← Chapters

ဖော်မြူလာတွေက တန်ဖိုးမဲ့တဲ့လား

Vol. 28 Ch. 415

ဖော်မြူလာတွေက တန်ဖိုးမဲ့တဲ့လား

Vol. 28 Ch. 415

ဝူကျီကန်းပြောလိုက်သည့် စကားက တခန်းလုံးကို ငြိမ်သက်သွားစေသည်။ လူတိုင်းက ဝူကျီကန်းကို စိုက်ကြည့်လိုက်သည်။ သို့သော် သူက နောက်မဆုတ်ပေ။

“ဟမ့်..အဲ့တာဆိုတော့ ဒါက မင်းတို့ ပြောတာပေါ့။ အဲ့တာဆိုရင် မင်းတို့ရဲ့ ကတိကို မတည်နိုင်ရင် ဘာဖြစ်မလဲ။”

လက်ထောက်မြို့တော်ဝန်လီက သရော်လိုက်သည်။

“ခေါင်းဆောင်တို့အနေနဲ့ လည်ပတ်မှုကို မနှောက်ယှက်သ၍ အဲ့တာက သေချာပေါက် ဖြစ်နိုင်ပါတယ်။ တစ်နှစ်ကြာပြီးတဲ့နောက် ဘင်းမြို့တော် ဆေးဝါးကော်ပရေးရှင်းရဲ့ အမြတ်ငွေက သန်း ၁၀၀ကျော်လိမ့်မယ်။ တကယ်လို့ မအောင်မြင်ခဲ့ဘူးဆိုရင် ထိုက်ဟွ ကုန်သွယ်ရေးက မြို့တော်ကို ယွမ် ၁၀သန်း လှူမယ်။”

ဝူကျီကန်းက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

ကျန်ရှိသည့် ခေါင်းဆောင်များအားလုံးက မှင်သက်သွားကြတော့သည်။ ဒီလို ယုံကြည်ချက်မျိုးကို ထိုက်ဟွ ကုန်သွယ်ရေးက ဘယ်နေရာကနေ ရလာတာလဲ။ ဒီကုမ္ပဏီရဲ့ လက်ရှိ အမြတ်ငွေက ၁၀သန်းအောက်တောင် ရောက်နေတာ။ ဒီကုမ္ပဏီတွေကို စုပေါင်းဖွဲ့စည်းပြီးတော့ အမြတ်က သန်း ၁၀၀အထိ ရောက်လာမှာလား။ ဘယ်လို ဟာသမျိုးလဲ။

သို့သော် ယင်းစကားက ထိုက်ဟွ ကုန်သွယ်ရေး၏ ကြွယ်ဝမှုကိုလည်း တန်ပြန်ပြရာ ရောက်နေသည်။ ယမန်နှစ်ကာ ထိုက်ဟွ ကုန်သွယ်ရေးသည် မြို့တော်ကို ယခုနှစ် နွေရာသီအမှီ ကျောင်း၁၀ကျောင်းဆောက်လုပ်ရန်အတွက် ကတိမျိုး ပေးထားခဲ့သည်။ သူတို့သည် မြို့တော်၏ ရန်ပုံငွေ ပြတ်လတ်မှုကို ကူညီပေခြင်းဖြစ်ကာ အဆောက်အဦးဟောင်းများနှင့် အန္တရာယ်ရှိ အဆောက်အဦးများ ပြိုချရာတွင်လည်း ကူညီပေးခဲ့သည်။

