အချက် ကျကျပဲ ပြောကြရအောင်
Vol. 28 Ch. 414
ယခု အစည်းအဝေးသည် အလွန်ပင် ထူးဆန်းနေ၏။ မည်သူမျှ ပထမဆုံး စကားမပြောချေ။ ကျန်းရွေ့ချင်သည် မတက်နိုင်တော့ဘဲ နာမည် ခေါ်လိုက်ရသည်။ ပထမဆုံး ခေါ်သူသည် သူစီစဉ်ထားသည့်သူ တစ်ယောက် ဖြစ်၏။
ထိုသူသည် ဘင်းမြို့တော်၏ လက်ထောက်မြို့တော်ဝန် အသစ် ဖြစ်သည်။ သူသည် လက်ထောက်မြို့တော်ဝန်များတွင် အဆင့်အနိမ့်ဆုံး ဖြစ်သည်။ သို့သော်ငြား သူ့အမြင်သည် ကျန်သည့် သူများထက် ပိုပြီး အရေးပါပေသည်။ အကြောင်းမှာ ယခင်လက သူသည် ပြည်နယ်ဝန်၏ ကိုယ်ရေးအတွင်းရေးမှူး ဖြစ်သည့်အတွက် ဖြစ်သည်။
“ကျွန်တော်က အခုမှ ဘင်းမြို့တော်ကို ပြောင်းလာတာပါ။ ဒါပေမဲ့ ဒီမြို့နဲ့ ပတ်သက်ပြီး အကျွမ်းတဝင်ရှိပါတယ်။ နိုင်ငံပိုင်လုပ်ငန်းတွေကို ပြန်လည် ဖွဲ့စည်းတာတွေက အခုလက်ရှိမှာ တနိုင်ငံလုံးမှာ လုပ်နေပါတယ်။ ကျွန်တော်တို့ရဲ့ ဘင်းမြို့တော်ကလည်း တရုတ်နိုင်ငံရဲ့ ရှေ့ပြေးဆောင်ရွက်တဲ့ မြို့ထဲက တမြို့ပါပဲ။ ပြီးတော့ အဆင့်မြင့် အရာရှိတွေကလည်း ကျွန်တော်တို့ရဲ့ လွန်ခဲ့တဲ့နှစ်တွေက ပြန်လည်ဖွဲ့စည်းမှုပြီးနောက် ရလာတဲ့ ရလဒ်တွေကိုလည်း ကျေနပ်မှုရှိတယ်။ အဲ့တာက မြို့တော်ဝန်ကျန်းကြောင့်ပါ။ ဒီမှာရှိနေတဲ့ ကျွန်တော်တို့တွေ ထဲမှာ ဘယ်သူမှာ ပြန်လည်ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး မြို့တော်ဝန်ကျန်းလောက် အတွေ့အကြုံ မရှိကြပါဘူး။ ကျွန်တော် အချက်အလက်တွေကိုလည်း စေ့စေ့စပ်စပ် ဖတ်ပြီးပါပြီ။ ကျန်တဲ့သူတွေအနေနဲ့ ဒီအချက်ကို မြင်မမြင်တော့ ကျွန်တော်လည်း သေချာမသိဘူး။ ဆေးဝါးစက်ရုံ အများစုက တူညီတဲ့ ဆေးဝါးတွေကိုပဲ ထုတ်လုပ်နေတာ။ ဒီအဓိပ္ပာယ်က ကျွန်တော်တို့အချင်းချင်း ပြိုင်ဆိုင်နေကြတယ် ဆိုတာပဲ။ ပြီးတော့ အရင်းအမြစ်တွေနဲ့ စွမ်းအင်တွေကလည်း ကွဲပြားတာ ပြီးတော့ အခြား ပြည်နယ်က ဆေးဝါးစက်ရုံတွေနဲ့ အချင်းချင်း ပြိုင်ဆိုင်တာက ကောင်းတာတော့ မဟုတ်ဘူး။ တကယ်လို့ ကျွန်တော်တို့သာ စက်ရုံတွေနဲ့ ကုမ္ပဏီတွေ အားလုံးကို ကော်ပရေးရှင်းကြီး တခု အဖြစ် ပေါင်းပြီး ဖွဲ့စည်းလိုက်မယ်ဆိုရင် ကျွန်တော်တို့ အရင်းအမြစ်တွေနဲ့ ကျွန်တော်တို့ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း မြင့်တင်နိုင်တာ။ ဒီအကြောင်းကြောင့်ပဲ ကျွန်တော်က မြို့တော်ဝန်ကျန်းရဲ့ အစီအစဉ်ကို ထောက်ခံပါတယ်”
