← Chapters

ကျန်းရွေ့ချင်ကို နားချခြင်း

Vol. 28 Ch. 412

ကျန်းရွေ့ချင်ကို နားချခြင်း

Vol. 28 Ch. 412

“ဖုန်းယွီ ဘာလို့ အကြောင်းပြချက် မရှိပဲ ဆေးဝါးစက်ရုံကို ရင်းနှီးမြှပ်နှံချင်ရတာလဲ။ မင်းက ထုတ်လုပ်တဲ့ နယ်ပယ်မှာ ထူးချွန်တယ်ဆိုတာကို ငါလက်ခဲတယ်။ ထိုက်ဟွ ကုန်သွယ်ရေး ဒါမှမဟုတ် စက်ယန္တရားကုမ္ပဏီ ပြီးတော့ မင်းက ကားထုတ်လုပ်ချင်တယ် ဆိုတုန်းကတောင် မြို့တော်က မင်းကို ထောက်ပံ့ပေးခဲ့တာပဲလေ။ ဒါပေမဲ့ ဆေးဖက်ဆိုင်ရာ စီးပွားရေးကတော့ လုံးဝကို ကွဲတယ်။ ဆေးဝါးနဲ့ စက်ယန္တရား ဆိုတာက မတူညီတဲ့ နယ်ပယ် နှစ်ခုပဲ။”

ကျန်းရွေ့ချင်သည် ဖုန်းယွီကို ကြိုးစားနားချလိုက်သည်။

ဖုန်းယွီသည် သူလေးစားအားကျရသူ တစ်ယောက် ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက အစိုးရ အရာရှိနှင့် စီးပွားရေးသမားကဲ့သို့ မတူပေ။ သူတို့က မိတ်ဆွေနှင့် ပိုတူပေ၏။ ဖုန်းယွီသည် ဘင်းမြို့တော်ကို အပြောင်းအလဲများစွာ ယူဆောင်ပေးခဲ့ကာ ဤမြို့ရှိ စက်မှုကဏ္ဍကိုလည်း ပြန်လည် ရှင်သန်အောင် လုပ်ခဲ့သည်။ ကျန်းရွေ့ချင်သည်လည်း ဖုန်းယွီကို မြောက်မြားစွာ ကူညီခဲ့ကာ အစိုးရထံမှ သူစီရောက်လာမည့် ပြဿနာ များစွာကိုလည်း ကာကွယ်ပေးခဲ့သည်။ သူသည် ဖုန်းယွီအတွက် ပြည်နယ် အစိုးရနံပါတ် တစ် ရာထူးကိုတောင် လက်လွှတ်ခဲ့သည်။ ထိုအကြောင်းများကြောင့် လူများစွာက ဖုန်းယွီ ငွေမြောက်မြားစွာ ရှာနိုင်သည်ကို မနာလို ဖြစ်ကြသည်။

ဖုန်းယွီသာ ထုတ်ကုန်အသစ်အတွက် ထုတ်လုပ်မှုကဏ္ဍသို့မဟုတ် ဘင်းမြို့တော်၏ နိုင်ငံပိုင် စက်ရုံများတွင် ရင်းနှီးမြှပ်နှံလိုပါက သူ ငြင်းမည်မဟုတ်။ သူသည် ဖုန်းယွီ၏ ဆုံးဖြတ်ချက်ကိုတောင် ထောက်ခံပေးလိမ့်မည် ဖြစ်သည်။ ဖုန်းယွီကို သူထောက်ပံ့နေသော်လည်း သူသည် ဘင်းမြို့တော်အတွက် အကောင်းဆုံး အကျိုးအမြတ်များရရန် ကြိုးပမ်းမည် ဖြစ်သည်။