ကျန်သည့် ခေါင်းဆောင်များက ယင်းက ကောင်းမွန်သည့် အပေးအယူဟု ခံစားမိသည်။ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ မြို့တော်သည် အကျိုးများကိုသာ ရရှိပေမည်။ အကယ်၍ မြို့တော် အနိုင်ရပါက ထိုက်ဟွကုန်သွယ်ရေးသည် ငွေပမာဏ များများကို လှူဒါန်းမည် ဖြစ်သည်။ အကယ်၍ မြို့တော် ရှုံးခဲ့လျှင်တောင် ယင်းအဓိပ္ပာယ်ကား စုပေါင်းဖွဲ့စည်းမှုပြီး ဆေးဝါးကော်ပရေးရှင်းသည် မြို့တော်ကို အကျိုးအမြတ်များစွာ အမှန်တကယ် ယူဆောင်လာခြင်းပင် ဖြစ်သည်။

ကျန်းရွေ့ချင်သည်လည်း အံအားသင့်သါားခဲ့သည်။ ဝူကျီကန်းသည် ယခုကဲ့သို့သော စကားမျိုးကို ပြောရဲသည့်အတွက်ပင်။ ယင်းကို ဖုန်းယွီ ညွှန်ကြားထားခြင်း ဖြစ်ပေမည်။ သို့သော် ဖုန်းယွီက သူ့ကို ထိုအကြောင်းကို မပြောခဲ့ပေ။ ယင်းက ကောင်းမွန်သည့် အရာဖြစ်သည်။ သူသည်လည်း ငြင်းဆိုရန်အတွက် အကြောင်းပြချက် မရှိပေ။

“အခု လူတိုင်းမှာ အခြား အမြင်တွေ ရှိကြသေးလား။”

ကျန်းရွေ့ချင်သည် အစည်းအဝေးရှိ လူတိုင်းကို ကြည့်လိုက်ပြီးနောက် သူ့အကြည့်ကို လက်ထောက်မြို့တော်ဝန်လီထံတွင် ရပ်လိုက်သည်။ တရုတ်နိုင်ငံတွင် မည်သူမျှ ယခုကဲ့သို့ စွဲမက်ဖွယ်ကောင်းသော ကမ်းလှမ်းမှုမျိုး မရှိပေ။ အကယ်၍ ငြင်းဆန်ပါက စိတ်ထားနှင့် ပတ်သက်ပြီး တခုခု ရှိရမည်ပင်။ အပြစ်ပေးလျှင် အခြားသူကို အပြစ်မတင်သင့်ပေ။

“အဲ့တာဆိုရင် ဒီပူးပေါင်းမှုအတွက် အသင်းတစ်သင်းကို ဖွဲ့စည်းမှာမလား။ ကျွန်တော်လည်း အဲ့အသင်းရဲ့ တစိတ်တပိုင်းအဖြစ် ပါချင်တယ်။”

လက်ထောက်မြို့တော်ဝန်ရှုက အခိုင်အမာဖြင့် ပြောလိုက်သည်။

တကယ်လို မင်းနဲ့ ထိုက်ဟွ ကုန်သွယ်ရေးကြား တခုခု ရှိနေတာ ငါ ရှာတွေ့ခဲ့ရင် အဲ့နေ့က မင်းရဲ့ မြို့တော်ဝန်အဖြစ် နောက်ဆုံးနေ့ရက်ပဲ ဖြစ်လိမ့်မယ်။

“ငါက ဒီအသင်းရဲ့ခေါင်းဆောင် ဖြစ်လိမ့်မယ်။ လက်ထောက်မြို့တော်ဝန်လီက လက်ထောက်ခေါင်းဆောင်။ ပြီးတော့ လက်ထောက်မြို့တော်ဝန်လျိုကတော့ တတိယခေါင်းဆောင်။ ကျန်ရှိတဲ့သူ အကုန်လုံးကတော့ အသင်းဝင်တွေ ဖြစ်လိမ့်မယ်။ အခုလက်ရှိ ပထမဆုံး လုပ်ရမဲ့ အရာက ဒီကုမ္ပဏီတွေရဲ့ စုစုပေါင်း တန်ဖိုးပဲ။ ဘာလို့ဆို ငါတို့တွေမှာ ရင်းနှီးမြှပ်နှံသူတွေ ရှိလာမှာ။ ငါ ပြည်နယ်ကနေပြီးတော့ တန်ဖိုးဖြတ် ကျွမ်းကျင်တဲ့သူကို ပိုင်ဆိုင်မှု တွက်ချက်ဖို့အတွက် ငါ ငှားထားတယ်။ တန်ဖိုးဖြတ် အစီရင်ခံစာက တစ်ပတ်အတွင်းရမယ်။ ဒီနေ့ အစည်းအဝေးကတော့ ဒီမှာပဲ အဆုံးသတ်မယ်။ အစည်းအဝေးပြီးပြီ။”

