← Chapters

ဝူကျီကန်း၏ အထက်စီးဆန်မှု

Vol. 28 Ch. 413

ဝူကျီကန်း၏ အထက်စီးဆန်မှု

Vol. 28 Ch. 413

ကျန်းရွေ့ချင် ဘင်းမြို့တော် မြို့တော်ဝန် ရာထူးလက်ခံပြီးနောက် ပထမဆုံး လုပ်ရသည့်အရာသည် ဘင်းမြို့တော်၏ ဆေးဝါးစက်ရုံကို ပြန်လည်ဖွဲ့စည်းရေးပင် ဖြစ်သည်။ သူသည် ဘင်းမြို့တော် ကျန်းမာရေးနှင့်ဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံအားလုံးကို ပေါင်းကာ ကော်ပရေးရှင်းကြီး အဖြစ် ဖွဲ့စည်းရန်ပင်။ သူသည် ထုန်ကုန်များကို တိုးမြင့်ထုတ်လုပ်ပြီး ရင်းနှီးမြှပ်နှံသူများကို ဆွဲဆောင်ချင်၏။ ယင်းသတင်းက မြို့တော် တခုလုံးတွင် အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။

ပြန်လည်ဖွဲ့စည်းသည့် ကုမ္ပဏီအများစုသည် အရှုံးပေါ်သည့် ကုမ္ပဏီများ ဖြစ်ပေသည်။ အချို့သော အရှုံးမပေါ်သည့် ကုမ္ပဏီများ ရှိသော်ငြား ယင်းက လက်တဆုတ်စာသာ ဖြစ်သည်။ ထိုကုမ္ပဏီများသည် ပုံမှန်အားဖြင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီများပင်။ မည်သည့်ကုမ္ပဏီကမျှ ဆေးဝါးနှင့် သက်ဆိုင်သည့် ကုမ္ပဏီများ မပါဝင်ပေ။

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်တွင် ကုမ္ပဏီ ၃၀မှ ၄၀ရှိသည်။ ပြီးနောက် အချို့ ကုမ္ပဏီများသည် ယခင်က ပြန်လည် ဖွဲ့စည်းဖူးသည်ပင်။ ထိုစက်ရုံများသည် အစိုးရက အပြည့်အဝ မပိုင်ဆိုင်ပေ။ ယခုအစီအစဉ်ကို အထမြောက်ရန်ကား အလွန်ခက်ခဲပေသည်။

လူအများက ကျန်းရွေ့ချင်သည် အဘယ်တွက် ကုမ္ပဏီများအားလုံးကို အတူတကွ စုပေါင်းချင်မှန်း နားမလည်နိုင် ဖြစ်နေသည်။ မြို့တော် အစိုးရသည်လည်း ထိုအစီအစဉ် အထမြောက်ရန်အတွက် အများအပြား အသုံးပြုရန် လိုအပ်ပေသည်။ လူများစွာက ကျန်းရွေ့ချင် နိုင်ငံရေးအရ အောင်မြင်မှု ရရန်အတွက် လုပ်သည်ဟု ယူဆကြသည်။ သူသည် ဘင်းမြို့တော်ကို ကြီးမားသည့် ဆေးဝါးကော်ပရေးရှင်းကြီး တခုအဖြစ် မြို့တော်ဝန် ဖြစ်လာသည့်အချိန်တွင် မြင်ချင်ခြင်းပင် ဖြစ်၏။