သို့သော် ယခုလက်ရှိတွင် ဖုန်းယွီအနေဖြင့် ဆေးဝါးစက်ရုံတွင် ရင်းနှီးမြှပ်နှံချင်သည်လော။ သူက ဟာသ လုပ်နေသည်လော။ ယခုလက်ရှိတွင် ဆေးဝါးစက်ရုံသည် ပြန်လည်ဖွဲ့စည်းသည့် အဆင့်တွင် ရှိနေသေးသော်ငြား အခြားသူများကို ထိုစက်ရုံတွင် ရင်းနှီးမြှပ်နှံရန် ခွင့်မပြုသေးပေ။ ပြီးနောက် ယင်းစက်ရုံသည် အသက်ကယ်ဆေးဝါးများကို ထုတ်လုပ်နေသည်။ အကယ်၍ ဖုန်းယွီသာ စက်ရုံတွင် ရင်းနှီးမြှပ်နှံပါက သူသည် သေချာပေါက် အကျိုးအမြတ် အများဆုံးရရန်အတွက် ကြိုးပမ်းမည်ပင်။ ဆေးဝါးများ၏ ဈေးနှုန်းသည်လည်း အမြတ်ရရန်အတွက် သေချာပေါက် ကြီးသွားမည် ဖြစ်သည်။ ယင်းက နေထိုင်သူများအကြား နာကြည်းမှုကို ဖြစ်ပေါ်စေမည်ပင်။

“ခေါင်းဆောင်။ ဆေးဝါးစက်ရုံကနေ ငွေဘယ်လိုရှာမှာလဲ။ ဒီသမားရိုးကျ ဆေးဝါးတွေနဲ့လား။ အခြားစက်ရုံတွေလည်း တူညီတဲ့ ဆေးဝါးတွေကို ထုတ်လုပ်နေတာ မဟုတ်ဘူးလား။ ဆေးဝါးတွေရဲ့ အကျိုးအမြတ်တွေက နိုင်ငံခြားသားကုမ္ပဏီ လက်ထဲမှာ။ ဥပမာအနေနဲ့ ပင်နီစလင်နှင့် အောက်ဇီတက်ထရာဆိုက်ကလင်းကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက အကျိုးအမြတ် အများကြီးရတဘ်။ အခု လက်ရှိ ကျွန်တော်တို့တွေ ပင်နီဆလင်ကို ထုတ်လုပ်မယ်ဆိုရင် အကျိုးအမြတ် ဘယ်လောက်ရမှာလဲ။ အခုလက်ရှိ ကျွန်တော်မှာ ဆေးဝါးဖော်မြူလာတွေ ရှိနေပြီ။ သေချာတာက ကျွန်တော် ရှာထားတာတော့ မဟုတ်ဘူးပေါ့။ အဲ့ဆေးဝါးကို ဘေကျင်းတက္ကသိုလ် ပါမောက္ခတွေက တီထွင်ထားတာ။ ဒီထုတ်ကုန်တွေက သေချာပေါက် ကွာဟချက်တွေကို ဖြည့်ပေးလိမ့်မယ်။ ခေါင်းဆောင်အနေနဲ့ ဒီကရမဲ့ အကျိုးအမြတ်တွေကို တွက်ကြည့်ပါ။”

ကျန်းရွေ့ချင်က ဖုန်းယွီကို မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။ ဖုန်းယွီက နိုင်ငံအတွက် ကွာဟချက်ကို ဖြည့်ပေးနိုင်မဲ့ ဆေးဝါးဖော်မြူလာတွေ ရှိတာလား။ သူ့မှာ ဖော်မြူလာ တခုတည်းပဲ မဟုတ်ဘူးလား။ ကျန်းရွေ့ချင်က သူ့ကို ယုံကောင်းယုံနိုင်ပေသည်. သူသည် တစ်နေရာရာမှ ဖော်မြူလာများ ရထားခြင်းမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ သူသည် ဖုန်းယွီလက်ထဲ ဖော်မြူလာများစွာ ရှိသည်အချက်ကို မယုံကြည်ခြင်း ဖြစ်သည်။

ဘေကျင်းတက္ကသိုလ်ရှိ ပါမောက္ခများသည် တော်ကြသော်ငြား သူတို့သည် ဆေးဝါးနယ်ပယ်တွင် ထိပ်တန်းပါမောက္ခများ မဟုတ်ကြပေ။ သူသည် ဘင်းမြို့တော် ဆေးဝါးစက်ရုံရှိ ပါမောက္ခများနှင့်တောင် ယှဉ်နိုင်စွမ်း မရှိပေ။ သူတို့သည် ဆေးဝါးသစ်တမျိုး တွေ့ရှိပါက ယင်းကို ကံကောင်းသည်ဟု စဉ်းစား၍ ရနိုင်ပေသည်။ သူတို့အနေဖြင့် ဆေးဝါးပုံစံ အမျိုးမျိုး ထွင်နိုင်သည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