ဝူကျီကန်းသည် ကုမ္ပဏီကို ပြန်သွားပြီးနောက် ဖုန်းယွီကို ပေဂျာပို့လိုက်သည်။ တခဏကြာပြီးနောက် ဖုန်းယွီထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံ ရရှိခဲ့သည်။ ပြီးနောက် ဝူကျီကန်းသည် အစည်းအဝေးတွင် ဖြစ်ပျက်သမျှကို ဖုန်းယွီထံ အစီရင်ခံ၏။ သူစီစဉ်ထားသည့်အတိုင်း အကုန်လုံးဖြစ်ခဲ့ပြီး ဝူကျီကန်းသည် မငြင်းဆန်နိုင်သည့် ရွေးချယ်မှု ဖြစ်သည့် လှူဒါန်းမည်ကို အသုံးပြုခဲ့သည်.

ခေါင်းဆောင်အများက ထိုက်ဟွ ကုန်သွယ်ရေးပြောသည့် ယွမ် သန်း၁၀၀ဆိုသည့် ပြောဆိုချက်ကို ယုံကြည်မှု ကင်းမဲ့နေကြသည်။ သို့သော် ဝူကျီကန်းသည် ယင်းအပေါ် မည်သည့် သံသယမှ မရှိပေ။ မန်နေဂျာဖုန်းလုပ်သမျှ စီးပွားရေး အားလုံးတွင် မည်သည့် အရာမှ ဆုံးရှုံးမှု မရှိပေ။ မန်နေဂျာဖုန်း၏ ဈေးကွက်အပေါ် တွက်ချက်မှုသည် မယုတ်မလွန်ဖြစ်သော်ငြား အချက်အလက် ချဲ့ကားထားခြင်းမျိုး မရှိပေ။

မန်နေဂျာဖုန်းက တနှစ်ကြာပြီးနောက် ဆေးဝါးစက်ရုံ၏ အမြတ်သည် သန်း ၁၀၀ကျော်အထိ ရောက်လာမည်ဟု ပြောခဲ့သည်။ ပြီးနောက် သူသည် ပြောသည့်အတိုင်း ဖြစ်မည်ကို အပြည့်အဝ ယုံကြည်၏။

တွက်ချက်မှုလုပ်ငန်းသည် လျင်လျင်မြန်မြန်ဖြင့် ပြီးသွားခဲ့သည်။ ကုမ္ပဏီ ၄၃ခုတွင် စုစုပေါင်း ယွမ် ၂၈၇,၆၄၀,၀၀၀ ရျိသည်။ အချို့သော ပိုင်ဆိုင်မှုများသည် တဦးချင်း ပိုင်ဆိုင်မှုနှင့် အခြားသော ကုမ္ပဏီများ၏ ပိုင်ဆိုင်မှု ဖြစ်သည်။ ပမာဏသည် ၁၁,၂၇၀,၀၀၀ ယွမ်အထိရောက်သွားသည်။

ဖုန်းယွီသည် တက္ကသိုလ်မှ ခွင့်တိုင်ပြီး ဘင်းမြို့တော်ကို ပြန်သွားခဲ့သည်။ ဖူကွမ်းကျန်းသည်လည်း သူ့အသင်းနှင့်အတူ ဘင်းမြို့တော်ကို လာခဲ့သည်။ သူတို့သည် ပိုင်ဆိုင်မှု တန်ဖိုးကို တွက်ချက်သည့်အခါ ဖုန်းယွီထက်ပိုပြီး ပရော်ဖက်ရှယ်နယ် ကျသည်။