ယင်းအစီအစဉ်ကို ငြင်းဆန်ချင်လိုသည့် သူများသည် ချီတုံချတုံ စဖြစ်လာသည်။ ထိုသူသည် ပြည်နယ်ဝန်၏ အတွင်းရေးမှူး ဖြစ်ခဲ့ဖူးသည်။ သူ့အမြင်သည် ပြည်နယ်အစိုးရနံပါတ်၁နှင့် အတူတူ ဖြစ်သည်လော။ အကယ်၍ ပြည်နယ်အစိုးရ နံပါတ်တစ်သာ ယင်းအစီအစဉ်ကိုသာ ထောက်ခံပြီး သူတို့သာ ငြင်းဆန်ခဲ့လျှင် သူတို့သည် ပြည်နယ်အစိုးရ နံပါတ်တစ်ကို ဆန့်ကျင်ခြင်းဖြစ်သည်။ သူတို့အတွက် ရထူးတိုးမှုများ ရှိနိုင်ဦးမည်လော။ သူတို့သည် လက်ထောက်မြို့တော်ဝန်ရှုကဲ့သို့ ရာထူးလျော့ချခံရမည်လော။
ပြီးနောက် ကျန်သည့် လက်ထောက်မြို့တော်ဝန်များသည် သူတို့ အမြင်များကို စတင် တင်ပြကြသည်။ သူတို့သည် ယင်းအစီအစဉ်ကို ကန့်ကွက်ခြင်း သို့မဟုတ် ထောက်ခံခြင်းမျိုး မပြုလုပ်ပေ။ သူတို့က စိုးရိမ်မှုကိုသာ ဖော်ပြကြသည်။ သူတို့ အကုန်လံးက ယင်း ပူးပေါင်းမှုသည် ကောင်းမွန်သည်ဟု ခံစားမိသော်ငြား ယင်းက အထမမြောက်နိုင်ပေ။ ယင်းက သူတို့အတွက် အချိန်ဆွဲရာကျပေလိမ့်မည်။
အထူးလက်ထောက်မြို့တော်ဝန် အလှည့်ရောက်သည့်အခါ သူက ယင်းအစီအစဉ်ကို အပြင်းအထန် ကန့်ကွက်၏။
“ပြန်လည်ဖွဲ့စည်းမှု မလုပ်ရသေးတဲ့ စက်ရုံ ၃၁ရုံရှိတယ်။ ကျွန်တော်တို့ရဲ့ ဆေးဝါးအဖွဲ့အစည်းအော်ကမှုပါ။ တကယ်လို့ ကျွန်တော်တို့တွေက ပြန်လည်ဖွဲ့စည်းပြီးသား စက်ရုံတွေကို ထည့်တွက်မယ်ဆိုရင် ၄၃ရုံ ရှိလာပါလိမ့်မယ်။ ဒီစက်ရုံ အကုန်လုံးကို ကော်ပရေးရှင်း တခုအဖြစ် ပြောင်းလဲဖို့က ဘယ်လောက်ထိ အားစိုက်ထုတ်မှုတွေ လိုအပ်လာမလဲ။ တကယ်လို့ ကျွန်တော်တို့တွေက ဒီအစီအစဉ်ကို လုပ်မယ်ဆိုရင် ဒါက ကျွန်တော်တို့ မြို့တော် အစိုးရရဲ့ အဓိက အာရုံစိုက်စရာ ကိစ္စ ဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့ အကုန်လုံး ဒီမှာ စုပေါင်းပြီး