ယင်းနောက်ကွယ်တွင် တခုခု ရှိနေမည်ပင်။

“ငါ့ကို ဆေးအကြောင်းပြော။ ဒီဆေးတွေက ဘယ်လိုကုသမှုအတွက်လဲ။ တကယ်လို့ အဲတာက ရာသီတုပ်ကွေးတို့ ချောင်းဆိုတာတို့ တွေ့ရများတဲ့ဟာတွေအတွက်ဆိုရင်တော့ ထပ်မပြောတော့နဲ့။ အဲ့လို ဆေးဝါးမျိုးက ဒီနယ်ပယ်မှာ ရာချီရှိနေပြီ။”

ကျန်းရွေ့ချင် စကားပြောနေစဉ် ဖုန်းယွီက သူ့လက်ချောင်းများဖြင့် ဆေးဖော်မြူလာများကို စတင် ရေတွက်နေတော့၏။

“ကလေးတွေအတွက် ကယ်လစီယမ် ဖြည့်စွက်စာအဖြစ် ကယ်လစီယမ် ဂလူကိုနိတ်ရှိတယ်။ ဇင့်ဂလူကိုနိတ်လည်း ကလေးတွေ ဇင့်ဓာတ်အတွက်ပဲ။ ပြီးတော့ Antianemic ကလည်း အမျိုးသမီးတွေရဲ့ သွေးနီဉတိုးလာဖို့ကိုလည်း ကူညီပေးတယ်။ ပြီးတော့ အသက်ကြီးရင့်တဲ့သူတွေ ကယ်လဆီယမ်ဓာတ် ပြည့်ဝဖို့အတွက် ကယ်လဆီယမ်ဆေးလုံးတွေလည်း ရှိတယ်။ ပြီးတော့ မာတီဗိုက်တာမင် ဆေး......”

“ခဏ ဒါတွေ အကုန်လုံးက ဆေးတွေလား။”

ကျန်းရွေ့ချင်က ဖုန်းယွီကို ဖြတ်ပြောလိုက်သည်။ ယင်းအသံက အားပါသည့် အသံမျိုးပင်။

ဒီဟာက ဘယ်လို ဆေးမျိုးလဲ။ ဒါတွေက ဖြည့်စွက်ထုတ်ကုန်တွေဆိုတာ အသိအသာကြီးကို။ ဒီ ကောင်စုတ်လေးက ငါ့ကို အရူးလုပ်နေတာပဲ။

“ဒါတွေ အကုန်လုံးက ကျန်းမာရေး ဖြည့်စွက်စာတွေပဲ။ ခေါင်းဆောင်အနေနဲ့ ဒါကို အားဆေးတွေလို့လဲ။ ခေါ်လို့ရတယ်.”

“မင်းရဲ့ အဓိပ္ပာယ်မရှိတာတွေ တော်လိုက်တော့။ မင်းက ဘာအားဆေးအကြောင်း ပြောနေတာလဲ။ မင်းက ငါ့ကို ဒါတွေက ကျန်းမာရေး ဖြည့်စွက်စာတွေလို့ ပြောနေတာ မဟုတ်လား။ မင်းက ဘင်းမြို့တော် ဆေးဝါးစက်ရုံကို ဒီဆေးဝါးပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် ကူပေးစေချင်တာလား။ ငါတို့ရဲ့ ဆေးဝါးစက်ရုံက အစားအသောက်နဲ့ ပတ်သတ်တဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်တဲ့ စက်ရုံ မဟုတ်ဘူး။”

ကျန်းရွေ့ချင်သည် ဒေါသထွက်သွားသည်။

ဆေးဝါးစက်ရုံသည် ဆေးဝါးထုတ်လုပ်မှုအပိုင်းတွင်သာ အာရုံစိုက်သင့်သည်ပင်။ ထိုဆေးဝါးများကို အသက်ကယ်ရာတွင် အသုံးပြုနိုင်ပေသည်။ ကျန်းမာရေး ဖြည့်စွက်စာများလား။ ယင်းထုန်ကုန်များသည် လူသားခန္ဓာကိုယ်အတွက် အကျိုးရှိနိုင်မည် မဟုတ်ပေ။ ထို့ပြင် ယင်းက ခန္ဓာကိုယ်ကိုလည်း ဘေးဥပဒ် မဖြစ်စေပေ။

မင်းက ဒီထုတ်ကုန်တွေ ထုတ်လုပ်ဖို့အတွက် ဘင်းမြို့တော် ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံမှာ ရင်းနှီးမြှပ်နှံချင်တာလား။ အိပ်မက်မက်နေလိုက်။