ဖုန်းယွီသည် သူသည် ရင်းနှီးမြှပ်နှံမှု အသင်း တသင်းဖွဲ့စည်းသင့်သည်ဟု ခံစားမိသည်။ သူအနေဖြင် အခြားသူများကို အမြဲတမ်း အကူညီ တောင်းစရာ မလို သို့မဟုတ် သူကိုယ်တိုင်လည်း ဘာမှ လုပ်စရာ မလိုပေ။

သူ့အနေဖြင့် ဟွာချင်းတက္ကသိုလ်မှ ရင်းနှီးမြှပ်နှံမှု ကျွမ်းကျင်သည့် ဘွဲ့ရသူအချို့ကို စုဆောင်းရန်အတွက် အချိန် ကျလာပုံပေါ၏။

ဖူကွမ်းကျန်း၏ အသင်းသည် အလွန်ပင် ပရော်ဖက်ရှင်နယ်ကျကာ တန်ဖိုးဖြတ် အစီအရင်ခံစာ တွက်ချက်သည့် နေရာတွင်လည်း နည်းမျိုးစုံ သုံးနိုင်၏။ ဖုန်းယွီသည် သူတို့၏ ရလဒ်နှင့် ပတ်သက်ပြီး အလွန် ကျေနပ်မိသည်။ တန်ဖိုးဖြတ် အစီရင်ခံစာနှင့် ပတ်သက်ပြီး ပြဿနာ ရှိမည် မဟုတ်ပေ။ အချို့သော အဆောက်အဦးများသသည် တန်ဖိုးမြင့်များကြသည်။ ယင်းအဆောက်အဦးဟောင်းများသည် သမိုင်းရေးရာ တန်ဖိုးများကြောင့်လည်း ဖြစ်သည်။ ယင်း အဆောက်အဦးများ၏ တန်ဖိုးကို တွက်ချက်ရန်ကား မလွယ်ကူပေ။ သိုသော် အလုံးခြုံကြည့်ရပါက ယင်းအစီရင်ခံစာကို အသုံးပြုနိုင်ပေသည်.

ကျန်းရွေ့ချင်သည် သူ့လူကို အစီရင်ခံစာထဲတွင် လှည့်စားမှုလုပ်ရန် မမေးခဲ့မည်လော။ ထိုအခါ ဖုန်းယွီအနေဖြင့် ယင်းအစီရင်ခံစာကို အသုံးပြုမည်လော။ ကျန်းရွေ့ချင်သည် ပြောင်းလဲပေးလိမ့်မည်လော။

စုစုပေါင်းပိုင်ဆိုင်မှုသည် ယွမ် သန်း ၃၀၀အောက် နည်းပေမည်။ အကယ်၍ ဖုန်းယွီသည် ရှယ်ယာ ၄၉ရာခိုင်နှုန်း လိုချင်ပါက သူ့အနေဖြင့် အနည်းဆုံး ၁၄၅သန်း ပေးရန် လိုအပ်ပေသည်။ ဖူကွမ်းကျန်းသည် ထိုဆေးဝါးကုမ္ပဏီတွင် ရင်းနှီးမြှပ်နှံရန် စိတ်ဝင်စားခြင်းမရှိ။ သူသည် ဖုန်းယွီကို ကူညီပေးရန်အတွက် လာခဲ့ခြင်းသာ ဖြစ်သည်။