ကျန်းရွေ့ချင်သည် အထူးမြို့တော်ဝန် ဖြစ်ကတည်းက ယင်းကို အဆိုပြုပြီး ဖြစ်သည်။ သို့သော် ထိုအချိန်က မြို့တော်ဝန်သည် အချိန်မကျသေးသည့်အတွက် လက်ခံမခံ မပြောခဲ့ပေ။ ဘင်းမြို့တော်၏ ပါတီအတွင်းရေးမှူးက ယင်း အစီရင်ခံစာကို ပယ်ချခဲ့သည်။ သို့သော် ယခုလက်ရှိတွင် အတွင်းရေးမှူးသည် ထွက်သွားပြီ ဖြစ်ကာ ကျန်းရွေ့ချင်သည်လည်း မြို့တော်ဝန် ဖြစ်လာသည်ပင်။ သူက ချက်ချင်းဆိုသလို ယင်းကိစ္စကို တဖန် ပြန်တင်၏။ သူမည်သို့ တွေးနေသနည်း။

ဆေးဝါးလုပ်ငန်းသည် ဘင်းမြို့တော်၏ အဓိက အထောက်အပံ့ မဟုတ်သည်လော။ ဟာသလုပ်နေသည်လော။ မည်သူမှ ယင်းလုပ်ငန်းကို မြို့တော်၏ အဓိက လုပ်ငန်းဖြစ်သည်ဟု မကြားဘူးပေ။ အကယ်၍ ဆေးများရောင်းချခြင်းက အကျိုးအမြတ် ဖြစ်ထွန်းသည်ဆိုပါက အများပြည်သူက ကျိန်ဆဲကြမည်ပင်။

ကျန်းရွေ့ချင်သည်လည်း ယင်းပြဿနာကို တွေးထားပြီး ဖြစ်သည်။ နိုင်ငံခြားတွင် တူညီသည့် အရာများကို တွေ့ဖူးသည်။ စုပေါင်း ဆေးဝါးကော်ပရေးရှင်းဖြင့် မြို့တမြို့သည်ကား ပြောင်းလဲမှုများကို ယူဆောင်လာနိုင်ပေမည်။ အခွန်တိုးမြင့် ရလာသည်နှင့်အမျှ အလုပ်များကိုလည်း ဖန်တီးနိုင်ပေမည်။ ယင်းက မြို့တော်ကို ကြော်ငြာပေးရာလည်း ရောက်ပေ၏။ အခြားသော အကျိုးအမြတ်များစွာလည်း ရှိပေသည်.

ဘင်းမြို့တော်တွင် ဆေးဝါးစက်ရုံ အလွန်များပေသည်။ ထိုစက်ရုံများသည် ကိုယ့်ဘာသာကိုယ် ကျားကန်နေရသည်ပင်။ ဖုန်းယွီ၏ ထိုက်ဟွကုန်သွယ်ရေးမှ တဆင့် ကျန်းရွေ့ချင်သည် အမှတ်တံဆိပ်၏ အရေးပါမှုကို မြင်လာရသည်။ အနာဂတ်တွင် ဘင်းမြို့တော် ဆေးဝါးစက်ရုံများမှ ထုတ်လုပ်မည့် ဆေးများ၏ ဘူးပေါ်တွင် ဘင်းမြို့တော် ဆေးဝါးကော်ပရေးရှင်း ဟု ပါဝင်ပေလိမ့်မည်။ ယင်းက သူတို့၏ အခြားသော ဆေးဝါးများ၏ ရောင်းအားကိုလည်း တိုးတက်စေပေလိမ့်မည်။

အချို့သော အသားအရေနီရဲခြင်း ပျောက်ကင်းစေသည့် ဆေးများမှ လွဲပြီး ဘင်းမြို့တော်မှ ဆေးဝါးစက်ရုံများသည် အခြားသော ဆေးဝါးစက်ရုံများကို ယှဉ်နိုင်စွမ်း မရှိပေ။ မြို့တော်အနေဖြင့် ထောက်ပံ့ခြင်းမျိုး မရှိသည်လော သို့မဟုတ် အချို့ကုမ္ပဏီများသည် အကြွေးပိနေကြခြင်းကြောင့်လော။