“ခေါင်းဆောင်။ တကယ်ပဲ ဆေးဝါးစက်ရုံမှာ ကျွန်တော်ကို ရင်းနှီးမမြှပ်နှံစေချင်တာလား။ ကျွန်တော် ခေါင်းဆောင်အတွက် ခွဲခြမ်းစိတ်ဖြာပြမယ်။ ကျွန်တော်အနေနဲ့ ဆေးဝါးအရည်တွေကို မထုတ်လုပ်နိုင်တာ မဟုတ်ဘူး။ ကျွန်တော်က လဲ့ဟဟရဲ့ အဓိက ရှယ်ယာရှင်။ ပြီးတော့ ကျွန်တော်အနေနဲ့ ထုတ်လုပ်တဲ့ လမ်းကြောင်းတွေကိုတောင် တိုးဖို့မလိုဘူး။ကျွန်တောအနေနဲ့ ထုတ်လုပ်ရေး လမ်းကြောင်းကို ပြင်ဆင်ဖို့ပဲ လိုတာ။ ပြီးတော့ ကျွန်တော်အနေနဲ့ ဒီကယ်လစီယမ်နဲ့ မာတီဗိုက်တာမင် ဆေးလုံးတွေကို ထုတ်လုပ်ဖို့အတွက် ဆေးဝါးစက်ရုံ အသေးလေးတွေကို ငှားလို့ရတယ်။”

“အဲ့တာဆို သွားလေ။ ဘင်းမြို့တော် ဆေးဝါးစက်ရုံကို မစဉ်းစားနဲ့။””

ကျန်းရွေ့ချင်က စိတ်တိုတိုဖြင့် ပြောလိုက်သည်။ ယခုလက်ရှိ သူ့ပုံစံသည် မိခင်ကြက်မ တစ်ကောင်က သူ့မကလေးများကို ကာကွယ်နေသည့် မျိုးပင်။

“ခေါင်းဆောင် ဘင်းမြို့တော်မှာ ဆေးဝါးစက်ရုံ ဘယ်နှစ်ရုံ ရှိလဲ။ ပြီးတော့ စုစုပေါင်း အကျိုးအမြတ်က ဘယ်လောက်လဲ။

“စုစုပေါင်း စက်ရုံ သုံးဆယ်ခန့်တော့ ရှိတယ်။ အတိအကျတော့ မရှိဘူး။ ဒါပေမဲ့ အကျိုးအမြတ်က နှစ်စဉ် ယွမ် ၁၀သန်းကျော် ရှိတယ်။”

ကျန်းရွေ့ချင်က ဂုဏ်ယူစွာဖြင့် ပြန်ပြောလိုက်သည်။ အကျိုးအမြတ် ၁၀သန်းသည် အတော်များသည်ပင်။ ပြီးနောက် အခွန်သည်လည်း ပမာဏ နည်းနည်း မဟုတ်ပေ။ စက်ရုံများသည်လည်း ထောင်ပေါင်းများစွာသော အလုပ်နေရာများကို ဖန်တီးပေသည်။ ယင်းက ဘင်းမြို့တော်ရှိ ထင်ရှားသည့် စက်မှုလုပ်ငန်းပ်င ဖြငစ်သည်။

“ယွမ် ၁၀သန်းပဲလား။ တကယ်လို့ ဒီစက်ရုံတွေသာ ကျွန်တော်ရဲ့ ကျန်းမာရေး ဖြည့်စွက်စာတွေကို အပြည့်အဝ ထုတ်လုပ်နိုင်မယ်ဆိုရင်... ကောင်းပြီ။ ကျန်းမာရေး ဖြည့်စွက်စာ။ စုစုပေါင်း လစဉ် အကျိုးအမြတ် ၁၀သန်းကျော် ရှိပြီ။"

ဖုန်းယွီသည် လက်တစ်ချောင်းထောင်ကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

“မင်းဘာပြောလိုက်တာလဲ။ တစ်လကို အကျိုးအမြတ်က ၁၀သန်းလား။”

“ဒါက အနည်းဆုံးပဲ။”