ခွန်အားတွေ စိုက်ထုတ်မယ်ဆိုရင် ဒီပူးပေါင်းမှုက တစ်လအတွင်း ဖြစ်ဖို့ဆိုတာက လုံလောက်မှု မရှိဘူး။ ထပ်ပြောရမယ်ဆိုရင် အချို့တွေက တဦးချင်းနဲ့ နိုင်ငံခြား ရင်းနှီးမြှပ်နှံသူတွေက ဒီစက်ရုံ အချို့မှာ ရှိမယ်။ ဒီပူးပေါင်းမှုက ဘယ်လိုလုပ် အထမြောက်နိုင်မှာလဲ။”
လူတိုင်းက သူပြောသည်ကို မဝဝံမရဲဖြင့် နားထောင်နေသည်ကို သတိပြုမိသည့်အခါ သူက ကျေနပ်နေ၏။ သူ့ကို ပြည်နယ်အစိုးရ နံပါတ်၂က လက်သပ်မွေးခဲ့သည်။ သူသည် ကျန်းရွေ့ချင်နှင့် ကွဲပြားသည့် အမြင်များ ရှိသည်။ သူသည် အလုပ်မဖြစ်သည့် စက်ရုံများကို ပြန်လည်ဖွဲ့စည်းရန် လိုသည်ဟု ခံစားမိသည်။ ထိုအခါ အလုပ်ဖြစ်သွားနိုင်ပေသည်။ အကယ်၍ ယခုအစီအစဉ် ကျရှုံးခဲ့ပါက ကောင်းကောင်း အလုပ်ဖြစ်နေသည့် စက်ရုံများအပေါ်တွင်လည်း သက်ရောက်မှုများ ရှိနိုင်ပေမည်။ ယင်းက ယခုအဖြစ်အပျက်၏ နောက်ဆက်တွဲပင် ဖြစ်သွားပေမည်။
“တကယ်လို့ ကျွန်တော်တို့တွေက စက်ရုံအကုန်လုံးကို စုပေါင်းနိုင်ပြီးတော့ ပြန်လည်ဖွဲ့စည်းရေး လုပ်ငန်းစဉ်က အဆင်ပြေပြေနဲ့ ပြီးသွားမယ်ဆိုရင် ငွေရေးကြေးရေး ကိစ္စကကော။ ပြန်လည်ဖွဲ့စည်းပြီးတဲ့နောက် ကျွန်တော်တို့တွေက အရင်းအမြစ်တွေကို ဆွဲတင်ဖို့ လိုအပ်တယ်။ ပြီးတော့ ကျွန်တော်တို့တွေက မဖြစ်နိုင်တဲ့ ရင်းနှီးမှုတွေကလည်း ရှိသေးတယ်။ တချို့သူတွေက လုပ်ရင်လုပ်မယ်။ တချို့စက်ရုံတွေက ပိတ်သွားတာမျိုး ဖြစ်နိုင်တယ်။ မြို့တော်အနေနဲ့ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ငွေရှိမှရမယ်။ ဒါက နည်းတဲ့ ငွေပမာဏ မဟုတ်ဘူး။ အနည်းဆုံး ၁၀သန်းကျော်တယ်။ ပေးထားတဲ့ အချက်အလက်တွေအရ ကျွန်တော်တို့တွေက ချဲ့ထွင်ဖို့ပဲ။ တကယ်လို့ မြို့တော်ဝန်က ဒါကို ထောက်ပံ့မယ်ဆိုရင် ကျန်တဲ့ ပရောဂျက်တွေကကော ဘယ်လို ဖြစ်သွားမှာလဲ။ မြို့တော်ဆောက်လုပ်ရေးကတောင် ငွေအများကြီး လိုအပ်တယ်။ မြို့တော် အစိုးရက ဘယ်ကနေ ငွေရမှာလဲ။”