ဖူကွမ်းကျန်းသည် ဖုန်းယွီကို သူ့တွင် ရှိထားသည့် အချို့ ဖော်မြူလာများကို မေးခဲ့သည်။ သို့သော် ဖုန်းယွီက သူ့ကို ဖော်မြူလာကို ပြောသည့်အခါ ဖူကွမ်းကျန်းသည် စိတ်ပျက်သွား၏။ ဒီဖော်မြူလာတွေက တရုတ်နိုင်ငံရဲ့ ဆေးဝါးလုပ်ငန်း ကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်မှာလား။

သင့်အနေဖြင့် ထိုဖော်မြူလာများကို အသုံးပြုကာ ငွေရှာလိုသည်လော။ အကယ်၍ ဖုန်းယွီတွင် ကုရခက်ခဲသည့် ဆေးများ၏ ဆေးဖော်မြူလာ ရှိပါက ဖူကွမ်းကျန်း သေချာပေါက် ရင်းနှီးမြှပ်နှံမည်ပင်။ သို့သော် သူသည် ထိုကျန်းမာရေး ဖြည့်စွက်စာများကိုတော့ စိတ်ဝင်စားခြင်း မရှိပေ။

ဖူကွမ်းကျန်းသည် အလွန်အလုပ်ရှုပ်နေသည်။ ဖုန်းယွီသည် အလုပ်အများစုကို သူ့ထံ အပ်ထားသည်။ သာမန်အားဖြင့် ဖူကွမ်းကျန်းနှင့် သူ့အသင်းသည် စီးပွားရေးများကို စီမံခန့်ခွဲရသည်။ စက်ရုံခွဲများဖြင့်ပင် သူ့ကို အလုပ်ရှုပ်ရန် လုံလောက်စေပြီ ဖြစ်သည်။ သို့သော် ဖူကွမ်းကျန်းသည် ယင်းစီစဉ်မှုနှင့် ပတ်သက်ပြီး ပျော်ရွှင်နေသည်။ သူ့တွင် အဏာများစွာ ရှိပြီး ယင်းက ဖုန်းယွီသည် သူ့ကို ယုံကြည်သည်ဟု ပြသခြင်းပင် ဖြစ်သည်။ သေချာသည်မှာ ဘဏ္ဍာရေးဌာန၏ ထိပ်ပိုင်းခေါင်းဆောင်များသည် ဖုန်းယွီ၏ လူများ ဖြစ်သည်ပင်။

ဖူကွမ်းကျန်း ရင်းနှီးမမြှပ်နှံလိုကြောင်း သိသည့်အခါ စိတ်ထဲတွင် ရယ်မိတော့သည်။ ဖူကွမ်းကျန်းသည် မြောက်မြားစွာသော အမြတ်များအတွက် ရှယ်ယာ တစ်ခုမှ ရမည် မဟုတ်ပေ။

ဖုန်းယွီက ဖူကွမ်းကျန်း၏ လူများကို သူ့တွင်ရှိသည့် ဆေးဝါးဖော်မြူလာများအတွက် တန်ဖိုးကူဖြတ်ပေးရန် တောင်းဆိုခဲ့သည်။ သူသည် ယင်းဖော်မြူလာများသည် မည်မျှ တန်ကြေးရှိကြောင်း သိလိုသည်။ ယင်းဖော်မြူလာများကို သူ၏ စိုက်ထုတ်ငွေများအဖြစ် အသုံးပြုနိုင်ပေသည်။ သူသည် ယင်းဖော်မြူလာများ ဖော်ထုတ်ရန်အတွက် ဘေကျင်းတက္ကသိုလ်မှ ပါမောက္ခများကို ငွေကြေးပမာဏ များစွာ ပေးထားရသည်။

ဖူကွမ်းကျန်း၏ လူသည်လည်း ဖုန်းယွီကို တချက် ကြည့်လိုက်သည်။ ပြီးနောက် ဖူကွမ်းကျန်းဖက် တချက် ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။

“မင်း သူကို မြင်တဲ့အတိုင်း ပြောလို့ရတယ်။ ငါတို့တွေက ဒီကို မန်နေဂျာဖုန်းကို ကူဖို့အတွက် ရောက်လာတာ။”