ဖုန်းယွီ၏ အတိတ်ဘဝတွင် ကယ်လစီယမ်ဂလူကိုနိတ်နှင့် ဇင့်ကလူကိုနိတ် အရည်၏ ပျမ်းမျှ တစ်နှစ်လျှင် ယွမ် သန်း တစ်ထောင်ကျော် ဖြစ်သည်။ ယခုနှစ် လူများ၏ သုံးစွဲနိုင်မှုသည် နောက်နှစ်များလောက် များသော်ငြား သူတို့သည် အခြားသော ထုတ်ကုန်များဖြစ်သည့် Anitianemic သောက်ဆေးနှင့် မာတီဗိုက်တာမင်ဆေးဝါးများကို နှစ်သက်ကြသည်။ ပြီးနောက် အဆီချသောက်ဆေးများကိုလည်း မိတ်ဆက်နိုင်ပေသည်။ ထိုအရာများအားလုံးသည် ဖုန်းယွီ၏ အရင်ဘဝတွင် ငွေဝင်လမ်းကြောင်းများပင် ဖြစ်သည်။

ကျန်းရွေ့ချင်သည် အကျိုးအမြတ်များစွာကို အားကျနေမိသည်။ အကယ်၍ ဘင်းမြို့တော် ဆေးဝါးစက်ရုံသာ အကျိုးအမြတ် သန်းရာချီရပါက မြို့တော်အနေဖြင့် ထိုပိုက်ဆံများကို နေရာများစွာတွင် အသုံးပြုနိုင်ပေသည်။ မြို့တော်၏ တိုးတက်မှုသည်လည်း ပိုမို မြန်ဆန်လာမည် ဖြစ်သည်။ သူလုပ်သည့် အစီအစဉ်များသည်လည်း စောစော ရုပ်လုံးပေါ်လာမည် ဖြစ်သည်။

“ကျွန်တော်တို့တွေက ပထမ ဆေးဝါးစက်ရုံကို ကျန်းမာရေး ဖြည့်စွက်စာတွေ ထုတ်လုပ်ဖို့ အသုံးပြုမှာ မဟုတ်ဘူး။ ပြီးတော့ ဒါက တရားမဝင်လည်း မဟုတ်ဘူး။ အခုလက်ရှိမှာ ဈေးကွက်ရှိတယ်။ ကျွန်တော်တို့တွေ ဈေးကွက်လမ်းကြောင်းအတိုင်း လိုက်သင့်တယ်။ ဘင်းမြို့တော်ရဲ့ ဆေးဝါးစက်ရုံတွေရဲ့ အကျိုးအမြတ်တွေ တိုးလာတဲ့အခါ အလုပ်သမား ဘဝတွေကလည်း တိုးလာလိမ့်မယ်။ မြို့တော်အနေနဲ့လည်း ငွေများများ ရှာလာနိုင်လိမ့်မယ်။ ပြီးတော့ အခွန်လည်း ပိုအားကောင်းလာလိမ့်မယ်။ ငွေရှိရင် မြို့တော် ဘာလုပ်နိုင်မလဲဆိုတာ စဉ်းစားလို့ ရတယ်။”

“ဒီကျန်းမာရေးဖြည့်စွက်စာတွေအတွက် ထောက်ခံစာတွေကော ရပြီးပြီလား။”

ကျန်းရွေ့ချင်က ရုတ်တရက် မေးလိုက်သည်။

ဖုန်းယွီက ရယ်လျက်သား

“ကျွန်တော်အထင်တော့ ဘင်းမြို့တော် ဆေးဝါးထုပ်လုပ်တဲ့ စက်ရုံက ထုတ်လုပ်ခွင့်ပါမစ်အတွက် ပိုပြီး သင့်တော်မယ်ထင်တယ်။ သူတို့တွေက ကျွမ်းကျင်ပညာရှင်တွေလေ။”

တကယ်လို့ ငါ့မှာတာ ခွင့်ပြုမိန့်ရှိရင် မင်းနဲ့ အချိန်ဖြုန်းနေပါ့မလား။ စက်ရုံတွေကို သွားပြီးပြီပေါ့။

ကျန်းရွေ့ချင်က ရယ်လိုက်ကာ

“မင်းက ဘယ်လောက်များများ ရင်းနှီးမြှပ်နှံမှာလဲ။”

ဖုန်းယွီ၏ မျက်လုံးများက တောက်ပသွား၏။ ကျန်းရွေ့ချင်က သဘောတူလိုက်တာလား။ ဒီဆေးဝါးတွေကို ခွင့်ပြုမိန်ရဖို့က မလွယ်ကူဘူး။ ဖုန်းယွီက မာစတာလူကို မေးခဲ့သည်။ သို့သော် မာစတာလူက သူ့ကို သူ့တွင် ဆေးဖက်နယ်ပယ်တွင် အဆက်အသွယ် မရှိကြောင်း ပြောခဲ့သည်။ ခွင့်ပြုမိန့်ရရန်အတွက် အချိန်နှင့် ငွေများကို ရရန်လည်း လိုအပ်ပေသည်။