“အဲ့တာကြောင့် ကျွန်တော်က အထမမြောက်နိုင်ဘူးလို့ ထင်ပါတယ်။ ဒီစက်ရုံ ခေါင်းဆောင်တွေကလည်း သူတို့ကိုယ်တိုင် စက်ရုံကို အကျိုးအမြတ် ပြန်ရနိုင်မဲ့ နည်းလမ်းကို စဉ်းစားထားသင့်တယ်။ သူတို့တွေအနေနဲ့ အစိုးရကိုပဲ အမြဲတမ်း အားကိုးနေလို့ မရဘူး။ သူတို့တွေက ဒီလို အခြေအနေတွေကို ရောက်အောင် လုပ်ကတည်းက သူတို့အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိသင့်တယ်။”
အထူးမြို့တော်ဝန် စကားပြောပြီးနောက် ကျန်းရွေ့ချင်ဖက် မလှည့်ခင် သူသည် လက်ဖက်ရည်ကို သောက်လိုက်သည်။ ကျန်းရွေ့ချင် သူ့အဖြေကို မည်သို့ ဖြေမည်ကို မြင်ချင်၏။
ကျန်းရွေ့ချင်က ခေါင်းညိတ်လိုက်ကာ
“လက်ထောက်မြို့တော်ဝန်လီပြောတာ ပြီးသွားပြီ။ ကျန်းမာရေးဌာနရဲ့ ကိုယ်စားလှယ် အမြင်ကို ပြောပြပေးပါ။”
ကျန်းမာရေးဝန်ကြီးဌာန၏ ကိုယ်စားလှယ်က တခဏာကြာ တွေးပြီးနောက် ပြောလိုက်သည်။
“ကျွန်တော်တို့ အနေနဲ့ ဒီအစီအစဉ်ကိုတော့ မကန့်ကွက်ပါဘူး။ ဒါပေမဲ့ ဆေးဝါးအဖွဲ့အစည်းရုံးကတော့ ဒီဟာကို ကြည့်ရုံပဥ တက်နိုင်တယ်။ ကျွန်တော်တို့တွေက သူတို့ကို ကူပေးလို့ ရပါတယ်။”
ယင်းစကားက အခြားသူ့ကို တာဝန်ခံခိုင်းခြင်း ဖြစ်ကြောင်း သိသာလွန်းပေသည်။ သို့သော် တခြားသူများက ဘာမှ မပြောပေ။ ထိုစက်ရုံများသည် အမှန်တကယ်တွင် ဆေးဝါးအဖွဲ့အစည်း၏ ရုံးအောက်တွင် မှတ်ပုံတင်ထားသည်။
ဆေးဝါးအဖွဲ့အစည်းရုံးမှာ အရာရှိချုပ်ချန်က ကျန်းရွေ့ချင်က သူ့ကို ကြည့်နေသည်ကို မြင်သောအခါ သူ့အတွေးကို စတင် တင်ပြတော့၏။
“ကျွန်တော်အနေနဲ့ ဒီ စက်ရုံတွေနဲ့ ပတ်သက်ပြီးတော့ အလွန်ရင်းနှီးပါတယ်။ ကျွန်တော်က အခြားပြည်နယ်တွေက ဆေးဝါးစက်ရုံတွေကိုလည်း လေ့လာပြီးပြီ။ ပြည်နယ်အများစုကတော့ အဲ့ဒီ စက်ရုံ သေးသေးလေးတွေကို ပေါင်းပြီးတော့ စက်ရုံကြီး ဖြစ်အောင် လုပ်ပြိး အခြားစက်ရုံတွေနဲ့ အဓိက ထုတ်လုပ်နေတဲ့ သူတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက် ထုတ်လုပ်နေကြသည်။ အကယ်၍ ကျွန်တော် လုံကျန်းပြည်နယ်မှာလည်း ဖော်ဆောင်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုကတော့ စုပေါင်းဖို့ပဲ။ ရှယ်ယာစနစ်နဲ့ လည်ပတ်နေတဲ့ ကုမ္ပဏီတွေကိုတော့ ကျွန်တော်တို့ ဆွေးနွေးလို့ရပါတယ်။ သူတို့တွေအနေနဲ့ ကုမ္ပဏီအသစ် ရှယ်ယာအဖြစ် ပြောင်းလဲလို့ ရသလို ကျွန်တော်တို့အနေနဲ့ သူတို့ရှယ်ယာတွေကိုလည်း ဝယ်ယူနိုင်ပါတယ်။”