အလုပ်ဖြစ်သည့် စက်ရုံများသည် တစ်နှစ်လျှင် ယွမ် တစ်သန်းခန့် ရှာနိုင်ပေသည်။ အလုပ်မဖြစ်သည့် စက်ရုံများအနေဖြင့် ပြိုကွဲရန်သာ ရှိသည်။ အကယ်၍ ထိုစက်ရုံများသာ ပေါင်းလိုက်ခြင်း မပြုပါက ထိုစက်ရုံများသည် မကြာခင်တွင် ပျက်စီးသွားတော့မည်ပင်။ ထိုသို့ ဖြစ်ပါက မြို့တော်အစိုးရအနေဖြင့် ထိုစက်ရုံများကို ကယ်တင်နိုင်မည့်နည်းလမ်းနှင့် အလုပ်သမားများ၏ အလုပ်နေရာအတွက် ရှာဖွေရန် လိုအပ်သည်ပင်။ ယင်းက အစိုးရအတွက် ပြဿနာကြီး တရပ်ပင် ဖြစ်ပေသည်။

ထိုကုမ္ပဏီများသည် သန်း၂၀၀ခန့် တန်ကြေးရှိပေသည်။ သို့သော် သူတို့၏ နှစ်စဉ် အကျိုးအမြတ်သည် သန်း၁၀၀နီးပါးသာ ဖြစ်သည်။ စက်ယန္တရားကုမ္ပဏီကို ကြည့်နိုင်ပေ၏။ ပြန်လည် ဖွဲ့စည်းပြီးနောက် ယခုနှစ် ကုမ္ပဏီ၏ အကျိုးအမြတ်သည် မည်မျှ ဖြစ်လာသနည်း။ ပြောစရာ မလိုပင်။ ဖုန်းယွီ၏ ထိုက်ဟွ ကုန်သွယ်ရေးသည် ကနဦးရင်းနှီးငွေသည် ယွမ် ၂သိန်းသာ ဖြစ်သည်။ သို့သော် သူတို့၏ ပထမနှစ်၏ အကျိုးအမြတ်သည် သန်း ၁၀၀ကျော်သည်ပင်။ ယမန်နှစ်မှ ထိုက်ဟွ ကုန်သွယ်ရေး ပေးသွင်းသည့် အကျိုးအမြတ်သည် ၁၀သန်းကျော်သည်ပင်။

ပထမက ကျန်းရွေ့ချင်သည် အနည်းငယ် စိုးရိမ်မှုရှိသေးသည်။ သူက စုပေါင်းလိုက်ပြီးနောက် ကောင်းကောင်းလည်ပတ်နေသည့် ကုမ္ပဏီများသည် အလုပ်မဖြစ်သည့်ကုမ္ပဏီများ၏ ဆွဲချခြင်းကို ခံရမည်လော။ သို့သော် ဖုန်းယွီသူ့ကို ကတိပေးပြီးနောက် သူသည် ဖုန်းယွီအနေဖြင့် သူပြောသည့်အတိုင်း လုပ်နိုင်မည်ဟု ယုံကြည်၏။ ယင်းကလေးသည် လက်ဖျားကို ငွေသီးအောင် လုပ်နိုင်သည့် အရည်အသွေး ရှိသည်ပင်။ သူ့စီးပွားရေး အကုန်လုံး အကျိုးစီးပွား ဖြစ်ထွန်းသည်ပင်။ သူ့မိသားစု ဝက်မွေးသည်တောင် နှစ်စဉ် အမြတ်ငွေသည် လူအများကို ပါးစပ်အဟောင်းသား ဖြစ်စေသည်။

ဖုန်းယွီသည် အရောင်းပိုင်းတွင် အမှန်ပင် ဉာဏ်ကြီးရှင် ဖြစ်ပေသည်။ သို့သော် ကျန်းရွေ့ချင်သည် ဖုန်းယွီ ဆေးကို မည်သည့်ပုံစံဖြင့် ရောင်းမည်ကို သေချာ မသိပေ။ ဖုန်းယွီသည် ထိုနယ်ပယ်တွင်လည်း ကောင်းအောင်လုပ်နိုင်ပါက ဘင်းမြို့တော် ဆေးဝါးကော်ပရေးရှင်းသည် သေချာပေါက် အောင်မြင်မည်ပင်။

