖြစ်သည်။ သူသည် အဆင့်အတန်း တူညီသော်ငြား သူ့အာဏာသည် ဘင်းမြို့တော်တွင် ရှိသည်ထက် မြင့်ပေ၏။
မြို့တော်ဝန်သည် ပါတီအတွင်းရေးမှူးနေရာကို လက်လွဲယူခဲ့သည်။ မြို့တော်ဝန် နေရာသည် လွတ်နေသည်။ ဘင်းမြို့တော်ကို ပြည်နယ်လက်ထောက်မြို့တော်၏ စဉ်းစား၍ ရနိုင်ပေသည်။ မြို့တော်ဝန်သည် ပြည်နယ်ဝန်ကို ကူညီပေးရန်သည်။ ဘင်းမြို့တော် မြို့တော်ဝန်သည် ဒုတိယ ပြည်နယ်ဝန်ဖြစ်သည်။ လူများစွာက ထိုနေရာကို မျက်စိကျနေကြသည်။ ယင်းက ရာထူးနေရာ တစ်ခုပင်။
သို့သော် လုံကျငန်းပြည်နယ်ဝန်က ကျန်းရွေ့ချင်အား ဘင်းမြို့တော်ဝန်နေရာကို ရယူစေချင်သည်။ ကျန်းရွေ့ချင် ရာထူးတိုးသည်မှာ မြန်သော်ငြား သူသည် အသက် ၄၀ကျော်သာ ရှိသေးသည်။ သူသည် အထက်အရာရှိများက နှစ်ခြိုက်သည့် အသက်ငယ်သည့် အရာရှိ တစ်ယောက် ဖြစ်သည်။ ပြီးနောက် ကျန်းရွေ့ချင်သည် ပြောင်မြောက်သည့် အောင်မြင်မှုများကို လုပ်ဆောင်ခဲ့သည်။ သူသည် ယင်းနေရာအတွက် ရသင့်ပေ၏။
အဆုံးတွင် ကျန်းရွေ့ချင်သည် သူ့ပြိုင်ဖက်များအားလုံးကို အနိုင်ပိုက်နိုင်ခဲ့ကာ ဘင်းမြို့တော်၏ မြို့တော်ဝန်ရာထူးကို အရယူနိုင်ခဲ့သည်။ သူသည် ရာထူးတိုးပိုင်းအတွက် ဘေကျင်းကို လာသည့်အခါတွင် သူသည် ဖုန်းယွီ၏ ဖုန်းကို လက်ခံရခဲ့သည်။ သူက ဖုန်းယွီသည် ကောင်းမွန်သည့် အရာများကို ယူပေးသည်ဟု တွေးခဲ့သည် ထို့ကြောင့် သူသည် ဖုန်းယွီနှင့် တွေ့ဆုံရန်အတွက် အချိန် သပ်သပ် ဖယ်ထားခြင်းပင် ဖြစ်သည်။
သို့သော် ကျန်းရွေ့ချင် လုံးဝ မမျှော်လင့်ထားသည်ကား ဖုန်းယွီသည် ဆေးရောင်းချင်နေခြင်းပင် ဖြစ်သည်။