“မဖြစ်နိုင်လိုက်တာ... အဲ့ပိုက်ဆံတွေကို ဘယ်ကရမှာလဲ။”
အထူးလက်ထောက်မြို့တော်ဝန်က ပြောလိုက်သည်။
“ကျွန်တော်တို့တွေ ရင်းနှီးမြှပ်နှံတဲ့သူတွေကို ရှာရမှာပေါ့။ မြို့တော် အစိုးရက တပြားမှ စိုက်ထုတ်စရာ မလိုပါဘူး။”
အရာရှိချုပ်ချန်က ပြန်ပြောလိုက်၏။ မြို့တော်ဝန်သည် ယခုအစည်းအဝေး မတိုင်ခင်ကတည်းက သူနှင့် စကားပြောပြီး ဖြစ်သည်။ သေချာသည်မှာ သူသည်လည်း မြို့တော်ဝန်ကို ထောက်ပံ့ရန် ရွေးချယ်မည်ပင်။ မြို့တော်ဝန်က ပြုပြင်ပြောင်းလဲမှု လုပ်ပြီးနောက် သူ့ကို ကော်ပရေးရှင်း၏ ဥက္ကဋ္ဌဖြစ်လာမည်ဟု ကတိပေးထားသည်။
“ရင်းနှီးမြှပ်နှံသူလား။ စက်ယန္တရားကုမ္ပဏီလိုလား။ အစိုးရရဲ့ ပိုင်ဆိုင်မှုတွေကို စီးပွားရေး သမားတွေကို ပေးပစ်တာလား။”
အထူးလက်ထောက်မြို့တော်ဝန်က ထေ့ထေ့ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
ထိုအချိန်မှ လူတိုင်းက အဘယ်တွက် ဝူကျီကန်းသည် ယခုအစည်းအဝေးတွင် ရောက်နေမှန်း သဘောပေါက်သွားကြသည်။ ရင်းနှီးမြှပ်နှံသူသည် ထိုက်ဟွ ကုန်သွယ်ရေး ဖြစ်သည်ပင်။
ဝူကျီကန်းက ရုတ်တရက် ပြောလိုက်သည်။
“လက်ထောက်မြို့တော်ဝန်လီ ကျွန်တော် မြို့တော်ဝန် ပြောတဲ့ စကားကို သဘောမတူပါဘူး။ အစိုးရရဲ့ ပိုင်ဆိုင်မှုတွေကို စီးပွားရေးသမားတွေကို ပေးပစ်တာလား။ ဘာကို ဆိုလိုချင်တာလဲ။”
“အဲ့တာက အမှန်တရား မဟုတ်ဘူးလား။ စက်ယန္တရားကုမ္ပဏီက မင်းတို့ကုမ္ပဏီရဲ့ တိုးတက်မှုအတွက် ရင်းနှီးမြှပ်နှံခဲ့တာလေ။ ဒါပေမဲ့ အခုတော့ မြို့တော်မှာ ရှယ်ယာ ဘယ်လောက်ပဲ ကျန်တော့လို့တုန်း။ ဘယ်သူက အဓိက ရှယ်ယာရှင်လဲ။”