ကျန်းရွေ့ချင်သည်လည်း တော်သည့်သူတစ်ယောက်ဖြစ်ကာ ဘင်းမြို့တော်ရှိ ကုမ္ပဏီများ ပြန်လည်ဖွဲ့စည်းခြင်းနှင့် ပတ်သတ်ပြီး အတွေ့အကြံများစွာ ရရှိပြီ ဖြစ်သည်။ ပြန်လည်ဖွဲ့စည်းပြီး ကုမ္ပဏီအများစုသည် ကောင်းကောင်း အလုပ် ဖြစ်ကြသည်။ သေချာသည်မှာ အချို့မှာလည်း ဆုံးရှုံးကြသ်။ သို့သော် အခြားသော ကုမ္ပဏီများတွင် အလုပ်နေရာချထားရန်လည်း အဆင်ပြေပေသည်။ ပြီးနောက် ယင်းကား ဆိုးသည်ထက် အကောင်းက ပိုများပေ၏။

ထူးချွန်သည့်သူများသည် အဆုံးအဖြတ် တိကျပြတ်သားပေ၏။ ကျန်းရွေ့ချင်သည် ယင်းကို လုပ်မည်ဟု ဆုံးဖြတ်ချက်ချကတည်းက ယင်းက အောင်မြင်မည်ပင်။

ယင်းအစီအစဉ်က ကနဦးတွင် အချို့ ပြဿနာများနှင့် ရင်ဆိုင်ရနိုင်ပေသည်။ အကြောင်းမှာ စုပေါင်းမှုနှင့် ပြန်လည်ဖွဲ့စည်းမှုအတွက် ငွေကြေးအရင်းအနှီးများစွာ လိုအပ်ပေသည်။ သို့သော် ယခုလက်ရှိတွင် ဖုန်းယွီသည် ပါလာပြီ ဖြစ်သည်။ ဖုန်းယွီသည် ငွေကြေးများကို ပံ့ပိုးနိုင်ပေ၏။ ထို့ပြင် ဖုန်းယွီသည် သူ့အနေဖြင့် အဓိက ရှယ်ယာရှင် မဖြစ်လိုကြောင်းလည်း ပြောပြီး ဖြစ်သည်။ ထိုပြဿနာများအားလုံး ဖြေရှင်းပြီး ဖြစ်သည်။

အချို့သော သူများသည် ဖုန်းယွီကို နားမလည်ကြသော်ငြား ကျန်းရွေ့ချင်သည် ဖုန်းယွီကို နားအလည်နိုင်ဆုံးသူများထဲမှ တဦး ဖြစ်ပေသည်။ သူသည် ဖုန်းယွီကို ယုံကြည်သည်။ သူသည် စူပါသူကြွယ်သူဌေးကြီး တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ သို့သော် သူသည် ကျောင်းအဆောက်အဦးများကို ငွေလှူဒါန်းခြင်းမှ လွဲပြီး အခြားနေရာများတွင် ငွေကို ဖောဖောသီသီ မသုံးစွဲပေ။

ယခုကဲ့သို့ နည်းလမ်းမျိုးရှင် ချမ်းသာလာသည့် သူကို တွေ့ရန် ခက်ခဲပေသည်။ ယင်းက ဖုန်းယွီကို အပေါင်းပေးရမည့် အကွက်ပင် ဖြစ်သည်။

ဖုန်းယွီကို ရင်းနှီးမြှပ်နှံစေခြင်းဖြင့် ကျန်းရွေ့ချင်သည် ဘင်းမြို့တော်ရှိ အခြားခေါင်းဆောင်များကို ဖြောင်းဖျရန်နိုင်ပေမည်။

.....