ဖုန်းယွီသည် ဘင်းမြို့တော်ရှိ ဆေးဝါးစက်ရုံကို အမှတ်ရသွားခဲ့သည်။ သူထုတ်ကုန်များကို ထုတ်လုပ်ရန်အတွက် စက်ရုံကြီးကြီးမားမား လိုအပ်သည်ပင်။ ဘင်းမြို့တော်ရှိ စက်ရုံများသည် ကြီးသည်ဟု စဉ်းစား၍ ရနိုင်ကာ ဖုန်းယွီ၏ လိုအပ်ချက်နှင့်လည်း ကိုက်ညီမှုရှိသည်။ သို့သော် ဆေးဝါးစက်ရုံများသည် အနာဂတ်နှစ်များကနှင့် ကွဲပြားမှုများ ရှိပေသည်။ ထိုစက်ရုံများသည် ကော်ပရေးရှင်းကြီး တခု အဖြစ် လုပ်ကိုင်ကြခြင်းဖြစ်သည်။ ထို့အပြင် သူသည် ဘင်းမြို့တော် စက်ရုံများနှင့်လည်း ပူးပေါင်းနိုင်ပေကာ ယင်းကား သူ့အတွက် ပြဿနာ အများအပြားကို ဖြေရှင်းပြီးသား ဖြစ်မည်ပင်။

ယခုလက်ရှိ တရုတ်ပြည်တွင် ဒေသအစိုးရသည် သူတို့၏ ဒေသတွင် ရင်းနှီးမြှပ်နှံမှုများ လုပ်ပါက ခက်ခဲအောင်လုပ်သည်ပင်။ အထူးသဖြင့် ပူးပေါင်းဆောင်ရွက်မှုများတွင် ဖြစ်ပေသည်။ ထိုကဲ့သို့သော အခြေအနေမျိုးသည် နှစ်နှစ်ခန့်အတွင်းပြောင်းလဲတော့မည် ဖြစ်သည်။ ကြီးမားသည့် ပြောင်းလဲမှုကြီး ဖြစ်မည်ပင်။

“ယခုလက်ရှီ ဘင်းမြို့တော် ဆေးဝါးစက်ရုံတွေရဲ့ တန်ဖိုးကာ... စက်ရုံ အကုန်လုံးကို ဘင်းမြို့တော်က ပိုင်ဆိုင်တာ အဲ့တာကို ကော်ပရေးရှင်းကြီး တခု လုပ်ဖို့ပဲ။ ကျွန်တော်အနေနဲ့ ဒီကုမ္ပဏီမှာ ဖော်မြူလာတွေအတွက် ၄၉ရာခိုင်နှုန်း ရှယ်ယာကို လိုချင်တယ်။ ပြီးတော့ ကျွန်တော် ဆုံးဖြတ်ပိုင်ခွင့်ကိုလည်း လိုချင်တယ်။ ဘင်းမြို့တော် ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံက ဘင်းမြို့တော်ရဲ့ အကြီးဆုံး ဆေးဝါးထုတ်လုပ်တဲ့ စက်ရုံဖြစ်လာမယ်လို့ ကတိပေးတယ်။”

တရုတ်နိုင်ငံ၏ အကြီးဆုံး ဆေးဝါးထုတ်လုပ်သည့် စက်ရုံ ယင်းစာလုံးက ဖုန်းယွီ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ သူသည် ယခင်က ဆေးဝါးစက်ရုံ ဖွဲ့စည်းရန် စီစဉ်ခဲ့ဖူးသည်။ သို့သော် သူ့အစီရင်ခံစာကို ယခင်က ပါတီအတွင်းရေးမှူးက အချိန်မကျသေးဟုဆိုကာ ပယ်ချခဲ့သည်။

ယခုတွင်တော့ အချိန်ရောက်လာပြီ ဖြစ်သည်။

“ဘင်းမြို့တော်ကို ရက်အနည်းငယ်လောက် ပြန်ခဲ့လိုက်။ ငါတို့ အသေးစိတ်ဆွေးနွေးကြမယ်။"

All Chapters