“လက်ထောက်မြို့တော်ဝန်လီ။ ကျွန်တော်မှာ အချက်အလက်အပြည့်အစုံရှိတယ်။ ကျွန်တော်က ကျွန်တော့် သူဌေးကိုယ်စား ဒီက လူကြီးမင်းတွေကို အချက်အလက်တွေ ပြဖို့အတွက် ရောက်ရှိတာ။ စက်ယန္တရားကုမ္ပဏီ ပြန်လည် မဖွဲ့စည်းခင်က နှစ်စဉ် အကောင်းဆုံး အမြတ်ငွေက ခြောက်သန်းအောက်ပဲ ရှိတာ။ အခွန်ပေးတာက ယွမ် တစ်သန်းတောင် မရှိခဲ့ဘူး။ ပြီးတော့ စက်ယန္တရားကုမ္ပဏီရဲ့ တန်ဖိုးက ယွမ် သန်း ၃၀ပဲ ရှိခဲ့တာ။ အခုလက်ရှိ မြို့တော်က စက်ယန္တရားကုမ္ပဏီရဲ့ ၂၈ရာခိုင်နှုန်း ရှယ်ယာ ပိုင်ဆိုင်တယ်။ ပြီးတော့ အဲ့ရှယ်ယာရဲ့ တန်ဖိုးက ယွမ် သန်း ၃၀၀ကျော်တယ်။ မနှစ်က စက်ယန္တရားကုမ္ပဏီရဲ့ အမြတ်ငွေက ယွမ် သန်း ၁၀၀ကျော်ရှိတယ်။ ရှယ်ယာအချိုးအလိုက် မြို့တော်က အကျိုးအမြတ်ရဲ့ သန်း ၃၀ကို ရခဲ့တယ်။ ပြီးတော့ စက်ယန္တရားကုမ္ပဏီပေးတဲ့ အခွန်ငွေကလည်း ၁၇သန်းကျော်တယ်။ ဒီကိန်းဂဏန်းကို ကြည့်ချင်းအားဖြင့် မြို့တော်အနေနဲ့ ရှုံးလား မြတ်လားဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး။”
ဝူကျီကန်းက ပြန်ဖြေလိုက်သည်။
ယင်းက ဖုန်းယွီ သူ့ကို ဖုန်းထဲမှ သင်ပေးထားခြင်း ဖြစ်သည်။ ယင်းက အချက်လက်တိုင်း ပြောခြင်းဟု ခေါ်ဆိုပေ၏။
ထိုအချက်အလက်များအားလုံးကို ဖွင့်ချလိုက်ခြင်းက ဖုန်းယွီသည် မြို့တော်ထံမှ အခွင့်အရေးယူနေသည်ဟု တွေးနေသည့် သူများ၏ အတွေးကို ပိတ်လိုက်ခြင်း ဖြစ်သည်။ အကဘ်၍ ဖုန်းယွီသာ မရှိလျှင် စက်ယန္တရားကုမ္ပဏီ၏ တန်ဖိုး အများဆုံးမှာ ယွမ် သန်း၅၀သာ ဖြစ်သည်။ အကျိုးအမြတ်နှင့် အခွင့်ရရှိငွေက မည်မျှ များနိုင်မည်နည်း။ စက်ယန္တရားကုမ္ပဏီ အရှုံးပေါ်ခြင်းများတောင် ဖြစ်ကောင်း ဖြစ်နိုင်ပေ၏။
မြို့တော်သည် အဓိက ရှယ်ယာရှင်မဖြစ်သော်ငြား မြို့တော်သည် ယခင်နှစ်များကထက် ပိုပြီး ငွေများ ရှာနိုင်လာသည်။ ယင်းအတွက်ကြောင့်ပဲ အထက်အရာရှိများက ယင်းပြန်လည်ဖွဲ့စည်းမှုသည် အောင်မြင်သည်ဟု ခံစားမိကြခြင်း ဖြစ်သည်။
“ဒါက စက်ယန္တရားကုမ္ပဏီ။ ဆေးဝါးကုမ္ပဏီတွေနဲ့ မတူဘူး။ ပြန်လည်ဖွဲ့စည်းပြီးတဲ့နောက် ဒီကော်ပရေးရှင်းကြီးက အကျိုးအမြတ် အများကြီးရမယ်လို့ အာမခံလား။”
လက်ထောက်မြို့တော်ဝန်လီက ခံပြောလိုက်သည်.
ဝူကျီကန်းသည် လူတိုင်းကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့်
“လုပ်နိုင်တယ်လို့ ကျွန်တော်တို့ သူဌေးက ပြောလိုက်တယ်။”