“ကျွန်တော် ဒီနေ့ခေါ်တဲ့ အစည်းအဝေးက ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ ရှိတဲ့ ဆေးဝါးစက်ရုံ တွေကို စုပေါင်းပြီးတော့ ကော်ပရေးရှင်း အဖြစ် ဖွဲ့စည်းဖို့ပဲ။ ဒီနေ့တော့ ကျွန်တော်တို့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကိုယ်စားလှယ်နဲ့ ဆေးဝါးအဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်တို့ကို ဒီနေ့ အစည်းအဝေးကို ဖိတ်ခေါ်ထားပါတယ်။ ကျွန်တော်က ထိုက်ဟွ ကုန်သွယ်ရေးရဲ့ မန်နေဂျာ ဝူကျီကန်းကိုလည်း ဖိတ်ခေါ်ထားပါတယ်။ ကျွန်တော် အချက်အလက်ကိုလည်း လူတိုင်းကို ပေးပြီးပါပြီ။ တကယ်လို့ အမြင်တွေ ရှိရင် အခုပဲ ပြောလို့ရပါတယ်။"

အခြားသော ခေါင်းဆောင်များက ဝူကျီကန်း အစည်းအဝေးတက်လာသည်ကို မြင်သောအခါ သူတို့ မှင်တက်ကုန်ကြသည်။ ယင်းကမြို့တော် အစိုးရ၏ အစည်းအဝေး ဖြစ်သည်။ ပြီးနောက် ယင်းက ဆေးဝါးနယ်ပယ်နှင့်လည်း ဆက်စပ်နေသည်။ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆေးဝါးအဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်လာသည်ကို အဆင်ပြေပေသည်။ သို့သော် ဝူကျီကျန်းသည် အဘယ်တွက် အစည်းအဝေးကို တက်ရောက်သနည်း။ ထိုက်ဟွကုန်သွယ်ရေး ကုမ္ပဏီသည် ယခု အစည်းအဝေးတက်ရောက်ရန်အတွက် အရည်အချင်း ပြည့်မီသည်လော။

ဝူကျီကန်းသည် ထောင့်တွင် ထိုင်နေသော်ငြား သူသည် ကျန်းရွေ့ချင်ကဲ့သို့ အာရုံစိုက်မှု၏ အလယ်ကို ရောက်နေခဲ့သည်။ ခေါင်းဆောင်များ အားလုံးက သူ့ကို ကြည့်နေကြသည်။ သို့သော် သူကြောက်ရွံ့ခြင်းမရှိ။

ဝူကျီကန်းသည် ဖုန်းယွီ သူ့ကို ပြောသည်ကို အမှတ်ရနေမိသည်။ သူ့ပြောစကားများက သူ့ကို ခွန်အားများ ပေးသည်ပင်။

မင်းက ထိုက်ဟွ ကုန်သွယ်ရေးရဲ့ လက်ထောက်မန်နေဂျာ။ ထိုက်ဟွကုန်သွယ်ရေးက လုံကျန်းပြည်နယ်မှာ အကြီးဆုံး ပုဂ္ဂလိက ကုမ္ပဏီပဲ။ ကုမ္ပဏီက ပေးတဲ့ နှစ်စဉ် အခွန်ငွေတွေက အစိုးရအရာရှိတွေရဲ့ လစာပဲ။ မင်းက အခွန်ပေးတဲ့သူ။ သူတို့တွေက ပြည်သူ့ဝန်ထမ်းတွေ။ သူတို့တွေက ငါ့တို့အတွက် ဝန်ထမ်းနေကြတာ။ ပြီးတော့ သူတို့ရဲ့ လစာကလည်း ငါတို့ပေးတဲ့ အခွန်ငွေက ရတာ။ ငါတို့တွေက သူတို့ရဲ့ ဘဝရှင်သန်မှုအတွက် လိုအပ်တဲ့ ငွေတွေကို ပေးနေတဲ့သူတွေပဲ။