ဖူကွမ်းကျန်းက လက်ဖက်ရည်ခွက်ကို အောက်ချလိုက်သည်။

“မန်နေဂျာဖုန်း ဒီဖော်မြူလာက ရှုပ်ထွေးလွန်းတော့ ပြောရမှာ ခက်ခဲပါတယ်။ ဒါက ကုသဖို့အတွက် မဟုတ်ဘူး။ ဒါကြောင့် ဒီဖော်မြူလာ တခုစီရဲ့ တန်ဖိုး.....။ ဘာလို့ ကျွန်တော်တို့ တန်ဖိုးဖြတ်တဲ့ အစီရင်ခံစာမှာ ယွမ် တစ်သိန်း တန်ကြေးရှိတယ်လို့ မရေးရတာလား။”

ချီး မင်းဘာပြောလိုက်တာလဲ။ ငါက ဒီဖော်မြူလာကို ရဖို့အတွက် ဖော်မြူလာ တစ်ခုအတွက် ယွမ် သိန်းချီကနေ သန်းချီအထိ အသုံးပြုခဲ့တာ။ ဒီပါမောက္ခတွေရဲ့ သုတေသနကြေးက အရမ်းမြင့်လွန်းတယ်။ ပြီးတော့ သူတို့တွေရဲ့ အနည်းဆုံး တောင်းငွေကလည်း သန်းဂဏန်းပဲ။

ငါက ဒီဖော်မြူလာတွေအတွက် ယွမ် ၁၀သန်းကျော် အသုံးပြုခဲ့ရတာ။ မင်းက ဒီဖော်မြူလာတွေ စုစုပေါင်းက ယွမ် တစ်သန်းတောင် မရှိဘူးလို့ ပြောချင်တာလား။ မင်းရဲ့ မျက်နှာအရဆိုရင် မင်းတိုတွေက ဒီဖော်မြူလာအတွက် တန်ဖိုးကြီးကြီးမားမား ဖြတ်ရင် အန္တရာယ်ရှိနိုင်တယ်ဆိုပြီးတော့ ထင်နေတဲ့ပုံပဲ။

ဒါတွေအကုန်လုံးက တကယ်ကို တန်ဖိုးရှိတဲ့ အရာတွေ။ တော်တော်ကို ခေါင်းမာတဲ့ သူတွေပဲ။ ဖူကွမ်းကျန်း မရင်းနှီးချင်တာလဲ အံ့ဩစရာ မရှိပါဘူး။ သူတို့တွေက ဒီဖော်မြူလာတွေက တန်ဖိုးမရှိဘူးလို့ တွေးနေတာပဲ။

“မင်းတို့တွေ အကုန်လုံးက ဒီဖော်မြူလာတွေကို တန်ဖိုးမရှိဘူးလို့ တွေးနေတာလား။ ငါမင်းတို့ အကုန်လုံးကို ပြောလိုက်မယ်။ မင်းတို့ မှားတယ်။ အစီရင်ခံစာမှာ ဒီဖော်မြူတာ တစ်ခုဆီက အမေရိကန်ဒေါ်လာ တစ်သန်း တန်ကြေးရှိတယ်လို့ ရေးလိုက်။”

သူတို့ အကုန်လုံးက ဖုန်းယွီကို အံ့အားမှင်သက်စွာ ကြည့်လိုက်ကြသည်။ မင်း ရူးနေတာလား။ ဒီဖော်မြူလာတခုချင်းဆီကို အမေရိကန်ဒေါ်လာ တစ်သန်းရှိတယ်လို့ ရေးစေချင်တာလား။ ဖုန်းယွီက ဘင်းမြို့တော်က ခေါင်းဆောင်တွေကို လာဘ်ထိုးထားတာမျိုး ရှိနိုင်တာလား။

All Chapters