ပြီးတော့ ဘင်းမြို့တော်ရဲ့ စက်မှုလုပ်ငန်းတွေ ဘာလို့ ဒီလောက်မြန်မြန် တိုးတက်လာရတာလဲ။ ထိုက်ဟွ ကုန်သွယ်ရေး မရှိရင် ဆိုဗီယက် ပြည်ထောင်စုကနေ အဆင့်မြင့်ပြီး ဈေးချိုတဲ့ စက်ပစ္စည်းတွေကို ဒီစက်ရုံတွေကို ဘယ်လိုရောင်းမှာလည်း။ အဲ့တာကကော ဖြစ်လာနိုင်ပါ့မလား။

ပြီးတော့ ငါတို့ရဲ့ ထိုက်ဟွ ကုန်သွယ်ရေးက ရှေ့သွားစရာ မလိုဘူး။ ခေါင်းဆောင်တွေကို လေးစားမှုနဲ့ ဆက်ဆံရုံပဲ။ ဒါပေမဲ့ သူတို့တွေက မင်းကို လေးစားမှုလေးတောင် မပေးဘူးဆိုရင် မင်းအနေနဲ့ သူတို့ကို ဂရုစိုက်စရာ မလိုဘူး။ အဲ့တာက တရားမဝင်တဲ့ဟာ မဖြစ်သမျှ မင်းကို အနိုင်ကျင့်နေတဲ့ သူတွေကို ပြန်ပြီး လက်တုံ့ပြန်ပေးမယ်။

ယင်းအတွက်ကြောင့်ပဲ ဝူကျီကျန်းသည် အစိုးရ အရာရှိများကို တွေ့သည့်အခါတွင် ဖြန့်ချီသူများကို ကြည့်နေရသည့်အတိုင်း ခံစားနေရခြင်း ဖြစ်သည်။ ဝူကျီကန်းသည် သူတို့ကို ကြောက်ရွံ့ခြင်းမရှိ။ သူ့ကို စိုက်ကြည့်သည့်သူများကိုပင် ပြန်စိုက်ကြည့်ရဲသည်။

ထိုအစိုးရ အရာရှိများအားလုံးသည် ထိုင်သာ ထိုင်နေကြသည်။ သူတို့သည် ထိုက်ဟွကုန်သွယ်ရေး၏ နောက်ကွယ်တွင် မြို့တော်ဝန် ရှိမှန်းသိပေသည်။ ဝူကျီကန်းသည် ယင်းအစည်းအဝေးကို တက်ရခြင်းမှာ မြို့တော်ဝန်၏ ဖိတ်ကြားမှုကြောင့်သာ ဖြစ်သည်။ အကယ်၍ သူတို့သည် ဝူကျီကန်းကို ခက်ခဲအောင်လုပ်ပါက ယင်းက မြို့တော်ဝန်ကို ဆန့်ကျင်ခြင်းပင်။ ကျန်းရွေ့ချင်သည် မြို့တော်ဝန် ဖြစ်ခါစသာ ဖြစ်သည်။ ပြီးနောက် သူ့ကို ဆန့်ကျင်ရန်အတွက်လည်း အချိိန်ကောင်းမဟုတ်ပေ။

သို့သော် ဝူကျီကန်းသည်လည်း အလွန်ပင် အောက်ကလီဆန်ချင်စရာပင်။ သူသည် ပုဂ္ဂလိက ကုမ္ပဏီ၏ လက်ထောက်မန်နေဂျာတစ်ယောက်သာ ဖြစ်သည်။ ဘာလို့ သူငါတို့ကို ကြည့်တဲ့အကြည့်တွေက အထက်စီးဆန်တဲ့ အရိပ်အယောင် ရှိနေရတာလဲ။

All Chapters